27/09/2024
For knowledge
Transgender ဟူသည်....
မင်္ဂလာပါ။ ကျွန်တော် N Virgo ပါ။ ဒီနေ့မျှဝေမှာကတော့ ဂျဲန်ဒါရေးရာ(Gender) ဂျဲန်ဒါအကြောင်းအရာ တွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Gender Identity - ဂျဲန်ဒါဖြစ်တည်ခံယူမှု၏ မိသားစုဝင်စကားလုံးဖြစ်တဲ့ Transgender - ဆန့်ကျင်ဘက်လိင်ကဲ့သို့ခံယူသူ ဆိုတာလေးကို မျှဝေသွားမှာဖြစ်ပါတယ်။
Transgender - ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူသူဆိုတာကတော့…..
လူတစ်ဦးတစ်ယောက်က သူ၏မွေးရာပါ ဇီဝကမ္မလိင်နှင့် ထိုလိင်ကိုအခြေခံသော လူမှုပတ်ဝန်းကျင်မှ သတ်မှတ်သည့် ဂျဲန်ဒါကိုလက်မခံဘဲ မိမိဖြစ်တည်သော ဂျဲန်ဒါကိုသာလက်ခံယူကာ ပြောင်းလဲနေထိုင်ခြင်းဖြစ်ပါသည်။
Transgender - ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူသူများတွင်….
🧍♀️ဇီဝကမ္မလိင်အရ အမျိုးသားအဖြစ်မွေးဖွားလာသော်လည်း အမျိုးသမီးသို့ခံယူ ပြောင်းလဲနေထိုင်ခြင်းကို - Trans Woman
🧍♂️ဇီဝကမ္မလိင်အရ အမျိုးသမီးအဖြစ်မွေးဖွားလာသော်လည်း အမျိုးသားသို့ခံယူ ပြောင်းလဲနေထိုင်ခြင်းကို - Trans Man ဟုအခြေခံအားဖြင့် ခေါ်ဆိုသတ်မှတ် သိမှတ်ကြပါသည်။
⏳ Transgender များက မိမိတို့၏ ပြီးပြည့်စုံတဲ့ transgender တစ်ဦးဖြစ်လာဖို့ ဖြတ်သန်းကျော်ဖြတ်ရတဲ့ အချိန်ကာလလေးတစ်ခုရှိပါတယ်။ ဒီကာလက တစ်ဦးနှင့်တစ်ဦးကြားမှာ မတူညီနိုင်သလို ဒီကာလအတွင်းမိမိတို့တစ်ဦးချင်းစီအလိုက် ကြိုက်နှစ်သက်ရာ ဖြစ်စဉ်များကလည်း မတူညီနိုင်ပါဘူး။ ဒါကိုတော့ ကာလ (သို့) ခရီးစဉ်လေး - Transition Period (သို့) Transition Journey လို့ခေါ်ပါတယ်။ ။ ပြီးပြည့်စုံတဲ့ Transgender တစ်ဦးဖြစ်ဖို့ဆိုတာ ကာယကံရှင်နဲ့ဘဲ ပိုပြီးသက်ဆိုင်ပါတယ်။
ဥပမာအားဖြင့် လူမှုပတ်ဝန်းကျင်မှာ transgender-ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူသူတစ်ဦးက .....
🌹ဆန့်ကျင်ဘက်လိင်ကဲ့သို့ခံယူ ဆန့်ကျင်ဘက်လိင်ကဲ့သို့ လိင်ပြောင်းလဲ/ အဝတ်အစားပြောင်းလဲ/ အမူအယာပြောင်းလဲ ပြီးမှပြီးပြည့်စုံတယ်လို့ သတ်မှတ်လက်ခံကြသလို
🌹ဆန့်ကျင်ဘက်လိင်ကဲ့သို့ခံယူ ဆန့်ကျင်ဘက်လိင်ကဲ့သို့ အမူအရာမပြောင်းလဲ/ လိင်ပြောင်းလဲ/ အဝတ်အစားပြောင်းလဲပြီးမှ ပြီးပြည့်စုံတယ်လို့ သတ်မှတ်လက်ခံကြသလို
🌹ဆန့်ကျင်ဘက်လိင်ကဲ့သို့ခံယူ ဆန့်ကျင်ဘက်လိင်ကဲ့သို့ အမူအရာမပြောင်းလဲ/ လိင်မပြောင်းလဲဘဲ/ အဝတ်အစား ပြောင်းလဲဝတ်ဆင်ဖော်ပြတာကိုလည်း ပြီးပြည့်စုံတယ်လို့ သတ်မှတ်ယူဆလက်ခံကြသလို
🌹ဆန့်ကျင်ဘက်လိင်ကဲ့သို့ လိင်မပြောင်းလဲ/ အဝတ်အစားလဲမပြောင်းလဲ/ အမူအရာမပြောင်းလဲဘဲ ဆန့်ကျင်ဘက်လိင်စိတ် ခံယူမှုလေးခံယူလိုက်ရုံနဲ့လည်း ပြီးပြည့်စုံတယ်လို့ သတ်မှတ်ယူဆလက်ခံကြပါတယ်။
💝 ဒီလို Gender Identity-ဂျဲန်ဒါဖြစ်တည်ခံယူမှု၏ မိသားစုဝင်ဖြစ်တဲ့ Transgender ဆိုတဲ့ ခေါင်းစဉ်လေးအောက်က ခံယူမှုကွဲပြားမှုတွေကို အချင်းချင်း အပြန်အလှန်လေးစား ပိုပြီးနားလည်လက်ခံဖို့လိုအပ်ပါတယ်။
........
Transgender ကိုသေချာနားလည်သဘောပေါက်ဖို့ဆိုရင် SOGIESC (S*xual Orientation, Gender Identity, Gender Expression and S*x characteristics) စကားစုထဲက
📝GI - Gender Identity (ဂျဲန်ဒါဖြစ်တည်ခံယူမှု) နဲ့ GE - Gender Expression (ဂျဲန်ဒါ ထုတ်ဖော်ပြသမှု) ရဲ့ အခြေခံသဘောသဘာဝကိုသေချာနားလည်ဖို့လိုအပ်ပါတယ်။
📝GI နဲ့ GE က အမြဲတမ်း 100% တစ်ထပ်တည်းမကျနိုင်ပါဘူး။
📝GI ဆိုတာက မျက်စိနဲ့ မြင်နိုင်တဲ့အရာမဟုတ်ပါဘူး။ GE ကတော့ ထုတ်ဖော်ပြမှုအလိုက် မြင်နိုင်တွေ့နိုင်ပါတယ်။
📝GE နဲ့ရောတတ်တာက Physical Expression - PE (ရုပ်ပိုင်းဆိုင်ရာ ထုတ်ဖော်ပြသမှုဘဲဖြစ်ပါတယ်။)
💝 တစ်စုံတစ်ယောက်က သူ့ကိုယ်သူ ဘယ်သူပါ ဘယ်ဝါပါလို့ မိတ်ဆက်ပြောဆိုလာရင် ကိုယ်က ဝင်ရောက်ဆုံးဖြတ်တာမျိုး မလုပ်ပါနဲ့ သူပြောတဲ့အရာကို အမြင်ကို အမြင်အတိုင်း အကြားကိုအကြားအတိုင်း သိမှတ် လက်ခံတတ်တဲ့ အမူအကျင့်လေးရှိဖို့လိုအပ်ပါတယ်။
📝 Transgender ဆိုတာ တစ်စုံတစ်ယောက်ကနေပြီး သူ့ကိုယ်သူ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူနေထိုင်သူ (သို့) ခံယူထားသူ မည်သူမဆို Transgender ပါဘဲ။ ပြင်ပကလူတစ်ယောက်က သူ့ရဲ့အမြင်လေးတစ်ခုနဲ့ ကာယကံရှင်ရဲ့ အပြင်အဆင်က သူ Transgender ဟုတ်မဟုတ်ဆိုတာကို 100% မဆုံးဖြတ်ပေးနိုင်ပါဘူး။
ဘာကြောင့် transgender လို့မှတ်ယူမရတာလဲ?
ဖက်ရှင်ကြောင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်ဆင်သူတွေ၊ စီးပွားရေးအရ၊ အပျင်းပြေ ခဏတဖြုတ်၊ အပျော်သဘော စတဲ့ ဒီလူတွေက Transgender ပါလို့ပြောလို့မရပါဘူး။ သူတို့ရဲ့ ခံယူမှုကိုက transgender-ဆန့်ကျင်ဘက်လိင်ကဲ့သို့ခံယူသူ ဆိုတဲ့ ခံယူမှုနဲ့ မဟုတ်လို့ပါ။
ဂျဲန်ဒါ Series
https://www.facebook.com/100068063532588/posts/819352983676812/
No copy, give credit.