𝗞𝗶𝗮𝗻’𝘀 𝗺𝗼𝗺𝗺𝘆

  • Home
  • Myanmar
  • Yangon
  • 𝗞𝗶𝗮𝗻’𝘀 𝗺𝗼𝗺𝗺𝘆

𝗞𝗶𝗮𝗻’𝘀 𝗺𝗼𝗺𝗺𝘆 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗞𝗶𝗮𝗻’𝘀 𝗺𝗼𝗺𝗺𝘆, ครีเอเตอร์ดิจิทัล, Yangon.

10/10/2025

ညလယ်ခေါင် အကြာကြီး နိုးနေတဲ့ ဘေဘီလေးတွေရှိရင်






Video များလွှတ်လပ်စွာ shareနိုင်ပါတယ်။မည်သည့်social mediaတွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါရှင်

08/10/2025

Car seatထဲစထည့်တဲ့အချိန် ငိုတဲ့ရုန်းတဲ့ ဘေဘီလေးတွေရှိရင် ဒီလိုလေးလုပ်ကြည့်နော်

အန္တရာယ်ကင်းအောင် car seatနဲ့စီးစေချင်လို့ ဝယ်ပြီးခါမှ ကလေး မထိုင်လို့ဆိုပြီး လက်မလျှော့လိုက်စေချင်တာမို့ မျှဝေပေးတာပါရှင့်





Video များလွှတ်လပ်စွာ shareနိုင်ပါတယ်။မည်သည့်social mediaတွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါရှင်

𝗕𝗟𝗪 (𝗕𝗮𝗯𝘆 𝗟𝗲𝗱 𝗪𝗲𝗮𝗻𝗶𝗻𝗴) ကလေးကို ကိုယ်တိုင်ကိုင်စားစေတဲ့နည်းနဲ့ ကျွေးမယ်ဆို ကလေးက -အသက် ၆ လပြည့်ပြီးဖြစ်ရပါမယ်-အကူမပါဘဲ/အက...
05/10/2025

𝗕𝗟𝗪 (𝗕𝗮𝗯𝘆 𝗟𝗲𝗱 𝗪𝗲𝗮𝗻𝗶𝗻𝗴) ကလေးကို ကိုယ်တိုင်ကိုင်စားစေတဲ့နည်းနဲ့ ကျွေးမယ်ဆို ကလေးက

-အသက် ၆ လပြည့်ပြီးဖြစ်ရပါမယ်

-အကူမပါဘဲ/အကူအညီအနည်းငယ်နဲ့ ထိုင်နိုင်ရပါမယ်(sit with minimal support)ထမင်းစားခုံမှာ ကလေးက အရှေ့ငိုက်နေတာ အနောက်လန်နေတာ မဖြစ်ရပါဘူး

-အစားအစာအပေါ် စိတ်ဝင်စားမှုရှိရပါမယ်

-toungue trust reflex -မေမေလက်ညှိုးကို ကလေးပါးစပ်ပေါ်မှာ တင်လိုက်ရင် လျှာနဲ့ပြန်ပြန်ထိုးတတ်တဲ့ အကျင့်ပျောက်သွားမှစသင့်ပါတယ်

-အစားအစာ / ပစ္စည်းတစ်ခုခုကို ပါးစပ်ထဲထည့်တတ်တဲ့ အကျင့်ဖြစ်နေပြီဆိုရင် စလို့ရပါပြီ

🔸အစားအစာကို လအလိုက် BLW လှီးဖြတ်နည်းသိရပါမယ်

🔸အစာပျို့တာနဲ့ အစာနင်တာ ကွဲကွဲပြားပြားသိရပါမယ်

🔸အစာနင်မှာ ကြောက်တဲ့သူတွေအတွက် လေ့လာတွေ့ရှိချက်တွေအရ သေချာပြင်ဆင်ကျွေးမယ်ဆို အဖတ်ကျွေးတာက ကြိတ်ကျွေးတာထက် ပိုနင်နိုင်ခြေမရှိပါဘူးတဲ့နော်

🔸သွားမရှိလဲ ကျွေးလို့ရပါတယ် သူတို့သွားဖုံးတွေက သန်မာတာမလို့ ကြိတ်နိုင်ပါတယ်

🔸Pure BLW ဆိုရင်တော့ ခွံ့ကျွေးတာမပါဘဲ ကိုင်စားစေတာ သီးသန့်ပေါ့နော်

🔸မိမိအဆင်ပြေသလို ၂နပ်လုံး BLW နည်းနဲ့ကျွေးချင်လဲရသလို တစ်နပ်ကို BLW ကျွေးပြီး တစ်နပ်ကိုခွံ့ကျွေးလဲရပါတယ်

🔸တစ်နပ်ထဲမှာ BLWလိုက် ခွံ့ကျွေးလိုက်မလုပ်သင့်ပါဘူး ကလေးကို ရောထွေးသွားစေတတ်လို့ပါ

ကျွန်မကတော့ သားလေးကို ဖြည့်စွက်စာစကျွေးတုန်းက puree နှစ်ပတ်ကျွေးပြီးနောက် BLW တစ်နပ် pureeတစ်နပ် ကျွေးပါတယ်
အခု puree ကိုခွံ့ကျွေးရင်လဲ ပါးစပ်ထဲထိ ရောက်အောင်ထည့်လို့မရတော့ဘူး ကျွန်မခပ်ပေးတဲ့ဇွန်းကို သူ့ဘာသာသူ လှမ်းယူစားနေပါပြီ😁



လွှတ်လပ်စွာ shareနိုင်ပါတယ်။မည်သည့်social mediaတွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါရှင်

03/10/2025

ဘာကြောင့် ဘေဘီလေးတွေ မနက်၅နာရီနိုးလဲ
ဘယ်လိုဖြေရှင်းမလဲ





Video များလွှတ်လပ်စွာ shareနိုင်ပါတယ်။မည်သည့်social mediaတွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါရှင်

01/10/2025

သားသားကို BLW နည်းနဲ့ ကျွေးဖြစ်တာလေးပါ

မနက်ပိုင်းကို BLW နည်းနဲ့ကျွေးပြီး ညနေပိုင်းတော့ puree ကိုခွံ့ပြီးတော့ရော self feedingရော ကျွေးဖြစ်ပါသေးပါတယ်






Video များလွှတ်လပ်စွာ shareနိုင်ပါတယ်။မည်သည့်social mediaတွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါရှင်

29/09/2025

ဖြည့်စွက်စာ စကျွေးချိန် ထမင်းစားခုံထဲ မနေတဲ့ ကလေးငယ်လေးတွေရှိကြလား

🌼ထမင်းစားခုံနဲ့ စားတဲ့အကျင့် လုပ်ထားခြင်းအားဖြင့် ကလေးက ဒီခုံမှာထိုင်တာနဲ့
စားရမယ်ဆိုတာ သိတဲ့အတွက် ထမင်းကျွေးရလွယ်ကူစေပါတယ်

🌼လူကြီးတွေနဲ့ စားသောက်ဆိုင်သွားရင်လဲ ကလေးထမင်းစားခုံမှာ ထိုင်တဲ့အတွက် လူကြီးအနေနဲ့လဲ ထိန်းရတာသက်သာစေပါတယ်

🌼လူကြီး ပေါင်ပေါ်ထိုင်ခိုင်းပြီး ကျွေးတာတို့ အိမ်ထဲလျှောက်ပတ်ပြီး ကျွေးတာတို့က အစာပေါ်စိတ်ဝင်စားမှုနည်းစေသလို ကျွေးရတဲ့လူကြီးအတွက် ပင်ပန်းစေပါတယ်

🌼ပြေးလွှားကစားနေရင်း ကျွေးတဲ့အခါ အစာနင်နိုင်ခြေလဲရှိပါတယ်

ကလေးကို ထမင်းစားခုံနဲ့ ရင်းနှီးအောင်

💎ဖြည့်စွက်စာစမကျွေးခင်ထဲက ခုံထဲမှာ ထိုင်ရတာနဲ့ မစိမ်းအောင် တစ်နေ့မိနစ်အနည်းငယ် ခုံထဲထည့်ပြီး လူကြီး ထမင်းဝိုင်းနားမှာ နေစေတာဖြစ်ဖြစ် ကိုယ်ဟင်းချက်တာကြည့်စေတာဖြစ်ဖြစ် သူကြိုက်တဲ့သွားယားကကိုက် ဒါမှဟုတ် ဇွန်းအပျော့လေးပေးထားလို့ရပါတယ်။
ဒါက သူ့စိတ်ထဲမှာ ထမင်းစားခုံထဲထိုင်တာဟာ ပျော်စရာအချိန် အဖြစ် တွဲမှတ်မိစေပါတယ်

💎လူကြီးတွေ ထမင်းစားချိန်မှာ ကလေးကို အတူစားစေတာကလဲ အစာအပေါ် ပိုစိတ်ဝင်စားစေသလို ဘယ်လို ပါးစပ်ထဲထည့်ပြီး ဝါးရမလဲဆိုတာ သင်ယူပြီးသား ဖြစ်စပေါတယ်

💎ကလေးက ခုံထဲမှာ သက်တောင့်သက်သာဖြစ်ဖို့လိုပါတယ်။ခါးပတ်ကြိုးတွေ ကြပ်နေလား ကလေးက ပူနေလား အရမ်းအိပ်ချင်နေလား ကြည့်ပေးပါ။ခြေတင်ထားဖို့ အတန်းလေးရှိရင်တော့ ပိုကောင်းပါတယ်

💎အစာစားချိန်တိုင်း ခုံထဲထည့်ကျွေးပါ။တစ်ချိန်ခုံထဲထည့်ကျွေးလိုက် တစ်ချိန်ချီကျွေးလိုက် မလုပ်ပါနဲ့

💎ထမင်းစားရင်ပြီးရောဆိုပြီး ဖုန်းပြတာ TVပြတာမျိုး မလုပ်သင့်ပါဘူးနော်


#ထမင်းစားခုံ



လွှတ်လပ်စွာ shareနိုင်ပါတယ်။မည်သည့်social mediaတွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါရှင်

ကလေးအိပ်တာနဲ့ဆိုင်တဲ့ တင်ပြီးသားvideoလေးတွေ ကြည့်ရလွယ်အောင် ပြန်စုထားပေးပါတယ်ရှင်နေ့နဲ့ညမှားတဲ့ ဘေဘီလေးတွေရှိရင် https:/...
27/09/2025

ကလေးအိပ်တာနဲ့ဆိုင်တဲ့ တင်ပြီးသားvideoလေးတွေ ကြည့်ရလွယ်အောင် ပြန်စုထားပေးပါတယ်ရှင်

နေ့နဲ့ညမှားတဲ့ ဘေဘီလေးတွေရှိရင်
https://www.facebook.com/reel/1283728389985529/?fs=e&fs=e

ချီထားတုန်းအိပ်ပြီး ချလိုက်မှနိုးသွားရင်
https://www.facebook.com/reel/714208714684041/?fs=e&fs=e

နို့ငုံအိပ်တတ်တဲ့ ဘေဘီလေးတွေကြောင့် မေမေအိပ်ရေးပျက်တတ်ရင်
https://www.facebook.com/reel/1478916493520976/?fs=e&fs=e

၃လ နဲ့ ၅လကြား ခဏခဏနိုးနေတတ်ရင်
https://www.facebook.com/reel/2325063001243016/?fs=e&fs=e

လအလိုက် ပျမ်းမျှ အိပ်ချိန်နိုးချိန်များ
https://www.facebook.com/share/p/1HezyVfWBs/?mibextid=wwXIfr

ပင်ပန်းရင် ပိုအိပ်လား
https://www.facebook.com/reel/737079059014132?fs=e&fs=e

Sleep pressure နဲ့ wake window
https://www.facebook.com/reel/2688027998052463/?fs=e&fs=e

ညဘက် သူ့ဘာသာသူအိပ်တတ်အောင် ဘယ်လိုကျင့်ပေးလို့ရလဲ
https://www.facebook.com/Kiannmommy/videos/1050580340252352/?fs=e&fs=e

နေ့ဘက် သူ့ဘာသာသူအိပ်တတ်အောင် ဘယ်လိုကျင့်ပေးလို့ရလဲ
https://www.facebook.com/reel/1137706338212822/?fs=e&fs=e

ကလေးအိပ်စက်ခြင်း အယူအဆအမှားများ https://www.facebook.com/reel/1348056203586529/?fs=e&fs=e

ကလေးနဲ့ တစ်မွေ့ယာထဲအိပ်မယ်ဆိုရင် လိုက်နာသင့်တဲ့ အချက်များ
https://www.facebook.com/reel/2198009580680134/?fs=e&fs=e

ညအိပ်ချိန်မှန်စေဖို့Bedtime routine
https://fb.watch/CjJLhKBrFh/?

ညအိပ်ယာဝင်ပြီး တစ်နာရီမပြည့်သေးခင် ပြန်ပြန်နိုးတတ်ရင်
https://www.facebook.com/share/v/14JSaoZ5c6W/?mibextid=wwXIfr

ကလေးအမြန်အငိုတိတ်စေတဲ့နည်း
https://www.facebook.com/reel/766349849064773/?fs=e&fs=e

Sleep Q&A
ကလေးက ပုခက်မှာနေ့ရောညပါအိပ်တာ အကျင့်ပါပြီး အိပ်ယာပေါ်ချတာနဲ့ငိုရင်
https://www.facebook.com/share/v/1Cft3WvDot/?mibextid=wwXIfr

Sleep Q&A
ကလေးကအသက်တစ်နှစ်ပြည့်ပြီးပြီ ညဘက်ဆို၅ခါ၆ခါလောက်နိုးနေရင်
https://www.facebook.com/share/v/1AWgCf8La4/?mibextid=wwXI

26/09/2025

ကလေးတွေရဲ့ အပြုအမူလေးတွေအကြောင်း






Video များလွှတ်လပ်စွာ shareနိုင်ပါတယ်။မည်သည့်social mediaတွင်မျှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါရှင်

24/09/2025

ညအိပ်ယာဝင်ပြီး တစ်နာရီမပြည့်ခင်မှာပဲ ပြန်ပြန်နိုးတတ်တဲ့ဘေဘီလေးတွေရှိရင်⬇️







Video များလွှတ်လပ်စွာ shareနိုင်ပါတယ်။မည်သည့်social mediaတွင်မျှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါရှင်

20/09/2025

တစ်နှစ်အောက်ကလေး လေပြွန်ထဲ အစာ သို့မဟုတ် အရာဝတ္ထု တစ်နေတဲ့အခါ အရေးပေါ်ပြန်ထုတ်နည်း

Disclaimer: The reference image used in this video is not mine. Full credit goes to the original uploader/creator. Shared here for educational purposes only.






Video များလွှတ်လပ်စွာ shareနိုင်ပါတယ်။မည်သည့်social mediaတွင်မျှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါရှင်

ကလေးရှိတဲ့အိမ်တိုင်း သတိထားရမယ့် ကလေးငယ်တွေမှာ chokingခေါ် အသက်ရှူလမ်းကြောင်းထဲ အစာ သို့မဟုတ် ပြင်ပအရာဝတ္ထုဝင်ပြီးတစ်ခြင...
18/09/2025

ကလေးရှိတဲ့အိမ်တိုင်း သတိထားရမယ့် ကလေးငယ်တွေမှာ chokingခေါ် အသက်ရှူလမ်းကြောင်းထဲ အစာ သို့မဟုတ် ပြင်ပအရာဝတ္ထုဝင်ပြီးတစ်ခြင်း အန္တရာယ်

📌Choking ဖြစ်စေနိုင်သော အစားအစာများ

-စပျစ်သီး(အလုံးလိုက်ကျွေးခြင်း)
-Popcorn
-အစေ့အဆံများ
-သကြားလုံး
-ကြက်အူချောင်း ဝက်အူချောင်း(အဝိုင်းလိုက်လှီးကျွေးခြင်း)
-Marshmallow
-မုန်လာဥနီ အစိမ်း

ကလေးတွေရဲ့ အသက်ရှူလမ်းကြောင်းတွေ ကျဥ်းကျဥ်းလေးရှိနေချိန် အစာအမာတွေကို ဝါးဖို့အံသွားတွေမပေါက်သေးချိန် မာသော စေးကပ်သော ချော်ထွက်နိုင်သော အဝိုင်းပုံစံအစာများကို အသက်လေးနှစ်အောက်ကလေးများကို ကျွေးမယ်ဆိုရင် ပြင်ဆင်ပြီးမှ ကျွေးသင့်ပါတယ်

ဥပမာ- ကြက်အူချောင်းကို ဒေါင်လိုက် လှီးဖြတ်ပြီး အတုံးသေးသေးတုံးကျွေးခြင်း စပျစ်သီးကို လေးစိတ်ကွဲကျွေးခြင်း မုန်လာဥနီကို ပြုတ်/ပေါင်းပြီးမှ ကျွေးခြင်းတို့ပြုလုပ်ရပါမယ်။

Popcornနဲ့ marahmallow ကိုတော့ လေးငါးနှစ်လောက်မှ စကျွေးသင့်ပါတယ်

မိမိအိမ်မှာ ကလေးအကြီးရှိတယ်ဆိုရင်လည်း အထက်ပါအစားအစာတွေကို ကလေးငယ်ကို မကျွေးမိဖို့ ကြိုတင်ပြောပြထားပေးဖို့ လိုပါတယ်

📌 Choking ဖြစ်စေနိုင်သော အရာဝတ္ထုပစ္စည်းများ

-အကြွေစေ့များ
-ကြယ်သီးများ
-ပုလင်းအဖုံးများ
-ဘက်ထရီအသေးများ
-ကစားစရာအပိုင်းအစများ
-လေလျှော့ထားသော ရာဘာပူဖောင်း
-ဂေါ်လီလုံး
-ဆေးလုံးများ စသည့် အသက်ရှူလမ်းကြောင်းထဲ ဝင်နိုင်သည့် သေးငယ်သော အရာဝတ္ထုများ

အိမ်မှာ ပါးစပ်ထဲတွေ့ရာ ကောက်ထည့်စူးစမ်းတဲ့အရွယ် ဘေဘီလေးတွေရှိရင် ဒီပစ္စည်းလေးတွေ ရှိမရှိ ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်

Chokingဖြစ်လာရင် ဘယ်လိုအရေးပေါ်ပြန်ထုတ်လို့ရမလဲဆိုတာကို နောက်နေ့မှာတင်ပေးသွားမှာမို့ ဆက်လက်စောင့်ကြည့်ပေးပါအုံးရှင်

သားသားပုံလေးတွေ Gemini Ai နဲ့ပြင်ခိုင်းထားတာ 😄မေမေတို့လဲ ဘေဘီလေးပုံလေးနဲ့ လုပ်ကြည့်နော် ရေးရမယ့်စာလေးတွေ ပုံအောက်တွေမှာ ...
15/09/2025

သားသားပုံလေးတွေ Gemini Ai နဲ့ပြင်ခိုင်းထားတာ 😄

မေမေတို့လဲ ဘေဘီလေးပုံလေးနဲ့ လုပ်ကြည့်နော်

ရေးရမယ့်စာလေးတွေ ပုံအောက်တွေမှာ ကြည့်ကြည့်နော်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝗞𝗶𝗮𝗻’𝘀 𝗺𝗼𝗺𝗺𝘆 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share