
01/04/2025
#ညမိုးသောက်အရုဏ်နှင့်နေ့ (Night, Dawn & Day by Elie Wiesel)
ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် အယ်လီဝီဆယ် ၏ အကျော်ကြားဆုံး စာအုပ် ၃-အုပ် ဖြစ်တဲ့ “ည၊မိုးသောက်အရုဏ်နဲ့နေ့ ”(Night, Dawn, Day) တို့ကို
KAK Publication ရဲ့ ပွဲဦးထွက်အဖြစ် စုစည်းထုတ်ဝေခြင်းဖြစ်ပါတယ်၊၊ မူရင်းစာရေးဆရာ အယ်လီဝီဆယ်က ကလေးဘဝမှာ မိသားတစ်စုလုံး နာဇီလူသတ်စက်ရုံတွေဆီပါသွားခဲ့ပြီး တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့သူပါ။ သူ့ကိုယ်တွေ့ ကိုယ်တိုင်ခံစားမှုတွေဖြစ်လို့ အခုစာအုပ်တွေက ကမ္ဘာကျော်ပါတယ်။
တစ်အုပ်ချင်းစီက သီးခြားအဓိပ္ပာယ်ဆောင်သလို တဆက်တစပ်တည်းရှိတဲ့ အကြောင်းအရာပေါ် အခြေခံထားတဲ့စာအုပ်တွေလည်း ဖြစ်ပါတယ်။
ကမ္ဘာတွင် ယခုစာအုပ် ၃-တွဲပေါင်း ထုတ်ဝေသည့်အခါ အကြိမ်ကြိမ်ပုံနှိပ်ခဲ့ရသလို ဘာသာပေါင်း ၃၀-ခန့် ပြန်ဆိုခဲ့ရပါတယ်။
#ည
ညသည် ထိတ်လန့်ချောက်ချားဖွယ်များ၊ နာကျင်ကြေကွဲဖွယ်များ ရောပြွမ်းနေပြီး မူရင်းစာရေးဆရာ Elie Wiesel ကိုယ်တိုင် ဆယ်ကျော်သက်ဘဝတွင် ကြုံတွေ့ခဲ့ရသော ရက်စက်ကြမ်းကြုတ်သည့် နာဇီအကျဉ်းစခန်းများမှ သူ၏ရှင်သန်မှုအတွက် ကြိုးစားရုန်းကန်ခဲ့ရပုံ ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိမှတ်တမ်းတစ်ခုဖြစ်သည်။ ညသည် Auschwitz နှင့် Buchenwald အကျဉ်းစခန်းများတွင် နေ့စဉ်ကြုံတွေ့နေရသော ဖောက်ပြန်မှုများ၊ ရက်စက်မှုများကို တိတိကျကျ ဖေါ်ပြထားသည်။
1960 ခုနှစ်တွင် ပထမဆုံးထုတ်ဝေခဲ့သော စာရေးဆရာ Elie Wiesel ၏ညသည် Holocaust စာပေလက်ရာများထဲမှ ထင်ရှားသောသမိုင်းဝင်မှတ်တမ်းလည်းဖြစ်သည်။ ဆယ်ကျော်သက်အရွယ် Elie Wiesel နှင့် သူ့မိသားစုများအပါအဝင် အရှေ့ဥရောပဒေသများရှိ ရာနှင့်ချီသော ဂျူးလူမျိုးများ ၎င်းတို့၏မွေးရပ်မြေမှ ရက်စက်စွာ ပြည်နှင်ဒဏ်ခံရသည်။ Wiesel သည် သူ၏ရှင်သန်မှုအတွက် ရုန်းကန်ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရပုံများနှင့်အတူ သူနေ့စဉ်ကြုံတွေ့ခဲ့ရသော ရက်စက်ကြမ်းကြုတ်မှုများကို ဘုရားသခင်အကူအညီယူ၍ နားလည်ရန်ကြိုးစားခဲ့ရပုံများ အကြောင်းရေးသားထားပါသည်။
#မိုးသောက်အရုဏ်
Dawn သည် 1961 ခုနှစ်တွင် ထုတ်ဝေခဲ့သော Elie Wiesel ၏ဝတ္ထုဖြစ်သည်။ ည၊ အရုဏ်နှင့်နေ့တွင် ဒုတိယမြောက်ဖြစ်သည်။
Elie Wiesel ၏ ဒုတိယမြောက်လက်ရာ မိုးသောက်အရုဏ်(Dawn) သည် ည နှင့်မတူဘဲ ပို၍ဝတ္ထုပီသ ပို၍စိတ်ကူးယဉ်ဆန်သည်။ Dawn တွင် ဝတ္ထုတစ်ပုဒ်အနေဖြင့် ပို၍ စံနစ်ကျသော ဆွဲဆောင်နိုင်သော ဖွဲ့စည်းမှု ပုံစံများပါလာသည်။ယခုစာအုပ်တွင် ထပ်တလဲလဲ အသုံးပြုထားသောဆောင်ပုဒ်၏ ဥပမာတစ်ခုမှာ အတိတ်နှင့် ပစ္စုပ္ပန်ဖြစ်သည်။
အရင်တုန်းက ဂျူးတွေကို ချွေးတပ်စခန်းတွေမှာ ချုပ်နှောင်ထားခဲ့ပြီး အခုစစ်ပွဲပြီးသွားချိန်မှာ ဂျူးတွေဟာ သူတို့ရဲ့အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့ အပြင်းအထန်ကြိုးစားနေကြပါတယ်။ ဂျူးတွေဟာ ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် ဒုတိယကမ္ဘာစစ်အပြီးမှာ ဆန့်ကျင်ဘက်တွေရဲ့ တစ်ဖက်စွန်းကို ရောက်သွားကြတယ်။နောက်ထပ်အရေးကြီးတဲ့ အခြေအနေတစ်ရပ်က မုန်းတီးရေးဝါးဒီတစ်ယောက်ဖြစ်လာတာပါပဲ။ Holocustကနေ မသေဘဲလွတ်မြောက်လာသူ အခုဝတ္ထုရဲ့ အဓိကဇာတ်ကောင် အယ်လီဇာကဗြိတိသျှအုပ်ချုပ်ရေးကို လက်နက်ကိုင်ဆန့်ကျင်တဲ့ Irgunလှုပ်ရှားမှုမှာ ပါဝင်လာပြီးနောက်မှာ သူမုန်းတီးတဲ့နာဇီတွေလို ဖြစ်မှန်းမသိဖြစ်သွားရတယ်။ အရင်က နာဇီတွေရဲ့ ရွံရှာ မုန်းတီးစရာလုပ်ရပ်တွေဟာ အခုတော့ အယ်လီဇာကို ကူးစက်သွားပါတယ်။
အရုဏ်ဦးရဲ့ အဓိက အကြောင်းရင်းနှစ်ရပ်က သေခြင်းတရားနှင့် ပြည်တွင်းရေးတိုက်ပွဲဖြစ်တယ်။ စစ်ပွဲမှာ သေခြင်းတရားက လူတိုင်းကို ဝန်းရံထားပြီး လွတ်မြောက်ဖို့ မရှိသလောက်ပါ။ တတ်နိုင်သမျှ ရန်သူစစ်သားအရေအတွက် အများဆုံးကို သတ်ပစ်ဖို့က စစ်ပွဲတစ်ပွဲရဲ့ ရည်ရွယ်ချက်ပါပဲ။ဒါကရိုးရှင်းပါတယ်။ တန်ဆာခံတွေဖြစ်တဲ့ဂျွန်ဒေါ်ဆင် နဲ့ ဒေးဗစ်ဘင်မိုရှီ သေဒဏ်ကျခံရမှုက Dawn ကိုရေးသားရာမှာအရေးပါတဲ့ အခန်းကဏ္ဏဖြစ်ပါတယ်။ ဗြိတိန်တန်ဆာခံ ဂျွန်ဒေါ်ဆင် ကို ကွပ်မျက်ဖို့ တာဝန်ပေးခံထားရတဲ့ အယ်လီဇာက မသတ်မီ ကြိုပြီးအသိပေးသင့် မပေးသင့် သူ့အဖွဲ့နဲ့ငြင်းခုန်ကြတယ်။“ကိုယ့်ကိုယ်ကို မညှဉ်းဆဲနဲ့၊ ဒါက စစ်ပဲ” လို့ တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဂဒ်က ပြောတယ်။ ကွပ်မျက်ရမယ့်သူတွေက ကွပ်မျက်ခံရမယ့်သူအတွက် သူ့ကွယ်ရာမှာ သေခြင်းတရားကို ပုံစံအမျိုးမျိုး ဖွင့်ဆိုထားကြတာလည်း အခုဝတ္ထုရဲ့ အရေးပါမှုအကြောင်းအချက်တစ်ခုဖြစ်ပါတယ်။
#နေ့
Day က Night နဲ့ Dawn ပါတဲ့ အပိုင်း သုံးပိုင်းမှာ တတိယနဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။ Night က သီးခြားဆန်တယ်လို့ ပြောချင်ပြောနိုင်ပေမဲ့ Dayကတော့ Dawn ရဲ့ အဆက်ဖြစ်တာ သေချာပြောလို့ရပါတယ်။ Day မှာ ဖွင့်ဆိုချက်တွေများပေမဲ့ အဓိကကျတဲ့အကြောင်းအရာကို မြှုပ်ထားလို့ သေချာ မြင်ရမှာ မဟုတ်ဘူး။
Holocaust ဖြစ်ရပ်ဆိုးကြီးထဲကနေ ရှားရှားပါးပါး ရှင်သန်ကျန်ခဲ့သူတစ်ယောက်က သူနဲ့အစိမ်းသက်သက်ဖြစ်နေတဲ့ ပြီးတော့ ရန်လို မုန်းတီးမှုတွေပြည့်နေတဲ့ ကမ္ဘာကြီးထဲ ဘယ်လိုရပ်တည်နိုင်ပါ့မလဲ။
သူ့ကို တက္ကစီတစီးက ဖြတ်တိုက်သွားလို့ ဆေးရုံပေါ်မှာ သေမင်းနဲ့စစ်ခင်းခဲ့ရပြန်တယ်။ သူရှင်သန်ခဲ့ပေမဲ့အတိတ်တစ္ဆေရဲ့ ခြောက်လှန့်မှုကိုတော့ အမြဲတစေခံစားနေရတယ်။ချစ်သူတစ်ယောက်ရခဲ့တယ်။
ပျော်ရွှင်မှုဆိုတာ ဘာလဲ နားလည်စေချင်တာကြောင့်လား။ချစ်ခြင်းမေတ္တာကိုခံစားနိုင်ဖို့လား။
အော့ချ်ဝစ်ဇ်ပြန်လူတယောက် ဆက်ပြီးအသက်ရှင်နေတာက အဓိပ္ပာယ်ရှိရဲ့လား။ကျိန်စာသင့်နေတဲ့ ကမ္ဘာကြီးထဲမှာ မျှော်လင့်ချက်ဆိုတာကော ရှိနိုင်ပါဦးမလား။လူကြီးတွေကိုကျော်ပြီး လူသတ်ပွဲကြီးထဲက ငယ်ငယ်ရွယ်ရွယ်နဲ့ လွတ်မြောက်ခဲ့တဲ့ သူလိုလူတစ်ယောက်က အချစ်အတွက် ဒါမှမဟုတ် ဘဝအတွက် သူ့ကိုယ်သူ သတ်သေချင်စိတ်အပြင်းအထန် ဖြစ်မလာနိုင်ပေဘူးလား။
ည ရဲ့နောက်မှာ နေ့ဆိုတာ ပါလာမြဲဖြစ်သလို သေလွန်ဝိညာဉ်တွေရဲ့ နားခိုရာရင်ခွင်လည်း အသံတိတ် ပေါ်လာလေ့ရှိစမြဲပါပဲ။ ဒါသည်ပင်လျှင် ယခုဝတ္ထု (Day)ရဲ့ အနှစ်သာရ ဖြစ်ပါလိမ့်မယ်။
#ညမိုးသောက်အရုဏ်နှင့်နေ့
#တင်မောင်မြင့်
#တင့်ဇော်
စာ - 528
တန်ဖိုး - 35000 ကျပ်
စာအုပ်မှာယူလိုပါက - ➡️ m.me/289195828103500
Telegram Channel Link - https://t.me/LinLoonKhin
Viber Channel Link - https://invite.viber.com/...
စာအုပ်မှာယူရန် - https://t.me/LLKBook
အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ အပြည့်အစုံ ပို့ပေးရမှာဖြစ်ပီး ကျသင့်တဲ့ အလေးချိန်အတိုင်း ပို့ခ ကောက်ခံမှာဖြစ်ပါတယ်။
(ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် အခြားမြို့ကြီးများကို စာချစ်သူတို့ အဆင်ပြေတဲ့ Delivery များဖြင့် အိမ်အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်)
#လင်းလွန်းခင်စာပေတိုက် Page Messenger Box သို့ ပေးပို့မှာယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ စာအုပ်မှာယူပီး ၄၈ နာရီအတွင်း Delivery အပ်ပေးမှာဖြစ်ပါတယ်။
09799227891
#လင်းလွန်းခင်စာပေတိုက်
အမှတ်-တိုက်(၁၀)D၊ ပထမထပ်(ယာ)၊ လိပ်ကန်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
09420283699
092201730
09254550863.