Art Online Centre

Art Online Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Art Online Centre, News & Media Website, Yangon.

ချစ်ခင်လေးစား တန်ဖိုးထားရပါသောချစ်ပရိတ်သတ်များခင်ဗျာ ... မင်္ဂလာရှိသောညချမ်းအချိန်အခါဖြစ်ကြပါစေ🙏🏻🙏🏻🙏🏻  ကျွန်တော်တို့ Art...
17/03/2022

ချစ်ခင်လေးစား တန်ဖိုးထားရပါသောချစ်ပရိတ်သတ်များခင်ဗျာ ...
မင်္ဂလာရှိသောညချမ်းအချိန်အခါဖြစ်ကြပါစေ🙏🏻🙏🏻🙏🏻 ကျွန်တော်တို့ Art Online Center Application မှ ချစ်သောပရိတ်သတ်တွေအတွက် #စီအိုင်ဒီဘကောင်းနှင့်ပျောက်ဆုံးနေသောယမင်းသူဇာ(ပထမပိုင်း)ကို အခမဲ့ ပြန်လည်ခံစားကြည့်ရှု့နိုင်ပြီဖြစ်ပါသောကြောင့် အောက်ဖော်ပြပါ Link လေးကို Download ပြုလုပ်ပြီးအားပေးကြဖို့အတွက်ချစ်သောပရိတ်သတ်ကြီးအားအသိပေးအပ်ပါတယ်ခင်ဗျာ
ချစ်ခင်လေးစားတန်ဖိုးထားစွာဖြင့်…….



Play Store
https://play.google.com/store/apps/details?id=com.art.aoc

APK pure
https://apkpure.com/p/com.art.ao

Download Art Online Center apk 1.0.6 for Android. entertainment app

16/03/2022

ချစ်ခင်လေးစား တန်ဖိုးထားရပါသောချစ်ပရိတ်သတ်များခင်ဗျာ ... မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ကြပါစေ🙏🏻🙏🏻🙏🏻 မကြာခင်အချိန်ကာလအတွင်းမှာ ကျွန်တော်တို့ Art Online Center Application မှ ချစ်သောပရိတ်သတ်တွေအတွက် ဘဦးနှင့်ဘကောင်း ဇာတ်လမ်းများနှင့် တခြားသောအနုပညာ ဖန်တီးမှု့အသစ်များ အပြင် ရသမျိုးစုံဖျော်ဖြေမှု့များကို Live ထုတ်လွှင့်မှု့များနှင့်အတူ တင်ဆက်ပြသပေးသွားတော့မှာဖြစ်လို့ အောက်ဖော်ပြပါ Link လေးကို Download ပြုလုပ်ထားကြပေးဖို့အတွက်ချစ်သောပရိတ်သတ်ကြီးအားအသိပေးအပ်ပါတယ်ခင်ဗျာ
ချစ်ခင်လေးစားတန်ဖိုးထားစွာဖြင့်
ဝေဠုကျော်💙ရေကြည်ချမ်းမြ
Art Online Center

Play Store
https://play.google.com/store/apps/details?id=com.art.aoc

APK pure
https://apkpure.com/p/com.art.aoc

ဟသ သရုပ်ဆောင် ဦးချစ်စရာ ကျမ်းမာရေးပြန်ကောင်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပါပြီ ...Link ထဲသို့
15/09/2021

ဟသ သရုပ်ဆောင် ဦးချစ်စရာ ကျမ်းမာရေးပြန်ကောင်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပါပြီ ...
Link ထဲသို့

Myanmar's Comedy & Actor - U Chit SayarPresent by Art Online CenterProduction by Art Online CenterNarrator by Wai Lu Kyaw ( Actor & Foundation )

18-6-2020Covid က ဘဝတွေ၊ နှလုံးသားတွေကို တစစီ စုတ်ပြတ်သတ် သွားစေခဲ့ပြီ 😰😰ဒီနေ့ မိုးကသည်းသည်းမဲမဲ ရွာနေတယ်....အမေဖြစ်သူကို...
18/06/2020

18-6-2020
Covid က ဘဝတွေ၊ နှလုံးသားတွေကို တစစီ စုတ်ပြတ်သတ် သွားစေခဲ့ပြီ 😰😰
ဒီနေ့ မိုးကသည်းသည်းမဲမဲ ရွာနေတယ်....
အမေဖြစ်သူကို နောက်ဆုံးနှုတ်ဆက်ကန်တော့ချိန်မှာ ခုလို ပုံစံမျိုးနဲ့ မြင်ရတော့ ဘေးကလူတွေပါ ငိုကြတယ်.....
Q ဝင်နေချိန် မိခင်ဖြစ်သူ ကွယ်လွန်သွားလို့
ကျတဲ့မျက်ရည်တွေက ဝတ်ထားတဲ့ PPE ထဲမှာ
ပျောက်ဆုံးသွားရတယ်....
မိသားစုကို ထောက်ပံ့ဖို့ နိူင်ငံခြားမှာ ပင်ပင်ပမ်းပမ်း အလုပ်လုပ်ခဲ့ရတယ်
အချိန်မှီပြန်လာခဲ့ပေမယ့် Qတံတိုင်းကခြားလို့ နောက်ဆုံးအချိန် မိခင်နားမှာ မနေနိူင်ခဲ့ဖူး။
အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုအင်အားတွေနဲ့များ
ရင်ဆိုင်ခဲ့တာလဲ ညီမရယ်😰😰😰

ကျွန်တော် ဘဝတစ်ကွေ့မှာ ကျင်လည် ရိုက်ကူခဲ့ရတဲ့ ရုပ်ရှင်တွေတော်တော်များများ မှာတော့
အကျပ်အတည်းကာလကို ဖြတ်ကျော်ပြီးရင်
Happy Ending နဲ့ဇာတ်သိမ်းလေ့ရှိပေမယ့်
ကျွန်တော်တို့အားလုံးရဲ့ Happy Ending က အဝေးတစ်နေရာမှာ မှုန်ဝါးဝါး ပဲရှိနေသေးတယ် ထင်ပါရဲ့ 😓😓😓...
လူသားတိုင်း ရေဘေး မီးဘေး သဘာဝဘေး စစ်မက်ထူပြောခြင်ဘေး ဆင်းရဲခြင်းဘေး များမှ ကျော်လွှားနိုင်ပြီး ရောဂါကပ်ဘေးများမှလည်း ကင်းဝေးနိုင်ကြပါစေ...
ဝေဠုကျော်

#ဝေဠုကျော်ဖေါင်ဒေးရှင်းမှ
Personal protective equipment (PPE)
အပြည့်အစုံဖြင့် နှစ်သိမ့်အားပေး ကူညီပို့ဆောင်ပေးခဲ့ပါသည်.....


#အများနည်းတူ_ကိုယ်လည်းကူ


#လူမှုကူညီရေးအသင်း(ရန်ကုန်)

#ပါရမီ
#အနှိုင်းမဲ့မေတ္တာ

...
#သီရိမင်္ဂလာ

 #22.5.2020ဆရာဒါရိုက်တာ အေဝမ်း မောင်လှမျိုး ၏ ဇနီး အကို ဆရာ ဒါရိုက်တာ ခင်စောမျိုး ၏ မိခင် အန်တီ ဒေါ်နိုလင်း အသက် ၈၇ နှစ်...
22/05/2020

#22.5.2020
ဆရာဒါရိုက်တာ အေဝမ်း မောင်လှမျိုး ၏ ဇနီး အကို ဆရာ ဒါရိုက်တာ ခင်စောမျိုး ၏ မိခင် အန်တီ ဒေါ်နိုလင်း အသက် ၈၇ နှစ် ဆုံးပါးသွားသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရသလို နောက်ဆုံးခရီးအတွက် လူမှုကူညီရေးအသင်း (ရန်ကုန်) အတူ ကူညီပေးခွင့်ရတဲ့အတွက်လည်း လူမှုကူညီရေးအသင်း (ရန်ကုန်) အသင်းကြီးအား အထူးကျေးဇူးတင်ရှိပါတယ်
ဝေဠုကျော်
မဏိရွှေစင်ထုတ်လုပ်ရေး
Art Online Center
https://youtu.be/WAumghdQzOc
#လူမှုကူညီရေးအသင်း ( ရန်ကုန် )
09420011181
09420011182

မြန်မာသက္ကရာဇ် ၁၃၈၂ခုနစ်၊ ကဆုန်လပြည့်နေ့----------------------------ယနေ့သည် မြန်မာသဣရာဇ် ၁၃၈၂ ခုနှစ် မေလ ၆ရက် ဗုဒ္ဓဟူးနေ...
06/05/2020

မြန်မာသက္ကရာဇ် ၁၃၈၂ခုနစ်၊ ကဆုန်လပြည့်နေ့
----------------------------
ယနေ့သည် မြန်မာသဣရာဇ် ၁၃၈၂ ခုနှစ် မေလ ၆ရက် ဗုဒ္ဓဟူးနေ့မှာ ကျရောက်သောဗုဒ္ဓဘာသာ၀င်တို့ရဲ့ အထွဋ်အမြတ်ထားရသည့် ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင် တရားဘာ၀နာ ကျင့်ကြံ အားထုတ်ခဲ့သည့်ညောင်ပင်ကြီးအား ပရိဘောကစေတီတော်အဖြစ် ရည်စူးကာ ညောင်ရေသွန်းလောင်းခဲ့ကြသဖြင့် "ကဆုန်ညောင်ရေသွန်းပွဲ" ဟုခေါ်ဆိုခဲ့ကြသည်။

ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်နေ့) မှာ မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးရန်ကင်းကွာပြီး ကျန်းမာရွှင်လန်းကြပါစေလို့ Art Online Centre Media မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကျွန်တော် က ပိုးတွေ့လူနာ 17 ယောက်သယ်ပေးထားတော့ နောက်တန်းမှာပဲအခြေချ   အသစ်ရောက်လာတဲ့ ညီအစ်ကို တွေကို PPE ဝတ်နည်းပြန်သင်ပ...
05/05/2020

ကျွန်တော် က ပိုးတွေ့လူနာ 17 ယောက်သယ်ပေးထားတော့
နောက်တန်းမှာပဲအခြေချ

အသစ်ရောက်လာတဲ့ ညီအစ်ကို တွေကို PPE ဝတ်နည်းပြန်သင်ပေး

ချို့တဲ့သော အိမ်ထောင်စုတွေအတွက် အလှူလုပ်ဖို့ အစ်မတွေနဲ့ စစ်ဆေး

ကျွန်တော် ဆရာ ကိုဝေဠုကျော် က တော့ ပိုးတွေ့လူနာနဲ့ ထိစပ်သူတွေကို ဆက်တိုက် Q တန်းပို့နေဆဲ

သူမောမှ ပြန်ဝင်မယ် 😁
Han Lynn Htun

Art Online Center ရဲ့ ဦးဆောင်သူဖြစ်တဲ့ ကျွန်တော် ဝေဠုကျော် တို့အဖွဲ့ရဲ့ နေစဉ် လုပ်ဆောင် နေမှု့လေးတွေ ပြောပြပေးမယ်နော် .....
24/04/2020

Art Online Center ရဲ့ ဦးဆောင်သူဖြစ်တဲ့ ကျွန်တော် ဝေဠုကျော် တို့အဖွဲ့ရဲ့ နေစဉ် လုပ်ဆောင် နေမှု့လေးတွေ ပြောပြပေးမယ်နော် ...
24-4-2020
#အများနည်းတူကိုယ်လည်းကူ
ယနေ့ လှိုင်(+)contact များ Qဝင်ရန် ခေါ်ဆောင်။
ဒီနေ့အလှည့်ကျ ဦးဆောင်သူကကျွန်တော်ဝေဠုကျော်ပေါ့ဗျာ (သံသယရှိသူတွေ သယ်ဆောင်ရာမှာ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ညီလေးဟန်လင်းထွန်းက ဒီနေ့ဆေးဖြန်း ) တလှည့်စီပေါ့ ၊ တလှည့်စီမလုပ်လိုလည်း မရ ပူချက်ကလွန်ရော PPE နဲ့ဆိုတော့ပိုဆိုးတာပေါ့ နဖူးကချွေး ခြေမ မကျပေမဲ့ ကျောကုန်းချွေးက ဘယ်ကြားစီးပြီး🤔 ရင်ဘတ်ကချွေးက ဘယ်ပေါ်ကျတယ်ဆိုပါတော့ ဗျာ 😁 ၊ PPE ဝတ်နေကြရတဲ့ တစ်ယောက်ခြင်းစီတိုင်းကို ကိုယ်ချင်းစာ လေးစားပါတယ် ခင်ဗျာ၊ ခုက လူပူတာထက် စိတ်ပူရတာက ပိုနေရပါတယ် 💙

အပူချိန် စံချိန်သစ်တင်နေတဲ့ ရန်ကုန်အပူနဲ့ PPE ဝတ်ရတဲ့သူတွေမှာ ချွေးထွက်လွန်ကြတာမို့ အဖွဲ့ကလူတွေ တော်တော် ပင်ပမ်းကြပါတယ်ဗျာ၊ ချွေးထွက်လွန်ကြတာမို့
ဓာတ်ဆားသောက်ရမှ အဆင်ပြေပါလိပ်မယ် ၊
ပင်ပန်းပေမဲ့ ပျော်ပါတယ် ၊ ဇာတ်ကားတွေကိုလည်း နေစဉ်မပြတ်တင်ပေးဖို့ကို ကျွန်တော့ ညီတွေ တစ်ဖွဲ့က တာဝန်ယူပေးထားတဲ့အတွက်လည်း ကျေးဇူးပါတယ်ညီတို့ ၊ CV 19 ဘေးမှ တစ်ကမ္ဘာလုံးကင်းဝေးနိုင်ကြပါစေ ...

Address

Yangon

Alerts

Be the first to know and let us send you an email when Art Online Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share