Mahar Esports

Mahar Esports "The 𝐅irst 𝐄𝐬𝐩𝐨𝐫𝐭𝐬 𝐓𝐕 𝐂𝐡𝐚𝐧𝐧𝐞𝐥" in Myanmar.

31/12/2025

"𝑯𝒂𝒑𝒑𝒚 𝑵𝒆𝒘 𝒀𝒆𝒂𝒓"✨🎆
🍀 Wishing your new year be full of abundance and simple joys!💛

ပိတ်ရက်မှာအေးဆေးဆော့လို့ကောင်းမယ့် “"Sky: Children of the Light"  🎉 ၂၀၂၆  ကို ကြိုဆိုရင်းပိတ်ရက်မှာ အပြင်မသွားပဲ အိမ်မှာ...
31/12/2025

ပိတ်ရက်မှာအေးဆေးဆော့လို့ကောင်းမယ့်
“"Sky: Children of the Light"

🎉 ၂၀၂၆ ကို ကြိုဆိုရင်းပိတ်ရက်မှာ အပြင်မသွားပဲ အိမ်မှာပဲ Game ဆော့ရင်း New Year ကို ကြိုမယ့်သူတွေရှိလား?

ဒါဆိုရင် "Sky: Children of the Light" ဆိုတဲ့ Game က ကိုယ့်လူတွေ ဆော့ကြည့်သင့်တဲ့ Game တစ်ခုလို့ ပြောရမှာပါ။ ဒီ Game လေးကတော့ Relax ဖြစ်စေမယ့်အပြင် အပန်းဖြေခရီးတစ်ခုသွားနေရသလို ခံစားချက်မျိုး ပေးနိုင်တဲ့ 'Healing Game' လေးပဲ ဖြစ်ပါတယ်။

⚡ ကစားသမားတွေက ပျံသန်းနိုင်စွမ်းရှိတဲ့ ဝတ်ရုံ (Cape) ကို အသုံးပြုပြီး တစ်ချိန်က ထွန်းကားခဲ့ဖူးတဲ့ တိုင်းပြည်တစ်ခုကို စူးစမ်းလေ့လာရမှာပါ၊ ဂိမ်းလောကထဲမှာတော့ ဘဝရဲ့ အဆင့်အတန်းအမျိုးမျိုးကို ကိုယ်စားပြုထားတဲ့ထူးခြား နယ်မြေ ၇ ခု ရှိပါတယ်၊ Home ကျွန်းဆိုတာကတော့ ဂိမ်းစတင်ရာနေရာ (Hub) ဖြစ်ပြီး၊ Aviary Village မှာတော့ဈေးဆိုင်တွေနဲ့ ကစားသမားများ စိတ်ကြိုက်ပြင်ဆင်နိုင်သော ကိုယ်ပိုင်အိမ်တွေလည်း ရှိပါတယ်။

🙄 "Spirits"တွေနဲ့ တွေ့ပြီး ဂိမ်းသုံးငွေနဲ့ ပစ္စည်းတွေလဲလှယ်နိုင်သလို၊ "Children of Light" ဆီကနေ "Winged Light" ကို စုဆောင်းမှာပါ၊ Winged Light များလေလေ ဝတ်ရုံအဆင့်တက်ပြီး ပိုပြီးဝေးဝေး ပျံသန်းနိုင်လေလေပါပဲ။

ဒီဂိမ်းမှာတော့ တိုက်ခိုက်နေရတာမျိုးတော့ မရှိပါဘူး၊ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးနဲ့ဆော့ရမှာပဲ ဖြစ်ပါတယ်၊ အပြင်မသွားချင်တဲ့ Introvert တွေနဲ့ အိမ်မှာနေရင်း Game ဆော့ချင်သူတွေအတွက်

🎇 New Year ညမှာ ဂိမ်းထဲကသူငယ်ချင်းတွေနဲ့အတူ မီးရှူးမီးပန်းတွေ ကြည့်ရင်းနှစ်သစ်ကို ဖြတ်သန်းလိုက်ကြတော့နော်...


31/12/2025

"Team Seven Vs Ai" မှ Team Seven ရဲ့လက်စွမ်း Part I
လျော့တွတ်လို့မရတဲ့ အသင်းထဲ Team Seven ကတော့ ဝင်ရောက်လာခဲ့ပါပြီ!

30/12/2025

"ပန်းပွင့်နဲ့အရိပ်" Hayabusa & Hanabi Part I

နင်ဂျာတို့ရဲ့ အချစ်ဇာတ်လမ်းတစ်ခုလို့ပြောချင်ပေမယ့်လည်း နာကျင်စရာတွေနဲ့ပြည့်နေတဲ့ Hayabusa နဲ့ Hanabi တို့ရဲ့ အကြောင်းလေးကို ပြောပြပေးသွားပါမယ်။

"YG ရဲ့ M7 အိပ်မက်နဲ့ Gamer တွေရဲ့ မျှော်လင့်ချက်"🇲🇲 မြန်မာ့ MLBB လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ Yangon Gal...
30/12/2025

"YG ရဲ့ M7 အိပ်မက်နဲ့ Gamer တွေရဲ့ မျှော်လင့်ချက်"

🇲🇲 မြန်မာ့ MLBB လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ Yangon Galacticos (YG) အသင်းအတွက် M7 ဆိုတာ ရိုးရိုးပြိုင်ပွဲတစ်ခုထက်ပိုတဲ့ "အိပ်မက်" တစ်ခုလို့ ပြောရမှာပါ။

တိုးတက်လာတဲ့ Esports Community တစ်ခုအနေနဲ့ မြန်မာ့ Esports ဆိုတာ 👑 ကမ္ဘာအဆင့်မှာ ရှိနေကြောင်းကိုလည်း ပြသခဲ့ပြီး ဖြစ်ပါတယ်။

✨ လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပမယ့် M7 World Championship ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် "Yangon Galacticos" က သွားရောက်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ YG အသင်းဟာ လက်ရှိ မြန်မာ့ထိပ်တန်းအသင်းတွေထဲက တစ်သင်းဖြစ်သလို သူတို့ရဲ့ အခက်အခဲတွေကို ကျော်ဖြတ်လာပုံတွေကလည်း စိတ်လှုပ်ရှားစရာပါပဲဗျ။

အခုလည်း M7 စင်မြင့်ထက်မှာ YG ကို မြင်တွေ့ရဖို့ Gamer တိုင်းက မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြည့်နေကြပါတယ်။

YG အနေနဲ့ M7 စင်မြင့်ထက်မှာ နိုင်ငံဂုဏ်ဆောင်ရင်း 🏆"ချန်ပီယံ" ဆိုတဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ပြီး MLBB Community အတွက် ရွှေရောင်တောက်ပတဲ့ နေ့ရက်တွေ ဖန်တီးပေးနိုင်မလားဆိုတာ ရင်ခုန်စွာ အားပေးလိုက်ရအောင်ဗျာ။

30/12/2025

VEC မှာ Sponsor အဖြစ်တွေ့ရှိခဲ့တဲ့ "Redbull"

Energy အပြည့်နဲ့ ဆော့ကစားနေဖို့ဆိုတာ Gamer တိုင်းအတွက် လိုအပ်ပါတယ်။

"𝑯𝒂𝒑𝒑𝒚 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑪𝑲𝑶"✨🎂ဒီနေ့ကတော့ Terror Queens Gold Laner CKO ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။❤ 🍀 ယနေ့ကျရောက်တဲ့ မွေးနေ့လေးကစ...
29/12/2025

"𝑯𝒂𝒑𝒑𝒚 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑪𝑲𝑶"✨🎂

ဒီနေ့ကတော့ Terror Queens Gold Laner CKO ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။❤

🍀 ယနေ့ကျရောက်တဲ့ မွေးနေ့လေးကစပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ပြီး လိုအင်ဆန္ဒတွေနဲ့ ပြည့်စုံပါစေလို့ Mahar Esports မိသားစုကနေ ဆုတောင်းပေးလိုက်ပါတယ်။

29/12/2025

"Esports Community မှာ Sponsor အဖြစ်မြင်တွေ့ရတဲ့ KBZ Pay နဲ့တခဏ"

🎮 Game ကစားတယ်ဆိုတာကနေ Career တစ်ခုအနေနဲ့ ဖြစ်နိုင်တယ်ဆိုတာကိုလည်း မြင်ခဲ့ရကြောင်းပြောပြရင်း
✨ ဘာကြောင့်ခုလို Esports Community မှာ Sponsor အဖြစ်မြင်တွေ့နေရတာလဲဆိုတာ သေချာလေးရှင်းပြသွားခဲ့ပါတယ်။

"𝑯𝒂𝒑𝒑𝒚 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑵𝒊𝒌𝒐" 👑🥳✍️ Mythic Seal ရဲ့ Mid Lane မှာ အကောင်းဆုံးလက်စွမ်းတွေပြသနေတဲ့ "Niko" ကတော့ ဒီနေ့မှာ ဘဝရဲ့ Chapt...
29/12/2025

"𝑯𝒂𝒑𝒑𝒚 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑵𝒊𝒌𝒐" 👑🥳

✍️ Mythic Seal ရဲ့ Mid Lane မှာ အကောင်းဆုံးလက်စွမ်းတွေပြသနေတဲ့ "Niko" ကတော့ ဒီနေ့မှာ ဘဝရဲ့ Chapter သစ်တစ်ခုဆီကို ရောက်ရှိလို့လာခဲ့ပြီပဲ ဖြစ်ပါတယ်။ 🎂

✨ မွေးနေ့ကစပြီး နောင်လျှောက်လှမ်းရမယ့် နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာနဲ့ အောင်မြင်မှုမှတ်တိုင်သစ်များစွာကို Mahar Esports မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ ✨

✨ "I Love You 3000" ဆိုတဲ့ သီချင်းနဲ့ အားလုံးရဲ့ရင်ကို အပိုင်သိမ်းထားတဲ့ Stephanie Poetri ကတော့  "M7 World Championship"...
29/12/2025

✨ "I Love You 3000" ဆိုတဲ့ သီချင်းနဲ့ အားလုံးရဲ့ရင်ကို အပိုင်သိမ်းထားတဲ့ Stephanie Poetri ကတော့ "M7 World Championship" ရဲ့ Official Artist ဖြစ်လာခဲ့ပါပြီ။

👊 M7 ရဲ့ ပြင်းထန်တဲ့ အကြိတ်အနယ်ပွဲစဉ်တွေကြား Stephanie Poetri ရဲ့ ဖျော်ဖြေမှုတွေက ပရိသတ်တွေအတွက် အမှတ်တရ အခိုက်အတန့်တစ်ခုဖြစ်လာစေမှာပါ။

ဒီတော့ သူမရဲ့ ချိုသာတဲ့ အသံပါဝါတွေနဲ့အတူ M7 စင်မြင့်ထက်မှာ ဘယ်လိုပုံစံမျိုးနဲ့ အားလုံးကို ဆွဲဆောင်သွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်လိုက်ရအောင်ဗျာ။

28/12/2025

"အခက်အခဲတွေဖြတ်ကျော်လာမှုအပေါ် Vice Presidentရဲ့ Knowledge Sharing"

27/12/2025

"MESF Leadership Role အပေါ် Vice President အနေနဲ့အမှတ်တရအခက်အခဲများ"
အဖွဲ့ချုပ်စထောင်တဲ့အချိန်မှာလည်း ခုလိုအသိအမှတ်ပြုခံရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်အောင် အဖွဲ့ချုပ်အနေနဲ့ပိုကောင်းအောင် ကြိုးပမ်းခဲ့ရတာတွေလည်း ရှိပါတယ်။

Address

186, Mingalar Thiri Road, Mya Yamone Housing, South Dagon Township
Yangon

Alerts

Be the first to know and let us send you an email when Mahar Esports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mahar Esports:

Share