AI Myanmar-Online Class

  • Home
  • AI Myanmar-Online Class

AI Myanmar-Online Class Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AI Myanmar-Online Class, Digital creator, East Road of Mandalay Genetal Hospital, .

🎁 .... '' အနာဂတ်မှာ AI ကို ကောင်းမွန်စွာ အသုံးချတက်ကြပါစေ ''.... 🎁

📩 ကြာပန်းစာစောင် – AI သင်တန်းအကြောင်း ပြန်သတိပေးခြင်း --- --- --- --- --- --- --- --- --- --- --- --- --- ---မင်္ဂလာပါခင...
02/07/2025

📩 ကြာပန်းစာစောင် – AI သင်တန်းအကြောင်း ပြန်သတိပေးခြင်း
--- --- --- --- --- --- --- --- --- --- --- --- --- ---

မင်္ဂလာပါခင်ဗျ။
လကုန်ရက်အထိရောက်လာပြီဖြစ်တဲ့အတွက်
သင်တန်းအကြောင်းစုံစမ်းထားခဲ့တဲ့ သင့်ကို
ပြန်လည်ဆက်သွယ်နေခြင်းဖြစ်ပါတယ်။

📌 AI သင်တန်း (Artificial Intelligence Training)
သင်တန်းက - တစ်သက်တာ
သင်တန်းငွေက - တစ်သောင်းကျပ်

စိတ်ဝင်စားသူအများအပြားလည်း စာရင်းသွင်းပြီးဖြစ်ပါသည်။

💡 ဒီသင်တန်းကနေ —

အနာဂတ်နည်းပညာကို နားလည်လာနိုင်မယ်

AI tools တွေကို ကိုယ်တိုင်အသုံးပြုတတ်လာမယ်

အလုပ်အကိုင်မှာ အားသာချက်ရလာမယ်

📆 အခုပဲပူးပေါင်းပါ။
လကုန်ရက်ဆိုတာအချိန်တိတိနဲ့ ဖြစ်လာတာမို့
သင့်အနာဂတ်အတွက် လှမ်းခွင့်အလှည့်လေးမလွှတ်သင့်ပါဘူးနော်။

👉 သင်တန်းအကြောင်းအပြည့်အစုံသိလိုပါက
📲 Page Messanger ကို ဆက်သွယ်နိုင်ပါတယ်။

အခုပဲ စာရင်းသွင်းလိုက်ပါ – နောက်ကျရင် နောက်တစ်အကြိမ်ကို စောင့်ဆိုင်းရနိုင်ပါတယ်နော်။

လေးစားစွာဖြင့်
[AI Myanmar Online Class] သင်တန်းအဖွဲ့မှ

--- --- --- --- --- --- --- --- --- --- --- --- --- ---

06/05/2025

AI သင်တန်းသူ/သားများအား သင်တန်းကြေးမပြောင်းလဲပဲ ယခင်သင်တန်းကြေး တစ်သောင်းကျပ်အတိုင်း လက်ခံပေးနေပါပြီ ..

မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 🙏

07/04/2025

ငလျင်ဒဏ်ကြောင့် အိမ်အတွင်းပိုင်း
ထိခိုက်ပျက်စီးသွားသဖြင့် လုပ်ငန်း
ခေတ္တခဏ ရပ်တန့်ထားပါတယ်။

07/04/2025

မနေနိုင်လို့တစ်ခုလောက်ပြောပါဦးမယ်။

မန္တလေးကလူတွေ လူတန်းစားမရွေး အကုန်ရှောင်ရပါတယ်။

တိုက်ကြီးနဲ့သူတွေကလည်း တိုက်နဲ့မို့ Safe မဖြစ်လို့ ကားတွေနဲ့ပြောင်းကြ။

တိုက်ဘေးမှာ နေတဲ့ လုံးချင်းအိမ်များကလည်း အဲဒီ အက်ကွဲကြောင်းတွေ နဲ့ တိုက် ပြိုကျပြီး တစ်ခုခုဖြစ်လေမလားဆိုပြီး ရှောင်ရတဲ့ ဒုက္ခ

အကုန်ရှောင်ရတာချင်းအတူတူ တိုက် နဲ့ကားနဲ့နေတဲ့သူတွေက Long-term savings တွေ ရှိကြတာမို့ မေမြို့ဘက် သို့ ရန်ကုန် ဘက်တွေမှာ ဘယ်နှစ်လဖြစ်ဖြစ် ရေ, မီး အပြည့်အစုံ လပြတ်တွေ ဟိုတယ်ဌားနေနိုင်ကြပေမယ့်

အဲဒီလူတွေရဲ့ တိုက် ပြိုကျမှာကို ကြောက်နေရတဲ့သူတွေအဖို့က Camp လေးတွေမှာ ဖြစ်သလိုနေ ဖြစ်သလိုစား ကိုယ့်နေရပ်ကို တမ်းတတဲ့သူလည်း အများအပြားပါ။

ဘယ်ကကကြည့်ကြည့် သူ့ဘက်က ကြည့်ရင် လက်ဖမိုး ကိုယ့်ဘက်ကကြည့်ရင် လက်ဖဝါးမို့ တိုက်ကြီးတာကြီးပိုင်ရှင်တွေကလည်း ပြန်ဆောက်ဖို့မလွယ်ကူဘူးဆိုတာ သိပါတယ်။

ဒါပေမယ့် ကိုယ့်တိုက်အဆောက်အအုံတွေကိုအချိန်မဆွဲ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ သေချာ စစ်ဆေးပြီး ဖြိုသင့်တာ ဖြို , safe ဖြစ်တဲ့ အဆောက်အအုံဖြစ်တယ်ဆိုလည်း အိမ်နီးနီးချင်းတွေက်ို သေချာ အကြောင်းကြားသင့်ပါတယ်။

ခုက ဘယ်တိုက်ပိုင်ရှင်မေးလိုက်မေးလိုက် သူတို့ တိုက်ကြီးတွေက ဘယ်ညာ ယိမ်းပြီး အက်ကွဲကြောင်းတွေနဲ့
သကြ်န်အက ကနေတဲ့ တိုက်ဖြစ်နေလည်း နေလို့ရတယ် ဘာမှ မဖြစ်ဘူး အဆင်ပြေတယ်ပဲ ပြောနေတော့တာပဲ။

ဘေးက လူလတ်တန်းစား သို့ အခြေခံ လူတန်းစားတွေက သူတို့လောက်ကြာကြာ မနေနိုင်တာလေးတွေလည်း ပတ်ဝန်းကျင်အတွက် ထည့် စဉ်းစားစေချင်တယ်။

ပရဟိတတွေ အဖွဲ့တွေ အနေနဲ့ မန္တလေးအတွက်

ရေသန့်ဗူး၊ ထမင်းဗူး တွေ ထောင်သောင်းနဲ့ ဓာတ်ပုံလာရိုက်မယ့်အစား

မန္တလေး မြို့သူမြို့သားတွေ နေရပ်ပြန်လာပြီး ပြန်လည်ပတ်နိုင်ရေးအတွက်

တိုက်တွေ စစ်ဆေး ဖြိုသင့်တာကို ဖြိုးရေး ရှင်းလင်းရေးတွေမှာ အင်တိုက် အားတိုက် ဆော်ဪလုပ်ဆောင်ပေးဖို့ ပြောပါရစေ။

ပြန်လည်ထူထောင်ရေးက အရေးကြီးဆုံးပါ။

ပြန်လည်ထူထောင်ရေးက အရေးကြီးဆုံးပါ။

ပြန်လည်ထူထောင်ရေးက အရေးကြီးဆုံးပါ။

အဓိကကို ကူပေးကြပါ။

ဒီလို အမှန်တကယ်မျှဝေပေးတဲ့ Page မျိုးကိုအောင်မြင်စေချင်တယ်။သင်တန်းသားတစ်ဦးရဲ့ pageပါ။ 💛
05/03/2025

ဒီလို အမှန်တကယ်မျှဝေပေးတဲ့ Page မျိုးကို
အောင်မြင်စေချင်တယ်။
သင်တန်းသားတစ်ဦးရဲ့ pageပါ။ 💛

Grok 3 ကို free သုံးနိုင်ပြီလို့ xAI ကြေညာ    အီလွန်မတ်စ်ပြောတဲ့ ကမ္ဘာ့ဉာဏ်ရည်အမြင့်ဆုံး AI တော့ အလကားသုံးလို့ ရသွားပါပြ...
21/02/2025

Grok 3 ကို free သုံးနိုင်ပြီလို့ xAI ကြေညာ

အီလွန်မတ်စ်ပြောတဲ့ ကမ္ဘာ့ဉာဏ်ရည်အမြင့်ဆုံး AI တော့ အလကားသုံးလို့ ရသွားပါပြီ။

ဆာဗာတွေ အရည်မပျော်မချင်း free ပေးသုံးမယ်လို့ပါ အရွှန်းဖောက်ပြီး xAI က တရားဝင်ကြေညာသွားတာပါ။ X မှာ Premium နဲ့ SuperGrok သုံးသူတွေကတော့ access ပိုတိုးရမှာ ဖြစ်သလို Voice Mode လို အဆင့်မြင့် features တွေလည်း ဦးဦးဖျားဖျား သုံးနိုင်မယ်လို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် တစ်လ ဒေါ်လာ ၄၀ မကုန်ဘဲ အလကားသုံးရမှာကတော့ မိုက်ပါတယ်။ ဒီတစ်ခေါက်ထွက်တဲ့ Grok 3 က AI Chatbots တွေထဲမှာ တော်တော်ကို ကြမ်းတယ် ပြောရမှာပါ။ သင်္ချာ ၊ coding ၊ ကမ္ဘာ့ရေးရာဗဟုသုတနဲ့ တွေးတောဆင်ခြင်တဲ့ reasoning ပိုင်းမှာလည်း performance တော်တော့်ကို မြင့်လို့ပါ။

Chatbot Arena ရဲ့ benchmark မှာဆိုရင် Grok 3 ကို ပညာရေးနဲ့ real-world အသုံးပြုသူအကြိုက် benchmark စစ်ရာမှာ ပြိုင်ဘက်မော်ဒယ်အကုန်လုံးကို ကျော်ပြီး score 1402 မှတ်အထိ ရထားပါတယ်။ Grok 3 မှာက ထူးထူးခြားခြား Deep Search နဲ့ Think ဆိုပြီးလည်း feature နှစ်ခု ပါပါတယ်။

Think ကတော့ reinforcement learning (RL) နည်းပညာနဲ့ ဖန်တီးထားတာ ဖြစ်ပြီး သင်္ချာ ၊ သိပ္ပံနဲ့ coding ပိုင်းတွေမှာ သုံးဖို့ အသင့်တော်ဆုံးလို့ ဆိုပါတယ်။ ခဲရာခဲဆစ်မေးခွန်းတွေကို Grok 3 ရဲ့ Think mode နဲ့ ခေါင်းသုံးခိုင်းလို့ ရပါတယ်။

Deep Search ကတော့ နာမည်အတိုင်း ရှာဖွေရေးစနစ်ဖြစ်ပြီး နောက်ဆုံးရ သတင်းအချက်အလက်တွေကို စုစည်းဆန်းစစ်ပြီး အနှစ်ချုပ် report ချပေးနိုင်ပါတယ်။ အစောပိုင်းက Grok 3 ကို Premium+ သမားတွေနဲ့ SuperGrok subscriber တွေပဲ ရမယ်လို့ သတင်းထွက်ထားတာပါ။

အခုတော့ free users တွေပါ ကြိုက်ရာဝင်မေးလို့ ရပြီ ဖြစ်ပါတယ်။ Grok 3 ကို iOS သမားတွေအနေနဲ့ app အနေနဲ့ သုံးနိုင်သလို grok.com ဝက်ဘ်ဆိုက်နဲ့ X လူမှုကွန်ရက်တွေမှာပါ သုံးနိုင်ပါတယ်။

🔸အချိန်ကုန်သက်သာပြီး ကျောင်းသား/ကျောင်းသူများအတွက် အထောက်အကူပြုနိုင်မယ့် AI Tools လေးတွေဖော်ပြပေးလိုက်ပါတယ်။✨🔸Essay ပဲရေ...
21/02/2025

🔸အချိန်ကုန်သက်သာပြီး ကျောင်းသား/ကျောင်းသူများအတွက် အထောက်အကူပြုနိုင်မယ့် AI Tools လေးတွေဖော်ပြပေးလိုက်ပါတယ်။✨

🔸Essay ပဲရေးခိုင်းမလား
🔸Language ပဲလေ့လာဦးမလား
🔸အကြံ ပဲတောင်းတာအပြင် တခြားသောအကြောင်းအရာများကို မေးလိုရာမေးပြီး ကောင်းကောင်းအသုံးချနိုင်ဖို့ ဒီ Tools လေးတွေက ကူညီပေးပါလိမ့်မယ်။

🔸တချိန်ထိုးတိုးတတ်နေတဲ့ နည်းပညာခေတ်ကြီးထဲမှာ သုံးတတ်ရင်ဆေး၊မသုံးတတ်ရင်ဘေးမို့ ကိုယ်နဲ့သင့်တော်ရာ Website မှာ စမ်းသပ်ပြီး ပညာရေးအထောက်အကူအကြံဉာဏ်ကောင်းတွေ ဖန်တီးပြီးမိမိ Skills တွေကိုမြှင့်တင်ကြည့်ဖို့ အောက်က Web လေးမှာ ၀င်ရောက်လေ့လာကြည့်နိုင်ပါတယ်။

1.Perplexity.ai
2.https://explorer.globe.engineer/
3.Poe.com
4.Quillbot.com
5.Notion.com
6.Coursera.org
7.Gauthmath.com
8.Gemini.google.com
9.Copilot.microsoft.com
10.Komo.ai

🔸ပိုကောင်းတဲ့အနာဂါတ်ကို AI Tools အကူအညီနဲ့ဖြည့်စွက်လေ့လာသွားမယ်ဆိုရင်တော့ အချိန်ကုန်သက်သာစေပြီး ပိုပြီထိရောက်နိုင်မှာပါ။

🔸အဆင်ပြေကြပါစေ။

ဂျပန်မှာ ပွင့်တဲ့ ဖန်ပန်းလေးတွေ 🌼🌸အကြည်ဓာတ်လေး ခံစားနိုင်ကြပါစေ 🙏Crd Photos with respect
18/02/2025

ဂျပန်မှာ ပွင့်တဲ့ ဖန်ပန်းလေးတွေ 🌼🌸

အကြည်ဓာတ်လေး ခံစားနိုင်ကြပါစေ 🙏

Crd Photos with respect

တရုတ်နိုင်ငံထုတ် DeepSeek AI ထွက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ChatGPT နဲ့ အခြား AI တွေအတွက် သန်းရာချီ (ဘီလီယံနီးပါး) အကုန်အ...
28/01/2025

တရုတ်နိုင်ငံထုတ် DeepSeek AI ထွက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ChatGPT နဲ့ အခြား AI တွေအတွက် သန်းရာချီ (ဘီလီယံနီးပါး) အကုန်အကျခံ ဖန်တီးခဲ့ပေမယ့် DeepSeek ကတော့ ဒေါ်လာ ၅.၆ သန်းသာအကုန်ခံပြီး ဖန်တီးထားတာ။ ကောင်းချက်ကလည်း အမေရိကန် developer တွေကိုယ်တိုင် ချီးကျူးနေကြတယ်။

ဒီဂယက်ရိုက်နေတာ ရက်ပိုင်းပဲရှိသေးတယ်။ ဒီနေ့မနက် အမေရိကားက စတော့စျေးကွက်ကြီး ကျသွားတာ ဒေါ်လာ ထရီလီယံထိ ထိခိုက်တယ်လို့ ပြောဆိုနေကြတယ်။

🍁 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟓 🍁နှစ်သစ်မှာ စိတ်၏ခြမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း နှင့် ဘေးဘယာဝေးကွာပြီး စီးပွားဥစ္စာတိုးတတ် ပါစေကြေ...
01/01/2025

🍁 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟓 🍁

နှစ်သစ်မှာ စိတ်၏ခြမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်း နှင့်
ဘေးဘယာဝေးကွာပြီး
စီးပွားဥစ္စာတိုးတတ် ပါစေကြောင်း
AI Myanmar မှ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်ခင်ဗျ 🙏🙏🙏

Wishing You This New Year Bring Healthy, Happiness, And Success in All You Do 🌼🎊🎉



Address

East Road Of Mandalay Genetal Hospital

05031

Opening Hours

Monday 06:00 - 23:00
Tuesday 06:00 - 23:00
Wednesday 06:00 - 23:00
Thursday 06:00 - 23:00
Friday 06:00 - 23:00
Saturday 06:00 - 23:00
Sunday 06:00 - 23:00

Website

Alerts

Be the first to know and let us send you an email when AI Myanmar-Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share