Collab Tech

Collab Tech Your one-stop destination for all things technology.

Camera lens အတွက်သုံးပေးထားတဲ့ Glass ကပိုပြီးတော့ Durability ပိုင်းမှာအားနည်းနေတာလား
25/03/2023

Camera lens အတွက်သုံးပေးထားတဲ့ Glass ကပိုပြီးတော့ Durability ပိုင်းမှာအားနည်းနေတာလား

Varcamp ဆိုတာဘာလဲVarcamp ဆိုတာကိုမပြောခင် ကျွန်တော်တို့ Barcamp ဆိုတာကိုအရင်ပြောပြဖို့တော့လိုမယ်ထင်တယ်။Barcamp ဆိုတာကတော...
18/03/2023

Varcamp ဆိုတာဘာလဲ

Varcamp ဆိုတာကိုမပြောခင် ကျွန်တော်တို့ Barcamp ဆိုတာကိုအရင်ပြောပြဖို့တော့လိုမယ်ထင်တယ်။

Barcamp ဆိုတာကတော့ မတူညီတဲ့နယ်ပယ်အသီးသီးက ဝါသနာရှင် ပညာရှင် ဟိုးဆရာကြီးကနေ ပေါက်စအထိပါဝင်လို့ရပြီးတော့ Confrence တွေနဲ့ Wrokshop တွေနဲ့ Speaker တွေက Barcamper တွေကို ကိုယ့်ရဲ့အတွေ့အကြုံတွေကို Sharing လုပ်ပေးမယ် စုဝေးပွဲကြီးလို့ဘဲပြောရမယ်။

ကိုယ်တွေလို Barcamper တွေအနေနဲ့ကလည်း ကိုယ်ကြိုက်နှစ်သက်ပြီး စိတ်ဝင်စားတဲ့ Topic တွေကိုသက်ဆိုင်ရာအခန်းလိုက်ပြီး Workshop တွေလုပ်မလား Sharing လုပ်တာတွေနားထောင်မလား စတဲ့ Activities တွေလုပ်လို့ရတယ်။

Speaker လို့ပြောလိုက်ရင် တစ်သီးတစ်သန့်ကြီးဖိတ်ခေါ်ထားတဲ့ ဆရာကြီးတွေဘဲ မိန့်မိန့်ကြီးပြောပြီး ထိုင်နားထောင်ရတဲ့ပွဲလို့ထင်နေကြဦးမယ်။

Barcamp ရဲ့အနှစ်သာရဟာ ဘယ်သူမဆို Speaker အနေနဲ့ join လို့ရပြီးတော့ ကိုယ့်ရဲ့အတွေ့အကြုံတွေကို တက်ရောက်သူတွေကို Sharing လုပ်ပေးလို့ရတယ်။ ကိုယ့်နဲ့ ဝါသနာတူ နယ်ပယ်တူကလူတွေ Seniors, Juniors တော်တော်များများလာကြတဲ့အတွက် ကိုယ့်ရဲ့ Network အတွက်အများကြီးအကျိုးရှိစေတဲ့ ပွဲလို့ပြောရမယ်။

Covid ကြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ Barcamp ကို Online ကနေတစ်ဆင့် Virtual ပွဲအဖြစ်ပြောင်းလဲပြီး Varcamp အနေနဲ့ဖြစ်သွားပြီးတော့ Video Confrencing တွေကိုအသုံးပြုပြီး အရင် Barcamp ပုံစံအတိုင်းဘဲ Speaker တွေနဲ့ Varcamper တွေတစ်စုတစ်ဝေေးထဲ စုံစည်းနိုင်တဲ့ ပွဲတစ်ခု။

ကျွန်တော့အနေနဲ့ နည်းပညာလောကထဲကိုစဝင်ကာစ 2015 ခုနှစ်လောက်ကစပြီး Barcamp (Yangon) ကို Join ဖြစ်ခဲ့တယ်။ အတော်လေးကိုပျော်ဖို့လည်းကောင်းတယ် မိတ်ဆွေတွေဖွဲ့ရင်း Speaker တွေ Sharing လုပ်တာတွေလိုက်နားထောင် (အင်္ကျီတွေလိုက်ယူ :3) ခဲ့တာပေါ့ဗျာ။

လူငယ်အတွေအနေနဲ့ Join သင့်တဲ့ event တစ်ခုလို့ပြောလို့ရတယ်။ အသေးစိတ်ကိုတော့ https://var.camp/ မှာ ဝင်ပြီးဖတ်ကြည့်ပြီးတော့ စိတ်ဝင်စားလို့ join ချင်တယ်ဆိုရင်တော့ https://var.camp/attendee-registration/ ဒီလင့်မှာ ဝင်ပြီး အခမဲ့ Register လုပ်ပြီး Join လို့ရပါပြီ။

image credit to varcamp

ကျွန်တော့အတွက် Samsung ရဲ့ Lineup တွေထဲမှာမှ သဘောမကျဆုံးနဲ့ ပေးရတာနဲ့သိပ်ပြီးတန်မနေဘူးလို့ခံစားရစေတဲ့ Lineup ဆို Galaxy ...
18/03/2023

ကျွန်တော့အတွက် Samsung ရဲ့ Lineup တွေထဲမှာမှ သဘောမကျဆုံးနဲ့ ပေးရတာနဲ့သိပ်ပြီးတန်မနေဘူးလို့ခံစားရစေတဲ့ Lineup ဆို Galaxy A54 လို့ဘဲပြောရမလား။ ဘယ်လိုမျိုးမှန်းကိုမသိတာ :3

Camera Design အသစ်၊ 8GB Ram နဲ့ Hand-on ပုံရိပ်များပေါက်ကြားလာတဲ့ Google Pixel 7aဒီအပတ် ထွက်လာတဲ့ Hand-On Leak အရ Google...
13/03/2023

Camera Design အသစ်၊ 8GB Ram နဲ့ Hand-on ပုံရိပ်များပေါက်ကြားလာတဲ့ Google Pixel 7a

ဒီအပတ် ထွက်လာတဲ့ Hand-On Leak အရ Google ရဲ့ Budget ဖုန်းဖြစ်တဲ့ Pixel 7a မှာတော့ Ram Upgrade လုပ်တယ်ဆိုတဲ့သတင်းဟာ သေချာသွားပြီဘဲဖြစ်ပါတယ်။

Zing News လို့ခေါ်တဲ့ Website ကနေပြီးတော့ Pixel7a ရဲ့ Hardware ပုံရိပ်တွေကို အသေးစိတ်ရိုက်ပြထားတဲ့ ဓာတ်ပုံတွေနဲ့ Leak လုပ်ခဲ့တာဘဲဖြစ်ပါတယ်။

ဒီနှစ်ရဲ့ အဓိက ပြောင်းလဲသွားတာကတော့ အခုထွက်ရှိမယ့် Pixel 7a ဟာ Pixel 7 အတိုင်း Camera Bar နဲ့ထွက်ရှိလာမှာဘဲဖြစ်ပါတယ်။ Buzel တွေကတော့အရင်နှစ်ကအတိုင်းဘဲ မပြောင်းလဲတာကိုတွေ့ရတယ်။

အခုထွက်ရှိလာတဲ့ Leak အရ ဖုန်းကို Boot Up လုပ်ရုံသာရခဲ့ပြီးတော့ Fastboot ရဲ့အချက်အလက်တွေအရ 128GB Storage, 8GB Onboard Ram ထည့်သွင်းပေးထားတာကိုတွေ့မြင်ရမှာဘဲဖြစ်ပါတယ်။ 90Hz Display ပါဝင်တယ်ဆိုတာကိုလည်း Original Owner က Confirm လုပ်ပေးထားပါသေးတယ်။

Messenger Application သွင်းစရာမလိုတော့မယ့် Facebookလွန်ခဲ့တဲ့ 9 နှစ်လောက်ကတည်းကစပြီး Facebook နဲ့နီးစပ်တဲ့လူဆိုရင်တော့ ဒ...
10/03/2023

Messenger Application သွင်းစရာမလိုတော့မယ့် Facebook

လွန်ခဲ့တဲ့ 9 နှစ်လောက်ကတည်းကစပြီး Facebook နဲ့နီးစပ်တဲ့လူဆိုရင်တော့ ဒါကိုတစ်သီးတစ်သန့်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လို့ဆိုလို့ရ​မယ့် အချိန်မှာ Facebook နဲ့ Messenger ဟာတစ်ပါးတည်းဆိုတာကိုကြိမ်ပြောစရာဖြစ်ကောင်းဖြစ်နေလိမ့်မယ်။

ဒါပေမယ့် 2000 နောက်ပိုင်းအတော်များများဟာ Facebook နဲ့ Messenger တူတွဲပြီးမြင်တွေ့ခဲ့ရတာမျိုးမဟုတ်ခဲ့တဲ့အတွက် ဒါကိုအထူးတလည်ရှင်းပြရမယ်ထင်တယ်။

ဟဲဟဲ ....။ ဟိုးအရင်တုန်းကကိုကြီးတို့ခေတ်တုန်းကပေါ့ကွယ်။ Facebook​ Applicaiton ရှိရုံနဲ့ Messenger ပါသုံးလို့ရသကွဲ့။

ဟဲဟဲ ထားပါတော့ အရင်ကတည်းက အတူတကွသုံးလို့ရနေတဲ့ Facebook ကသူတို့ရဲဲ့ Message ပို့တဲ့စနစ်ကို လွန်ခဲ့တဲ့ ၉ နှစ်လောက်က Messenger ဆိုပြီး Application တစ်ခုအနေနဲ့ခွဲထုတ်ခဲ့ပေမယ့် အခုချိန်မှာတော့ Twitter Applicaiton တစ်ခုထဲမှာဘဲ Message ရော Newfeed လိုမျိူးပြန်လည် ပေါင်းထည့်ပေးတော့မှာဘဲဖြစ်ပါတယ်။

ထူးဆန်းလားဆိုတော့။ မထူးဆန်းပါဘူး Facebook ဟာ ဗမှားပြည်မှာဘဲ B2B B2C အသုံးအများဆုံးဖြစ်ပေမယ့် Internation မှာတော့ တခြားသော Platform တွေသုံးနေခဲ့တဲ့အတွက် ဒါကတော့အထူးခြားဆုံးအပြောင်းအလဲနေနဲ့ မြန်မာပြည်မှာဘဲဖြစ်လိမ့်မယ်ထင်တယ်။ ကျွန်တော့်အနေနဲ့ဒါမျိုးကိုတော့သဘောကျတယ် တစ်သီးတစ်သန့်ကြီးသွင်းစရာမလိုတော့ဘူးလို့ထင်တယ်ပိုပြီး Productive ဖြစ်လာလိမ့်မယ်လည်းထင်တယ်။

ခင်ဗျားတို့ရောအရင်ခေတ်ကလိုမျိုး Application တစ်ခုထဲကနေပြီးတော့ Newfeed ရော Messenger ရော Access ရမယ်ဆိုရင်ဘယ်လိုခံစားရလဲဗျ။

ပထမကတော့ Video လေးလုပ်မယ်ဆိုပြီးစဉ်စားထားပေမယ့်။ လူကဂိနေတာနဲ့ စာနဲ့ဘဲ လက်ရှိသုံးနေတဲ့ JBL အကြောင်းလေးပြောပြပါ့ရစေ။စနေကျအ...
09/03/2023

ပထမကတော့ Video လေးလုပ်မယ်ဆိုပြီးစဉ်စားထားပေမယ့်။ လူကဂိနေတာနဲ့ စာနဲ့ဘဲ လက်ရှိသုံးနေတဲ့ JBL အကြောင်းလေးပြောပြပါ့ရစေ။

စနေကျအတိုင်း ဒီဇိုင်းပိုင်း မှာတော့ ရိုးရိုးရှင်းရှင်းနဲ့ လူငယ်ဆန်တယ်။ ကျွန်တော့လိုမျိုး ရိုးရိုးရှင်းရှင်းကြိုက်တတ်တဲ့လူဆို အဆင်ပြေတယ်ပြောရမယ်။ အရမ်းပြောင်ချောချောကြီးဖြစ်မနေဘဲနဲ့ အငြိမ်လေးသွားတယ်။ ထူးထူးခြားခြားပြောစရာတော့မရှိပါဘူး။ Charging အတွက် LED Indicator လေးပါမယ်။ Logo လေးပါမယ် ဒါဘဲ။ အရင် Version တွေထပ်ပိုပြီး Compact ဖြစ်တဲ့ဘက်သွားတယ်။ လက်ထဲမှာ သေးသေးလေး ဒါပေမယ့်ကျစ်တဲ့ထဲတော့မပါဘူး ကိုင်ကြည့်ရင် နည်းနည်းဖွာတယ်လို့ထင်ရတယ်။ Color အနေနဲ့ ပန်းရောင် အနက်ရောင် အဖြူရောင်နဲ့ အပြာရောင်ဆိုပြီးရွေးချယ်လို့ရတယ်။ သူ့ Color တွေက အမှိုင်းဘက်ကိုသွားတယ်။ အဲ့အရာကဘဲကျွန်တော့ကို မျက်စိကျစေတယ်။ Sweatproof (IPX2) ဖြစ်တဲ့အတွက် အတော်လေးလည်း Durability ပိုင်းကောင်းတယ်။

နောက်တစ်ချက်ကအတော်လေးကိုပေါ့တယ်။ နားထဲထည့်ထားချိန်ဆို တပ်လို့တပ်ထားမှန်းမသိရအောင်ကိုပေါ့တယ်။ Perfect Fit ဖြစ်တယ်။ ဒါပေမယ့် ဘယ်လောက်ဘဲ Perfect ဖြစ်ဖြစ် တပ်ချိန် 5 နာရီကျော် 6 နာရီဝန်းကျင်ဆိုရင်တော့ နားတော့နည်းနည်းနာသေးတယ်။ however ဒါကတော့လက်ခံလို့ရတာဘဲ။

Battery Life ကတော့ Official မှာတော့ 6hr လို့ပြောထားပေမယ့် 8 နာရီအောက်ခံတယ်လို့ပြောလို့ရတယ်။ Chargining Case ကလည်း 20+ hour သွင်းလို့ရတယ်ဆိုတော့ အတော်လေးကို အားခံတယ်လို့ပြောလို့ရတယ်။ နောက်အချက်က အားအကုန်ကုန်နေရင်တောင်မှ 10min လောက်အားသွင်းပြီး တစ်နာရီဝန်းကျင်လောက်သုံးလို့ရတယ်။ Thumb Up ပါ။

JBL Deep Bass ကြောင့် Bass သံပိုင်းမှာအတော့်ကိုအားရဖို့ကောင်းတယ်။ Dual Connect Technology, Connectivity ပိုင်းမှာ Bluetooth 5.2 Technology ကိုသုံးထားတဲ့အတွက် Smooth ဖြစ်တယ်။ Voice Assistant ရတာက အားသာချက်တစ်ခုလို့ပြောရမယ်။ Touch Control နဲ့ Play/Pause, Next/Previous Track, Pickup/ Hang up, Mute/Unmtue စတာတွေ control လို့ရတယ်ဆိုပေမယ့်လို့ ကျွန်တော်ကတော့ သိပ်ပြီးတော့မသုံးဖြစ်ဘူး။

Overall အရဆိုရင်တော့ သူ့ရဲ့ Sound Quality ပိုင်းမှာ JBL ကဆိုတဲ့အတွက်အရမ်းကြီးပြောစရာမရှိဘဲနဲ့ မျှော်လင့်ထားလိုမျိုး Quality ကိုရတယ်။ မကြိုက်တဲ့အချက်ဆို ကိုင်ရတဲ့ Feel က ဖွာတာတာကြီးဖြစ်တာကလွဲလို့ Look, Feel တွေကလုံးဝမိုက်တယ်။ ဈေးနှုန်းအနေနဲ့ ၂ သိန်းပတ်ချာလည်ကျသင့်တယ်ဆိုတော့ Mid Range ထဲလို့ပြောရမယ်။ အရမ်းကြီးတော့ Budget အရမ်းမဖြစ်ဘူး။ အဲ့အောက်မှာရွေးချယ်စရာတွေအများကြီးရှိသေးတယ်။ ဒါပေမယ့် JBL Wave 300 TWS ကလည်းရွေးချယ်သင့်တဲ့ Earbuds တစ်ခုလို့ဘဲပြောရမယ်။

Foldable ဈေးကွက်မှာ Samsung အတွက်ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ HonorAndroid လို့ပြောလိုက်ရင် ပထမဆုံး စိတ်ထဲပေါ်လာတာဟာ Samsung ...
04/03/2023

Foldable ဈေးကွက်မှာ Samsung အတွက်ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ Honor

Android လို့ပြောလိုက်ရင် ပထမဆုံး စိတ်ထဲပေါ်လာတာဟာ Samsung ဆိုတာကတော့ငြင်းလို့ရပါဘူး။ ယခင်တုန်းက Huawei နဲ့ Samsung ဟာ သူတစ်ပြိုင်ကိုယ်တစ်ပြိုင် Android လောကကိုဦးဆောင်ကြခဲ့ကြပေမယ့် Huawei ကို US Senction ပြုလုပ်ပြီးနောက်ပိုင်းမှာ Samsung ဟာ Android လောကကို ပြိုင်ဘက်မရှိဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတောင်ကိုရီးယား Tech Giant ကြီးအတွက် ပြိုင်ဘက်ကောင်းဖြစ်လာနိုင်မယ့် သူပေါ်လာခဲ့ပါပြီ။ Honor ရဲ့ CEO Zhao Ming ဟာ MWC 2023 မှာ သူတို့ရဲ့ ကုမ္ပဏီ Goal ဖြစ်တဲ့ ကမ္ဘာ့ Smarphone ဈေးကွက်ကိုဦးစားပေးယှဉ်ပြိုင်သွားမယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ သူ့အနေနဲ့ဘယ်သူ ဘယ်ဝါလို့ ထုတ်မပြောသွားပေမယ့်လည်း ယခု Andoid လောကရဲ့ အကြီးမားဆုံးကုမ္ပဏီဟာ Samsung ဆိုတာကတော့သေချာပါတယ်။

Honor Smarphone Brand ဟာ Shenzhen's မြူနီစပယ်အစိုးရ လက်အောက်ခံ Brand ဖြစ်ပြီးတော့ ယခုနောက် Smartphone တွေမှာပိုမိုကောင်းမွန်တဲ့ Battery Life တွေ၊ Communitcation တွေ၊ Photography, Display နဲ့ AI ပိုင်းတွေမှာအများကြီးတိုးတက်လာတဲ့ Brand တစ်ခုဘဲဖြစ်ပါတယ်။

မကြာသေးမှီကဘဲ Honor ဟာ Magic 5 နဲ့ Magic 5 Pro တို့ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ပြီးခဲ့တြ့ MWC 2023 မှာလည်း Samsung ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Honor အပါအဝင်အခြားသော Brand တွေဟာ Announcements များများစားစားနဲ့ နည်းပညာအသစ်တွေအများကြီးချပြခဲ့ပေမယ့် Samsung အနေနဲ့ Galaxy S23 Series နဲ့ Galaxy Book3 Laptop တို့ကိုသာချပြခဲ့ပါတယ်။

Samsung အနေနဲ့တော့ ကမ္ဘာ့ Smartphone လောကမှာ ပြိုင်ဘက်အသစ်တစ်ခုတိုးလာမှာတော့အသေအချာပါဘဲ။

အံ့အားသင့်ဖွင့်များနဲ့ပြည့်နှက်နေပေမယ့် မျှော်လင့်မထားသင့်တဲ့ Rollable Phonesနောက်ပိုင်း Mobile Era မှာ Phone တွေဟာ သမာရ...
04/03/2023

အံ့အားသင့်ဖွင့်များနဲ့ပြည့်နှက်နေပေမယ့် မျှော်လင့်မထားသင့်တဲ့ Rollable Phones

နောက်ပိုင်း Mobile Era မှာ Phone တွေဟာ သမာရိုးကျမှ ကွဲထွက်ပြီး ပိုပြီးဆန်းပြားတဲ့ Shape Shifting ပြုလုပ်နိုင်တဲ့ဖုန်းမျိုးတွေကို Tech Giant ကြီးတွေကအပြိုင်အဆိုင်ချပြလာကြပါတယ်။ ဒီ Tech Giant တွေထဲကတစ်ခုဖြစ်တဲ့ Motorola ကုမ္ပဏီဟာလည်း MWC (Mobile World Congress) မှာသူတို့ရဲ့ Shapeshifting Prototypes ဖုန်းတစ်လုံးဖြစ်တဲ့ Screen ချုံ့ချဲ့ ပြုလုပ်နိုင်တဲ့ Rollable Phone ကိုချပြသွားခဲ့ပါတယ်။

နည်းပညာအသစ်များဖြစ်တဲ့အလျှောက် စိတ်ဝင်စားဖွယ်များနဲ့ပြည့်နှက်နေပမယ့်လည်း တကယ့်လက်တွေ့ဘဝအတွက် အားနည်းချက်တွေများနေဆဲဖြစ်ပြီး အဆင်သင့်မဖြစ်သေးတဲ့ နည်းပညာအဆင့်မှာသာရှိနေပါသေးတယ်။

ဈေးနှုန်းမြင့်မားခြင်း၊ အကြမ်းခံခြင်းနဲ့ တကယ့်လက်တွေ့ဘဝအတွက်အခြေခံ Use cases တွေအတွက်ဆင်သင့်မဖြစ်တာ စတဲ့အားနည်းချက်တွေရှိနေဆဲပါဘဲ။ ဒီလိုအားနည်းချက်တွေကြောင့်လည်း ဒီ Concepts Devices တွေဟာ Real Life Product အနေနဲ့ထွက်လာဖို့အတွက်ကို အတော်လေးကို အချိန်လိုသေးတယ်လို့ပြောလို့ရတယ်။ တကယ်လို့ထွက်လာခဲ့ရင်တောင်မှ အပေါ်ကအားနည်းချက်တွေကြောင့် ချက်ချင်းမဝယ်ယူသင့်သေးဘဲနဲ့ အချိန်တစ်ခုစောင့်သင့်ပါသေးတယ်။

အနာဂတ်ဖုန်းတွေမှာ eSIMS နေရာအစားထိုးဝင်ရောက်လာနိုင်တဲ့ iSIMSပြီးခဲ့တဲ့နှစ်တွေအထိ ဖုန်းကုမ္ပဏီတော်တော်များများဟာ Physical...
04/03/2023

အနာဂတ်ဖုန်းတွေမှာ eSIMS နေရာအစားထိုးဝင်ရောက်လာနိုင်တဲ့ iSIMS

ပြီးခဲ့တဲ့နှစ်တွေအထိ ဖုန်းကုမ္ပဏီတော်တော်များများဟာ Physical SIMS card တွေအစား eSIMS လို့ခေါ်တဲ့ ဖုန်းအတွင်း SIMS Card ကို Embedded လုပ်တဲ့နည်းပညာကိုအစားထိုးအသုံးပြုလာကြပါတယ်။ ဒီလိုအသုံးပြုခြင်းအားဖြင့် Sims Card Service Provider တစ်ခုနဲ့တစ်ခုအပြောင်းအလဲလုပ်တဲ့အချိန်မျိုးမှာ အရင်တုန်းကလိုမျိုး Physical Sims card ထုတ်ဖို့အတွက် Pin လိုက်ရှာစရာမလိုအပ်တော့ဘဲ Phone Setting ထဲကနေအလွယ်တကူပြောင်းလဲနိုင်မှာဘဲဖြစ်ပါတယ်။

Qualcomm ဟာ eSIMs နည်းပညာကိုအစားထိုးအသုံးပြုနိုင်မယ့် iSIM နည်းပညာကို Snapdragon 8 Gen 2 မှာစတင်ထည့်သွင်းအသုံးပြုသွားမယ်လို့သိရပါတယ်။

eSIMs နဲ့ iSIMs ကွာခြားချက်ကတော့ eSIMs ကဖုန်းအတွင်းတစ်နေရာရာမှာထည့်သွင်းပေးရတာဖြစ်ပြီးတော့ iSIMs ကတော့ Phone ရဲ့ Processor မှာထည့်သွင်းပေးထားနိုင်မှာဘဲဖြစ်ပါတယ်။ အဲ့လို Phone Processor အတွင်းထည့်သွင်းပေးနိုင်တဲ့အတွက် ပိုပြီးတော့ ကုန်ကျစရိတ်ပိုမိုလျှော့နည်းလာပြီး အသုံးပြုသူတွေအတွက်လည်းပိုပြီးအဆင်ပြေစေနိုင်တယ်လို့ဖော်ပြပေးထားပါတယ်။

အနည်းဆုံးတော့သွားကြာားထိုးတံတွေနဲ့ထိုးပြီး SIMs Tray မှာကျန်ခဲ့တဲ့ဒုက္ခကင်းရတော့မှာပါ။

Pixel Phone တွေကိုအလိုလျှောက် Reboot ဖြစ်သွားစေမယ့် Youtube Videoခင်ဗျားတို့ "The Ring" ဆိုတဲ့ Horror Movie ကြည့်ဖူးကြတယ...
02/03/2023

Pixel Phone တွေကိုအလိုလျှောက် Reboot ဖြစ်သွားစေမယ့် Youtube Video

ခင်ဗျားတို့ "The Ring" ဆိုတဲ့ Horror Movie ကြည့်ဖူးကြတယ်မှတ်လား။ အဲ့ဇာတ်ကားထဲမှာ Creepy Video တစ်ခုကိုကြည့်လိုက်မိတဲ့လူတိုင်းဟာ (၇) ရက်နေ့မြောက်ကျရင် ထူးဆန်းစွာသေဆုံးသွားကြရတယ်။ အခုလည်းအဲ့လိုပါဘဲ ၁၉၇၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ "Alien" ဇာတ်ကားထဲကဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ Video (Comment မှာ Link ထည့်ပေးထားပါတယ်) ကိုကြည့်လိုက်တဲ့အချိန်တိုင်းမှာ Google Pixel Phone တွေဟာအလိုအလျှောက် Reboot ဖြစ်ဖြစ်သွားပါတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီဖြစ်ရပ်ကို "OGPixel5" အမည်ရှိ လူတစ်ယောက်ဟာ Google Pixel 6, 6a, Pixel 7 တို့ကိုအသုံးပြုစမ်းသပ်ကြည့်တဲ့အချိန်တိုင်းမှာ Reboot ဖြစ်ဖြစ်သွားတယ်လို့ Google Pixel Subreddit မှာရေးသားဖော်ပြထားပါတယ်။ တစ်ချို့သော Pixel User တွေကလည်း Reboot ဖြစ်ရုံတင်မဟုတ်ဘဲနဲ့ Reboot ဖြစ်ပြီးနောက်ပိုင်းမှာလည်း ဖုန်းလိုင်းမမိတာမျိုးတွေဖြစ်တတ်ပြီး နောက်တစ်ကြိမ် Reboot ပြုလုပ်ပေးဖို့လိုအပ်တယ်လို့လည်းဖော်ပြထားပါတယ်။

ယခုလိုဖြစ်ရပ်မျိုးဟာပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။ 2020 ခုနှစ်က ကျိန်စာသင့် Wallpaper လို့နာမည်ကြီးခဲ့တဲ့ ဖြစ်ရပ်မျိုးလည်းကြုံခဲ့ရပါသေးတယ်။ (Wallpaper Link ကိုတော့ Comment မှာဖော်ပြပေးသွားပါ့မယ်။) ဒီကျိန်စာသင့် Wallpaper ကို မိမိိဖုန်းမှာ Wallpaper အဖြစ်ထားမိခဲ့ရင် မအိမိရဲ့ Phone ကို Crash ဖြစ်သွားစေမှာဘဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးဟာ Google's Exynos Drived Tensor Soc တွေမှာဖြစ်လေ့ရှိတာ တွေ့ရပေမယ့် Exynos အသုံးပြုထားတဲ့ Samsung တွေမှာတော့ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။

ကဲ Pixel ကိုင်ထားတဲ့လူများရှိခဲ့ရင် စမ်းကြည့်ပြီးတော့ Comment မှာအတွေ့အကြုံလေးတွေမျှဝေပေးသွားနိုင်ပါတယ်။

Emoji အသစ်တွေပါဝင်လာမယ့် Apple ရဲ့ iOS 16.4 Public Betaဒီနေ့မှာတော့ Apple ဟာ သူတို့ရဲ့ Second Beta တွေဖြစ်တဲ့ iOS 16.4 i...
02/03/2023

Emoji အသစ်တွေပါဝင်လာမယ့် Apple ရဲ့ iOS 16.4 Public Beta

ဒီနေ့မှာတော့ Apple ဟာ သူတို့ရဲ့ Second Beta တွေဖြစ်တဲ့ iOS 16.4 iPadOS 16.4 တို့ကို Public Beta အဖြစ်ထုတ်ပေးလိုက်ပြီဘဲဖြစ်ပါတယ်။ Public Beta ဆိုတာကတော့ Non Developer မဟုတ်တဲ့လူတွေအတွက် Software တွေကိုစမ်းသပ်အသုံးပြုနိုင်ဖို့အတွက် ထုတ်ပေးတဲ့ Version တစ်မျိုးဘဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ Apple ဟာ First Public Beta ထုတ်ပြီးပြီးချင်း ဒုတိယမြောက်အပတ်မှာဘဲ Second Beta ကိုထုတ်ပေးခဲ့တာဘဲဖြစ်ပါတယ်။ ဒီ iOS 16.4 မှာတော့ Emoji Character အသစ် (ပုံတွင်ဖော်ပြထားပါသည်) တွေပါဝင်လာမှာဖြစ်ပါတယ်။ နောက်ပြီး Safari Web Push Notification လည်းပါဝင်လာမှာဖြစ်ပြီးတော့ ကျွန်တော်တို့ Mac မှာအသုံးပြုတဲ့အတိုင်း အသုံးပြုလို့ရမှာဘဲဖြစ်ပါတယ်။

Samsaung Galaxy Z Fold 4 ထပ် ထက်ဝက်နီးပါး ဈေးသက်သာမယ့် "Techno Phantom V Fold"Foldable ဈေးကွက်ကပိုပြီးတော့ အပြိုင်အဆိုင်...
02/03/2023

Samsaung Galaxy Z Fold 4 ထပ် ထက်ဝက်နီးပါး ဈေးသက်သာမယ့် "Techno Phantom V Fold"

Foldable ဈေးကွက်ကပိုပြီးတော့ အပြိုင်အဆိုင်များလာတာနဲ့အမျှ ဈေးတွေကပိုပြီးတော့နည်းသထပ်နည်းလာကြတတယ်။ MWC 2023 မှာတော့ Techno ဟာ Samsung ရဲ့ Galaxy Z Fold နဲ့ဆင်တူဖြစ်တဲ့ Phantom V Fold ဆိုတဲ့ Foldable ကို ထက်ဝက်သက်သာတဲ့ဈေးနဲ့ မိတ်ဆက်သွားခဲ့ပါတယ်။

$1099 နဲ့စတင်ရောင်းချသွားမယ့် ဒီ​ "Techno Phantom V Fold" ဟာ "Qualcomm" အစား "MediaTek's Dimensity 9000+ Chipset" ကိုအသုံးပြုပေးထားတယ်။ Qualcomm Chip ကိုမသုံးထားပေမယ့် Oppo's Find N2 Flip မှာအဆင်ပြေပြေသုံးပြသွားတာကိုတွေ့ရတယ်။ ဒီ Chip နဲ့အတူ RAM 12GB, UFS 3.1 Storage 256GB ဒါမှမဟုတ် 512 GB ဆိုပြီးတော့ ရွေးချယ်စရာရှိတယ်။ Android 13 ကို Outofthebox ကို Techno Skin နဲ့ရမယ်။

Spec တွေကတော့ရွတ်ပြမနေတော့ဘူး။ ပြောစရာ​ရှိတာက ဈေးနည်းတိုင်းရောတကယ်ကောင်းမှာလား။ ဘာလို့ဒီလိုမေးခွန်းမျိုးမေးရတာလဲဆိုရင် Techno ရဲ့ UI ဟာအတော့ကိုရွဲတဲ့ထဲကိုပါတယ်လို့ပြောလို့ရတယ်။ ဒီနေရာမှာ Samsung ရဲ့ UI ကအသာကြီး။ Oppo တို့ Huawei တို့ဆိုတာလည်း UI ကသူ့ဟာနဲ့သူအဆင်ပြေတဲ့အဆင့်ကိုရောက်နေပြီ။ ဒါပေမယ့် Techno ရဲ့ UI ကတကယ်ရော Foldable Phone တွေအတွက်အဆင်သင့်ဖြစ်ရဲ့လား။ နည်းပညာကရော အဆင်သင့်ဖြစ်ပြီလား။

Foldable Phone တွေကိုဈေးသက်သက်သာသာနဲ့ ထွက်လာစေချင်တာမှန်ပေမယ့် ကျွန်တော့ Personal အမြင်အရတော့ Techno Phantom V Fold ကိုတော့နည်းနည်းသံသယဝင်မိတယ်။

Open AI ChatGPT ရဲ့ CTO ♥️
22/02/2023

Open AI ChatGPT ရဲ့ CTO ♥️

နှစ်စဉ်နှစ်တိုင်း Rumors တွေအတိုင်း ဒီနှစ်မှာလည်း iPhone 15 အတွက် Rumors တွေအတော်လေးစုံလာပြီ။Rumors ရဲ့ထုံးစံအတိုင်း တစ်...
20/02/2023

နှစ်စဉ်နှစ်တိုင်း Rumors တွေအတိုင်း ဒီနှစ်မှာလည်း iPhone 15 အတွက် Rumors တွေအတော်လေးစုံလာပြီ။

Rumors ရဲ့ထုံးစံအတိုင်း တစ်ချို့ဟာတွေကမယုံရပေမယ့် တစ်ချို့ဟာတွေကျတော့လည်းသွားပြီးတော့အထင်သေးလို့တော့မရဘူး။

Foldable Concept တွေ Type C တွေစသဖြင့်ပေါ့။

ကျွန်တော့်အတွက် Rumors တွေ Leaks တွေထဲကမှ iPhone 15 အတွက်မျှော်လင့်ထားဆုံးတစ်ခုကိုပြောပါဆို Type C ပြောင်းတာလည်းမဟုတ်သလို Foldable လည်းမဟုတ်ဘူး

Buttonless iPhone Design ဘဲ။

Lighting Port ကနေ Type C ပြောင်းတဲ့ဟာက Apple ကနဂိုကတည်းကလုပ်ချင်ရင်လုပ်လို့ရနေတဲ့အတွက် ရင်ခုန်ဖို့ကောင်းမနေဘူး။ မထည့်ပေးချင်လို့သာပေတေပြီးနေနေတာ။ တကယ်တန်း Type C ပြောင်းပြီးထည့်ပေးလာရင်လည်း ကြီးကြီးမားမားမဟုတ်ဘူး။

Foldable Conecpt နဲ့ပတ်သတ်ပြီး Apple ကနေပြီး Patent တွေတင်ထားတဲ့သတင်းတွေတွေ့ရပေမယ့်လည်း ဒါလည်းသိပ်ပြီးစိတ်ဝင်စားဖို့ကောင်းမနေဘူး။ Samsung တို့ Oppo တို့ Huawei တို့စတဲ့ Andorid ဘက်ကနေပြီးတော့ ချပြထားတာလေးတွေကအတော့်ကိုခရီးရောက်နေပြီဆိုတော့ ရင်းနှီးပြီးသားဖြစ်နေပြီ။

တကယ် ကျွန်တော်စိတ်ဝင်စားတာက Buttonless Design ဘဲ။ မျော်လင့်လို့လဲရတယ်။ ဘာဖြစ်လို့လဲဆိုတော့ iPhone ရဲ့ Hyptic Feedback က iPhone 7 မှာကတည်းကအတော်လေးကို User Experience ကောင်းကောင်းလေးပေးထားနိုင်ခဲ့တယ်။ Home Button ကို Buttonless Design ထုတ်ပေးခဲ့တဲ့အချက်တွေကြည့်ရင် ဒီနှစ်မှာမျှော်လို့ရနိုင်တယ်။

အဲ့လိုမျိုး Buttonless Design ကိုလည်းထုတ်ပေးနိုင်ခဲ့ပြီဆိုရင်အတော်လေးကို Unique ထပ်ဖြစ်သွားနိုင်ပြီးတော့ Android ဘက်မှာလည်း Changes တစ်ခုခုထပ်ဖြစ်လာနိုင်တဲ့အတွက် ကျွန်တော်ကတော့ ဒီ iPhone 15 မှာ Buttonless Design ကိုဘဲရင်ခုန်တယ်။

နောက်တစ်ချက်ပြောပါဆိုရင်တော့ Dynamic Island ဘဲ။ Notch ကြီးဖြုတ်ပါ Dynamic Island ကြီးဖြုတ်ပါဆိုပြီးတော့ မျှော်နေမယ့်အစား ကျွန်တော့်အတွက်လက်တွေ့ပိုဆန်တဲ့ အချက်ကအတော့ Dyanamic Island ကို Model တိုင်းအတွက်ထည့်ပေးလာဖို့ဘဲ။ အခု iPhone 14 မှာဆို Pro Model လောက်ဘဲပါပြီး ကျွန်တော်တို့လို Standard Model ကြိုက်တဲ့လူတွေအတွက် Feel အောက်စေတယ်လို့ခံစားရတယ်။

ခင်ဗျားရော ဒီနှစ် iPhone 15 မှာဘာတွေမျှော်လင့်ထားလဲဆိုတာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။

Image Credited - 9to5 Mac

20/02/2023

Samsung S23 Ultra Camera ရဲ့ 100x Zoom ကို Burj Khalifa မှာစမ်းကြည့်ကြမယ်

Chat GPT နဲ့ Google Brad တို့ရဲ့မတူညီတဲ့ အချက် (၅) ချက်Ai Language Models တွေဖြစ်ပေမယ့် ChatGPT နဲ့ Google Brad AI တို့မ...
17/02/2023

Chat GPT နဲ့ Google Brad တို့ရဲ့မတူညီတဲ့ အချက် (၅) ချက်

Ai Language Models တွေဖြစ်ပေမယ့် ChatGPT နဲ့ Google Brad AI တို့မှာကွာခြားချက်လေးတွေရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ Google ဟာလက်ရှိ Booming ဖြစ်နေတဲ့ OpenAI ရဲ့ ChatGPT Artificial Intelligence ကိုပြိုင်ဆိုင်ဖို့အတွက် Google Brad AI ကိုမိတ်ဆက်ခဲ့ပါတယ်။

ကွာခြားချက်တွေကိုမပြောခင်ကျွန်တော်တို့ AI chat bot တွေအကြောင်းအရင်ရှင်ပြပါ့မယ်။

Google ဟာ Google Brad AI (Bidirectional Encoder Representation from Transformers) လို့ခေါ်တဲ့ AI ကို User တွေရိုက်ထည့်လိုက်တဲ့ စကားလုံးတွေပေါ်မူတည်ပြီး ပိုမိုအရည်အသွေးကောင်းမွန်တဲ့ စကားလုံးတွေအဖြစ်ပြောင်းလဲပေးနိုင်ဖိုအအတွက်အသုံးပြုခဲ့ပါတယ်။ အဲ့အတွက် ဒီ Ai ကိုလေ့ကျင့်သင်ကြားပေးတဲ့အချိန်မှာ သက်ဆိုင်ရာနယ်ပယ်ခေါင်းစဉ်နဲ့ဆိုင်တဲ့ Datasets တွေကိုသာအသုံးပြုခဲ့ကြပါတယ်။ ဥပမာ Google Search Engine အသုံးပြုတဲ့အချိန်မှာသတိထားမိပါလိမ့်မယ်။

တစ်ဖက်မှာတော့ OpenAI ရဲ့ တတိယမျိုးဆက်ဖြစ်တဲ့ ChatGPT-3 (Generative Pre-trained Transformers 3) ကိုလေ့ကျင့်သင်ကြားပေးတဲ့အချိန်မှာ အလွန်တရာများပြားလှတဲဘ Text Data တွေနဲ့လေ့ကျင့်ပေးခဲ့ပြီး အလိုအလျှောက် စာရေးသားခြင်းတွေ၊ အနှစ်ချုပ်ခြင်းတွေ၊ ဘာသာပြန်ခြင်း စတဲ့လုပ်ဆောင်ချက်တွေကိုလုပ်ဆောင်နိုင်ပါတယ်။

Ai နှစ်ခုခြားက အလုပ်လုပ်ဆောင်ပုံအကြမ်းဖျဉ်းသိပြီဆိုတော့ သူတို့ကြားကကွာခြားချက်တွေကိုလေ့လာကြည့်ရအောင်

Brad ကိုအသုံးပြုချိန်မှာ Brad ဟာ ယခုလက်ရှိ Online မှာ Available ဖြစ်နေတဲ့ Material တွေကိုအသုံးပြုပါတယ်။ အဲ့လို လက်ရှိ Online မှာ Available ဖြစ်တဲ့ Data တွေကိုအသုံးပြုတဲ့အတွက် ပိုပြီးတော့ Up-to-date ဖြစ်တဲ့ Data တွေကိုထုတ်ပေးနိုင်ပါတယ်။ သို့သော် ChatGPT ရဲ့အသိဉာဏ်ကတော့ 2021 ခုနှစ်အထိသာကန့်သန့်ထားပါတယ်။

Brad ဟာ Google ရဲ့ Search Engine နဲ့ integrated လုပ်ထားတဲ့အတွက် ChatGPT နဲ့ယှဉ်ရင် ရနိုင်တဲ့ Data တွေပိုများတဲ့အတွက် Microsoft က Support ပေးထားတဲ့ ChatGPT ထပ် Advantages ပိုရှိနိုင်ပါတယ်။

အပေါ်ကအားသာချက်ကြောင့် ChatGPT က တစ်ချို့သောအမှားတွေဖြစ်နေချိန်မှာ Google Brad AI ဟာပိုမိုတိကျပြီး ယုံကြည်လို့ရတဲ့ Data တွေထုတ်ပေးလာနိုင်ပါတယ်။

အခြားသော AI တွေဟာ အကန့်အသတ်ရှိတဲ့ information တွေနဲ့ Data တွသာ Access ရနေတဲ့အချိန်မှာ Google ရဲ့ Massive Data Gathering ကြောင့် နောက်ပိုင်းတွေမှာ ပိုပြီးသာလွန်လာနိုင်တယ်။

Brad AI ဟာရှုပ်ထွေးတဲ့ Idea တွေကို ရိုးရှင်းလွယ်ကူအောင် ပြောင်းလဲပေးတိုင်မယ်လို့ ဖော်ပုပေးထားပါတယ်။ ဒီအချက်ဟာ ကြီးမားကျယ်ပြန့်တဲ့ သတင်းအချက်အလက်တွေကို လူတိုင်းကို နားလည်လွယ်စေမယ့်နည်းလမ်းနဲ့ အရှင်းဆုံးပြန်လည်ဖော်ပြပေးနိုင်မှာပါ။ ChatGPT မှာတော့ ဒီလို Result တွေထုတ်ပေးတဲ့အချိန်မှာ အနည်းငယ်ရှုပ်ထွေးနေပြီး မိမိကိုယ်တိုင်က research ထပ်ပြုလုပ်ဖို့လိုအပ်ပါသေးတယ်။

ဒါတွေကြည့်ခြင်းအားဖြင့် Google AI Brad ဟာ ပိုပြီးတော့မိုက်တယ်လို့ပြောလို့ရပေမယ့် လက်တလော ChatGPT နဲ့ယှဉ်ပြိုင်ချဉ်တဲ့အတွက် အလောတကြီး Launch လုပ်ခဲ့တဲ့အချိန်မှာတော့ မွေးခွန်းထုတ်စရာတွေဖြစ်ခဲ့ရပါတယ်။

Ai နည်းပညာတွေကို နောက်ပိုင်းပိုမိုအသုံးတွင်ကျယ်လာနိုင်ပြီးပိုကောင်းတဲ့ရလဒ်တွေကိုယူဆောင်လာပေးနိုင်ပါတယ်။ ဒီလိုလျင်လျင်မြန်မြန်နဲ့တိုးတက်လာခဲ့တဲ့အလျောက်လည်း လူသားတွေရဲ့ အလုပ်အကိုင်တွေမှာ AI တွေအစားထိုးတော့မလားဆိုတဲ့အချက်ဟာလည်းစကားနိုင်လုစရာ ခေါင်းစဉ်တစ်ခုဖြစ်လာခဲ့ပါပြီ။

နိဂုံးချုပ်အနေနဲ့တော့ ကျွန်တော်တို့ဟာ ယခုလိုတိုးတက်လာတဲ့ AI နည်းပညာတွေကိုအသုံးပြုတဲ့အချိန်မှာ Ethic ရှိဖို့နဲ့ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ပြီးတော့ အလွဲသုံးစားမပြုလုပ်ဖို့အင်မတန်အရေးကြီးပါတယ်။

မြန်မာငွေ သိန်းတစ်ထောင်ဝန်းကျင် နဲ့ရောင်းချခဲ့တဲ့ iPhoneအားလုံးသိထားကြတဲ့အတိုင်းဘဲ iPhone တွေဟာ Premium Device ဖြစ်တဲ့အလ...
17/02/2023

မြန်မာငွေ သိန်းတစ်ထောင်ဝန်းကျင် နဲ့ရောင်းချခဲ့တဲ့ iPhone

အားလုံးသိထားကြတဲ့အတိုင်းဘဲ iPhone တွေဟာ Premium Device ဖြစ်တဲ့အလျှောက် အချိန်ဘယ်လောက်ကြာကြာ ဈေးနှုန်းကျသွားမယ့်ထဲမပါဘူးဆိုတာ ဒီဥပမာကိုကြည့်ရင်သိနိုင်ပါတယ်။

Karen Green လို့ခေါ်တဲ့ တက်တူးပညာရှင်တစ်ယောက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ သူ့ရဲ့ 2007 ခုနှစ်ထုတ် iPhone ကို အမေရိကန်ဒေါ်လာ $50000 နဲ့လေလံဆွဲရောင်းချခဲ့ပါတယ်။

$50000 ဆိုတဲ့တန်ကြေးဟာ Mercedes Benz SUV ကားတစ်စီးစာတန်ကြေးရှိပါတယ်။

ဘာလို့ ဒီလောက်ဈေးကြီးရတာလည်းဆိုတာကို လူတော်တော်များများလည်းသိချင်နေကြမယ်ထင်ပါတယ်။ အကြောင်းအရင်းကတော့ ဒီ iPhone ဟာ အသစ်စက်စက်ဖြစ်ပြီးတော့ Packing ဖွင့်ဖောက် အသုံးပြုထားခြင်းလုံးဝမရှိပါဘူး။

ဒီ 2007 ခုနှစ်ထုတ် iPhone 1st Generation ကို Karen Green ဟာ လွန်ခဲ့တဲ့ ၁၆ နှစ်ခန့်က အလုပ်ဂုဏ်ပြုအထိန်းအမှတ်အနေနဲ့ သူ့သူငယ်ချင်ူက လက်ဆောင်အဖြစ် ပေးခဲ့တာဖြစ်ပေမယ့် အသုံးမပြုဘဲသိမ်းထားခဲ့ပါတယ်။ ဒါကြောင့်မလို့ အခုချိန် ၁၆ နှစ်အကြာမှာတော့ အမေရိကန်ဒေါ်လာ $50000 နဲ့လေလံဆွဲရောင်းချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ယခုအချိန်ထိ ဒီ 2007 ခုနှစ်ထုတ် iPhone 1st Gen တွေဟာ လေလံဆွဲ Website တစ်ချို့မှာ အမေရိကန်ဒေါ်လာ $18000 ဝန်းကျင် မြန်မာငွေ သိန်း ၆၃၀ ဝန်းကျင်ပေါက်ဈေးရှိနေပြီဘဲဖြစ်ပါတယ်။

iOS 16 မှာ Siri Voice Command ကိုအသုံးပြုပြီး iPhone ကို Restart ပြုလုပ်နိုင်ပြီ။“Hey Siri” ဆိုပြီးတော့ Message ပို့တာတွ...
17/02/2023

iOS 16 မှာ Siri Voice Command ကိုအသုံးပြုပြီး iPhone ကို Restart ပြုလုပ်နိုင်ပြီ။

“Hey Siri” ဆိုပြီးတော့ Message ပို့တာတွေ ဖုန်းခေါ်ဆိုမှုတွေ စသဖြင့် အခြားသောလုပ်ဆောင်ချက်တွေအများကြီလုပ်ဆောင်နိုင်ခဲ့ပြီးအတော်လေးအသုံးဝင်ပါတယ်။

အခု iOS 16 မှာတော့ Siri ကိုအသုံးပြုပြီးတော့ iPhone ကို Restart ပြလုပ်နိုင်တော့မှာဘဲဖြစ်ပါတယ်။

ဒီ Feature ကိုအသုံးပြုချင်တယ်ဆိုရင်တော့
“Hey Siri” လို့ခေါ်ပြီး “Siri” Active ဖြစ်သွားတဲ့အချိန်မှာ “Restart iPhone” ဆိုတဲ့ Voice Command ကိုအသုံးပြုနိုင်ပြီဘဲဖြစ်ပါတယ်။

Address

Phoeyarzar Street Lanmadaw Tsp
Yangon
11131

Alerts

Be the first to know and let us send you an email when Collab Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Collab Tech:

Share