Chan Myae Naing

Chan Myae Naing I will post the current trend ‌

07/11/2021

အမျိုးတို့ရေ မနက်ဖြန် အသစ်တွေထပ်ရောက့်ပါ့မယ်ဗျာ

ထပ်ပီးတော့ကျေဇူးတင်ပါတယ် အမျိုးတို့ရေ 🤗🤗သ‌ေင်္ဘားသီးလဲ ကုန်သွားပါပီ ခင်မျာ နောက်တရက်နှစ်ရက်နေမှ ထပ်ရောက်ပါမယ် 🤗☺️သည်ခံပီ...
16/10/2021

ထပ်ပီးတော့ကျေဇူးတင်ပါတယ် အမျိုးတို့ရေ 🤗🤗
သ‌ေင်္ဘားသီးလဲ ကုန်သွားပါပီ ခင်မျာ နောက်တရက်နှစ်ရက်နေမှ ထပ်ရောက်ပါမယ် 🤗☺️
သည်ခံပီး ခနစောင့်ပေးကြပါ ဗျ
#သစ်သီးရောင်းဝယ်ရေး
#ရန်ကုန်
#သုဝဏ္ဏ

ခုရောက် ခုကုန် တဲ့ အထိ ယုံကြည်ပီး တခဲနက် ဝယ်ယူအားပေးကြတဲ့ ချစ်မိတ်ဆွေများကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်မျာ 🤗🤗 #ကျွဲကေ...
14/10/2021

ခုရောက် ခုကုန် တဲ့ အထိ ယုံကြည်ပီး တခဲနက် ဝယ်ယူအားပေးကြတဲ့ ချစ်မိတ်ဆွေများကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်မျာ
🤗🤗
#ကျွဲကော်သီး ကုန်သွားပါပီး ခင်မျာ 🤕

နောက်တရက် နှစ်ရက် လောက်မှ ထပ်ရောက်မှာ မို့ သည်ခံပီး စောင့်ပေးကြပါအုံး ခင်များ 🤗☺️

#သစ်သီးရောင်းဝယ်ရေး
#ကျွဲကော်သီး
#သစ်သီးရောင်းဝယ်ရေးရန်ကုန်

ကဲ အမျိုးတို့ရေ....... ကျွဲကော်သီး အသစ်ဆုံးနဲ့ အလှဆုံးလေးတွေ ရောက်ပါပီလို့ အလုံးလှ အလုံးသန့် 18 /19 လက်မ ဆိုဒ်ကိုမှ အချိ...
14/10/2021

ကဲ အမျိုးတို့ရေ....... ကျွဲကော်သီး အသစ်ဆုံးနဲ့ အလှဆုံးလေးတွေ ရောက်ပါပီလို့

အလုံးလှ အလုံးသန့် 18 /19 လက်မ ဆိုဒ်ကိုမှ အချို အာမခံနဲ့🤤🤤

ရောင်းပေးတာပါဗျ 😁 1500 ကျပ်ထဲ ဆိုတော့ အရမ်းလဲတန်နေပါပီ 🤗🥱

09-786593329 ကို Hello အမြန်ဆုံး လုပ်ပီးမှာယူလိုက်ပါဗျ အလုံး 50 ပဲ ရလာတာမို့ အမြန်ဆုံးသာ မှာယူလိုက်ပါ 🤗🤗

အမြဲတမ်း ယုံကြည်အားပေးနေတဲ့ အမျိုးတို့ကိုလဲ ကျေဇူးတင်ပါတယ်

Deliv ကတော့ အရင်အတိုင်းပါပဲ 500/1000 ကျပ်ပဲ ကျသင့်မှာပါဗျ 🥱🤤🤤🤤

#သစ်သီးရောင်းဝယ်ရေး
#ကျွဲကော်သီး

ကျောင်းကုန်းဘက်‼️🚨ဆိုင်ကယ်လု ယူပြီး မိန်းကလေးတစ်ယောက်ကို လက်တွေခြေထောက်တွေ ဖြတ်ပြီးသတ်ထားခဲ့🥀💔ဒီလိုခေတ်ပျက်ပြည်ပျက်ကြီးမ...
07/07/2021

ကျောင်းကုန်းဘက်‼️🚨

ဆိုင်ကယ်လု ယူပြီး မိန်းကလေးတစ်ယောက်ကို လက်တွေခြေထောက်တွေ ဖြတ်ပြီးသတ်ထားခဲ့🥀💔

ဒီလိုခေတ်ပျက်ပြည်ပျက်ကြီးမှာ တစ်ယောက်ထဲ
အပြင်မထွက်ကြပါနဲ့ဗျာ ရက်စက်တာ💔💔
July , 7

ကျွန်တော်သူငယ်ချင်း စိုးပြည့်အောင်နှင့် ညီအကို သုံးယောက်ကို သေဒဏ်ချမှတ်လိုက်ခြင်းအား ကျွန်တော်တစ်ဦးထဲပဲဖစ်ဖစ်ပါ ကန့်ကွက်...
03/07/2021

ကျွန်တော်သူငယ်ချင်း စိုးပြည့်အောင်နှင့် ညီအကို သုံးယောက်ကို သေဒဏ်ချမှတ်လိုက်ခြင်းအား
ကျွန်တော်တစ်ဦးထဲပဲဖစ်ဖစ်ပါ ကန့်ကွက်ပါတယ်

ဒီကောင်က အဲ့လို လုပ်မဲ့ကောင်မဟုတ်ပါဘူး ငယ်ငယ်လေးထဲက ပေါင်းလာတာပါ အခြောက်စိတ်ဝင်နေလို့တောင် အကုန်ဝိုင်းထုထားလို့ ကျားကျားယားယားလေးပြန်ဖစ်လာတာပါ

အဲ့တာကို လူသတ်မှုဆိုပီ မတရား သေဒဏ်အပေးခံရတဲ့ အပေါ် ကျွန်တော် လုံးဝကန့်ကွက်ပါတယ် 😓
save my fri

Hello all , ကျွန်တော် အသက် 22  ပါ ပညာရေး အထက်တန်းပဲရှိပါသေးတယ် တလ ကို ဝင်ငွေ 300000 OR 400000 ကြား ရရှိနေပီးတော့ တလကို အ...
02/07/2021

Hello all ,
ကျွန်တော် အသက် 22 ပါ
ပညာရေး အထက်တန်းပဲရှိပါသေးတယ်
တလ ကို ဝင်ငွေ 300000 OR 400000 ကြား ရရှိနေပီးတော့
တလကို အသာတင် 200000 စုနိုင် နေပါပီ ( စုနိုင်တာက 2020 ထဲကပါ )
ကျွန်တော် လိုမျိုး ပိုက်ဆံရှာချင်တယ် ဘယ်လို ပိုက်ဆံရှာလဲဆိုတာ သိချင်ရင် cm အောက်မှာမေးလို့ရပါတယ်

#ဘာဈေးမှမရောင်းပါ

 #မင်အောင်လှိုင်နဲ့ မပေါင်းအပါတွေ သေနေ့စေ့ပါတော့မယ်
30/06/2021

#မင်အောင်လှိုင်နဲ့ မပေါင်းအပါတွေ သေနေ့စေ့ပါတော့မယ်

‘အမေ' လို့ ခေါ်နေကြတဲ့သူစိမ်းအမျိုးသမီးကြီးအကြောင်း၁၉ . ၆ . ၁၉၄၅ မနက်သုံးနာရီ သုံးဆယ့်ငါးမိနစ်မှာစတင်လင်းလက်ခဲ့တဲ့ကြယ် ....
18/06/2021

‘အမေ' လို့ ခေါ်နေကြတဲ့
သူစိမ်းအမျိုးသမီးကြီးအကြောင်း

၁၉ . ၆ . ၁၉၄၅
မနက်သုံးနာရီ သုံးဆယ့်ငါးမိနစ်မှာ
စတင်လင်းလက်ခဲ့တဲ့ကြယ် ...

အမှောင်ဘယ်လောက်ဖုံးဖုံး
တိမ်ဘယ်လောက်အုပ်အုပ်
အလင်းလည်းပေးတယ်
လမ်းလည်းပြတယ်
ဘယ်တော့မှကြွေကျမှာမဟုတ်ပေမယ့်
ကျွန်တော်တို့ကို
ခဏခဏကြွေအောင်လုပ်ခဲ့တဲ့ ကြယ်

၁၉၈၈ ခုနှစ် ၊ သြဂုတ်လ ၂၆ရက်
တွေ့လား...
ရွှေတိဂုံဘုရားအနောက်ဘက်မုခ်မှာ
မြင်လား ...
အဲ့ဒီကလေးမ
ဒါ .. နိဒါန်းပဲ ၊
အဖေ့တာဝန်ကိုဆက်ခံပြီ ...
အာရှသူရဲကောင်းသီချင်းကိုအော်ဆိုရင်း
ဒီအမျိုးသမီးကို သူရဲကောင်းဖြစ်ပါစေလို့
ရွှေတိဂုံဘုရားကြီးမှာ
ဆုတောင်းစရာမလိုခဲ့ဘူး

စက်တင်ဘာ ( ၂၇ ) ၁၉၈၈
ဒီအရှုပ်တွေဇာတ်သိမ်းဖို့
ဒီချုပ်ကိုဖွဲ့စည်းခဲ့ပြီ
ဒီအတွင်းရေးမှူးမက အိပ်မက်ဆိုးတွေကို
လှုပ်နှိုးပေးလိမ့်မယ် ...
မောင်းတင်စရာမလိုပဲ
ပြည်သူ့နှလုံးသားကို
သိမ်းပိုက်သွားလိမ့်မယ်
ဂရုစိုက်ကြ စောင့်ရှောက်ကြ ...
ဒီကလေးမက သူ့အဖေလိုပဲ
တစ်ခါတစ်လေ ခေါင်းအရမ်းမာတယ်

၁၉၈၉ ဇူလိုင်လ ( ၂၀ )
တက္ကသိုလ်ရိပ်သာလမ်းကိုဖြတ်တိုင်း
သူ့ကိုအားနာတယ် ...
ကျွန်တော်တို့လွတ်လပ်ဖို့
သူ အတုပ်အနှောင်ခံထားရတယ်

အဲ့ဒီကာလတွေဟာ
ကျွန်တော်တို့အတွက်
နှလုံးသွေးတွေရပ်တန့်သွားသလို
မျှော်လင့်ချက်တွေသေသွားသလို
တိတ်တိတ်လေးဝမ်းနည်းခဲ့ရတယ် ..
ကောင်းကင်မှာဝဲပျံနေတဲ့
ငှက်တွေကိုကြည့်ရင်း

၁၉၉၁ အောက်တိုဘာ ( ၁၄ )
ကျေးဇူးတင်ပါတယ်ဗျာ ..
ဂုဏ်ယူတယ်
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်
သူကပြယုဂ်ကြီးပါ ...
မှေးမှိန်အောင်လုပ်ထားပေမယ့်
လင်းလက်နေဆဲပဲဆိုတာသိလိုက်ရတော့
သေနတ်တွေတောင်
ခေတ္တခဏ ကျည်အ သွားခဲ့ရတယ်

၃၀ . ၅ . ၂၀၀၃
မမေ့ဘူး ...
မေ့လို့မရဘူး
သွေးပျက်စရာကောင်းပေမယ့်
ဒီအမျိုးသမီးက ပန်းပန်မပျက်ခဲ့ဘူး ...
ထိုးချိန်ခံထားရတဲ့ပြောင်းဝတွေရှေ့မှာ
ဧကရီထိပ်ထားက တစ်ချက်မမှားခဲ့ဘူး
ဒီပဲယင်းရေ ...
မင်းမြေကိုနင်းလိုက်တိုင်း
ဒီအာဂအမျိုးသမီးကို
အကြိမ်ကြိမ်ဦးညွတ်မိတယ်

ဟုတ်တယ် ...
ခင်ဗျားထင်လား
ပန်းသိပ်ကြိုက်တဲ့ ဒီမိန်းကလေး
ဒီလောက်မာကျောမယ်လို့
ခင်ဗျားထင်လား
လာလေ ... တိုက်ကြ တိုက်ကြ
ဟေ့ ... စကင်ဒီနေဗီးယန်းက
ကျောက်ဆောင်ကွ ...
ကျွန်မက အရိုင်းသမီးပါဆိုပြီး
ဝံပုလွေတွေကြားထဲ ကျားရဲတစ်ကောင်လို
ရှင်သန်နေတဲ့အမျိုးသမီး

ကျွန်မက မိသားစုအပေါ်မှာ
တာဝန်မကျေခဲ့ဘူးဆိုပြီး
တော်လှန်ရေးအတွက်
အသင့်ရှိနေတဲ့အမျိုးသမီး

ကျွန်မက သူတို့အတွက်အမေပါဆိုပြီး
အဆိပ်တွေကိုမျိုချ
ပျားရည်တွေကိုအန်ထုတ်
နှလုံးသွေးတွေနဲ့ လမ်းခင်းပေးတဲ့
အမျိုးသမီး

လှုပ်နှိုးပြီးပြလိုက်ချင်တယ်
ထကြည့်ပါဦးဗျ ကိုအောင်ဆန်း
ခင်ဗျားသမီးလေးစုကို
ခေါ်နေကြတယ်
အမေ တဲ့။

credit

Original uploader...

နိုင်ငံ့မိခင် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့အား ကြိုဆိုပါတယ်...
@💝💝💝
လေးစားစွာဖြင့့့့့်
စိုးမိုး(MDY)

09/04/2021

ဟျောင့် ရန်ကုန်ကရှုံးသွားပြီလား?
မသိဘူးလေကွာ

အကောင်းမေးတာကွာဖြေစမ်းပါ
မင်းကဘာလို့အဲ့လိုထင်တာလဲ

ပုံမှန်အတိုင်းပြန်လည်ပတ်နေပြီလေလူတွေကပုံမှန်အတိုင်းဖြစ်သွားပြီ
ဟုတ်လား

အဲ့တာဆို ငါ့ကိုတစ္ခုကူကွာ
ငါဒီညမင်းအိမ်မှာ လာအိပ်မယ်
ဧည့်စာရင်းတိုင်ပေး

ဒီတိုင်းအိပ်ကွာ ရပ်ကွက်ရုံးတွေမဖွင့်ဘူး

အဲ့တာဆိုလည်း ငါ့ကိုတစ္ခုကူကြာ မနက်ကြရင်
ရွေဘုံသာလမ်းနားကရွှေဆိုင်မှာ
ရွှေတစ်ကျပ်သားလောက်ဝယ်ပေးစမ်းပါ

ဟျောင့် ရွှေဆိုင်တွေ မဖွင့်ဘူးဟ

အဲ့တာဆိုလည်း ဘဏ္ကို ငွေသွားသွင်းပေးကွာ
ဆယ်သိန်းလောက်

လဖွတ် လမ်းမှာစစ်လို့မိရင်ပါသွားဦးမယ်

အဲ့တာဆိုလည်း ငွေသွားထုတ်ကွာ
ဘဏ်စာရင်းပိတ်ပေး မင်းစာအုပ်ထဲကနေ

အဲ့လိုလုပ်ရင်ရဲတိုင်ဖမ်းတယ်တဲ့ဟ
ထုတ်ပြီးလည်း ငါဒီတိုင်းမပြန်ရဲဘူး

အဲ့တာဆိုလည်းမီတာသွားဆောင်ကွာ
ဘေမလာဘူးဟ

အဲ့တာဆိုရထားသွားစီးရအောင်
မြို့ပတ်ရထားမထွက်ဘူးလေ မင်းရူးနေလား

အဲ့တာဆိုလည်း ရဲစခန်းဘက်ခဏဝင်ပြီး
စခန်းမှူးရှိလားမေးခဲ့ကွာ တစ်ခုခုဆိုတိုင်လို့တောလို့ရအောင်
ဟျောင့် စခန်းနားသွားရင်ပစ်လိမ့်မယ်ဟ
ဒီချိန်ကြီး ရဲတွေလည်းသူတို့အလုပ်မလုပ်နိုင်သေးဘူး

ရော့ ဒီမြာ ငါအိမ်ဝယ်မလို့ ဂရန်စစ်ရအောင်
မြို့တော်ခန်းမသွားပေး
ဟျောင့်အဲ့နေရာကြီးသွားလို့မရဘူး
အဲ့အလုပ်တွေလည်း လုပ္မရေသးဘူး

အဲ့တာဆိုလည်း မင်းသူငယ်ချင်းအလုပ်လုပ်တဲ့ဆေးရုံသွားမယ်ကွာစကားလေးဘာလေးပြောရအောင်
သူတို့မရှိဘူးလေ ဆေးရုံလည်း မrunဘူး

အဲ့တာဆိုလည်း လှည်းတန်းဘက်ကသင်တန်းတွေသွားစုံစမ်းရအောင်ကွာ
အားနေတုန်း သင်တန်းလေးဘာလေးတက်ရအောင်
ဟျောင့်မင်းရူးနေလား သင်တန်းတွေပိတ်ထားတယ်ဟ



နေစမ်းပါဦး ငါမေးတာကရန်ကုန်ကရှုံးသွားပြီလားလို့မေးတာမင်းကငါ့ကိုဘာတွေပြန်မေးနေတာလည်း....

တော်တော်ဒုံးဝေးတာနော်
ငါ့ကိုပြောတာလား

မဟုတ်ပါဘူး လမ်းထိပ်ကဦးအောင်ကြီးကိုပြောတာ
ဟျောင့်မလိမ်နဲ့ ငါ့ကိုဖဲ့တာမို့လား
ငါပြောတာလည်းမဟုတ်လို့လား YBS တွေပြန်ထွက်နေပြီလေ လူတွေပြန်ထွက်လာပြီလေ

**
အေးပါ မထူးတော့ပါဘူးနားလည်အောင်ထပ်ရှင်းပါ့မယ်
ရက်ပေါင်း 60 နားကပ္လာတဲ့အခါ
အချို့တွေမှာပိုက်ဆံမရှိတော့ဘူးကွ
ဲအထူးသဖြင့်တော့ အခြေ ခံလူတန်းစားတွေပေါ့
သူတို့နည်းနည်းပါးပါးပိုက်ဆံပြန်ရှာရတယ်
သူတိူ့သွားဖို့လာဖို့အတွက် Public Transportation လေးပြန်ဆွဲပေးရတယ်
မဟုတ်ရင် သူတို့ဖို့ သွားရေးလာရေးခက်တဲ့အပြင် လမ်းလျှောက်ထွက်လာတာဖြစ်ဖြစ်
စက်ဘီးလေးနဲ့ထွက်လာတာဖြစ်ဖြစ် အန္တရာယ်များတယ်
ပြီးတော့ အချို့သော ဆိုင်တွေကလည်း
လိုအပ်တဲ့အရေးကြီးပစ္စည်းတွေပြန်သိမ်းဖို့လူပ်ကြရတယ်
ဖုန်းဆိုင်တွေဘာတွေဆိုရင် ဘာမှမသိမ်းထားနိုင်ဘူး ဒီတိုင်းသော့ခတ်ထားခဲ့ရတာ
အဲ့အတွက်ပစ္စည်းတွေ ပြန်သိမ်းရတယ်
အချို့အလုပ်တွေ လက်စသတ်ဖို့လိုနေတာတွေအတွက် ဒီလိုအခြေအနေလေးမှာ ခဏပြန်လုပ်ရတယ်
ငွေရှာရတယ် ရှေ့လာမယ့်လတွေမှာပိုကြပ်တည်းသွားနိုင်တယ် အဲ့အတွက်ရိက္ခာစုဖို့ငွေထွက်ရှာရတယ်
ရန်ကုန်မှာကျန်ခဲ့တဲ့လူကမူလ လူဦးရေမရှိတော့ဘူး ကျန်ခဲ့တဲ့သူတွေက သူတို့ဝမ်းရေးအတွက်ငွေထွက်ရှာရတယ်
အဲ့တာပုံမှန်ပြန်ဖြစ်တာမဟုတ်ဘူး
မင်းမြင်အောင်ထပ်ပြောရရင်
ရန်ကုန်မှာ ဒုတိယကမ္ဘာစစ် အတွင်း
ဗုံးကျဲနေတုန်းကတောင်
ဗုံးမကျဲတဲ့နေ့တွေဆိုရင် အချို့ဆိုင်တွေဖွင့်ကြတယ် အခြေ ခံစားသောက်ကုန်အတွက်
လိုအပ်တာတွေရှိတယ် မဟုတ်ရင်ငတ်သွားလိမ့်မယ်

အခုလည်း အဲ့လိုလည်ပတ်နည်းမျိုးနဲ့လည်ပတ်နေတာ
ပုံမှန်အခြေအနေမဟုတ်ဘူး
အဲ့တာကို မင်းတို့လိုကောင်တွေက
ရှုံးသွားပြီ သွားပါပြီ ရန်ကုန်တော့ဘာဖြစ်ပါတယ်
ညာဖြစ်ပါတယ် ထင်နေတာ
ရန္တယားတွေ ရပ်နေတယ်ဟ
အဲ့တာမင်းမြင်မလားလို့အပေါ်ကမေးခွန်းတွေမေးတာ

ရန္ကုန္က မြို့ပြတိုက်ပွဲ ဖြစ်ရင်အရမ်းထိန်းရခက်တယ် ပျောက်ကျားစနစ်နဲ့အတိုက်ခံရရင်
မလွယ်ဘူး
အင်အားအများကြီးပြန်သုံးရလိမ့်မယ်
အဲ့တော့ရန်ကုန်ကို အမြန်ငြိမ်အောင်လုပ်ရတယ်

ရန်ကုန်ကိုလက်နက်ဝင်သွားရင်တော်တော်ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားလိမ့်မယ်

အဲ့တော့ရန်ကုန်ကိုလက်နက် မဝင်ရေး
ရန်ကုန်အဝင်လမ်းမကြီးလေးခုကိုထိန်းဖို့လိုတယ်
အဲ့လမ်းမကြီးလေးခုကို ဝင်တဲ့မြို့နယ်လေးခုကို
ငြိမ်အောင်လုပ်ရတယ်
ပထမအဆင့်ကတော့ ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လို့အောင်သွားတယ်ဆိုရမယ်
(လက်နက်ခြင်းမမျှတော့ခန ငြိမ်ပေးလိုက်ကြတယ်)
ဒါပေမယ့် နယ်မြေစိုးမိုးမှုပဲရတယ်
တည်ငြိမ်ရေးလုပ်လို့မရဘူး
အုပ်ချုပ်ရေးစလို့မရဘူး
ရပ်ကွက်ရုံးကိုအမြဲတမ်း ကျည်ထိုးအသင့်အင်အားမပေးနိုင်ဘူး
ပေးလိုက်လို့အဲ့အင်အားဆီကဆုံးရှုံးသွားရင်
အဲ့ကတစ်ဆင့်ရဲစခန်းတွေပါမယ်
ရဲစခန်းပါရင်လွတ်မြောက်နယ်မြေဖြစ်သွားမယ်

လမ်းမကြီးအဝင်လေးမြို့နယ်ကိုလုံးဝဝပ်သွားအောင်ကိုင်လိုက်ပြီးတဲ့အခါ
မြို့ထဲကိုပတ်ကိုင်လိုက်တယ်
လက်နက်ရှိတော့ ကြမ်းကြမ်းတမ်းတမ်းကိုင်ရင်
ငြိမ်သွားတာပေါ့
ဒါပေမယ့် စိုးမိုးမှုပဲရတယ်
တည်ငြိမ်ရေးမရသေးဘူး
အုပ်ချုပ်ရေးကို ဝလုံးတောငျရေးလို့မရသေးဘူး

သူတို့ ကိုင်တွယ်မယ့်ပုံစံက နယ်တွေကို
ဟိုမှာရန်ကုန်ကငြိမ်သွားပြီ တွေ့လား
မင်းတို့ကဆန္ဒပြနေတုန်းလားဆိုပြီး
လုပ်ချင်တာ

အခုကရွာတွေအလိုက်ဆန္ဒပြနေတော့ပိုဆိုးတယ်
ကျေးလက်လူထုအင်အားကမြို့ပေါ်မှာထက်အများကြီးများတယ်
ပြီးတော့ကျေးလက်လူထုက မြို့ပြထက် ပိုင်ဆိုင်မှုနည်းတယ်
အဲ့တော့အကြောက်တရားပိုနည်းတယ်
ရန်ကုန်တော့ ငြိမ်သွားပြီ
မင်းတို့ကမငြိမ်သေးဘူးလားသွားပြောရင်
ငါတို့နဲ့ရန်ကုန်နဲ့ဘာဆိုင်လို့လဲလို့
ပြန်ပြောကြလိမ့်မယ်

Protests ရဲ့ပုံစံကလှိုင်းလုံးကြီးလိုပဲ
ရန်ကုန်နဲ့မန်းလေးကစောတယ်
Protests စတာစောတယ် စောစောဖြိုခွင်းခံရတယ် Defense လုပ်ကြတယ်
(အဲ့အချိန်အထိနယ်တွေမှာ မဂ်လာဆောင်နေတုန်းပဲ)
ကျည်စစ်ကျည်မှန်သုံးပြီး ရန်ကုန်နည်းနည်းနောက်ဆုတ်ရချိန်မှာ
နယ်တွေမှာစလာတော့တာပဲ
ရန်ကုန်ကိုကျည်နဲ့အတင်းဖိထားလို့
ဝပ်နေရချိန်မှာ
နယ်တွေမှာ ရွာလုံးကျွတ် မြို့လုံးကျွတ်
ဆန္ဒပြပွဲတွေဖြစ်နေတယ်
Feb လအစောပိုင်းကဆန္ဒပြတဲ့ပုံစံမျိုးတွေဖြစ်နေတာ သူတို့Wave တစ်ခုရဲ့အစပိုင်းပေါ့
တစ်နယ်နဲ့တစ်နယ်ရောက်နေတဲ့အဆင့်ခြင်းတော့မတူဘူး

မုံရွာတို့အောင်ပန်းတို့ဆို ရန်ကုန်မှာမတ်လစောပိုင်းကပုံစံမျိုးဆိုင်နေကြတယ်

စစ်ကိုင်းတိုင်းတစ်ခုလုံးနီးပါးက ရန်ကုန်မှာ Feb လကုန်ပိုင်းကအခြေအနေမျိုး
အဲ့တာကို wave လို့ခေါ်တာပဲ

ရန်ကုန်ကလှိုင်းတစ်ခုရဲ့အစပိုင်းမှာရှိလို့ရယ်
သူ့ကိုလုံးဝငြိမ်အောင်ထိန်းရမှာမို့လို့ဆိုပြီး
ကြမ်းကြမ်းတမ်းတမ်းကိုင်လို့ရယ်
စေစောဝပ်သွားတာ

ဒါပေမယ့်လှိုင်းရဲ့သဘောတရားအရ
နောက်တစ်လှိုင်းစရင် သူထိပ်ဆုံးကပြန်ပါလာမှာပဲ
အဲ့လောက်ဆိုနားလည်ပြီထင်တယ်


ဖမ်းဆီးထိန်းသိမ်းခံထားရသော အနုပညာရှင်များ ...ဖေဖော်ဝါရီ ၁ရက်နေ့ - တေးဆို စောဖိုးခွား reggaeဖေဖော်ဝါရီ ၂၁ ရက်နေ့ - သရုပ်ဆ...
09/04/2021

ဖမ်းဆီးထိန်းသိမ်းခံထားရသော အနုပညာရှင်များ ...

ဖေဖော်ဝါရီ ၁ရက်နေ့ - တေးဆို စောဖိုးခွား reggae

ဖေဖော်ဝါရီ ၂၁ ရက်နေ့ - သရုပ်ဆောင်အကယ်ဒမီလူမင်း

ဧပြီလ ၄ရက်နေ့ - သရုပ်ဆောင် ရဲတိုက်

ဧပြီလ ၆ ရက်နေ့ -လူရွှင်တော် သရုပ်ဆောင် ဇာဂနာ

ဧပြီလ ၇ ရက်နေ့ - Beauty Blogger ဝင်းမင်းသန်း

ဧပြီလ ၈ ရက်နေ့ နံနက် ၅ နာရီ - မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်

ဧပြီလ ၉ရက်နေ့-ပြေတီဦး / အူဝဲ

ပုဒ်မ ၅၀၅/က ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်
Speak outလုပ်ပေးကြပါဦး🙏

မြန်မာ့အရေးကုလသမဂ္ဂလုံခြုံရေးကောင်စီ သီးသန့်အစည်းအဝေးတွင် CRPH ကိုယ်စားလှယ်ပါဝင် ဆွေးနွေးမည်  DVBမြန်မာနိုင်ငံရဲ့ လက်ရှိ...
09/04/2021

မြန်မာ့အရေးကုလသမဂ္ဂလုံခြုံရေးကောင်စီ သီးသန့်အစည်းအဝေးတွင် CRPH ကိုယ်စားလှယ်ပါဝင် ဆွေးနွေးမည်
DVB
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဧပြီ ၉ ရက်နေ့ ကျင်းပမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသီးသန့် အစည်းအဝေး (Arria-Formula Meeting) မှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ကိုယ်စားလှယ်တွ ပါဝင်ဆွေးနွေး ဖို့ရှိနေပါတယ်။
ဗြိတိန်နိုင်ငံက ကမကထပြုလုပ် စီစဉ်ကျင်းပတဲ့ ဒီအစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ယာယီနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ တိုင်းရင်းသားအရေးလှုပ်ရှားသူ စိုင်းစံခမ်းနဲ့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ရစ်ချတ်ဟိုဆေးတို့ ပါဝင်ဆွေးနွေး ဖို့ရှိပါတယ်။
‌ဒေါ်ဇင်မာအောင်က ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့ CRPH ရဲ့ရှေ့လုပ်ငန်းစဉ်တွေကိုဆွေးနွေးဖို့ရှိပြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့အရေးဟာ နိုင်ငံတာ ငြိမ်းချမ်းရေးကိုထိပါးလာနိုင်တဲ့အကြောင်းဆွေးနွေးမှာဖြစ်ကာ စိုင်းစံခမ်းကတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးမယ်လို့ သိရပါတယ်။
ဒီအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ (CRPH) အဖွဲ့ဝင်တစ်ဦးအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားခံရတာကြောင့် တက်ရောက်ပြောကြားမှာ ဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။
ဒီအစည်းအဝေးဟာ လုံခြုံရေးကောင်စီဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ပိုမိုနက်နဲစွာ သိရှိနိုင်ဖို့ လုပ်ဆောင်တဲ့ အစည်းအဝေးဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အမြင်ကို သိရဖို့ ဒီအစည်းအဝေးကို ကျင်းပမှာ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကလည်း ထုတ်ပြန်ထားပါတယ်။
ဒီဆွေးနွေးပွဲကို အမေရိကန်၊ ပြင်သစ်၊ အိုင်ယာလန်၊ နော်ဝေနဲ့ အက်စတိုးနီးယားနိုင်ငံတွေရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်တွေလည်း တက်ရောက်ဖို့လည်းရှိပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ပုံမှန်အစည်းအဝေးမဟုတ်တဲ့အတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေလည်း ပါဝင် တက်ရောက်ဆွေးနွေးနိုင်တာဖြစ်ပါတယ်။
ဒီအစည်းအဝေးကနေ ဆုံးဖြတ်ချက်ချတာတွေ လုပ်လေ့မရှိပေမဲ့ ဒီမှာဆွေးနွေး တဲ့အချက်အလက်တွေကို တက်ရောက်တဲ့အဖွဲ့ဝင်နိုင်ငံတွေက ကောင်စီဥက္ကဋ္ဌထံတင်ပြပြီး ဖြန့်ဝေစေတာ၊ တင်ပြချက်တွေကို လုံခြုံရေးကောင်စီရဲ့မှတ်တမ်းထဲမှာ ထည့်သွင်းမှတ်သားဖို့ တောင်းဆိုနိုင်တာ၊ အစည်းအဝေးအကျဉ်းနဲ့ အယူအဆတွေကို ကောင်စီဥက္ကဋ္ဌက အလေးထားလာအောင် ပေးပို့တိုက်တွန်းတာတွေလုပ်နိုင်တယ်လို့ လူ့အခွင့်အရေးပညာပေး တက်ကြွလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။
“ဒီအစည်းအဝေးက မြန်မာနိုင်ငံအတွက် ဘာအကျိုးရှိနိုင်လဲဆိုရင်တော့ မြန်မာနိုင်ငံအရေးကို လုပ်ဆောင်နေတဲ့သူတွေက တိုက်ရိုက်တင်ပြပြောဆိုခွင့်ရရှိလာပါတယ်။ အစိုးရအသံမဟုတ်ဘဲ မြေပြင်ကအသံ၊ ပြည်သူတွေရဲ့အသံ၊ တိုင်းရင်းသားတွေရဲ့အသံနဲ့ ဆန္ဒအမှန်ကို တင်ပြနိုင်ပါ့မယ်။ သံခင်းတမန်ခင်းစကားလုံးလှလှတွေမဟုတ်ဘဲ တိုက်ရိုက်တင်ပြနိုင်ပါမယ်။ ဒီမှာတက်ရောက်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ ဆက်လက်ကြိုးပမ်းမှုတွေက ကောင်စီအတွင်း မြန်မာအရေးကို ဆက်လက်ဆွေးနွေးဖို့အပြင် အခုလို ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေမချနိုင်တဲ့အခြေအနေကို ကျော်လွန်နိုင်ဖို့ အင်အားတွေ ဖြစ်နိုင်ပါတယ်။ မြန်မာ့အရေးကိုပယ်ချဖို့ကြိုးစားနေတဲ့ တရုတ်၊ ရုရှား၊ ဗီယက်နမ်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို ပြန်လည်ချေပနိုင်တဲ့အားတွေ ဖြစ်နိုင်ပါတယ်။ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးဖို့တာစူနေတဲ့နိုင်ငံတွေကို ဖောက်ထွက်နိုင်ဖို့အတွက် အထွေထွေညီလာခံမှာ အရေးပေါ်အစည်းအဝေးခေါ်ဖို့အတွက် ကြိုးပမ်းရာမှာ ထောက်ခံလာဖို့ အတွက် အခုတက်ရောက်တဲ့နိုင်ငံတွေက ကြိုးပမ်းပါဝင်လာစေနိုင်ပါတယ်။”
ဒီအစည်းအဝေးကို ဒီနေ့ ဧပြီ ၉ ရက် သောကြာနေ့ နယူးယောက်စံတော်ချိန် မနက် ၁၀ နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီခွဲ) လောက်မှာစတင်ကျင်းပမှာဖြစ်ပြီး ကုလသမဂ္ဂ ဝက်ဘ်ဆိုဒ်ကနေ ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်သွားဖို့ ရှိပါတယ်။
Photo Credit-UNSC

http://burmese.dvb.no/archives/456987

02/04/2021

Made in china ကင်းစင်တဲ့ နိုင်ငံဖစ်စေရန် အတွက်
Made in myanmar များကို ဈေးမတင်ပဲ အတက်နိုင်ဆုံးရောင်းပေးချင်းဖစ် ပါဝင်ပေးကြပါ

31/03/2021

အရေးကြီးပါပီ

CDM ကို ဒီထက်ပို ဖိလုပ်ပေးပါ ဒီနေ့ကစပီး ဒီနေ့ဟာ ကျွန်တော်တို့အစိုးရ အာဏာ ကုန်ဆုံးတဲ့ရက်ပါ မနက်ဖြန်မှာ အစိုးရသစ် တက်မှာ ဖစ်ပီး လက်ရှိမှာဆိုရင် စစ်အာဏာရှင်တွေ က ရရှိနေမှာပါ အာဏာကို ဒါကြောင့် မနက်ဖြန်မှာ အစိုးရရုံးတွေ လုပ်ငန်းတွေ ဟာ လည်ပတ်နေမယ်ဆိုရင် ဒီစစ်အစိုးရ ဟာ အာဏာကို အကြာကြီးထိန်းနိုင်သွားမှာပါ တနည်းအားဖြင့် အာဏာသိမ်းမှု အောင်မြင်သွားတာပေါ့
ဒါကြောင့် စစ်အာဏာရှင်ကျရှုံးဖို့ အစိုးရ ဝန်ထမ်းတွေ အားလုံးပဲ CDM ကို ထပ်ဖိပေးကြပါ တောင်ခံပေးကြပါ အရေးကြီးပါပီ လုံးဝရုံးတက်လို့မရပါဘူး ဒီအချိန်မှာ ရုံးတက်လိုက်ရင် နောင်တချိန်မှာ သမိုင်းတရာခံ ဖစ်သွားမှာပါ စစ်အာဏာရှင်ကို အားပေးရာရောက်ပါတယ် ဒါကြောင့် သိလို့ပဲဖစ်ဖစ် မသိလို့ပဲ ဖစ်ဖစ် အခု ဒီစာကို ဖတ်ပီးရင် CDM ကိုမဖစ်မနေလုပ်ပေးကြပါ

CDM အောင်မြင်ရမည် ✊✊

ခေတ်ကိုပြောင်းချင်ရင် ခေါင်းကိုပစ် ဆိုတော့*ဒါလေး ဆိုရင်ရော *ကျွန်တော်မှာ လောကီပညာကို လိုက်စားတဲ့သူငယ်ချင်းတယောက် ရှိတယ်။...
30/03/2021

ခေတ်ကိုပြောင်းချင်ရင် ခေါင်းကိုပစ် ဆိုတော့
*ဒါလေး ဆိုရင်ရော *

ကျွန်တော်မှာ လောကီပညာကို လိုက်စားတဲ့သူငယ်ချင်းတယောက် ရှိတယ်။ သူက ပညာရပ် တခုအနေနဲ့ ရေဆုံးရေဖျား လိုက်စားထားတာ။ ဒါပေမယ့်အရမ်းလျို့ဝှက်တယ်။ ကျနော်က အကြောင်းတခုကြောင့် သူ့ပညာကို သိခွင့်ရခဲ့တယ်။ ကိုယ်ကလည်း သိပ်အယုံအကြည်ရှိတာတော့မဟုတ်ဘူးရယ်၊
ဟိုတနေ့က မမျှော်လင့်ဘဲ သူနဲ့တွေ့ခဲ့တယ်။ ခုဖြစ်နေတဲ့ အကြောင်းတွေ ပြောကြရင်းနဲ့ ခင်ဗျားပညာနဲ့ ခုဖြစ်နေတာကို တခုခု လုပ်ပေးလို့ရရင် လုပ်ပေးပါဆိုတော့ သူကရတာပေါ့တဲ့။
ရတာများဗျာ... နီးစပ်ရာကို ပြောပြီး လုပ်ခိုင်းလိုက်ပေါ့ဆိုတော့ ငါတို့အနေနဲ့ အဲ့ဒီလို လုပ်ခွင့်မရှိဘူး။ မေးလာမှဖြေရတယ်၊ တောင်းလာမှပေးရတယ်လို့ပြောတော့ ...
ဟာဗျာ.... ဒါဆိုလဲတောင်းပြီဗျာ... လုပ်ပေးဆိုတော့...
ငါမလုပ်ပေးဘူး...,ကိုယ့်ဘာသာလုပ်ကြဆိုပြီး ပြောလာရော...
ကဲပါဆရာရယ်... ကျွန်တော့်ကို နည်းသာပြောပါ၊ ကိုယ်ပါဘာသာဘဲ လုပ်ပါ့မယ်ဆိုတော့ ခုဖြစ်နေတာ တပ်ပျက်နေတာကွ၊ ဘာပျက်သလဲသိလား...
စိတ်ဓာတ်ပျက်တယ်
စနစ်ပျက်တယ်
ဖွဲ့စည်းပုံပျက်နေတယ်
အဲ့ဒါကို မင်းတို့က ပြောင်းပစ်ရမှာ...
တနည်းအားဖြင့် တပ်ကိုပြောင်းပစ်ရမှာ...
လွယ်ပါတယ်ကွာ
"တပ်ကိုပြောင်းချင် တောင်းကိုပစ်" တဲ့ ဆရာရယ်...
ဘယ်လို တောင်းမျိုးကို ဘယ်လို ပစ်ရမလဲ ဆက်ပြောပါဦးဆိုတော့
အခုက တိုင်းပြည်ကို မတရားသိမ်းသွားတာကွ ...
ပြည်ကို ပြန်တောင်းရမှာဆိုတော့ ပြည်တောင်းကိုသုံးကွ ...
ဘာနဲ့ပစ်ရမလဲဆိုတော့
ပြည်တောင်းဆိုတာ ကြာသပတေးစနေ အတွဲ အဲ့တော့...
ဖိနပ်ဆိုတဲ့ ကြာသပတေးစနေ အတွဲနဲ့ ပစ်ကွ ဒီအတိုင်း မပစ်နဲ့
အကြမ်းဖက်ခေါင်းဆောင်ရဲ့ပုံကို ပြည်တောင်းမှာ ဇောက်ထိုးကပ်ပြီး ပစ်ကွ...
စွမ်းတယ် မစွမ်းဘူး မင်းမကြာခင် သိရစေမယ်တဲ့ ...
တခါမှ ဆရာ မခေါ်ဘူးတဲ့ သူငယ်ချင်းကို ဆရာခေါ်ခဲ့ရတယ်။ ယုံကြည်သူ၊ မယုံကြည်သူ သူငယ်ချင်းအပေါင်း စိတ်ခွန်အားဖြစ်စေမယ့်အစီအရင်တခုအဖြစ် လုပ်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

တပ်ကိုပြောင်းရင် တောင်းကိုပစ်ပါတဲ့!







29/03/2021

သူများတေ ဟိုဟာထုတ်ရောင်း ဒီဟာ ထုတ်ရောင်းနဲ့ ရတဲ့ပိုက်ဆံလေးကို CRPH ကို လှူနေကြတာ
ကို့ကျတော့ ထုတ်ရောင်းစရာ အခုကိုင်နေတဲ့ ဖုန်းပဲရှိတယ် ဝယ်ထားတာ ၃သိန်းကျော်ပါ 😔 သုံသောင်းလောက်ရလဲ ရောင်းပမယ် ကိုလဲ များများ လှူချင်လို့ပါ ကူညီပီးတော့ဖြင့်ဖြင့် ဝယ်ကြပါ

09958329053 ကို ဆက်သွယ်လိုက်ပါ

ဖုန်းက oppo အမျိုးအစာပါ မှန်ထိထားပါတယ်

အိမ်ထဲအထိ လိုက်ပစ်နေခံနေရတဲ့ ပဲခူး( bago )
28/03/2021

အိမ်ထဲအထိ လိုက်ပစ်နေခံနေရတဲ့
ပဲခူး( bago )

Address

Thanthumar Road
Yangon
####

Telephone

+959958329053

Website

Alerts

Be the first to know and let us send you an email when Chan Myae Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chan Myae Naing:

Videos

Share