Black Rose

Black Rose ရုပ်ရှင်ချစ်သူတစ်ဦး🎥❣

The Great Flood (2025) *********************** IMDb Rating (7.8) "Prison Playbook"ဇာတ်ကားမှ မင်းသား Park Hae Soo နဲ့ "A ...
19/12/2025

The Great Flood (2025) *********************** IMDb Rating (7.8) "Prison Playbook"ဇာတ်ကားမှ မင်းသား Park Hae Soo နဲ့ "A Hundred Memories" ဇာတ်ကားမှ မင်းသမီး Kim Da Miတို့ အဓိကပါဝင်ထားတဲ့ Sci-Fi/ Disaster အမျိုးအစား ရုပ်ရှင်ကားသစ် ထွက်ရှိလာပါပြီ။ ဇာတ်လမ်းကတော့ ကမ္ဘာမြေပေါ်ကို ပြင်းထန်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မကြုံစဖူး ကြီးမားတဲ့ ရေဘေးအန္တရာယ်ကြီးက ကျရောက်လာပါတယ်။ တစ်ကမ္ဘာလုံး ရေအောက်ကို တဖြည်းဖြည်းချင်း နစ်မြုပ်နေချိန်မှာ AI ဖွံ့ဖြိုးတိုးတက်ရေးသုတေသီ ဂူအန်နာ (Kim Da Mi) နဲ့ သူမရဲ့သားလေး ဂျာအင်းတို့လည်း ရေနစ်မြုပ်နေတဲ့ တိုက်ခန်းတစ်ခုထဲမှာ ပိတ်မိသွားပါတော့တယ်။ အဲဒီအချိန်မှာ သူမကို ကယ်တင်ဖို့အတွက် ဆွန်းဟီးဂျို (Park Hae Soo) ဦးဆောင်တဲ့ လူသားအရင်းအမြစ် လုံခြုံရေးအဖွဲ့က ရောက်ရှိလာပါတယ်။ ဒါပေမဲ့ ဟီးဂျိုရဲ့ ကယ်တင်ပေးမှုဟာ သာမန်ကယ်ဆယ်ရေးမဟုတ်ဘဲ နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုရှိနေတဲ့အခါမှာတော့.... ဒါကြောင့် အန်နာကိုမှ ရွေးပြီး ကယ်တင်တဲ့ ဟီးဂျိုရဲ့လျှို့ဝှက်ချက်က ဘာဖြစ်မလဲ... အဆောက်အဦက ရေအောက်ကို တဖြည်းဖြည်းချင်း နစ်မြုပ်လာချိန်မှာ သူတို့တွေ ဘေးကင်းရာကို လွတ်မြောက်သွားနိုင်ပါ့မလား... ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကားပဲဖြစ်ပါတယ်။

Channel အရင်join 👇👇
https://t.me/moviemood32/248

#မြန်မာစာတန်းထိုး

Pro Bono (2025)ရှယ်ပလန်နဲ့ ခွီရမယ့် ရှေ့နေကားသစ်လေး ❤️ဇာတ်လမ်းအကျဥ်း.. ..Kang Da-Wit ( Jung Kyoung-Ho )ဟာ ရည်မှန်းချက်ကြ...
08/12/2025

Pro Bono (2025)

ရှယ်ပလန်နဲ့ ခွီရမယ့် ရှေ့နေကားသစ်လေး ❤️

ဇာတ်လမ်းအကျဥ်း.. ..
Kang Da-Wit ( Jung Kyoung-Ho )ဟာ ရည်မှန်းချက်ကြီးမားတဲ့ တရားသူကြီးတစ်ဦးပါ အလုပ်လုပ်ပုံက ပြီးပြည့်စုံပြီး သန့်ပြန့်တဲ့ရုပ်ရည်ကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်မိကာ တရားသူကြီးဘဝကနေ နှုတ်ထွက်လိုက်ရပြီးနောက်

Pro Bono လို့ ခေါ်တဲ့ non-profit ရှေ့နေအဖွဲ့အစည်းတစ်ခုကို ဝင်ပြီး ပြည်သူ့အကျိုးဆောင် ရှေ့နေအဖြစ်နဲ့ ပြန်လည်စတင်ဖို့ ကြိုးစားပါတော့တယ် ။

Park Ki-Bbeum (So Joo-yeon) ကတော့ Pro Bono ရဲ့ ပြည်သူ့အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်ပြီး စိတ်ဝင်စားတဲ့အရာကို တစိုက်မတ်မတ် လုပ်တတ်သူပါ ရှေ့နေအလုပ်ဆိုတာ လူ့အခွင့်အရေးကို ကာကွယ်ပေးပြီး တရားမျှတမှုကို ဆောင်ကျဉ်းပေးသူလို့ ယုံကြည်သူလေးလည်း ဖြစ်ပါတယ် ။

သူတို့နှစ်ဦး Pro Bono မှာ ဆုံတွေ့ကြပြီး အားနည်းသူတွေကို အခက်အခဲတွေကြားကနေ ဘယ်လိုကာကွယ်ပေးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် အတူတူ ခံစားကြည့်ရှုလိုက်ကြရအောင်နော်။

channel link
https://t.me/moviemood32/232

နန်းတွင်းဟာသကားသစ်"Moon River" 🌙🌊Hyun Bin နဲ့ Ha Ji Wonတို့ရဲ့ နာမည်ကြီး Drama Secret Garden (2010)ကို remake ပြန်ရိုက်ထ...
07/12/2025

နန်းတွင်းဟာသကားသစ်"Moon River" 🌙🌊

Hyun Bin နဲ့ Ha Ji Wonတို့ရဲ့ နာမည်ကြီး Drama Secret Garden (2010)ကို remake ပြန်ရိုက်ထားတဲ့ နန်းတွင်းကားလေးပါ။

မ‌တော်တဆမှုတခုကြောင့် အိမ်ရှေ့စံမင်းသား နဲ့ အတိတ်မေ့နေတဲ့ ဈေးသည်မလေးတို့ရဲ့ ဝိညာဉ်ချင်းလဲသွားပြီးနောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဟာသနှောပြီးကြည့်ရမှာပါနော်

အိမ်ရှေ့စံအဖြစ် ဝူယောင်းဝူထဲက Kang Tae Oh နဲ့
ဈေးသည်လေးအဖြစ် Business Proposal ထဲက Kim Se Jeong တို့ပါဝင်ထားတဲ့ Historical Rom-com Fantasy Drama လေးဖြစ်ပါတယ်
စုစုပေါင်း14ပိုင်းပါဝင်မှာဖြစ်ပါတယ်

ဇာတ်လမ်း link
https://t.me/bonappeit/62




Handsome Guys (2024)မင်မင်ကြည့်ဖူးထဲက ဇာတ်ကားတွေထဲက အချိန်ပေးရကျိုးနပ်တဲ့ ဇာတ်ကားတစ်ပားဆိုလဲ မမှားပါဘူး။ရယ်လည်းရယ်ရသလိုက...
07/10/2025

Handsome Guys (2024)

မင်မင်ကြည့်ဖူးထဲက ဇာတ်ကားတွေထဲက အချိန်ပေးရကျိုးနပ်တဲ့ ဇာတ်ကားတစ်ပားဆိုလဲ မမှားပါဘူး။
ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်း ကောင်းလို့ဆိုပြီး ကြည့်ရှုသူတွေကြားမှာ ပေါက်နေတဲ့ ကားလေးလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပါတယ်။
သူတို့ ညီအစ်ကိုနှစ်ယောက်ဟာအေးအေးချမ်းချမ်းနဲ့ ဥရောပ စတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။
တစ်နေ့တော့ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။

ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ ၊

အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့…

မင်မင်ရဲ့ ဇာတ်ကား Channel လေးကို Join ထားပေးပါအုံး နော်
https://t.me/moviemood32/138

#မြန်မာစာတန်းထိုးဇာတ်ကားများ

A Hundred Memories (2025)ဇာတ်လမ်းအကျဉ်း...ဂိုယောင်းရယ် (Kim Da Mi) ဟာ မိသားစုရဲ့ သမီးကြီးပီပီ အိမ်ရဲ့စားဝတ်နေရေးအတွက် ထေ...
16/09/2025

A Hundred Memories (2025)

ဇာတ်လမ်းအကျဉ်း...
ဂိုယောင်းရယ် (Kim Da Mi) ဟာ မိသားစုရဲ့ သမီးကြီးပီပီ အိမ်ရဲ့စားဝတ်နေရေးအတွက် ထောက်ပံ့ကူညီပေးရတာကြောင့် ကားမူးတတ်ပေမဲ့လည်း ချောင်းအာသယ်ယူပို့ဆောင်ရေးရဲ့ ဘတ်စ်ကားနံပါတ်၁၀၀မှာ ဘတ်စ်ကားလမ်းညွှန်မလေးအဖြစ် လုပ်ကိုင်နေပြီး တက္ကသိုလ်တက်ရဖို့ အိပ်မက်ရှိသူလည်းဖြစ်ပါတယ်။

ဆောဂျုံဟီး (Shin Ye Eun) ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး လှပတဲ့ အသစ်ဝင်ရောက်လာတဲ့ ဘတ်စ်ကားလမ်းညွှန်မလေးဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဂိုယောင်းရယ်နဲ့ရင်းနှီးပြီး အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားကြပါတယ်။

ဒီသူငယ်ချင်းမလေး၂ယောက်ကြားကို သူတို့ရဲ့အချစ်ဦးဖြစ်တဲ့ ရုပ်ရည်ချောမောပြီး ခန့်ညားတဲ့ ဟန်ဂျယ်ဖီး (Heo Nam Jun)ဆိုတဲ့ လက်ဝှေ့သမားဖြစ်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ သူဌေးသားလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါမှာတော့...

အချစ်ဆုံး သူငယ်ချင်းနှစ်ယောက် ကောင်လေးတစ်ယောက်ကို သဘောကျမိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ???

၅၂၈ နဲ့ ၁၅၀၀ မေတ္တာကြား ပျော်ရွှင်ကြည်နူးစရာ၊ ဝမ်းနည်းစရာလေးကို ရသနှစ်မျိုးနဲ့ ကြည့်ရှုရမှာပါ။

ဇာတ်ကားlink
https://t.me/moviemood32/46?single
#မြန်မာစာတန်းထိုးဇာတ်ကားများ

အပိုင်း၄ရပါပီConfidence Queen (2025)ဇာတ်လမ်းအညွှန်း....IQ 165 နဲ့ ထိပ်တန်း 1% ဉာဏ်ကြီးရှင်ထဲမှာ ပါဝင်ပြီး ရှုထောင့် ၄ ခု...
15/09/2025

အပိုင်း၄ရပါပီ

Confidence Queen (2025)

ဇာတ်လမ်းအညွှန်း....

IQ 165 နဲ့ ထိပ်တန်း 1% ဉာဏ်ကြီးရှင်ထဲမှာ ပါဝင်ပြီး ရှုထောင့် ၄ ခုကနေ ထောင့်စေ့အောင် တွေးတောနိုင်တဲ့အပြင် အဖွဲ့ကို ယုံကြည်ချက်ရှိရှိ၊ ဩဇာတိက္ကမအပြည့်နဲ့ ဦးဆောင်တဲ့ ခေါင်းဆောင် Yun I Rang(Park Min Young) ..

ဟာသဉာဏ်ရှိတဲ့ ကျွမ်းကျင်လူလိမ်လည်းဖြစ်သလို၊ ဘက်စုံ အရည်အချင်းထူးချွန်တဲ့ စစ်မှုထမ်းဟောင်းလည်းဖြစ်ခဲ့ဖူးတဲ့ James(Park Hee Soon) ..

ဖြူစင် ကြင်နာတတ်ပြီးတော့ အမြဲတမ်း တက်တက်ကြွကြွနဲ့ စစနောက်နောက်နေတဲ့ အဖွဲ့ရဲ့အငယ်ဆုံးလေး Myung Gu Ho(Joo Jong Hyuk) ..

မတူညီတဲ့နောက်ခံအသီးသီးကနေ လာခဲ့ကြတဲ့ လူလိမ်သုံးယောက်ပေါင်းပြီးတော့ မကောင်းမှုတွေကို ကျူးလွန်တဲ့ဒုစရိုက်သမားတွေကို ပြန်လည်လက်စားချေဖို့အတွက် အစီအစဉ်တွေချကာ စွန့်စားကြပုံကို ရိုက်ကူးတင်ပြထားပြီး K-drama Fan တွေ
လက်လွှတ်မခံသင့်တဲ့ကားကောင်းလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြည့်ကြပါဦးနော်။

Movie link
https://t.me/bunnybunny9903/192

#မြန်မာစာတန်းထိုးဇာတ်ကားများ

14/09/2025

အခုပဲရလို့အခုလာတင်ပေးတာ..သူတို့ကညဘက်ကြီးချက်ကြပြုတ်ကျကြည့်ရတဲ့သူတွေကဗိုက်တွေဆာ🤭😞

Ch link
https://t.me/bunnybunny9903/210
#မြန်မာစာတန်းထိုးဇာတ်ကားများ

Love in Contract (Korean: 월수금화목토) (2022)မြန်မာစာတန်းထိုး (HD) စ-ဆုံး Tele Linkချွဲဆန်းအွန်းဟာ အရည်အချင်းပြည့်ဝကာ ဆွဲဆောင...
13/09/2025

Love in Contract (Korean: 월수금화목토) (2022)
မြန်မာစာတန်းထိုး (HD) စ-ဆုံး Tele Link

ချွဲဆန်းအွန်းဟာ အရည်အချင်းပြည့်ဝကာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး စာချုပ်နဲ့ ဟန်ဆောင်လက်ထပ်ပေးတဲ့ အလုပ်ကို လုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီအလုပ်က ဘယ်လိုမျိုးလဲဆိုရင် အိမ်ထောင်မပြုချင်တဲ့ တစ်ကိုယ်တည်းသမား Clientတွေအတွက် မိတ်ဆုံညစာစားပွဲတို၊ သူငယ်ချင်းဟောင်းပြန်လည်တွေ့ဆုံပွဲတိုမှာ ဇနီးအတုအဖြစ် ဟန်ဆောင်ပေးရတာဖြစ်ပါတယ်။

ချွဲဆန်းအွန်းရဲ့ Clientတစ်ဦးဖြစ်တဲ့ ဂျောင်ဂျီဟိုဟာဆိုရင် သူနဲ့စာချုပ်သက်တမ်း ၅နှစ်ရှိနေပြီဖြစ်ပြီး နားလည်ရခက်တဲ့လူတစ်ဦးပါ။ ဂန်ဟယ်ဂျင်ကတော့ Clientအသစ်ဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ ချွဲဆန်းအွန်းဟာ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ ဂျောင်ဂျီဟိုရဲ့ဇနီးအဖြစ်၊ အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့မှာတော့ ဂန်ဟယ်ဂျင်ရဲ့ဇနီးအဖြစ် နှစ်ပါးသွားရင်း သူတို သုံးဦးကြားက သုံးပွင့်ဆိုင်ဇာတ်လမ်းကို ရယ်မောဖွယ်၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် Ro-com Dramaကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
Movie link
https://t.me/moviemood32/26

#မြန်မာစာတန်းထိုးဇာတ်ကားများ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Black Rose posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share