Casa Mia

Casa Mia Netflix | Spotify | Youtube | VPN
- Since 2021
- Full Guarantee
- Service available in Myanmar, Thailand, Japan
- Messenger and Telegram 📩

30/08/2026

Spotify, Apple Music လိုချင်ရင် Casa Mia မှာ လာရောက်ဝယ်ယူနိုင်ပါတယ်နော် 💕

゚viralシ

Rental Family (2025) ————————————————————————————————————————ဒီရုပ်ရှင်လေးကိုတော့ admin အမှတ်မထင် instagram reels မှာတွေ...
26/08/2026

Rental Family (2025)

————————————————————————————————————————
ဒီရုပ်ရှင်လေးကိုတော့ admin အမှတ်မထင် instagram reels မှာတွေ့လိုက်ပြီး ထွေထွေထူးထူး သိပ်မတွေးမိဘဲ ကြည့်ဖို့ဆုံးဖြတ်လိုက်တာပါ၊ ဒါပေမဲ့ မထင်မှတ်ထားစွာဘဲ pleasantly surprised ဖြစ်ခဲ့ရပြီး တော်တော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ 🥰

လေးလေးနက်နက်ရှိပေမဲ့ စိတ်ကိုလေးလံသွားစေတဲ့ လေးနက်မှုမဟုတ်ဘဲ ပြီးသွားတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါး wholesome ဖြစ်တဲ့ခံစားချက်ကို ရစေတဲ့ ရုပ်ရှင်လေးတစ်ခုပေါ့နော်။ 🎥

Philip ဆိုတဲ့ american actor တစ်ယောက်က ဂျပန်ရောက်ပြီး ခုနှစ်နှစ်အကြာမှာ ပုံမှန်လုပ်နေကျတွေနဲ့မတူတဲ့ acting job တစ်ခုကို လုပ်ရင်းက သူကြုံရဆုံရတဲ့ မတူတဲ့ culture တစ်ခုရဲ့ mental/emotional ပိုင်းတွေကို ဘယ်လိုကိုင်တွယ်ကြသလဲဆိုတာကို ရုပ်ရှင်တောက်လျှောက်မှာ ပညာသားပါပါ ဖော်ပြထားတာပဲဖြစ်ပါတယ်။
asian တွေရဲ့ ဒီလို emotion တွေ mental health တွေနဲ့ ပတ်သက်ရင် ဖုံးချင်ဖိချင် ရင်မဆိုင်ချင်ကြတဲ့ culture ကို အတိုင်းသားကို မြင်နေရတာမို့ admin အတွက်တော့ အတိုင်းအတာတစ်ခုထိ relate လည်းလုပ်နိုင်ခဲ့တဲ့ ရုပ်ရှင်ပါ။
Plot အနေနဲ့လည်း ကြည့်နေကျ မြင်နေကျ plot တွေနဲ့သိပ်မတူဘဲ ကွဲပြားတာမို့ ကြည့်ရတာလည်းတော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ 🍿

အချိန်တစ်ခုပေးပြီးကြည့်ဖို့အတွက်တန်တဲ့ရုပ်ရှင်မို့ မကြည့်ရသေးတဲ့ သူတွေကို ကြည့်ကြည့်ဖို့အတွက် admin က highly recommend ပါတယ်နော်။ ✅

ဒီ Rental Family ရုပ်ရှင်လေးကို Hulu မှာကြည့်နိုင်ပြီး Hulu ကို Casa Mia မှာ ဝယ်ယူအားပေးနိုင်ကြောင်းလေးလည်း အသိပေးချင်ပါတယ်။ 💐
ကြည့်ပြီးသွားတဲ့သူတွေလည်း ဘယ်လိုမြင်ကြလဲ comment ထဲမှာ ပြောပေးသွားကြပါဦးနော်။ 🙌

25/08/2026

ဂျပန်မှာ The Odyssey ကြည့်ဖို့စောင့်နေကြတဲ့သူတွေရှိလား ?

Chiikawa ဘာလို့ နာမည်ကြီး? (Watch on Netflix)-----------------ဒီမေးခွန်းကတော့ ဂျပန်မှာနေထိုင်တဲ့သူတွေ တော်တော်များများ သ...
16/08/2026

Chiikawa ဘာလို့ နာမည်ကြီး? (Watch on Netflix)

-----------------

ဒီမေးခွန်းကတော့ ဂျပန်မှာနေထိုင်တဲ့သူတွေ တော်တော်များများ သိချင်မယ်ထင်ကြတဲ့ မေးခွန်းပါပဲ

Convenience store, Shopping Malls, နာမည်ကြီး clothing brand တွေတောင် chiikawa နဲ့ ပူးပေါင်းပြီး ပစ္စည်းတွေ ထုတ်ကြရတဲ့အထိ Chiikawa က ဘာလို့ ဂျပန်မှာ နာမည်ကြီးတာလဲ?

Kids TV Show လေး တစ်ခုက အသက်အရွယ်မရွေး၊ ကျားမမရွေး ကြိုက်ရလောက်တဲ့အထိ ဘာလို့ ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေတာလဲ?

1. Cute Aesthetic

ဂျပန်နိုင်ငံမှာ “Kawaii” ဆိုတဲ့ aesthetic တစ်ခုက လူတွေကြားထဲမှာ standard ဖြစ်နေတာက ဆယ်စုနှစ်တစ်ခုမက ကို ရှိနေတာကြာပါပြီ။ Chiikawa ဆိုတဲ့ animation series လေးဟာလည်း character လေးတွေကို cute ဖြစ်တဲ့ personality, appearance ကို ပေးထားပြီး ကြည့်ရှုသူတွေကို ဖမ်းစားထားတယ်လို့ ယူဆရပါတယ်။

2. Meme

Chiikawa က Merchandise ပဲ နာမည်ကြီးတာတင်မဟုတ်ဘဲ၊ TV Show မတိုင်ခင် ကနဦးဖြစ်တဲ့ Manga ကလည်း ဂျပန်မှာ နာမည်ကြီးတာကြောင့် Manga ထဲက နာမည်ကြီးတဲ့ moment လေးတွေမှာ Character လေးတွေရဲ့ မျက်နှာပုံစံလေးတွေ reaction တွေကလည်း အင်တာနက်အသုံးပြုသူတွေကြား relatable meme ဖြစ်လာတဲ့အတွက် Chiikawa ရဲ့ Popularity ကလည်း တိုးလာရခြင်း ဖြစ်ပါတယ်။

3. Relatable Darkness Beneath Cuteness

ကြည့်ရှုသူအများစုပြောကြတဲ့စကားအရဆိုရင် Chiikawa TV Show က လူသားတွေရဲ့တခြား Universe လိုပါပဲတဲ့။ လူတွေကြုံရတဲ့နေ့စဉ်အခက်အခဲတွေကို Chiikawa ထဲက Character လေးတွေလည်း ကြုံရတာမို့လို့ ကြည့်ရှုသူတွေက သူတို့လေးတွေကို ကိုယ်ချင်းစာနိုင်တဲ့အထိ ပြင်းထန်တဲ့ ခံစားချက်တွေကို ခံစားရတဲ့လို့ ဖွင့်ဟပြောဆိုထားတာကို တွေ့ရပါတယ်။

4. Accessible for Japanese Society

အပိုင်းတိုတိုလေးတွေနဲ့ ကြည့်ရတာ လွယ်ကူတာမို့လို့၊ အမြဲအလုပ်ရှုပ်နေကြတဲ့ ဂျပန်နိုင်ငံရဲ့ society အတွက် ရထားပေါ်မှာရတဲ့ အချိန်လေးမှာ ခဏအပန်းပြေ ကြည့်ရှုလိုက်ဖို့ လွယ်ကူနေတာမို့လို့ Chiikawa ရဲ့ Viewership ဟာလည်း အမြဲ ထိပ်တန်းမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

(Source: Reddit)

အားလုံးဘယ်လိုထင်ကြပါသလဲ? Comment Box လေးမှာ ပြောပြပေးသွားကြပါဦးနော် 🩵

Price List Update ‼️Casa Mia မှာ ရရှိနိုင်တဲ့ Product လေးတွေအကြောင်း သိပြီးပြီလား?Leisure items (Movie and Music streami...
14/08/2026

Price List Update ‼️

Casa Mia မှာ ရရှိနိုင်တဲ့ Product လေးတွေအကြောင်း သိပြီးပြီလား?
Leisure items (Movie and Music streaming) တွေကစလို့ VPN တင်မကပဲ Canva, Chat GPT ထိပါ ရရှိနေပါပြီ။

Full warranty, Full responsibility နဲ့ ၀န်ဆောင်မှုကြောင့် Purchase တိုင်းက စိတ်ချလက်ချဖြစ်နေမှာနော်

တန်-တန်-တန် စျေးနှုန်းတွေနဲ့ digital items တွေကို ရောင်းချပေးနေတာကြောင့် တစ်ခုခုလိုအပ်လာရင် Casa Mia ကိုသာ သတိရလိုက်တော့ 😘

VPN ချိတ်လိုက်တာနဲ့ လိုင်းကျတာတွေကင်းဝေးစေမဲ့ လိုင်းအငြိမ်ဆုံး Jump Jump VPN ———————————————————————————————————————————...
11/08/2026

VPN ချိတ်လိုက်တာနဲ့ လိုင်းကျတာတွေကင်းဝေးစေမဲ့ လိုင်းအငြိမ်ဆုံး Jump Jump VPN
—————————————————————————————————————————————————
Jump Jump VPN ကို ဘယ်လိုလူမျိုးတွေ အသုံးပြုသင့်လဲ ဆိုရင် 🤔

- VPN က ခဏခဏ ချိတ်လိုက် ပြုတ်လိုက် ဖြစ်နေတာကို စိတ်ရှုပ်တဲ့သူတွေ
- VPN ချိတ်လိုက်တာနဲ့ လိုင်းကျသွားတာမလိုချင်တဲ့သူတွေ
- လိုင်းကောင်းအောင် နိုင်ငံတွေရွေးချိတ်ပြောင်းချိတ် ခဏခဏလုပ်ရတာ စိတ်ရှုပ်သူတွေ
- ကိုယ်က ကိစ္စမရှိပေမဲ့ အိမ်ကလူကြီးတွေက လိုင်းကောင်းပြီး လွယ်လွယ်ကူကူ သုံးရတာပဲ ကြိုက်တယ်ဆိုတဲ့သူတွေ
- တစ်လချင်း တစ်လချင်း ဝယ်နေရတာကို မကြိုက်လို့ လအများတစ်ခါတည်းဝယ်ချင်သူတွေ
- အသုံးများလို့ limited amount of data နဲ့မသုံးချင်ဘဲ unlimited data နဲ့ ပြည့်ပြည့်ဝဝ ပဲသုံးချင်တဲ့သူတွေ

အပေါ်ကအချက်တွေထဲမှာ ကိုယ် ပါနေပြီဆိုရင်တော့ Jump Jump VPN ကို စမ်းသုံးကြည့်ဖို့အတွက် admin က ညွှန်းပေးပါရစေနော်။ ✅

Jump Jump VPN က wifi/sim/phone အမျိုးအစား တော်တော်များများနဲ့ အဆင်ပြေပြီး ခုနောက်ပိုင်းမှာ သုံးရတာ အတော်ချောမွေ့တဲ့ VPN လေးတစ်ခုပါ။
သူ့ရဲ့အကြီးမားဆုံး အားသာချက်ကတော့ နိုင်ငံတွေ ဘယ်နိုင်ငံချိတ်ရမလဲဆိုတာ လိုက်ရွေးနေစရာမလိုတာရယ်၊ ကိုယ့်အိမ်က wifi က လိုင်းအတော်အသင့်ကောင်းရုံနဲ့ ချိတ်လို့ရပြီး social media လောက်ကိုတော့ လိုင်းငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး သုံးလို့ရတာပါပဲ။ 🤩

Jump Jump Free Version လည်းရှိတာမို့ မဝယ်ယူခင်မှာ ကိုယ်နဲ့ အဆင်ပြေမပြေ သိရဖို့ account ဖွင့်ပြီး free နဲ့ စမ်းသုံးကြည့်ထားလို့ ရတာမို့ ဝယ်ယူပြီးမှ အဆင်မပြေဖြစ်တာမျိုးတွေလည်း မဖြစ်တော့ဘူးပေါ့နော်။
(wifi/sim data အလိုက် အချို့အချို့မှာတော့ မတူညီတဲ့ experience လေးတွေရှိနိုင်ပါတယ်၊ အဲ့အတွက်လည်း မဝယ်ယူခင်မှာ ကိုယ်သုံးမဲ့ wifi/sim ကို admin တို့ကိုပြောပြပြီး အဆင်ပြေမပြေ မေးမြန်းနိုင်ပါတယ်နော်၊ admin တို့ဘက်က အတတ်နိုင်ဆုံးကူညီဖြေကြားပေးဖို့ အသင့်ပါပဲ။ 💗)

Free နဲ့သုံးလို့ရရဲ့သားနဲ့ ဘာလို့ဝယ်နေရဦးမလဲလို့ တွေးနေပြီဆိုရင်တော့ Free က အချိန်သတ်မှတ်ချက်ရှိပြီး တစ်ခါတစ်ခါ ချိတ်ဖို့ကို ကြော်ငြာအရင်ကြည့်ရပါတယ်၊ ပြီးရင် သူ့အချိန်ပြည့်သွားတဲ့အခါ ပြုတ်သွားပြီး ကြော်ငြာတစ်ခါပြန်ကြည့်ပြီးမှ နောက်တစ်ခါပြန်ချိတ်လို့ရတာမျိုးပါ၊ လိုင်းသုံးလို့တော့ ကောင်းပေမဲ့ အလုပ်ရှုပ်တာပေါ့နော်။ 😣

အဲ့အတွက် ကြော်ငြာတွေလည်းမကြည့်ရ အချိန်သတ်မှတ်ချက်လည်းမရှိ လိုင်းငြိမ်ငြိမ်နဲ့ ချောချောမွေ့မွေ့ လွယ်လွယ်ကူကူပဲ သုံးချင်တယ်ဆိုရင်တော့ Jump Jump VPN ကို စျေးနှုန်းအသင့်အတင့်နဲ့ Casa Mia မှာ လအများတွေအထိ ဝယ်ယူလို့ရကြောင်း အသိပေးချင်ပါတယ်။ 💐

ChatGPT နဲ့ ကျောင်းသားတွေဆိုတာတော့ ဒီနှစ်အပိုင်းအခြားတွေမှာ အမြဲတတွဲတွဲကို ဖြစ်နေတာမို့ ခွဲပြီးပြောလို့ကို ရမယ်မထင်ပါဘူး...
05/08/2026

ChatGPT နဲ့ ကျောင်းသားတွေဆိုတာတော့ ဒီနှစ်အပိုင်းအခြားတွေမှာ အမြဲတတွဲတွဲကို ဖြစ်နေတာမို့ ခွဲပြီးပြောလို့ကို ရမယ်မထင်ပါဘူး။

admin ကိုယ်တိုင်လည်း ကျောင်းသားထဲက ကျောင်းသားပဲမို့ Chat ကို အားကိုးရတဲ့အချိန်တွေ အများကြီးပဲရှိတာပါပဲ။
အရင်ကတော့ Free Version ကိုပဲ အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ Plus Version က admin တို့လို မေးခွန်းတွေ အမေးများတဲ့ ကျောင်းသားတွေအတွက် တော်တော်ကို သုံးရပိုအဆင်ပြေပြီး response တွေကလည်း Free ထက် သိသိသာသာ ပိုကောင်းတာကို တွေ့ရတာမို့ Plus Version ပဲ ဝယ်ပြီးသုံးဖြစ်ပါတော့တယ်။

ဝယ်ပြီးရင် တန်လားလို့ မေးရင်တော့ ပုံမှန် ဟိုမေးဒီမေး နည်းနည်းပါးပါးပဲ မေးတဲ့သူအတွက်ဆိုရင်တော့ အရမ်းမတန်လောက်ပါဘူး။
ဒါပေမဲ့ assignment တွေများတဲ့ ကျောင်းသားတွေ၊ ပုံတွေ များများ ထုတ်ဖြစ်နေတဲ့သူတွေ၊ content idea တွေ marketing idea တွေ အမြဲစဉ်းစားနေရတဲ့ သူတွေ၊ AI အသုံးပြုခြင်းနဲ့ပိုရင်းနှီးချင်ပြီး အဲ့ဘက်အပိုင်းကို စလေ့လာမဲ့ သူတွေ အနေနဲ့တော့ တန်တယ်လို့ ပြောရပါမယ်။ ✅

ဒါကြောင့် တစ်လလောက်ဖြစ်ဖြစ် စမ်းသုံးကြည့်ကြနော်၊ စမ်းသုံးပြီးရင်တော့ Free ကို ပြန်သွားချင်ကြတော့မယ် မထင်ဘူး။ 🤓
အကယ်၍ Free ပဲသုံးနေရာကနေ Plus ပြောင်းဝယ်ရင်ကောင်းမလား စဉ်းစားနေခဲ့တာဆိုရင် ဒီ post ကို တွေ့လိုက်တာ yes, it’s a sign for you to upgrade လို့သာ တွေးလိုက်ပါ။ 😜

ChatGPT plus ကို error ကင်းကင်း စိတ်ချချနဲ့ အသုံးပြုချင်တယ်ဆို Casa Mia မှာ စျေးနှုန်းအသင့်အတင့်နဲ့ ဝယ်ယူနိုင်ပါကြောင်းလေးလည်း အသိပေးချင်ပါတယ်။ 💐

နှစ်စဉ်နှစ်တိုင်း နှစ်ကုန်ပိုင်းမှာ Spotify user တွေစောင့်မျှော်နေရတဲ့ feature တစ်ခုရှိပါတယ်၊ အဲ့တာကတော့ Spotify Wrapped...
26/07/2026

နှစ်စဉ်နှစ်တိုင်း နှစ်ကုန်ပိုင်းမှာ Spotify user တွေစောင့်မျှော်နေရတဲ့ feature တစ်ခုရှိပါတယ်၊ အဲ့တာကတော့ Spotify Wrapped ပါပဲ။ Spotify Wrapped က ဘာလဲဆိုတာကို လွယ်လွယ်ပြောရရင်တော့ ကိုယ့်ရဲ့တစ်နှစ်တာကို ဘယ် artist တွေ ဘယ်လို သီချင်းတွေ ဘယ်လို ခံစားချက်တွေက စိုးမိုးခဲ့လဲဆိုတာကို ပြန်မြင်သိစေနိုင်မဲ့ stats တွေအပြင် တစ်နှစ်လုံးရဲ့ Your Top Songs ဆိုတဲ့ playlist တစ်ခုကိုပါ create ပေးတဲ့ feature တစ်ခုပဲဖြစ်ပါတယ်၊ ကိုယ့်ကို evidence နဲ့တကွ expose လုပ်တာပေါ့လေ။ 🤣

လွန်ခဲ့တဲ့ မေလထဲမှာတော့ Spotify က သူ့ရဲ့ နှစ် ၂၀ ပြည့်အနေနဲ့ Spotify Wrapped လို တစ်နှစ်တည်းရဲ့ stats တွေကိုပြတာမျိုးမဟုတ်တော့ဘဲ Spotify 20 ဆိုပြီး ကိုယ့်ရဲ့ Spotify listening journey တစ်လျှောက်လုံးက နှစ်တွေအကုန်ပေါင်းထားတဲ့ stats အချို့ကို ပြန်ပြပေးခဲ့တဲ့အပြင် Your All-Time Top Songs ဆိုတဲ့ Playlist ကို user တွေအတွက် create လုပ်ပေးခဲ့ပါတယ်။

အဲ့ထဲမှာ ကိုယ့်ရဲ့ Spotify အသုံးပြုလာတဲ့ သက်တမ်းတလျှောက်နားထောင်ခဲ့တဲ့ Top 120 song tracks ပါမှာဖြစ်ပြီး ဘယ်သီချင်းကို ဘယ်နှခေါက်နားထောင်ခဲ့ပြီးပြီ ဆိုတာက အစ ပါ ပါတယ်။

admin တော့ အဲ့ playlist ကိုပြန်ကြည့်ရတာ ကိုယ့်ဘဝရဲ့ era တွေကို ပြန်မြင်ရသလိုပါပဲ။
ဒီသီချင်းလေးကတော့ ဘယ်သူ recommend ပေးခဲ့တာ၊ ဒီသီချင်းကတော့ ဘယ်သူ့အတွက် ရည်ရွယ်ခဲ့တာ၊ ဒီသီချင်းကတော့ တော်တော်ကြေကွဲနေတုန်းက ဆက်တိုက်နားထောင်ခဲ့ရတာ စသည်စသည် အစုံအစုံ ပြန်တွေးမိစေခဲ့ပါတယ်။
ဒါ့အပြင် ဘယ်နှခေါက်နားထောင်ထားတယ် ဆိုတာပါ မြင်ရတော့ ဟယ် ဒီသီချင်းကို ဒီလောက်နားထောင်ခဲ့တာလား ဆိုပြီးလည်း ဖြစ်ခဲ့ရပါသေးတယ်။

တခြား stats တွေကတော့ save ထားလို့မရပေမဲ့ playlist လေးကတော့ add to your library လုပ်ပြီး သိမ်းထားလို့ ရတာမို့ admin တော့ သိမ်းထားပြီး အခုထိ ပြန်နားထောင်ဖြစ်ပါတယ်။
playlist ထဲမှာ အရင်က ကိုယ်တော်တော်နားထောင်ခဲ့ပြီး အခုနောက်ပိုင်း နားမထောင်ဖြစ်တော့တဲ့ သီချင်းတွေလည်း ပါတာမို့ it’s like walking down a memory lane ပါပဲ။ 💗

အဲ့ playlist ရှိတာ မသိသေးရင် Search bar မှာ Spotify 20 လို့ရှာကြည့်ကြနော်၊ Playlist name ကတော့ Your All-Time Top Songs ပါ။ ✨

သီချင်းတွေကို interruption မရှိဘဲ နားထောင်ချင်တယ်ဆို Casa Mia မှာ Spotify, Youtube Music စသည်များ စျေးသက်သက်သာသာနဲ့ ဝယ်ယူလို့ရကြောင်းလေးလည်း အသိပေးချင်ပါတယ်။ 💐


Spotify မှာ ဘယ် Artist တွေကို နားထောင်ကြတာ အများဆုံးလဲ? ဘယ်သီချင်းတွေကို နားထောင်ကြတာ အများဆုံးလဲ? ဒီပုံနှစ်ပုံမှာ ကြည့်...
22/07/2026

Spotify မှာ ဘယ် Artist တွေကို နားထောင်ကြတာ အများဆုံးလဲ?
ဘယ်သီချင်းတွေကို နားထောင်ကြတာ အများဆုံးလဲ?

ဒီပုံနှစ်ပုံမှာ ကြည့်ကြနော် .. ကိုယ့်ရဲ့ Fav artist က ဒီထဲမှာ ပါပါ မပါပါ၊ ဘယ်လို Music taste ပဲ ဖြစ်ဖြစ် It doesn't matter

ကဲ Spotify ကို နားထောင်ချင်ရင်တော့ Admin တို့ Casa Mia လေးမှာ Spotify ကို စျေးတန်တန်နဲ့ လာရောက်ဝယ်ယူနိုင်ပါတယ်။

Address

No. 229
Yangon
10201

Telephone

+959976059509

Website

Alerts

Be the first to know and let us send you an email when Casa Mia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Casa Mia:

Shortcuts

Share