Burma Productions

Burma Productions Burma Productions is a creative and tech studio working across marketing, design, production, and technology.

We are based in Vancouver, Canada with roots in Yangon, Myanmar.

18/09/2026

🎨🖌️ 2D Hand-Drawn Animation ကို သင်ကြားပေးမည့် Burma Productions ရဲ့ Basic Animation Class Batch 2 လာပါပြီ❗

❓ ဘာကြောင့် တက်သင့်တာလဲ

✔️ ဒီနေ့ခေတ် Digital ဈေးကွက်မှာ Animation အတတ်ပညာက လိုအပ်ချက် တအားများပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ကူးတွေကို ဝင်ငွေကောင်းတဲ့ Professional Career အဖြစ် ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရပါမယ်။

✔️ သင်တန်းကာလ (၂) လအတွင်း Assignment တွေကို အချိန်မီတင်ပြီး ထူးထူးချွန်ချွန် အောင်မြင်တဲ့သူတွေကတော့ Burma Productions မှာ Intern (အလုပ်သင်) အဖြစ် တိုက်ရိုက် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

✔️ ဆော့ဖ်ဝဲသုံးနည်း သက်သက်ပဲမဟုတ်ဘဲ မြန်မာပြည်ရဲ့ Top Animation Studio တစ်ခုဖြစ်တဲ့ Burma Productions က Lead Animator ကိုယ်တိုင် လက်တွေ့အသုံးချနည်းစနစ်တွေကို စနစ်တကျ သင်ပေးမှာပါ။

📚 ဘာတွေ သင်မှာလဲ

Clip Studio Paint ဆော့ဖ်ဝဲကို အသုံးပြုပြီး Animation လောကရဲ့ မရှိမဖြစ် ကျောရိုးကြီးဖြစ်တဲ့ 12 Principles of Animation ကို အသေးစိတ် လက်တွေ့သင်ကြားပေးသွားမှာပါ။

သင်ရမယ့် Module တွေကတော့ -

1️⃣ Squash and Stretch
2️⃣ Anticipation
3️⃣ Staging
4️⃣ Straight Ahead Action and Pose to Pose
5️⃣ Follow Through and Overlapping Action
6️⃣ Slow In and Slow Out
7️⃣ Arcs
8️⃣ Secondary Action
9️⃣ Timing
🔟 Exaggeration
1️⃣1️⃣ Solid Drawing
1️⃣2️⃣ Appeal

💁🏻‍♂️ သင်တန်းတက်ရောက်ဖို့အတွက် ဘာတွေလိုအပ်မလဲ

2D hand-drawn animation ဖြစ်တဲ့အတွက် animation frame များကို လက်ဖြင့်ရေးဆွဲရမှာဖြစ်တဲ့အတွက် ပုံဆွဲရန် device တစ်ခုခု လိုအပ်ပါတယ်။ iPad with pen, Android tablet with pen, Window and Mac with drawing tablet တစ်ခုခုနဲ့ ပုံဆွဲလို့ရပါတယ်။

𝘗𝘩𝘰𝘯𝘦 မှာတော့ လက်နဲ့ဆွဲလို့ရပေမည့် 𝘱𝘩𝘰𝘯𝘦 နဲ့ဆွဲပြီး လိုက်သင်ဖို့အတွက်တော့ အားမပေးပါ။

Animation လုပ်ရာတွင် frame များကို ကိုယ်တိုင်ဆွဲရမှာဖြစ်တဲ့အတွက် ပုံဆွဲတက်ရန်လိုအပ်ပါတယ်

⏳ ဘယ်အချိန်၊ ဘယ်လိုပုံစံနဲ့ သင်မှာလဲ

သင်တန်းက အောက်တိုဘာ (၅) ရက်နေ့ မှာ စတင်မှာဖြစ်ပြီး သင်တန်းကာလက ၂ လ တိတိ ကြာမြင့်မှာပါ။ အလုပ်၊ ကျောင်း မအားတဲ့သူတွေပါ အဆင်ပြေအောင် အခုလို စီစဉ်ထားပါတယ် -

🗓️ တနင်္လာ နဲ့ ကြာသပတေး အပတ်စဉ် Video Lessons တွေကို Burma Productions ရဲ့ Telegram group မှာ တင်ပေးပါမယ်။ ကြားရက်တွေမှာတော့ ပေးထားတဲ့ Assignment တွေကို ကိုယ်တိုင် လုပ်ထားရပါမယ်။

🗓️ တနင်္ဂနွေ (Zoom Live): သင်ခန်းစာတွေကို ပြန်လည်ဆွေးနွေးပေးမှာဖြစ်ပြီး၊ တင်ထားတဲ့ Assignment တွေကိုလည်း တစ်ယောက်ချင်းစီအလိုက် Feedback တိတိကျကျ ပြန်ပေးမှာမလို့ နားမလည်တာတွေကို တိုက်ရိုက်မေးလို့ရပါတယ်။

💬 Community: သင်တန်းသားတွေ အချင်းချင်း အိုင်ဒီယာဖလှယ်ဖို့ Telegram Group သီးသန့်ရှိမှာဖြစ်ပြီး Assignment တွေကိုလည်း ဒီ Group ထဲမှာပဲ အလွယ်တကူ အပ်နှံရပါမယ်။

(💡 Burma Productions ရဲ့ အမိုက်စား Animation လက်ရာတွေနဲ့ Animation Portfolio ကို သိချင်ရင်တော့ အောက်က Comment မှာ ကြည့်ပေးပါနော်)

💵 သင်တန်းကြေးနဲ့ အထူးအခွင့်အရေး

သင်တန်းကြေး: ၂၀၀,၀၀၀ ကျပ် (နှစ်သိန်းကျပ်)

🎁 အထူးအခွင့်အရေး🎁

2D Animation ကို တကယ်ဝါသနာပါပြီး Professional လမ်းကြောင်းပေါ် တက်လှမ်းချင်သူတွေအတွက် Burma Productions မှာ အလုပ်သင် (Intern) အဖြစ် သင်တန်းပြီးသွားရင် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိမှာပါ။

ထူးချွန်သင်တန်းသားဖြစ်ဖို့တော့ လိုပါတယ်။

🚀 ဘယ်လို Enroll လုပ်လို့ရလဲ

အောက်က အဆင့် (၃) ဆင့်အတိုင်း အလွယ်တကူ စာရင်းသွင်းနိုင်ပါတယ်

1️⃣ အောက်က Comment Box မှာပေးထားတဲ့ Registration Form လင့်ခ် ကို နှိပ်ပြီး အချက်အလက်တွေ ဖြည့်ပါ။
2️⃣ Form ဖြည့်ပြီးသွားရင် တင်ပြီးကြောင်း ပြသတဲ့ Form Screenshot ကို ရိုက်လိုက်ပါ။
3️⃣အဲ့ဒီ Screenshot လေးကို Burma Productions ရဲ့ Messenger (Chat Box) ကို ပို့ပြီး သင်တန်းကြေး Payment လုပ်ဆောင်ရုံပါပဲ။

လူဦးရေအကန့်အသတ် ရှိလို့ အချိန်ဆွဲမနေဘဲ အခုပဲ ခြေလှမ်းစလိုက်ပါ။
သင့်ရဲ့စိတ်ကူးတွေကို Burma Productions နဲ့အတူ အသက်သွင်းလိုက်ရအောင်။ ✨

16/09/2026

🌟 BURMA PRODUCTIONS - STUDENT SHOWCASE Batch 1 🌟

Burma Productions ရဲ့ Animation Basic Class ရဲ့ ကျောင်းသား/သူများရဲ့ Assignment တွေပဲ ဖြစ်ပါတယ်။

12/09/2026

တိုးတိုးသားဆိုတာ ဘာလဲ? 🤫🥩

ဟိုးအရင် တစ်ခေတ်တစ်ခါတုန်းကတော့ ဒီအသားကို ဝယ်စားဖို့နေနေသာသာ၊ အမည်နာမကိုတောင် အော်ဟစ်မခေါ်ရဲဘဲ တိုးတိုးတိတ်တိတ် လျှို့ဝှက်ခေါ်ခဲ့ကြတဲ့ သမိုင်းကြောင်းတစ်ခု ရှိခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းက လူကြီးတွေကြားထဲမှာ ရေပန်းစားခဲ့တဲ့ ဝေါဟာရကတော့ "တိုးတိုးသား" တဲ့။

ဘာကြောင့် အသားတွေအများကြီးထဲကမှ ဒီအသားကိုမှ လူမသိသူမသိ တိုးတိုးတိတ်တိတ် ဝယ်စားခဲ့ရတာလဲ?

အဲ့ဒီခေတ်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့ ဥပဒေတွေက ဒီအသားအပေါ် ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိခဲ့လို့ ဒီလိုဆန်းပြားတဲ့ နာမည်တစ်ခု ပေါ်ပေါက်လာရတာလဲဆိုတာ... ပြန်တွေးကြည့်ရင် သိပ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။

Burma Productions ကနေ အခုခေတ်လူငယ်တွေ လုံးဝမသိသေးတဲ့၊ လူကြီးတွေလည်း ပြန်ကြားရင် ငယ်ဘဝကို သတိရသွားစေမယ့် ဒီ "တိုးတိုးသား" ဇာတ်ကြောင်းကို Animation Explainer Video လေးအဖြစ် သေချာပုံဖော် တင်ဆက်ပေးထားပါတယ်။

သမိုင်းရဲ့ တိမ်မြုပ်နေတဲ့ စာမျက်နှာတစ်ခုကို လှန်လှောပြီး... အဘိုးအဘွားတွေခေတ်က လျှို့ဝှက်ချက်တွေကို သိချင်တယ်ဆိုရင်တော့ အခုပဲ ဗီဒီယိုထဲမှာ အတူတူ ဝင်ရောက်အဖြေရှာကြည့်လိုက်ရအောင်။

ဗီဒီယိုလေးကို ကြည့်ရှုပြီးသွားရင်တော့... "တိုးတိုးသား" ရဲ့ နောက်ကွယ်က ဘယ်အချက်က သင့်ကို အံ့ဩစရာအကောင်းဆုံး ဖြစ်စေခဲ့လဲဆိုတာ Comment မှာ ဝင်ရောက်မျှဝေခဲ့ဦးနော်။

🚀 WORK WITH US
📩 Inquiries: [email protected]

&TechStudio

နေပူကျဲကျဲအောက်မှာ Production Team ကလည်း အဆင်သင့်၊ ကင်မရာတွေကလည်း အားသွင်းထားပြီးသား...။ ဒါပေမဲ့ ကွင်းဆင်းရိုက်ကူးရေးလုပ...
05/09/2026

နေပူကျဲကျဲအောက်မှာ Production Team ကလည်း အဆင်သင့်၊ ကင်မရာတွေကလည်း အားသွင်းထားပြီးသား...။

ဒါပေမဲ့ ကွင်းဆင်းရိုက်ကူးရေးလုပ်မယ့် နေရာရောက်ခါမှ အင်တာဗျူးဖြေမယ့်သူက ခရီးလွန်နေတယ်၊ ဒါမှမဟုတ် ရိုက်ကူးခွင့်အတွက် ဒေသခံအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်က မရသေးဘူးဆိုရင် ဘာဖြစ်မလဲ?

ဒါဟာ NGO တာဝန်ရှိသူတွေအတွက်ရော၊ Production အဖွဲ့အတွက်ပါ တကယ့်ကို "Nightmare" တစ်ခုပါပဲ။

တကယ်တော့ အကျိုးသက်ရောက်မှုရှိတဲ့ ကွင်းဆင်းမှတ်တမ်းတစ်ခုဆိုတာ ကင်မရာခလုတ် မနှိပ်ခင်ကတည်းက NGO တာဝန်ရှိသူတွေရဲ့ "စနစ်ကျတဲ့ ပြင်ဆင်မှု" ပေါ်မှာ ၈၀ ရာခိုင်နှုန်း မူတည်နေပါတယ်။

ဒါကြောင့် အချိန်ကုန်သက်သာပြီး အဆင့်အတန်းရှိတဲ့ မှတ်တမ်းကောင်းတစ်ခု ထွက်လာဖို့ ဒီ အချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်နော်။

၁။ ကွင်းဆင်းရိုက်ကူးမည့်နေရာ (Site Selection) ကို အတည်ပြုပါ

ရိုက်ကူးမယ့်နေရာဟာ Project ရဲ့ Impact ကို အထင်ရှားဆုံး ပြသနိုင်တဲ့ နေရာဖြစ်ဖို့ လိုပါတယ်။

• Accessibility: ရိုက်ကူးရေးအဖွဲ့ရဲ့ ပစ္စည်းကိရိယာတွေ သယ်ယူဖို့ အဆင်ပြေရဲ့လား?

• Visual Potential: Project ရဲ့ ရလဒ်တွေကို မျက်မြင်ကိုယ်တွေ့ မြင်သာတဲ့ နေရာဖြစ်ရဲ့လား? (ဥပမာ - စိုက်ပျိုးရေးပရောဂျက်ဆိုရင် အသီးအနှံတွေ ဝေဆာနေတဲ့ အချိန်မျိုး)

၂။ 𝖨𝗇𝗍𝖾𝗋𝗏𝗂𝖾𝗐 ဖြေကြားမည့်သူများကို ကြိုတင်ရွေးချယ် ညှိနှိုင်းပါ

Production Team ရောက်မှ လူရှာတာမျိုးက အချိန်အဖြုန်းဆုံးပါပဲ။

• Storyteller ရွေးချယ်ပါ: Project အကြောင်းကို ကောင်းကောင်းရှင်းပြနိုင်ပြီး စကားပြောပြေပြစ်တဲ့ အကျိုးခံစားခွင့်ရှိသူ (Beneficiaries) တွေကို ကြိုတင်ရွေးထားပါ။

• Briefing ပေးပါ: သူတို့ကို ဘာတွေမေးမယ်၊ ဘယ်လိုပုံစံမျိုး ရိုက်မယ်ဆိုတာကို ကြိုတင်ပြောပြထားခြင်းဖြင့် သူတို့ရဲ့ စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

၃။ အရေးကြီးဆုံး "သဘောတူညီချက် (Informed Consent)" ရယူခြင်း

ဒါကတော့ NGOs တွေရဲ့ Ethical Standard နဲ့ အဖွဲ့အစည်းရဲ့ ပုံရိပ်အတွက် အရေးကြီးဆုံးပါ။

• Consent Form ပြင်ဆင်ပါ: သူတို့ရဲ့ ပုံရိပ်၊ အသံနဲ့ ဇာတ်လမ်းကို အသုံးပြုခွင့်ရှိကြောင်း စာဖြင့်ဖြစ်စေ၊ Video ဖြင့်ဖြစ်စေ သဘောတူညီချက် ယူရပါမယ်။

• ရှင်းပြပါ: ဒီဗီဒီယိုကို ဘယ်မှာသုံးမယ်၊ ဘယ်သူတွေကြည့်မယ်ဆိုတာကို သူတို့နားလည်အောင် ရှင်းပြဖို့က NGO တာဝန်ရှိသူရဲ့ တာဝန်ပါ။ (အထူးသဖြင့် ကလေးသူငယ်တွေနဲ့ ထိခိုက်လွယ်တဲ့ အုပ်စုတွေဆိုရင် ပိုပြီး သတိထားရပါမယ်)။

၄။ ရိုက်ကူးရေး အချိန်ဇယား (Production Schedule) ရေးဆွဲပါ

ဘယ်အချိန်မှာ ဘာရိုက်မယ်၊ ဘယ်သူနဲ့ အင်တာဗျူးမယ်ဆိုတာကို Production Team နဲ့ NGO ဘက်က တိတိကျကျ ညှိနှိုင်းထားရပါမယ်။ ဒါမှသာ အလင်းရောင် အကောင်းဆုံးအချိန်မှာ အကောင်းဆုံးပုံရိပ်တွေကို ဖမ်းယူနိုင်မှာပါ။

၅။ Project Timeline နဲ့ လိုက်ဖက်တဲ့ အချိန်ကို ရွေးချယ်ပါ

Project ရဲ့ ဘယ်အဆင့်ကို မှတ်တမ်းတင်မှာလဲဆိုတာ သေချာပါစေ။ Project ပြီးခါနီးမှ ရိုက်ကူးတာထက် အစ/အလယ်/အဆုံး ပြောင်းလဲမှု (Before & After) တွေကို မှတ်တမ်းတင်နိုင်ဖို့ အချိန်ဇယားကို Production Team နဲ့ တိတိကျကျ ညှိနှိုင်းထားသင့်ပါတယ်။

၆။ ဒေသခံ အာဏာပိုင်များနှင့် ကြိုတင်ညှိနှိုင်းထားခြင်း

ကွင်းဆင်းမယ့်နေရာက လုံခြုံရေးအရဖြစ်စေ၊ အုပ်ချုပ်ရေးအရဖြစ်စေ ခွင့်ပြုချက်လိုရင် ကြိုတင်တင်ထားဖို့ မမေ့ပါနဲ့။ ရိုက်ကူးရေးအဖွဲ့ ရောက်သွားခါမှ ခွင့်ပြုချက်မရှိလို့ ပြန်လှည့်ရတာမျိုးက အဆိုးရွားဆုံး အမှားပါပဲ။

၇။ Branding & Visibility Materials များ ပြင်ဆင်ထားပါ

Video ထဲမှာ ပါဝင်ရမယ့် အဖွဲ့အစည်းရဲ့ Logo ပါတဲ့ အင်္ကျီတွေ၊ Vinyl တွေ၊ ဒါမှမဟုတ် Donor လိုအပ်ချက်အရ ပါဝင်ရမယ့် Branding ပစ္စည်းတွေကို ကြိုတင်စုဆောင်းထားပါ။ ရိုက်ကူးရေးပြီးမှ "Logo ပါတဲ့ အင်္ကျီဝတ်ဖို့ မေ့သွားတယ်" ဆိုတာမျိုး မဖြစ်စေဖို့ပါ။

နိဂုံးချုပ်ရရင်...

စနစ်ကျတဲ့ ကြိုတင်ပြင်ဆင်မှုဟာ ကောင်းမွန်တဲ့ ရလဒ်ရဲ့ ၈၀ ရာခိုင်နှုန်းကို အာမခံပါတယ်။ NGO တာဝန်ရှိသူတွေအနေနဲ့ ဒီ Checklist လေးအတိုင်း သေချာပြင်ဆင်ထားမယ်ဆိုရင် Production Team ရဲ့ ဖန်တီးနိုင်စွမ်းကို အပြည့်အဝ အသုံးချနိုင်မှာဖြစ်ပြီး၊ အဖွဲ့အစည်းအတွက်လည်း ဂုဏ်ယူရမယ့် မှတ်တမ်းကောင်းတစ်ခု ထွက်ပေါ်လာမှာ သေချာပါတယ်။

သင့်ရဲ့ Project Impact တွေကို ကမ္ဘာကသိအောင် Visual Storytelling နဲ့ အသက်သွင်းဖို့ အဆင်သင့်ဖြစ်ပြီလား?

NGO ပရောဂျက်တွေကို စနစ်တကျ မှတ်တမ်းတင်ပေးနေတဲ့ Burma Productions က သင့်ရဲ့ အကောင်းဆုံး မိတ်ဖက်အဖြစ် ရှိနေပါတယ်။

ကွင်းဆင်းရိုက်ကူးရေးနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးချင်ရင်တော့ Message Box ဒါမှမဟုတ် Email ကနေ အခုပဲ လှမ်းခဲ့လိုက်ပါ...

🚀 WORK WITH US
📩 Inquiries: [email protected]

&TechStudio


31/08/2026

မှတ်မိကြသေးရဲ့လား... ငယ်ငယ်က မိဘတွေလက်ကိုဆွဲပြီး ခြင်္သေ့ကြီးတွေကို ငေးခဲ့ရတာ၊ ဆင်ကြီးတွေကို အစာကျွေးခဲ့ရတဲ့ အခိုက်အတန့်လေးတွေလေ။

ရန်ကုန်မြို့လယ်ကောင်မှာ သစ်ပင်ကြီးတွေနဲ့ အေးရိပ်တွေကိုပေးနိုင်တဲ့ ဒီဥယျာဉ်ကြီးဟာ တကယ်တော့ အားလုံး ထင်ထားတာထက် သက်တမ်း ပိုရင့်ပါတယ်။

ဒါပေမဲ့ ဒီနေရာကြီးက ဘယ်တုန်းက စတင်ခဲ့တာလဲ? ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာလဲဆိုတာကိုရော သင် သိပါသလား?"

အခု Burma Productions ကနေပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ ဖြတ်သန်းမှု သမိုင်းကြောင်းကို မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်ယောင်လာစေမယ့် Animation Video လေးအဖြစ် ပုံဖော်ထားပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းကို သိဖို့ ဗီဒီယိုလေးကို အခုပဲ အဆုံးထိ ကြည့်ရှုလိုက်ရအောင်ပါ။

ဒီ Video လေးကို ကြည့်ပြီး သင့်ရဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း Comment မှာ မျှဝေပေးခဲ့ပါဦး။




15/08/2026

ဖုန်းမျက်နှာပြင်တွေထက် ပိုတောက်ပခဲ့တဲ့... ကျွန်တော်တို့ရဲ့ စာမျက်နှာဟောင်းများ 📖✨

တစ်ခါတုန်းကတော့... ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုဆိုတာ ဖုန်း Screen ပေါ်မှာ မဟုတ်ဘဲ၊ ရပ်ကွက်ထဲက စာအုပ်အငှါးဆိုင်လေးတွေမှာ ရှိခဲ့ဖူးပါတယ်။

အခုလို Notification သံတွေ မကြားရသေးခင်၊ အင်တာနက်ဆိုတာ ဘာမှန်းမသိသေးခင်အချိန်တုန်းက ကျွန်တော်တို့ရဲ့ အားလပ်ရက်တွေကို စာအုပ်ဆိုင်လေးတွေကပဲ အဖော်ပြုပေးခဲ့တာပါ။

ဆိုင်ထဲဝင်လိုက်တာနဲ့ ရတဲ့ စာအုပ်နံ့သင်းသင်းလေးရယ်၊ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို တခြားသူဦးမသွားခင် အပြေးအလွှား ငှားခဲ့ရတာလေးတွေဟာ အခုပြန်တွေးရင်တောင် လွမ်းစရာကောင်းတဲ့ ပုံပြင်လေးတစ်ပုဒ်လိုပါပဲ။

Burma Productions ကနေ ဒီတစ်ခါမှာတော့ အဲ့ဒီလို ရိုးရှင်းပြီး အေးချမ်းခဲ့တဲ့ စာအုပ်အငှားဆိုင် ယဉ်ကျေးမှုလေးကို Short Animation လေးအဖြစ် ပြန်လည်ပုံဖော်ပေးထားပါတယ်။

နည်းပညာတွေကြားမှာ ပျောက်ဆုံးသွားတဲ့... အဲ့ဒီရိုးရှင်းတဲ့ ပျော်ရွှင်မှုမျိုးကို တစ်ခေါက်လောက် ပြန်ပြီး ခံစားကြည့်လိုက်ရအောင်။

ဒီဗီဒီယိုလေးကို ကြည့်ပြီး သင့်ရဲ့ ငယ်ဘဝမှာ အမြဲတမ်း ငှားဖတ်ဖြစ်ခဲ့တဲ့ စာအုပ်လေးက ဘာဖြစ်မလဲဆိုတာ Comment မှာ ပြောပြခဲ့ပါဦး။


စိတ်ကူးထဲက တောလမ်းလေးနဲ့ အိမ်ပြန်ချိန် 🌿တစ်ခါတလေကျရင်... ကျွန်တော်တို့ရဲ့ နှလုံးသားက တကယ်တမ်း တမ်းတနေမိတာဟာ တိုက်တာအဆောက...
08/08/2026

စိတ်ကူးထဲက တောလမ်းလေးနဲ့ အိမ်ပြန်ချိန် 🌿

တစ်ခါတလေကျရင်... ကျွန်တော်တို့ရဲ့ နှလုံးသားက တကယ်တမ်း တမ်းတနေမိတာဟာ တိုက်တာအဆောက်အဦးတွေကြားက လမ်းမတွေမဟုတ်ဘဲ၊ နေပြောက်လေးတွေ ကျနေတဲ့ သစ်ပင်တန်းလေးတွေကြားက အိမ်ပြန်လမ်းကလေးတစ်ခု ဖြစ်နေတတ်ပါတယ်။

မြို့ပြရဲ့ ဆူညံသံတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခဏလောက် မေ့ထားလိုက်ပါ။ မြကျေးရဲ့ ကဗျာလေးထဲကလို... မိုးဖွဲဖွဲလေးရွာရင်တောင် ထီးဖွင့်ဆောင်းဖို့ မေ့လျော့နေလောက်အောင် သစ်ပင်တွေ အုပ်မိုးထားတဲ့ လမ်းကလေးပေါ့။

တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ ချစ်ရတဲ့သူတစ်စုံတစ်ယောက်ရဲ့ လက်ကို ဆုပ်ကိုင်ထားရင်းပဲဖြစ်ဖြစ် အေးအေးလူလူ လျှောက်လှမ်းချင်စရာကောင်းတဲ့ စိတ်ကူးထဲက လမ်းကလေးကို Burma Productions ကနေ နွေးထွေးတဲ့ Illustration လက်ရာလေးတွေနဲ့ အသက်သွင်းလိုက်ပါတယ်။

အဝေးကြီး မဟုတ်ပါဘူး... သင့်ရဲ့ စိတ်ကူးတွေထဲမှာတင် ရှိနေတဲ့ အိမ်ပြန်လမ်းလေးပါ။
မြကျေးရဲ့ ကဗျာလေးကို ဖတ်ရင်း၊ Burma Productions ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း သင်ရော... ဘယ်လို အိမ်ပြန်လမ်းမျိုးကို စိတ်ကူးယဉ်မိလဲ?

ဒီပုံရိပ်လေးတွေက သင့်ကိုရော ဘယ်လိုနေရာလေးဆီ ခေါ်ဆောင်သွားသလဲဆိုတာ Comment မှာ ဝေမျှခဲ့ပါဦး။


Ethical Storytelling က NGO တွေအတွက် ဘာကြောင့် အရေးကြီးတာလဲ?ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြတဲ့အခါ တစ်ဖက်သားရဲ့ ဆင်းရဲဒုက္ခကို အ...
01/08/2026

Ethical Storytelling က NGO တွေအတွက် ဘာကြောင့် အရေးကြီးတာလဲ?

ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြတဲ့အခါ တစ်ဖက်သားရဲ့ ဆင်းရဲဒုက္ခကို အရင်းအနှီးပြုပြီး သနားစရာကောင်းအောင် ပုံဖော်တာမျိုးက ရေတိုမှာ အလှူငွေရနိုင်ပေမဲ့ ရေရှည်မှာတော့ အဖွဲ့အစည်းရဲ့ ယုံကြည်မှုကို ထိခိုက်စေသလို၊ ကာယကံရှင်ကိုလည်း ထပ်မံ ထိခိုက်နစ်နာစေပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ ဆက်သွယ်ရေးရေစီးကြောင်းမှာ အလှူရှင်တွေဟာ "ဘာတွေလုပ်ပေးလဲ" ဆိုတာထက် "ဘယ်လိုကျင့်ဝတ်နဲ့ လုပ်ဆောင်နေလဲ" ဆိုတာကိုပါ စောင့်ကြည့်လာကြပါပြီ။

Ethical Storytelling ဆိုတာ ဘာလဲ?

ဒါဟာ ရိုးရိုးရှင်းရှင်းပါပဲ။ မိမိတင်ဆက်မယ့် ဇာတ်လမ်းထဲက လူသားတွေကို "အကူအညီတောင်းခံသူ" သက်သက်အဖြစ် မမြင်ဘဲ၊ သူတို့ရဲ့ ဂုဏ်သိက္ခာ (Dignity)၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (Agency) နဲ့ လုံခြုံမှု (Safety) ကို အလေးထားပြီး တင်ဆက်ခြင်း ဖြစ်ပါတယ်။

ကျင့်ဝတ်နဲ့အညီ တင်ဆက်ဖို့ ဘာတွေလိုအပ်သလဲ?

၁။ အသိပေး သဘောတူညီချက်ရယူခြင်း (Informed Consent):

ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို ဘယ်နေရာမှာ သုံးမယ်၊ ဘယ်သူတွေ မြင်ရမယ်ဆိုတာကိုပါ သေချာရှင်းပြပြီးမှ ကာယကံရှင်ရဲ့ ခွင့်ပြုချက်ကို ယူရပါမယ်။ အထူးသဖြင့် ကလေးသူငယ်တွေဆိုရင် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူရဲ့ သဘောတူညီချက်က မဖြစ်မနေ လိုအပ်ပါတယ်။

၂။ ကာယကံရှင်ကို ဇာတ်လိုက်အဖြစ် ပုံဖော်ခြင်း (Person-Centered):

သူတို့ကို သနားစရာကောင်းတဲ့ "သားကောင်" အဖြစ် မမြင်စေဘဲ၊ ဒုက္ခတွေကြားက ရုန်းကန်ရှင်သန်နေတဲ့ "ဇာတ်လိုက်" တွေအဖြစ် တင်ဆက်ရပါမယ်။ သူတို့ရဲ့ အားနည်းချက်ကိုပဲ အသားပေးမယ့်အစား သူတို့ရဲ့ မျှော်လင့်ချက်နဲ့ ကြိုးစားမှုကိုပါ ထည့်သွင်းပုံဖော်ပေးဖို့ လိုပါတယ်။

၃။ ရေရှည်အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားခြင်း (Post-Distribution Impact):

Content တစ်ခုကို မတင်ခင်မှာ "ဒီဗီဒီယို သို့မဟုတ် ဒီဓာတ်ပုံကို နောက် ၅ နှစ်၊ ၁၀ နှစ်ကြာတဲ့အထိ အွန်လိုင်းမှာ ရှိနေတာကို ကာယကံရှင်က ဂုဏ်ယူနေပါ့မလား?" ဆိုတာကို အမြဲမေးရပါမယ်။ ကလေးငယ်တွေရဲ့ ပုံရိပ်တွေကို သုံးတဲ့အခါ သူတို့ အရွယ်ရောက်လာတဲ့အခါမှာ ဒီပုံကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ (Right to be Forgotten) ကိုပါ ထည့်သွင်းစဉ်းစားပေးရပါမယ်။

၄။ လုံခြုံမှုကို ဦးစားပေးခြင်း (Safety First):

ဘေးအန္တရာယ်ရှိနိုင်တဲ့ အခြေအနေမှာရှိသူတွေဆိုရင် သူတို့ရဲ့ မျက်နှာကို ဖုံးကွယ်ထားတာ၊ နာမည်လွှဲသုံးတာမျိုးနဲ့ လုံခြုံရေးကို အရင်စဉ်းစားရပါမယ်။ "ဇာတ်လမ်းကောင်းဖို့ထက် လူလုံခြုံဖို့" က အမြဲတမ်း ပထမပါ။

၅။ အာဏာမျှခြေကို ထိန်းညှိခြင်း (Power Dynamics & Shared Ownership):

Storytelling လုပ်တဲ့အခါ NGO သို့မဟုတ် Creator ကပဲ အကုန်ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ၊ ကာယကံရှင်ကိုပါ ဇာတ်လမ်းဖန်တီးမှုမှာ ပါဝင်ခွင့်ပေးတာမျိုးပါ။ သူတို့ပြောချင်တဲ့ စကားလုံး၊ သူတို့ပြချင်တဲ့ ပုံရိပ်မျိုးကို ဦးစားပေးခြင်းအားဖြင့် "အကူအညီပေးသူက အထက်စီးက" ဆိုတဲ့ ပုံစံမျိုးကို ဖျောက်ဖျက်ပြီး တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်ပါတယ်။

၆။ ရိုးရာစံနှုန်းနှင့် ယဉ်ကျေးမှုကို လေးစားခြင်း (Cultural Sensitivity):

ဒေသတစ်ခုနဲ့ တစ်ခုမှာ ဂုဏ်သိက္ခာနဲ့ ပတ်သက်တဲ့ အယူအဆတွေ မတူညီပါဘူး။ အချို့ယဉ်ကျေးမှုတွေမှာ ခန္ဓာကိုယ်အစိတ်အပိုင်း ပြသမှု သို့မဟုတ် အချို့သော အပြုအမူတွေက သာမန်ဖြစ်ပေမဲ့၊ အချို့ဒေသတွေမှာတော့ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ကိစ္စ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Storytelling မလုပ်ခင်မှာ ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ စံနှုန်းတွေကို သေချာ Research လုပ်ဖို့ လိုပါတယ်။

၇။ စိတ်ဒဏ်ရာကို ပြန်လည်မဖော်ထုတ်ခြင်း (Avoid Re-traumatization):

အကြမ်းဖက်ခံရသူတွေကို အင်တာဗျူးတဲ့အခါ ဇာတ်လမ်းကောင်းရဖို့အတွက် သူတို့ရဲ့ နာကျင်စရာ အတွေ့အကြုံတွေကို အသေးစိတ် ပြန်ပြောခိုင်းတာမျိုးက စိတ်ဒဏ်ရာကို ပြန်လည် နိုးကြွစေနိုင်ပါတယ်။ ဒါကြောင့် မေးခွန်းမေးမြန်းပုံကအစ "Psychosocial Support" ပေးနိုင်တဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်အတိုင်း ဆောင်ရွက်ဖို့ လိုပါတယ်။

၈။ အချက်အလက်ကို ပုံဖျက်ခြင်းမပြုရန် (Truthfulness):

ပိုပြီး စိတ်မကောင်းစရာကောင်းအောင် ဒါမှမဟုတ် ပိုပြီး ထူးခြားသွားအောင် အချက်အလက်တွေကို ချဲ့ကားတာ၊ ပုံဖျက်တာမျိုး မလုပ်ရပါဘူး။ စစ်မှန်မှု (Authenticity) ကသာ ရေရှည်မှာ အလှူရှင်တွေရဲ့ ခိုင်မာတဲ့ ယုံကြည်မှုကို ရရှိစေမှာပါ။

၉။ အကျိုးအမြတ်မျှဝေခြင်းနှင့် တာဝန်ခံမှုရှိခြင်း (Reciprocity & Feedback):

ဇာတ်လမ်းကို ရိုက်ကူးပြီးသွားရင် ကာယကံရှင်ကို အဲဒီ Content ကို ပြန်ပြဖို့နဲ့ သူတို့ရဲ့ သဘောထားကို ပြန်မေးဖို့ လိုပါတယ်။ "သူတို့ကို သုံးပြီး ကိုယ်ပဲ နာမည်ကြီးသွားတာမျိုး" မဟုတ်ဘဲ၊ ဒီဇာတ်လမ်းကြောင့် သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွက် ဘာတွေ ပြောင်းလဲလာလဲဆိုတာကိုပါ သူတို့ဆီ ပြန်လည် အသိပေးတာမျိုးက ကျင့်ဝတ်အရ အလွန်အရေးကြီးပါတယ်။

Burma Productions အနေနဲ့ နိုင်ငံတကာ NGO တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်တဲ့အခါ ဒီကျင့်ဝတ်တွေကို အလေးအနက်ထားပါတယ်။ Sensitive ဖြစ်တဲ့ အကြောင်းအရာတွေကို တင်ဆက်တဲ့အခါ Visual Storytelling ကတစ်ဆင့် ကာယကံရှင်ကို မထိခိုက်စေဘဲ Message ထိရောက်အောင် ဘယ်လို ဖန်တီးရမလဲဆိုတာကို ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

သင့်ရဲ့ Project ကနေတစ်ဆင့် လူသားတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးမယ့်၊ စစ်မှန်တဲ့ Impact တွေ ဖန်တီးဖို့ ပြင်ဆင်နေပြီလား?

ကျင့်ဝတ်နဲ့အညီ ထိရောက်တဲ့ Storytelling Content တွေ ဖန်တီးဖို့အတွက် Burma Productions ရဲ့ Chat Box ဒါမှမဟုတ် Email မှာ အခုပဲ ဆွေးနွေးလိုက်ပါ။ အတူတူ ပုံဖော်ပေးဖို့ အသင့်ရှိနေပါတယ်။

🚀 WORK WITH US
📩 Inquiries: [email protected]



25/07/2026

မိုးရေစက်တွေကြားက ရန်ကုန်မြို့ရဲ့ အမှတ်တရတစ်စွန်းတစ်စ 🌧️🌆

ဆူညံလှုပ်ရှားလှပါတယ်ဆိုတဲ့ ရန်ကုန်မြို့ကြီးတောင်... ရုတ်တရက် ရွာချလိုက်တဲ့ မိုးရေစက်တွေအောက်မှာတော့ အရှိန်အဟုန်တွေ ခဏတာ လျော့ကျသွားပြီး ငြိမ်သက်အေးချမ်းတဲ့ ကမ္ဘာလေးတစ်ခု ဖြစ်သွားတတ်ပါတယ်။

ရန်ကုန်မှာ နေဖူးသူတိုင်း၊ ဒါမှမဟုတ် ရန်ကုန်နဲ့ သံယောဇဉ် မကင်းခဲ့ဖူးသူတိုင်းအတွက် ဒီမြို့ပြကြီးဟာ နေရာတိုင်းမှာ အမှတ်တရတွေ သိပ်များတဲ့ အရပ်တစ်ခုပေါ့။

မိုးဖွဲဖွဲလေး ရွာချလာတဲ့အခါ... လမ်းမတွေပေါ်က ကားဟွန်းသံတွေ၊ အလုပ်ရှုပ်နေတဲ့ လူတွေရဲ့ သွားလာလှုပ်ရှားမှုတွေက ခေတ္တရပ်တန့်သွားသလိုပါပဲ။

လမ်းဘေးက လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်မှာ ထိုင်ရင်း မိုးခိုနေတဲ့အချိန်… ထီးအနီအပြာလေးတွေအောက်မှာ အိမ်အပြန်အပြေးအလွှား သွားနေကြတဲ့ လူအုပ်ကြီးကို ငေးကြည့်နေရတဲ့ အခိုက်အတန့်လေးတွေ၊ ကားမှတ်တိုင်တွေမှာ မိုးခိုရင်း ငေးမောနေတတ်တဲ့ ပုံရိပ်တွေဟာ ရိုးရှင်းပေမဲ့ ရင်ထဲမှာ တစ်ခုခုကို ခံစားရစေပါတယ်။

Burma Productions ကနေ ရန်ကုန်မြို့ရဲ့ အဲ့ဒီလို မိုးရွာတဲ့ နေ့တစ်နေ့ကို စိတ်အပန်းပြေစေမယ့် Short Video လေးအဖြစ် ပုံဖော်ပေးထားပါတယ်။

မိုးရေစက်တွေ လွင့်စင်နေတဲ့ ရန်ကုန်မြို့ပြကြီးကို ငေးကြည့်ရင်း... ကိုယ့်ရဲ့ အလုပ်ရှုပ်လှတဲ့ နေ့ရက်တွေကို ခဏလောက် အနားပေးလိုက်ပါ။

ဗီဒီယိုလေးကို နားကြပ်လေးတပ်၊ မိုးသံလေးကို နားထောင်ရင်း အဆုံးထိ ခံစားကြည့်ပေးပါဦး။

ပြီးတော့ မိုးရွာတဲ့ ရန်ကုန်မြို့ကြီးက သင့်ကိုရော ဘယ်လို အမှတ်တရမျိုး ဒါမှမဟုတ် ဘယ်သူ့ကို ပိုပြီး သတိရစေလဲဆိုတာ Comment မှာ အတူတူ ဝေမျှခဲ့ဦးနော်။ 🌧️🎧

🚀 WORK WITH US
📩 Inquiries: [email protected]


Burma Productions ရဲ့ Sales Team ကို ချဲ့ထွင်နေပါတယ်။ ဒီနှစ်မှာ Position ၂ ခု အသစ် ဖွင့်လှစ်ခေါ်ယူနေပါတယ် — Sales Manage...
21/07/2026

Burma Productions ရဲ့ Sales Team ကို ချဲ့ထွင်နေပါတယ်။ ဒီနှစ်မှာ Position ၂ ခု အသစ် ဖွင့်လှစ်ခေါ်ယူနေပါတယ် — Sales Manager နှင့် Senior Sales Executive။

သင်က Client တွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ပြီး UN၊ INGOs၊ Foreign Brand တွေဆီ ရင်းနှီးစွာ ချဉ်းကပ်နိုင်သူလား?

(သို့) Client အသစ်တွေကို ရှာဖွေဆက်သွယ်ရတာမှာ ကျွမ်းကျင်ပြီး ခက်ခဲတဲ့ အလုပ်တွေကိုမှ စိန်ခေါ်မှုအဖြစ် သဘောထားနိုင်သူလား?

ဒါဆိုရင် Burma Productions Sales Team မှာ သင့်အတွက် နေရာ ရှိနေပါတယ်။

ကျွန်တော်တို့အကြောင်း အကျဉ်းချုပ်

Burma Productions က ကနေဒါနဲ့ မြန်မာ နှစ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ Creative Studio တစ်ခုပါ။

ကျွန်တော်တို့ရဲ့ Client များ
- ကုလသမဂ္ဂ အေဂျင်စီများ (UN Agencies)
- နိုင်ငံတကာ NGO များ
- နိုင်ငံတကာ အဖွဲ့အစည်းနှင့် တက္ကသိုလ်များ
- Foreign Brand များနှင့် မြန်မာစီးပွားရေးလုပ်ငန်းများ

Position ၂ ခုစလုံးက ဒီ Client တွေကို ကိုယ်စားပြုရမှာဖြစ်ပြီး creative services တွေအပြင်၊ DOOH Advertising၊ Brand Activation ဝန်ဆောင်မှုတွေကိုပါ ရောင်းချရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ Sales Team ကို အောက်ပါ Position ၂ ခုနဲ့ ချဲ့ထွင်ဖို့ ရှာဖွေနေပါတယ်။

1️⃣ Sales Manager — Client တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး Deal ပိတ်ရမယ့် Senior Role

2️⃣ Senior Sales Executive — Client အသစ်တွေ ရှာဖွေဆက်သွယ်ပြီး Sales Manager အတွက် Pipeline တည်ဆောက်ပေးမယ့် Role

ဒီ Position ၂ ခုက အတူတကွ ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်ပြီး Senior Sales Executive အနေနဲ့ ကောင်းစွာ လုပ်ဆောင်နိုင်ရင် Sales Manager အဆင့်အထိ တိုးတက်နိုင်တဲ့ အခွင့်အလမ်းလည်း ရှိပါတယ်။

1️⃣ Sales Manager

လုပ်ငန်းတာဝန်များ
• UN၊ INGO၊ Foreign Brand ဆုံးဖြတ်ပိုင်ခွင့်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး Deal ပိတ်ရမည်
• Meeting၊ Networking Event များ တက်ရောက်ပြီး Burma Productions ကို ကိုယ်စားပြုရမည်
• One-time Project များကို Monthly Retainer အဖြစ် တိုးချဲ့ရန် တာဝန်ယူရမည်

လိုအပ်ချက်
• Sales/Business Development အတွေ့အကြုံ အနည်းဆုံး ၅ နှစ်
• Media/Advertising/Agency Background (သို့) INGO နှင့် အလုပ်လုပ်ဖူးသူ ဖြစ်ရင် ပိုအားသာချက်ရှိသည်

2️⃣ Senior Sales Executive

လုပ်ငန်းတာဝန်များ
• Client List များကို သုတေသနပြုပြီး ကနဦး ဆက်သွယ်မှု ပြုလုပ်ရမည်
• Client စိတ်ဝင်စားမှု ရှိ/မရှိ စစ်ဆေးပြီး Sales Manager အတွက် Meeting Setup လုပ်ပေးရမည်
• Sales Pipeline / Tracker ကို ပုံမှန် Update လုပ်ပေးရမည်
• Proposal ပြင်ဆင်ရာတွင် ကူညီရမည်

လိုအပ်ချက်
• Sales/Customer-facing Role အတွေ့အကြုံ ၃ နှစ်
• ငြင်းပယ်ခံရတာကို စိတ်မပျက်ဘဲ ဆက်လုပ်နိုင်သူ
• Detail-oriented ဖြစ်သူ
• Excel/Google Sheet အသုံးပြုနိုင်သူ

ခံစားခွင့်နှင့် လုပ်ငန်းခွင်
• ရုံးတည်နေရာ — လှိုင်မြို့နယ်၊ ရန်ကုန်
• အလုပ်ချိန် — တနင်္လာမှ သောကြာ (၅ ရက်)
• ရုံးပိတ်ရက် — စနေ၊ တနင်္ဂနွေအပြင် အစိုးရရုံးပိတ်ရက်များ
• လစာနှင့် ခံစားခွင့် — Position အလိုက် အတွေ့အကြုံနှင့် ကိုက်ညီသော လစာ + Commission/Incentive (Role နှစ်ခုအလိုက် ကွာခြားပါသည်)

လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေနဲ့ CV၊ Cover Letter နှင့် မျှော်မှန်းလစာကို [email protected] သို့ ပေးပို့နိုင်ပါသည်။

Email Subject Line မှာ ဘယ် Position အတွက် လျှောက်ထားမှန်း ရေးပေးပါ။ ဥပမာ — "Application: Sales Manager" or "Application: Senior Sales Executive"

ဇူလိုင်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားဖို့ လိုပါသည်။ Deadline အထိ မစောင့်ဘဲ စောစော လျှောက်ပေးပါ — Project အချို့ စဖို့ရှိလို့ စောစော လျှောက်တဲ့သူကို ဦးစားပေးပါမည်။

Cover Letter အတွက် အောက်ပါအချက်တွေကို မြန်မာလိုဖြစ်စေ၊ အင်္ဂလိပ်လိုဖြစ်စေ ရေးသားပေးပို့စေလိုပါသည်။

၁။ ဘာကြောင့် Burma Productions နဲ့ လက်တွဲပြီး အလုပ်လုပ်လိုတာလဲ
၂။ Burma Productions ကို ဘာတွေ ဆောင်ရွက်ပေးနိုင်လဲ
၃။ သင်ယခင်က အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ Deal တစ်ခုအကြောင်း (အကြီးဆုံး ဒါမှမဟုတ် အခက်ခဲဆုံး)

P.S. ကျွန်တော်တို့ရဲ့ ဖန်တီးမှုတွေကို ပိုမိုသိရှိလိုပါက Website Link ကို Comment မှာ ကြည့်ရှုနိုင်ပါတယ်။

Address

Yangon
11191

Alerts

Be the first to know and let us send you an email when Burma Productions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Productions:

Shortcuts

Share