People's Voices

People's Voices I chose hope over fear!
(1061)

***Attention please***မင်္ဂလာပါခင်ဗျာမိဘပြည်သူများသို့  အသိပေးအကြောင်းကြားခြင်း...PVNugpay Topup Telegram Channel  "http...
28/05/2024

***Attention please***

မင်္ဂလာပါခင်ဗျာ
မိဘပြည်သူများသို့ အသိပေးအကြောင်းကြားခြင်း...

PVNugpay Topup Telegram Channel

"http://t.me/pv_nugpay" တွင် ဝန်ဆောင်မှုပေးနေသော NUGPay Topup / Cash out နှင့် EOD/BOND/SDB Deposit ကိစ္စရပ်များကို ရပ်နားထားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်။

Feb 2024 တွင် PV Page မှာ ကြေငြာထားခဲ့ပြီးဖြစ်သော်လည်း ယခု ထပ်မံ အသိပေး အကြောင်းကြားရခြင်းဖြစ်ပါသည်။

သို့ပါ၍ PV Telegram မှ ဝန်ဆောင်မှုပေးခဲ့သော EOD Project (တိုက်ခန်း/ကွန်ဒို/မြေကွက်) တွေအတွက် ဆက်လက်ပေးသွင်းဖို့ ကျန်နေသေးသူတွေ အနေနဲ့ PV Facebook Messenger သို့သာ ဆက်သွယ် ပေးစေလိုပါတယ်ခင်ဗျ။
EOD သို့တိုက်ရိုက် ဆက်လက်ပေးသွင်းနိုင်ရန် စီစဉ်ပေးသွားမှာဖြစ်ပါတယ်...

ယခုလို အဆင်မပြေဖြစ်ရသည့် အတွက်လည်း အနူးအညွတ် တောင်းပန်အပ်ပါတယ်ခင်ဗျ... 😔🙏

တလရ အရေးကို ကျရာနေရာကနေ နိုင်ရာဝန်ထမ်းပြီး ထောက်ပံ့ ပါဝင်ပေးနေကြတဲ့ မိဘပြည်သူ တယောက်ချင်းစီကိုလည်း ကျေးဇူးအထူးပါခင်ဗျ... 🙏

Ko Thu...

27/02/2024

***Attention Please ***

မင်္ဂလာပါ...

အခုနောက်ပိုင်းကာလတွေမှာ PV ပြည်တွင်းငွေလွှဲအကောင့်တွေ ဆက်တိုက်ပိတ်ခံလာရပြီး မြန်မာကျပ်ငွေ ဆက်လက်လက်ခံပေးဖို့ ခက်ခဲတဲ့အနေအထားဖြစ်နေတာကို အသိပေးတာပါ...
Safety အတွက်ကြောင့်လည်း ပါပါတယ်...

ဒါကြောင့် PV အနေနဲ့ EOD/BOND/SDB deposit/NUGPay Top Up တွေကို ရပ်နားထားရပါတယ်...

EOD project (တိုက်ခန်း/ကွန်ဒို/မြေကွက်) တွေအတွက် ဆက်လက်ပေးသွင်းဖို့ ကျန်နေသေးသူတွေ အနေနဲ့ ဘယ်လို ဆက်သွင်းရမလဲ စိုးရိမ်သောက ရောက်စရာ မလိုပဲ အဆင်ပြေပြေဆက်လက်ပေးသွင်းနိုင်အောင် EOD Team မှ တိုက်ရိုက်စီစဉ်ပေးမှာဖြစ်ပါတယ်...

ခုလို အဆင်မပြေဖြစ်သွားတာအတွက်လည်း အနူးအညွတ် တောင်းပန်ပါတယ်...😔🙏

တလရရေးကို ကျရာနေရာကနေ နိုင်ရာဝန်ထမ်းပြီး ထောက်ပံ့ ပါဝင်ပေးနေကြတဲ့ မိဘပြည်သူ တယောက်ချင်းစီကို ကျေးဇူးအထူးပါ... 🙏

Ko Thu

“ကံစမ်းရင်း ထောက်ပို့ကူ”- ၃ နှစ်ပြည့်ကာနီး အာဏာသိမ်းကာလအတွင်း စုစည်းမှု့နဲ့ အောင်မြင်မှု့တချို့ကို အားလုံးမျက်မြင်သိနေကြ...
28/01/2024

“ကံစမ်းရင်း ထောက်ပို့ကူ”

- ၃ နှစ်ပြည့်ကာနီး အာဏာသိမ်းကာလအတွင်း စုစည်းမှု့နဲ့ အောင်မြင်မှု့တချို့ကို အားလုံးမျက်မြင်သိနေကြပြီဖြစ်ပါတယ်ရှင့်။

- ဒီချိန်ထိ တောင့်ခံလာပြီးခဲ့မှတော့ ဆက်ပြီးအဆုံးထိဝိုင်းတွန်းဖို့ တွေဝေမနေစေချင်ပါဘူး။

- အားလုံးတူတူစပြီးလျှောက်ခဲ့တဲ့လမ်းမှာ ပန်းတိုင်ကိုလည်း တူတူချီတက်ဆက်လျှောက်ကြရအောင်ပါရှင့်။

- ကံစမ်းမဲ လက်မှတ်တစောင်ကို ကျပ် ၅၀၀၀၀ နဲ့ ဝယ်ယူဖို့ ညီမတို့ PV ရဲ့ page cb မှာ ငွေလွှဲအကောင့်တွေတောင်းယူနိုင်ပါတယ်ရှင့်။

- အခက်ခဲအတားဆီးတွေ နဲ့ စိတ်ဓာတ်ကျလဲပြိုစရာတွေ ကိုယ်စီပြည့်နေကြပေမယ့် လဲကျပစ်လိုက်ဖို့တွက် လိပ်ပြာမလုံပါဘူး။ ဒီ့အတွက် အားတင်းရင်း ဆက်လျှောက်ကြရအောင်ပါရှင့်

ရှင်အေးဘုံ*

People’s Voices

ကံစမ်းမဲအကြောင်း အသေးစိတ်ကို အခုပေးထားတဲ့ link ကနေ ဖတ်ကြည့်လေ့လာလို့ရပါတယ်ရှင့်

https://www.facebook.com/share/p/so1mM9GdCqWrUmCY/?mibextid=WC7FNe

ဟိုဘက်ရပ်ကွက်ရဲ့ ဒေါ်စိန်အေးကျောင်းတော်ကြီးရှိရာမြို့…မေမြို့ သို့မဟုတ် ပြင်ဦးလွင် မှာ PDF အလံလွှင့်ထူ…အဟက်… အဟက်…. ရှင်...
28/01/2024

ဟိုဘက်ရပ်ကွက်ရဲ့ ဒေါ်စိန်အေးကျောင်းတော်ကြီးရှိရာမြို့…
မေမြို့ သို့မဟုတ် ပြင်ဦးလွင် မှာ PDF အလံလွှင့်ထူ…

အဟက်… အဟက်….

ရှင်အေးဘုံ*

People’s Voices

Photo credit

17/01/2024

***Attention Please ***

မင်္ဂလာပါရှင့်

People’s Voices(PV) အနေနဲ့ တော်လှန်ရေး အစပိုင်းထဲကနေပြီး ပြည်တွင်း/ပြည်ပ ထောက်ပို့ငွေကောက်ခံခြင်းများ ပြုလုပ်ခဲ့ပါတယ်ရှင့်။

အခုနောက်ပိုင်းကာလတွေမှာ PV ပြည်တွင်းငွေလွှဲအကောင့်တွေ ဆက်တိုက်ပိတ်ခံလာရပါတယ်ရှင့်။

ထို့ကြောင့် လက်တလောအခြေနေအရ Project အသစ်တွေမှာ မပါဝင်သေးပဲ ခေတ္တရပ်ထားပါတယ်ရှင့်။

အကောင့်သစ်များထပ်မံစီစဉ်ရတဲ့အတွက် လက်ရှိငွေသွင်းလက်စ တချို့ကို ငွေပမာဏ သိပ်မများသူတွေအတွက်သာ လက်ခံပေးမှာဖြစ်ပါတယ်ရှင့်။

အခြေနေအားလုံးပြန်လည် တည်ငြိမ်လာရင်တော့ ပုံမှန်ပြန်ပြီး အသိပေးပါမယ်ရှင့်။

ရှင်အေးဘုံ*

People’s Voices

ရဟတ်ယဉ် အပျက်တွေဝယ်တယ်… ပုဇဉ်းအပျက်တွေဝယ်တယ်…. 😂😂😂😂Photo credit; Khit Thit Media
03/01/2024

ရဟတ်ယဉ် အပျက်တွေဝယ်တယ်… ပုဇဉ်းအပျက်တွေဝယ်တယ်…. 😂😂😂😂

Photo credit; Khit Thit Media

08/12/2023

“ရန်ကုန်မြို့ရဲ့ အကျည်းတန်ရက်စွဲ”

- ဒီနေ့ ရန်ကုန်မြို့ရဲ့ အကျည်းတန်ရက်စွဲထပ်တိုးခဲ့ပြန်ပါပြီ။

- “ဘာမှ မလုပ်ဘူးလား” “ရန်ကုန်ငြိမ်လို့ ခံရတာ” “တခုခုတော့လုပ်ပါ” စတဲ့ စာတွေပို့လာကြတာ အများကြီးဖြစ်လာပါတယ်။

- Post မတင်ဘဲနေခဲ့တာ၊ နေလို့မရတော့လို့ တင်လိုက်ပါတယ်။

- ရန်ကုန်မှာ ပြည်သူ ၇ သန်းကျော်နေထိုင်ပါတယ်။ လူဦးရေ အထူထပ်ဆုံး မြို့တော်ပါ။

- တခြားမြို့၊ ရွာတွေကို မစာနာတာမဟုတ်ပါဘူး။ ပြည်သူအထိခိုက်အနည်းဆုံးကိုသာ ဦးစားပေးထည့်တွက်နေရတဲ့ ပြည်သူတွေကို ကာကွယ်မယ့် “ပြည်သူ့ကာကွယ်ရေးတပ်”ပါ။

- ခံယူချက်နဲ့ လုပ်နေတဲ့တော်လှန်ရေးမှာ ခံစားချက်တွေကို ထိန်းရပါလိမ့်မယ်။

- အာဏာရူးတွေကတော့ နိုင်ရာလို့ထင်တဲ့နေရာကို ဖိနင်းထားကြမှာပါပဲ။ ဒင်းတို့တွက် အာဏာကလွဲရင် လူ့အသက်တွေဟာ တန်ဖိုးမရှိပါဘူး။

- တနိုင်ငံလုံးအတိုင်းတာနဲ့ ဖြန့်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်အင်အားဟာ မနည်းပါဘူး။ အဲ့ထဲမှာမှ ရန်ကုန်မှာလည်း နေရာအနှံ့ဖြန့်ကျက်ထားပြီးသားပါ။ ဒါပေမယ့် အချိန်မကျသေးဘဲ သွေးဆူလို့မရပါဘူး။ ရန်ကုန်ဟာငြိမ်ခံနေတာမဟုတ်ပါဘူး၊ ငြိမ်ပြီး ချက်ကောင်းစောင့်နေကြတာပါ။

- တောင်ပိုင်းတိုင်းထဲမှာ ရန်ကုန်ပါတယ်။ ရန်ကုန်ဟာ တောင်ပိုင်းနဲ့ဆိုင်သလို၊ တနိုင်ငံလုံးပိုင်တဲ့ နယ်မြေတခုပါ။

- ရန်ကုန်မှာ ဒီနေ့ ကျုပ်တို့ ရဲဘော် ၂ ယောက် ကျတယ်။ နောက်ရက်တွေ တောင်ပိုင်းမှာ၊ တနိုင်ငံလုံးမှာ စစ် ခွေး ဘယ်နှကောင် မုန့်ဟင်းခါးဖြစ်မလဲ။

- ဒင်းတို့ လုပ်ရဲတဲ့ ရန်ကုန်ကို လုပ်ခဲ့ကြတယ်။ ကျုပ်တို့လည်း လုပ်နိုင်တဲ့နေရာမှာ ပြန်လုပ်မှာပါ။ ဒင်းတို့ ဆတိုးနဲ့ ပြန်ပေးဆပ်ရပါလိမ့်မယ်။

“ခံစားချက်တွေမြိုသိပ်သည်းခံရင်း၊ တာဝန်ကျေခဲ့ပါပြီ ရဲဘော်၊ အလေးနီပြုပါတယ်”

ရှင်အေးဘုံ*

People’s Voices

08/12/2023

ချစ်သော ရန်ကုန်
🔥🔥🔥

“ယုံကြည်ရာလျှောက်ကြတဲ့လမ်းမှာ ယုံကြည်ထားတဲ့အတိုင်း မပြောင်းလဲဘဲဆက်လျှောက်ကြပါစို့”- ယုံကြည်ရာအတွက် ဘဝတွေ၊ အသက်တွေ၊ ပိုင်...
22/11/2023

“ယုံကြည်ရာလျှောက်ကြတဲ့လမ်းမှာ ယုံကြည်ထားတဲ့အတိုင်း မပြောင်းလဲဘဲဆက်လျှောက်ကြပါစို့”

- ယုံကြည်ရာအတွက် ဘဝတွေ၊ အသက်တွေ၊ ပိုင်ဆိုင်မှု့တွေ ပုံအောရင်းနှီးထားတဲ့ ဒီတော်လှန်ရေးဟာ အရင်းနှီးကြီးပါတယ်။

- သွေးထိုးမှု့တွေ၊ သံသယဖြစ်စရာတွေ စတဲ့ အခြေနေတွေကြုံလည်း ကြားနေရတဲ့ကောလဟာလတွေနောက် မျောမပါဘဲ ဒီနေ့ထိ ယုံကြည်ချက်ခိုင်မာနေကြတဲ့ ပြည်သူတွေ အများကြီးရှိနေဆဲပါ။

- ပြည်သူတွေရဲ့ ဇွဲ၊ သတ္တိ၊ ခံနိုင်ရည်ရှိမှု့တွေဟာ ဒီနိုင်ငံရဲ့ အနာဂါတ်ကို ရွှေရောင်လွှမ်းတော့မှာ သေချာစေပါတယ်၊

- တော်လှန်ရေးတွက်ဆို ဘယ်လိုခေါင်းစဉ်နဲ့ လာလာ ရှိသလောက်ထည့်ဝင်ကြမယ့်သူတွေကြီးပါပဲ။

- ၃ နှစ်နီးပါးကြာလာခဲ့ပါပြီ။ ခရီးရှည်ကြာလာပေမယ့် လှော်ခတ်နေတဲ့ လက်တွေ ညီညာနေဆဲပါပဲ။

- နွေဦးဘဏ်ရဲ့ အခု share ရောင်းတဲ့ထဲ PV ပါကြောင်း ညီမ post တင်ဖို့ ပျက်ကွက်နေခဲ့ပါတယ်။ ဒါပေမယ့် ဆုံနေကျသူတွေဟာ ညနေစောင်းရင် ရွာထိပ်မှာ ရောက်လာကြစမြဲပါပဲ၊ ရစ်ထုပ်စကားနဲ့ဆိုရင် “နေညိုရင် လေပြိုလာပြီ” 😁

- Post မတင်လည်း page cb မှာ တန်းဆီရောက်လာကြတဲ့ လူအုပ်ကြီးကို မြင်ရတာ ဝမ်းသာအားရဖြစ်ရပါတယ်ရှင့်။

- ညီမတို့ PV က ၂ ယောက်နဲ့ တပိုင်းနဲ့ ရုန်းနေတဲ့အတွက် စာဖြေကြာတာလေးကိုတော့ ထုံးစံအတိုင်း စိတ်ရှည်ရှည်စောင့်ပေးပါလို့ မေတ္တာရပ်ခံတောင်းပန်ပါတယ်ရှင့်။

- 10 millions ဖိုးရောင်းချတဲ့ share တွေထဲ ညီမတို့ Relationship Managers(RM) တွေက 5 millions စာ ရရှိထားပြီးသားပါ၊ အဲ့တွက် မရမှာ စိတ်မပူပါနဲ့ရှင့်။ PV ကို ငွေလွှဲထားပြီးပြီဆိုရင် လူကြီးမင်းတို့ရဲ့ငွေကို အသက်နဲ့ပါရင်းပြီး တော်လှန်ရေးထဲ အရောက်ပို့မယ့် PV ဆိုတာလေးပါ ကြော်ငြာဝင်ရင်း စိတ်မပူဖို့ ပြောပါရစေရှင့်။

- နောက် ၅ ရက် ကျန်သေးတဲ့အတွက် ရွာထိပ်ကို မရောက်လာရသေးတဲ့ ပြည်သူတွေကိုလည်း လက်တို့ပါတယ်ရှင့်။ နေညိုချိန်ရောက်ပါပြီရှင့်။ page cb ကို အရောက်လာခဲ့ပေးပါရှင့်။

တွေ့နေကျသူတွေကို တွေ့နေကျ Cb မှာ မျှော်နေပါကြောင်း

ရှင်အေးဘုံ*

People’s Voices

အဲ့ဒါဘာလို့ ထင်ပါသလဲ 😁😁😁သိပ်ကြောက်နေတဲ့ ဂေါင်းကြီးတို့ကို အကြောက်တရားထပ်ပေးလိုက်ဦးမယ် 😁😁အဲ့တော့ ပြောချင်တာက “လက်နက်ချပါ၊...
17/11/2023

အဲ့ဒါဘာလို့ ထင်ပါသလဲ 😁😁😁

သိပ်ကြောက်နေတဲ့ ဂေါင်းကြီးတို့ကို အကြောက်တရားထပ်ပေးလိုက်ဦးမယ် 😁😁
အဲ့တော့ ပြောချင်တာက “လက်နက်ချပါ၊ အလင်းဝင်ပါ၊ လိမ္မာကြပါ”

ကိုယ်တွေဘက်ကတော့ အာဏာသိမ်းကာစ လက်နက်ကိုင်ပြီး ကြမ်းချင်တိုင်း ကြမ်း၊ ရမ်းချင်တိုင်း ရမ်းခဲ့တုန်းက လိုင်းပေါ် ဒင်းတို့တင်ခဲ့တဲ့ “မြန်မာပြည်ကြီး အေးချမ်းပါစေ” လို့ ပြန်တင်ကြရမယ့်အလှည့်ပေါ့ကွာနော့်။

မမေ့ဘူး ဂေါင်းကြီးတို့…. ခင်များတို့ လုပ်ခဲ့တာတွေ တခုဆီ အကုန်လုံး တခုမှ မမေ့ဘူး…..

“မြန်မာပြည်ကြီး အေးချမ်းပါစေ”

ရှင်အေးဘုံ*

People’s Voices

“Report”- တော်လှန်ရေးကာလ ၃ နှစ်ကြာခဲ့ပါပြီ။ အစပိုင်းကာလထဲက ဒီချိန်ထိဆက်တိုက်ပါလာခဲ့တဲ့သူ အရေတွက်ဟာ နည်းတဲ့အပြင်၊ ပွဲတွေဖ...
15/11/2023

“Report”

- တော်လှန်ရေးကာလ ၃ နှစ်ကြာခဲ့ပါပြီ။ အစပိုင်းကာလထဲက ဒီချိန်ထိဆက်တိုက်ပါလာခဲ့တဲ့သူ အရေတွက်ဟာ နည်းတဲ့အပြင်၊ ပွဲတွေဖြစ်ရမှာ ရှက်စရာလို့ မြင်တဲ့အတွက် တော်ရုံဆို ဘာမှမတင်ခဲ့ပါဘူး။

- လဆန်းပိုင်းထဲက NUGPay ထဲကနေ ငွေလဲဖို့ သိန်း ၅၀ လွှဲခဲ့ပါတယ်။ ပုံမှန်ဆို အချင်းချင်း လဲကြရင် ငွေဝင်တာနဲ့ တန်းလွှဲကြတာပါ။ ဒါပေမယ့် ရက်တွေရွေ့ရွေ့ခဲ့တာ စောင့်ပေးခဲ့ပါတယ်။

- ညီမတို့ FR တွေဆိုတာ အပြင်စီးပွါးရေးလုပ်တာထပ် စာရင်းဇယားရှုပ်ပါတယ်။ စကစရဲ့ ပိတ်ဆို့မှု့ကြောင့်လည်း ငွေထုတ်ရ/လွှဲရခက်ပါတယ်။ ရှေ့ငွေ ပေးရမှာကို ထုတ်လို့ရတဲ့ငွေနဲ့ အရင်လှည့်လှည့်ပေးရပါတယ်။ ပြီးရင် ငွေပြန်ကိုက်ရပါတယ်။

- ရှေ့လ ဒေါ်လာစျေး မငြိမ်တဲ့အချိန် ဘဏ်ထဲခေါက်သွားတဲ့ငွေတွေနဲ့ အလျင်မှီအောင် ဖြည်းဖြည်းချင်း ထုတ်နေရတာလည်း ရှိပါတယ်။ အဲ့အတွက် ငွေကြပ်တယ်။

- အခုလို တခုခု ခေါက်သွားခဲ့ရင် အတော်အခက်ခဲဖြစ်ပါတယ်။ စိုက်ထားစရာလည်း ဘာမှ မရှိတဲ့၊ ပိုင်ဆိုင်မှု့ သုညအောက်ရောက်နေတဲ့ တော်လှန်ရေးသမားပါ။

- လက်နက်ကိုင် တိုက်ပွဲမှာ အရေးအကြီးဆုံးက နောက်က ထောက်ပို့ပါ။ ထောက်ပို့ငွေ ဒီနေ့ရပ်လိုက်ရင်၊ နောက်နေ့ ပစ်စရာ ကျည်မရှိလို့ ချက်ချင်း ရပ်တန့်သွားမှာပါ။

- အဲ့အတွက်ကြောင့် ညီမတို့ကိုယ်တိုင် ဆုံးရှုံးမှု့တွေနဲ့ စိတ်ဓာတ်ကျ လဲပြိုနေရင်တောင် ရအောင်အားတင်းပြီး ပြည်သူတွေဆက်ပါလာအောင် အားအင်တွေ ပေးရပါတယ်။

- ကိုယ်တိုင်ပြိုလဲနေပေမယ့် ပြည်သူတွေရှေ့မှာ လဲကျပြလို့ မရတဲ့အတွက် သန်မာပြနေရတာပါ။

- နာမည်တခုသာ ပိုင်ဆိုင်မှု့ရှိတဲ့သူဖြစ်တဲ့အတွက် နောက်ဆုံး အမေ့အမွေ နားထဲက နားကပ်ချွတ်ရောင်းပြီး လိုငွေတွက် စိုက်ပေးမှာပါ။

- အဲ့တွက် ကြန့်ကြာနေတဲ့ ငွေပေးရမယ့်သူတွေကို ဒီကိစ္စကို အကြောင်းပြချက်ပေးမှာ မဟုတ်ပါဘူး။ အနည်းငယ် ရက်ကြာသွားတာအတွက်ပဲ တောင်းပန်ပါတယ်။

- တာဝန်ယူထားတဲ့အတိုင်း တာဝန်ခံမှာပါ။

ရှင်အေးဘုံ*

People’s Voices

(ဖြစ်စဉ် အစ/အဆုံး ငွေလွှဲဘဏ်အကောင့်ဖျက်တာက လွဲပြီး အကုန်တင်ထားပါတယ်)

12/11/2023

“အေးဘုံ ခရီးသွားနေသည်”

- စခန်းတွေသိမ်းတာ တကယ် မဟုတ်ဘူးတို့/ မြို့တော်တော်များများ မအုပ်ချုပ်နိုင်တော့ဘူးဆိုတာ ကောလဟာလတွေတို့…….

- ကိုယ့်အခြေနေမှန်တောင် ကိုယ်သိခွင့်မရဘဲ ဘယ်လိုက ဘယ်လို ဘဝတပါးကူးပြောင်းခံလိုက်ရမှန်း မသိလိုက်ရတဲ့ ဟိုဘက်ရပ်ကွက်ကြီး တကယ် သနားစရာကောင်းနေပါပြီ။

- မြေပြင် စစ်ကြောင်းထိုးသမျှ အလဲလဲအကွဲကွဲရှုံးနေသမျှ လေယာဉ်ပစ်ကူသာ တခုထဲသော အားကိုးရာ…

အဟက်… အဟက်….

ဒေါ်လာသိန်း၊ သန်းချီတန်တဲ့ လေယာဉ်တွေကို point 5 လောက်လေးနဲ့တင် ပစ်ချခံနေရသောအခါ…..

ဒီလထဲ PV က ဒေါ်အေးဘုံတယောက်လည်း ခရီးရှည်ထွက် ခြေဆန့်လို့ ရနိုင်နေတာ ဒင်းတို့ ဘယ်လောက် အုပ်ချုပ်မှု့ လျော့နေလဲ သက်သေပါပဲ…

တခုတော့ ရှိတယ်။ ဒင်းတို့ဘက်က အရှုံးကို မြင်လာရပေမယ့် ကိုယ်တွေဘက်က အလုံးစုံ အောင်ပွဲ မရသေးဘူးဆိုတာလေး တခုပဲ သတိပြုရင်း အရှိန်လျော့ဖို့ မတွေးပဲ ပိုပြီး ရုန်းကြဖို့ပဲ သတိပေးချင်တာပါ။

“ရန်သူကို အထင်သေးလိုက်တဲ့နေ့ဟာ ကိုယ်ရှုံးမယ့်နေ့ ဖြစ်သွားနိုင်တာကို သတိပေးချင်ရုံပါ”

မအလတပ်က ဒီနေ့လို အရှုံးများလာတာ “ကိုယ့်အခြေနေမှန် ကိုယ်မသိဘဲ၊ တဖက်သူကို အထင်သေးလျော့တွက်နေလို့ပါပဲ”

အောင်ပွဲနှင့် လက်တကမ်းအလို”

အားမလျော့ပဲ အဆုံးထိ တူတူရုန်းကြရအောင်ပါရှင့်

ရှင်အေးဘုံ*

People’s Voices

Address

Yangon

Telephone

+821040540526

Website

Alerts

Be the first to know and let us send you an email when People's Voices posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to People's Voices:

Shortcuts

Share