27/11/2023
                                            မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီစခန်းကုန်းကို မန္တလေး PDF နှင့် TNLA တို့ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများ ရရှိ
ရန်ကုန်၊ နိုဝင်ဘာလ ၂၇ 
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီစခန်းကုန်းကို မန္တလေး PDF နှင့် TNLA တို့ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများ ရရှိကြောင်း မန္တလေး PDF ပြောခွင့်ရ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 
 နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်  ၈ နာရီအချိန်တွင် မတ္တရာမြိုနယ်အတွင်းရှိ စစ်ကောင်စီ စခန်းကုန်းတစ်ခုအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင်  စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊  လက်နက်မျိုးစုံ (၁၃) လက်နှင့် ဆက်စပ်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 
ထို့ပြင် စစ်ကောင်စီ တပ််ဖွဲဝင်(၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး အလောင်း ၁၅ လောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။