12/12/2025
Formula နို့မှုန့်တစ်ခုမှ တခြားတစ်ခုသို့ ပြောင်းတိုက်နည်း
🍼Formula နို့မှုန့်တစ်ခုက တခြားတစ်ခုကို ပြောင်းတိုက်တဲ့အခါ ကလေးငြင်းတာ ဂျီကျတာ ဝမ်းပျက်တာ ဝမ်းချုပ်တာ ဗိုက်ပွတာမျိုး မဖြစ်အောင် ချက်ချင်း နောက် formula တစ်ခုကို ပြောင်းတိုက်တာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းပြောင်းတိုက်တာက ပိုပြီး အဆင်ပြေပါတယ်။
အရသာ ဖြည်းဖြည်းချင်း ပြောင်းသွားတာမလို့ ကလေးငြင်းနိုင်ချေလဲ နည်းစေပါတယ်
ဥပမာ -တစ်ကြိမ်လျှင် 120 ml တိုက်တယ်ဆိုရင်
🍼Days 1–2 (75% old + 25% new)
• 90ml နို့မှုန့်အဟောင်း
• 30 ml နို့မှုန့်အသစ်
🍼Days 3–4 (50% + 50%)
• 60ml နို့မှုန့်အဟောင်း
• 60ml နို့မှုန့်အသစ်
🍼Days 5–6 (25% old + 75% new)
• 30ml နို့မှုန့်အဟောင်း
• 90ml နို့မှုန့်အသစ်
🍼Days 7 (100% new)
. 120 ml နို့မှုန့်အသစ်
နို့မှုန့်တွေကို သပ်သပ်စီဖျော်ပြီးမှ နို့အရည် ၂ခုကို ရောတိုက်ပါနော်
နို့မှုန့် အပြောင်းအလဲမှာ အောက်ပါလက္ခဏာတွေ တွေ့ရနိုင်ပါတယ်
-ဝမ်း အရောင်,အကြိမ်ရေ,ပုံစံပြောင်းလဲခြင်း
-လေထိုးလေအောင့်ခြင်း,ဗိုက်ပွခြင်း
(ဗိုက်ကို စက်ဝိုင်းပုံနှိပ်နယ်ပေးခြင်း နဲ့ စက်ဘီးစီးသလို ခြေထောက်ကို လှုပ်ရှားပေးခြင်းတွေ ပြုလုပ်ပေးလို့ရပါတယ်)
-အန်ခြင်း
-ဂျီကျခြင်း
ဒါတွေဟာ ဒီလိုအပြောင်းအလဲကာလမှာ ခဏတာဖြစ်နိုင်ပေမယ့် ကလေးအတွက် သက်တောင့်သက်သာမရှိဘူးထင်ရရင် ဖော်မြူလာ အသစ်တိုက်တာကိုရပ်ပြီး ဆရာဝန်နဲ့ ပြန်လည်ပြသသင့်ပါတယ်။
#ဖော်မြူလာပြောင်းတိုက်နည်း
လွတ်လပ်စွာ shareနိုင်ပါတယ်။မည်သည့်social mediaတွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါရှင်