MWA

MWA Own's Business

other : ပိုက်ဆံ ချေးဦး😇me :
12/03/2025

other : ပိုက်ဆံ ချေးဦး😇
me :

မိမိ၏ တီဗွီ၊ ဖုန်း Screen ပေါ်မှာ ကြော်ငြာများ လုံးဝမပါဝင်ဘဲ ရှင်းရှင်းလင်းလင်း ရုပ်ထွက် အကြည်နဲ့ ဘောလုံးပွဲ၊ နိုင်ငံတကာ...
15/09/2024

မိမိ၏ တီဗွီ၊ ဖုန်း Screen ပေါ်မှာ ကြော်ငြာများ လုံးဝမပါဝင်ဘဲ ရှင်းရှင်းလင်းလင်း ရုပ်ထွက် အကြည်နဲ့ ဘောလုံးပွဲ၊ နိုင်ငံတကာ ရုပ်ရှင် ဇာလမ်းတွဲ (မြန်မာစားတန်းထိုး) သတင်း နှင့် ဖျော်ဖြေရေး ကဏ္ဍပေါင်းစုံပါဝင်တဲ့ M Sub ကို ကြည့်လို့ရပါပြီ

---

M Sub မှာ Premier League အပါအဝင် ဘောလုံးပွဲတွေ တိုက်ရိုက် ကြည့်ပြီး သက်တမ်းတိုးဖို့ ရနိုင်ပြီ

ဘောလုံးချစ်သူတွေအတွက် သတင်းကောင်းပါရစေ! M Sub ကနေ လစဉ်ကြေးသွင်းပြီး အကောင်းဆုံး ဘောလုံးပွဲကြီးတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီဖြစ်တဲ့အပြင် သက်တမ်းတိုးဖို့ အခွင့်အလမ်းလည်း ရရှိနိုင်ပါပြီ။

Premier League အပါအဝင်, La Liga, Serie A စတဲ့ အထင်ကရ ဘောလုံးပြိုင်ပွဲတွေနဲ့အတူ နေ့စဉ်စိတ်ဝင်စားဖွယ်ရာ အားကစားပွဲများကို M Sub ကနေ အချိန်နှင့်တပြေးညီ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ။
ပွဲချိန်မှာ နောက်ကျသွားမှာ စိုးရိမ်စရာမလိုတော့ပဲ M Sub လစဉ်ကြေးသွင်းပြီး နေ့စဉ်ပွဲစဉ်တိုင်းကို မိမိရဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ တီဗီတွေကနေ လွယ်ကူစွာ ကြည့်ရှုခံစားနိုင်ပါပြီ။

ထို့ပြင် သက်တမ်းတိုးခြင်းကိုလည်း အလွယ်တကူ လုပ်ဆောင်နိုင်တာကြောင့် သင်ကြိုက်နှစ်သက်တဲ့ ပွဲတွေကို လက်လွှတ်မခံရအောင် အချိန်မရွေး အကောင်းဆုံးအခွင့်အလမ်းတွေနဲ့ အတူရယူနိုင်မှာပါ။

---

Premier League စတဲ့ အားကစားပွဲတွေကို တိုက်ရိုက်ကြည့်ရှုဖို့အတွက် ဒီည ဘယ်ပွဲကြည့်မလဲ? M Sub ကနေ အကောင်းဆုံး မက်ရှ်တွေကို မလွတ်တမ်း အကောင်းဆုံးစျေးနှုန်းနဲ့ ရယူကြည့်ရှုလိုက်ပါ!

ဝယ်ယူလိုပါက 09774415364 (Viber)
Telegram
https://t.me/+02WclrhPrTc5NTY9

M-Sub Movie Application သည် မြန်မာစာတန်းထိုးနဲ့အတူ နိုင်ငံတကာဇာတ်ကားများကို ကြည့်ရှုနိုင်သော နာမည်ကြီး entertainment app...
11/09/2024

M-Sub Movie Application သည် မြန်မာစာတန်းထိုးနဲ့အတူ နိုင်ငံတကာဇာတ်ကားများကို ကြည့်ရှုနိုင်သော နာမည်ကြီး entertainment app တစ်ခုဖြစ်ပါတယ်။ ဒီ app ရဲ့ အထူးစွမ်းဆောင်ရည်များထဲမှာ ဘောလုံးပွဲများကို တိုက်ရိုက်ကြည့်ရှုနိုင်ခြင်း၊ နိုင်ငံတကာဇာတ်လမ်းတွဲများ၊ ဇာတ်ကားများကို ကြော်ငြာမပါဝင်ဘဲ တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်ခြင်းတွေပါဝင်ပါတယ်။

အထူးသဖြင့် ဘောလုံးပွဲ Live တွေကို တိုက်ရိုက်ကြည့်ရှုချင်သူများအတွက် M-Sub Movie Application ဟာ အထူးအဆင်ပြေပါတယ်။ တစ်ကမ္ဘာလုံးမှာ ကျင်းပနေတဲ့ အရေးကြီးသော ဘောလုံးပွဲများကို တိုက်ရိုက်ပြသပေးနိုင်တဲ့ အပြင်၊ တီဗွီကြော်ငြာများမပါဝင်ခြင်းကြောင့် ကြည့်ရှုသူများအနေဖြင့် ပွဲကြီးများကို အဆင်ပြေပြေ စောင့်ကြည့်နိုင်မှာပါ။

နောက်ထပ်အားသာချက်အနေနဲ့ ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေမှာ မြန်မာစာတန်းထိုးပါဝင်ခြင်းက မြန်မာပြည်သူတွေအတွက် အလွန်အသုံးဝင်ပြီး ကမ္ဘာအနှံ့ရှိ ပရိသတ်တွေအတွက် မတူညီသော ဘာသာစကားများကို နားလည်နိုင်ရန် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် M-Sub ရဲ့စွမ်းဆောင်ရည်တွေထဲမှာ ကြော်ငြာမပါဝင်ခြင်းကြောင့် အချိန်မပျက် အစမှ အဆုံးထိ ပျော်မွေ့စွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

M-Sub Movie Application ဟာ ဖုန်းနဲ့ တီဗွီ OS အစုံ အသုံးပြုနိုင်တဲ့ app တစ်ခုဖြစ်ပြီး၊ မိမိတို့၏ ဖုန်းနဲ့ Smart TV တို့မှာ သက်ဆိုင်ရာ OS အလိုက် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ မည်သည့်ပလက်ဖောင်းပဲဖြစ်ဖြစ် အမြင့်မားဆုံး resolution နဲ့ လျင်မြန်စွာ စတင်ကြည့်ရှုနိုင်တာကြောင့် entertainment ကို အဆင်ပြေပြေခံစားနိုင်စေမှာပါ။

Supported OS တွေမှာ:

Android OS: Android phone များ၊ Android TV များစွာတွင် install လုပ်၍ အသုံးပြုနိုင်ပါတယ်။ ဖုန်းပေါ်မှာလည်း ဂရုစိုက်စရာမလိုဘဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။

iOS: iPhone နဲ့ iPad အသုံးပြုသူများအတွက်လည်း iOS version ရရှိနိုင်ပါသည်။ Apple မှာ download လုပ်ပြီး အချိန်တိုအတွင်း အချိန်နှင့်တပြေးညီ စတင်ကြည့်ရှုနိုင်ပါတယ်။

Smart TVs (Android TV ): M-Sub Movie Application ကို Android TV, စတဲ့ Smart TV မျိုးစုံမှာလည်း install လုပ်နိုင်ပါတယ်။ Remote control အသုံးပြုရလွယ်ကူပြီး၊ TV screen အပေါ်မှာ မြန်မာစာတန်းထိုးနဲ့ကြည့်ရှုချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

Web Browsers: M-Sub ကို တိုက်ရိုက် website မှတဆင့် browser ပေါ်မှာလည်း ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် ကြိုက်တဲ့ device အမျိုးမျိုးပေါ်မှာ အချိန်တိုအတွင်း entertainment ရရှိနိုင်စေပါတယ်။

ဒီ Application ဟာ User-friendly ဖြစ်စေဖို့ mobile devices နဲ့ Smart TV အမျိုးမျိုးကို အထူးသက်သာစွာ စိတ်ကြိုက် အသုံးပြုနိုင်အောင် စီစဉ်ထားတာကြောင့် သုံးစွဲသူတွေအနေဖြင့် မည်သည့်ပလက်ဖောင်းပေါ်ပဲဖြစ်ဖြစ် အရည်အသွေးမြင့်သော အတွေ့အကြုံကို ရရှိနိုင်မှာပါ။

ဆက်သွယ် ဆုံစမ်းလိုပါက
Page Chat Box
Viber 09774415364
Telegram
https://t.me/+02WclrhPrTc5NTY9

မြင်နေရလို့ မချစ်နိုင်တာပေါ့ မောင်လေးရယ်😁
04/03/2024

မြင်နေရလို့ မချစ်နိုင်တာပေါ့ မောင်လေးရယ်😁

05/02/2024

Shine- ကျေးဇူးပါကွယ်

အညာသားဖြစ်၍လားမသိ။ ကျွန်တော်သည် နွေဆန်းလျှင် အညာကိုလွမ်း တတ်လေသည်။ အညာကိုအလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြ...
04/02/2024

အညာသားဖြစ်၍လားမသိ။ ကျွန်တော်သည် နွေဆန်းလျှင် အညာကိုလွမ်း တတ်လေသည်။ အညာကိုအလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့် ကျော်လောက်အချိန်အထိ ဖြစ်ပါသည်။ တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို့တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်းမချမ်း။ “ဆောင်းကျွတ်လုပြီ။ နွေရာသီ လည်း၊ မပီတတ်သေး၊ ဝိုးဝါးထွေးလျက်”နေသော စပ်ကူးမတ်ကူးအချိန်ကလေး။ ထိုအချိန်သည် နွေနတ်သမီးက မြူဇာပဝါပါးပါးကို နေလှန်းချိန်။ ကျေးငှက်ကိုယ်စားလှယ်အဆင့်ဆင့်တို့၏ နှစ်ပတ်လည်ကွန်ဖရင့်။ ဂီတမိခင်က သြဥငှက်ကို ဒိုရေမီဖာစ၍ သင်ပေးခါစ။ ဆက်ရက်ကထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲဆောက်နေဆဲ။

ထန်းဆော်လေက ထန်းပင်များကြားတွင် လျှောက်လည်ကာ လေချွန်သံ ကို လိုက်ရှာနေချိန်။

မြေပဲတောင့်က မြေပဲကောက်သူတို့၏ လက်ညိုညိုများကိုရှောင်တိမ်းကာ ယာခရိုးတွင် တူတူပုန်းလျက်။

ရုက္ခဗေဒက ကလေးတို့ကို ဆီးသီးဝေချိန်။ သဇင်ကြွင်းက ဖန်ခွက်ထဲမှ နောက်ဆုံးနှင်းစက်ကို အငမ်းမရ မော့နေဆဲ။ ကျေးဖိုက ကျေးမ၏မီးနေခန်းနားတွင် တရစ်သီသီ။

နှစ်ပတ်လည်လှေပြိုင်ပွဲဝင်မည့် ယောက်မက ထမင်းနဲအိုးထဲတွင် လှော် တက်လေ့ကျင့်ခန်းဆင်းစ။ အင်ကြင်းနီ အပျိုပေါက်က နှုတ်ခမ်းဆိုးဆေးကို မဆိုး တတ်ဆိုးတတ် ဆိုးလျက်။

အပြင်ခန်းသို့ ထွက်သွားသော နေလူပျိုသိုးသည် အတွင်းခန်းသို့ဝင်ရန် အီကွေတာခါးပန်းကို ကျော်နေဆဲ။

ကောင်လေးများက ထရိုက်ဇာ ဆွယ်တာပါးပါးလှလှကလေးများကို ခေါက်သိမ်း၍ ပရုတ်လုံးထည့်လျက်။

ပက်ကြားအက်နေသော အပျိုမလေး၏ပါးပြင်တွင် ဂလစ်ဆရင်း အလှဆီ ပြယ်ကာစ။

တစ်နှစ်လုံး အလေလိုက်နေသော မာဃကြယ်သည် အချစ်ဦးစန္ဒာဆီကို မျက်နှာငယ်ကလေးဖြင့် ပြန်ကပ်ချိန်။

ကောက်လှိုင်းစီးက သူ့စင်ပေါ် တက်ခွေပြီး သူ့တလင်းကို လွမ်းလွမ်းဆွေး ဆွေးကြည့်လျက်။

ကျောင်းပြေးက မှတ်စုစာအုပ်ငှားပြီး စိန္တိတကထာ ၄၇ ကို ပုံဆွဲတုန်း။ ညားကာစ ဇနီးမောင်နှံက စိတ်ကောက်ပြီး သူတို့ခုတင်ပေါ်မှ ဆင်းသွား သော အချမ်းဓာတ်ကို အိပ်ခန်းထဲတွင် လိုက်ရှာနေစဉ်။

ပြက္ခဒိန်ဟောင်းက ဘော်တယ်ကုလား၏ ဂုန်အိတ်ထဲတွင် လိုက်သွားပြီး တစ်ရွက်လှန်ထားသော ပြက္ခဒိန်သစ်က နံရံပေါ်တွင် အပြုံးလဲ့လဲ့။

ပြင်ဦးလွင်မြို့မှ ဆင်းလာကာစ စတော်ဘယ်ရီသီးက ထင်းရှူးသေတ္တာ ကြားထဲမှနေပြီး ရေခဲသေတ္တာထဲက နို့စိမ်းဘူးကို စောင်းကြည့်နေဆဲ။

တမာပင်က ဝတ်လစ်စလစ်ချွတ်ချလိုက်ပြီး မလုံ့တလုံ ရွက်နုကို ခြုံနေဆဲ။

ကျွန်တော်သည် တပို့တွဲကုန် တပေါင်းအကူး အညာကို လွမ်းနေသည်။ နွေဆန်းလျှင် သည်လိုပင် အညာကို ကျွန်တော်လွမ်းတတ်ပါသည်။ စိတ်ကုသမား တော်တို့က နွေလွမ်းဝေဒနာဟု ရောဂါစစ်တမ်းပေးလိမ့်မည်ထင်သည်။ အညာ သားက အညာကို လွမ်းခြင်းဖြစ်သည့်အတွက် အိမ်လွမ်းဝေဒနာဟုလည်း ခေါ်နိုင်

လိမ့်မည်ထင်ပါ၏။ ပြောခွင့်ရပုဂ္ဂိုလ်မဟုတ်သည့်အတွက် သူများတွေအတွက်တော့ ကျွန်တော် မပြောတတ်။ ကျွန်တော့်အဖို့မူ တမာနုချိန်သည် အညာနွေဦး၏ နိမိတ်ပုံ၊ အညာ နွေ၏ အလင်္ကာ။

တစ်နှစ်၌ ကျွန်တော်သည် နွေဦးပေါက်ကာစ တပို့တွဲလဆန်းတွင် အညာ သို့ပြန်ရောက်သွားသည်။ ချမ်းမြညနှင့် ပူအိုက်နေ့ကို တစ်လှည့်စီ ကြုံရသည်။ သို့ရာတွင် တပို့တွဲညများသည် ခိုက်ခိုက်တုန်အောင်လည်း မချမ်းတော့။ တပို့တွဲ နေ့များသည်လည်း ပူလောင်လောင်မဖြစ်သေး။ နေလို့ကောင်းရုံ၊ လမ်းလျှောက်လို့ ကောင်းရုံ၊ အိပ်လို့ကောင်းရုံ၊ စားလို့ကောင်းရုံသာဖြစ်သည်။ ကျွန်တော် ရောက်နေစဉ် အမေသည် ကျွန်တော်ကြိုက်တတ်သော အညာဟင်းတစ်ခွက်ကို ချက် ကျွေးသည်။ အခြားမဟုတ်ပါ။ အမဲခြောက်ကို ခရမ်းချဉ်သီးနိုင်နိုင်၊ ငရုတ်သီးနိုင် နိုင်ထည့်၍ ဆီးသီးဖြင့်ချက်သော စပ်ချဉ်ဟင်း ဖြစ်ပါသည်။ အမေသည် ထိုဟင်း နှင့် လွန်စွာလိုက်ဖက်သော အတို့တစ်မျိုးကိုလည်း ပြင်ဆင်ပါသည်။ ထိုအတို့မှာ တမာရွက်ဖြစ်ပါသည်။ တမာချဉ်ဟု ရန်ကုန်ကခေါ်သော ကုလားတမာရွက်ကြမ်း များကို မန်ကျည်းသီးဖြင့်ပြုတ်ထားသည့်အရာမျိုးမဟုတ်။ မြန်မာတမာ၊ တော တမာဟု ခေါ်ကြသော တမာရွက်နုနုကလေးများကို အခါးပေါ့အောင် ရေနွေးဖြင့် ဖျောထားသည့် တမာရွက်တို့ ဖြစ်ပါသည်။

တမာတွေ ဘယ်နှစ်မျိုးရှိသည်ကို ကျွန်တော်မသိပါ။ ရေတမာ၊ ကုလား တမာ၊ တောင်တမာ၊ သင်္ဘောတမာ၊ တောတမာ၊ မြန်မာတမာ စသဖြင့် အမျိုးမျိုး ခေါ်ကြပါသည်။ အညာတွင်မူ တမာရွက်တို့စားလျှင် မြန်မာတမာ ခေါ် တောတမာ ကို တို့စားတတ်ကြသည်။ အခြားတမာများကိုမူ တို့စားခြင်းမရှိပါ။

ရန်ကုန်တွင်ဖြစ်စေ၊ အောက်အရပ်တွင်ဖြစ်စေ ကျွန်တော် ရောက်လေရာရာ တွင် တမာပင်ကို လိုက်ရှာတတ်ပါသည်။ သို့ရာတွင် ဆယ်ပင်လျှင် တစ်ပင်မျှပင် တမာကို မတွေ့ရပါ။ တမာသည် အပူပိုင်းတွင်သာ ပေါက်သည့်အပင်ဖြစ်သော ကြောင့် ရှားပါးနေခြင်းဖြစ်ပါသည်။

ကျွန်တော်တို့အညာတွင်မူ တမာပင်ကို ရှောင်၍မလွတ်ပါ။ ကျွန်တော်တို့ မြို့အဝင်တွင် အင်္ဂလိပ်လက်ထက်ကစိုက်ထားခဲ့သော တမာတန်းရှိပါသည်။ ပခုက္ကူသို့အထွက် ပေတစ်ရာလမ်းတစ်လျှောက်တွင် တမာပင်တွေကိုချည်း တန်းစီ စိုက်ထားသည်။ တော်တော်နှင့်မဆုံးနိုင်။ နှစ်မိုင်သုံးမိုင်လောက်တော့ ရှိမည်ထင် သည်။ ငယ်ငယ်တုန်းက ကျွန်တော်တို့တစ်တွေ ကျောင်းပြေးလျှင်လည်း တမာ တန်းကိုပြေးကြသည်။ တမာသီးတွေ လှိုင်လှိုင်ပေါသည့် ကဆုန်၊ နယုန်သို့ရောက် လျှင် တမာပင်တွေပေါ်တက်ပြီး တမာသီးတွေကိုခူးကာ စစ်တိုက်တမ်း ကစားကြ သည်။ တမာသီးကလည်း ပေါသလားမမေးနှင့်။ တစ်ပင်တစ်ပင်ကို တင်းပေါင်း ဆယ်ရာချီ၍ရသည်။ စက်မှုလုပ်ငန်းသာ ဖွံ့ဖြိုးလျှင် အညာက တမာပင်များသည် အလွန်အဖိုးတန်သော ဓာတုဗေဒကုန်ကြမ်းပစ္စည်းများ ဖြစ်လာပေလိမ့်မည်။ သင်္ကြန်ကျခါနီးသည်နှင့် တမာပန်းတွေ ပွင့်ကြလေပြီ။ တမာပန်းရနံ့သည် နည်းနည်းတော့ ရိုင်းသည်ဟု ကျွန်တော်ထင်သည်။ သို့ရာတွင် နံစော်သော ပန်း ဟူ၍ လောကတွင်မရှိ။ ထို့ကြောင့် တမာပန်းရနံ့သည်လည်း ရိုင်းသည့်အတိုင်း

မွှေးမြဲတော့ မွှေးပါသည်။ အတာအိုးထိုးလျှင် အမေက တမာခူးခိုင်းလေ့ရှိသည်ကို

ကျွန်တော် သတိရမိပါသည်။

ကျွန်တော်တို့မြို့က တမာပင်တန်းဘေးတွင်ခံပင်၊ခံစပ်ပင်တွေပေါက်နေသည့် တောင်ကုန်းကလေးတွေ ရှိသည်။ ထိုတောင်ကုန်းကလေးများပေါ်က ချုံကလေးများတွင် ဇွေ့တို့၊ ဗွတ်ဖင်နီတို့၊ ဗွတ်ကလုံတို့ ခံစ စသည့်ငှက်ကလေးတွေ နေတတ်ကြသည်။ ထိုငှက်ကလေးများသည် အပင်မြင့်ကြီးများတွင် အသိုက်မလွ ဘဲ ပင်နိမ့်ကလေးများတွင် အသိုက်လုပ်တတ်ကြပါသည်။ တမာတန်းက တမာ ပင်တွေမှာ စစ်တိုက်တမ်း ကစားပြီးသည်နှင့် ကျွန်တော်တို့သည် ခံစပ်ကုန်းသို့ သွား၍ ဗွတ်ဖင်နီကလေးများ၊ ဗွတ်ကလုံကလေးများကို ဖမ်းတတ်ကြသည်။ စွတ် ကလုံ၊ ဗွတ်ဖင်နီတို့ ဥချိန်မှာလည်း တပို့တွဲလဖြစ်သည်။ ကျွန်တော်သည် တစ်ခါ တွင် ဗွတ်ကလုံတစ်ကောင်ကို မိလာခဲ့ပါသည်။ အသိုက်ထဲတွင် ဥအုနေစဉ် ဖမ်း လာခဲ့ခြင်းဖြစ်ပါသည်။ ဗွတ်ကလုံသည် တေးဆိုသောငှက်မျိုးဖြစ်၍ အင်္ဂလိပ်တို့က Bulbul ဟု ခေါ်ကြပါသည်။ ကျွန်တော်ဖမ်းလာသည့် ဗွတ်ကလုံငှက်မကလေး မှာ အိမ်ရောက်၍ လှောင်အိမ်ထဲ ထည့်ထားလိုက်သောအခါတွင် တေးဆိုခြင်းမပြု တော့ပါ။ မကြာမီ သေသွားပါသည်။ သစ်သီးဝလံစသည်တို့ကို ကျွေးသော်လည်း ကောင်းစွာမစားတော့ပါ။ လွတ်လပ်မှုကို ဆုံးရှုံးပြီး သဘာဝမကျစွာဖြင့် နေရသ ဖြင့် စိတ်ညစ်ပြီး သေသွားဟန်တူပါသည်။

ကျွန်တော်တို့မြို့အဝင်က တမာတန်းနှင့် ပတ်သက်၍ ကျွန်တော့်တွင် သတိရစရာတွေ ရှိပါသေးသည်။ မြိုင်က အဓိကရ ဘုရားပွဲကြီးတစ်ပွဲဖြစ်သည့် ရွှေမြင်တင်ဘုရားပွဲသည် ကဆုန်လဆန်း ၈ ရက်နေ့လောက်စပြီး ကဆုန်လပြည့် အထိ ကျင်းပတတ်သည်။ ရွှေမြင်တင်ဘုရားပွဲဈေးကြီးသည် ထိုတမာတန်းတွင်ပင် ခင်းကျင်းတတ်ရာ ကျွန်တော်တို့တစ်သိုက်သည် တမာတန်းကို နေ့တိုင်းရောက်နေ ကြသည်။ ဘုရားပွဲဈေးမစခင်ကတည်းက တောကလာသည့် ဈေးသည်တွေ ပြည့် နေလေပြီ။ ထိုဈေးလှည်းများတွင် ထွန်တုံး၊ ခွတ်သန်၊ ဝါး၊ ဖျာ၊ မန်ကျည်း၊ ထန်းလျက်၊ ပဲ၊ ပြောင်းဆံ၊ ကြိမ် စသည့် လယ်ယာနှင့် သစ်တောထွက်ပစ္စည်းတွေ ပါလာတတ်သည်။ မြို့ကလာသည့် ဈေးလှည်းများမှာ အထည်အလိပ်၊ အလှ ကုန်ပစ္စည်း၊ အဖျော်ယမကာ၊ အိမ်တွင်းဖြစ်အလှအပပစ္စည်း၊ ငါးပိငါးခြောက်စ သည့် ကုန်ခြောက်ပစ္စည်းများ ပါလာတတ်ပါသည်။ တောဘုရားပွဲသည် မြို့နှင့် တောတို့၏ ပေါင်းဆုံရာနေရာတစ်ခုဖြစ်ပါသည်။ ကျေးလက်နှင့် မြို့ပြတို့ တွေ့ဆုံ စည်းဝေးပွဲဖြစ်ပါသည်။ စက်မှုလုပ်ငန်းအသေးစားနှင့် လယ်ယာတို့ ဈေးကွက်ပြိုင် ရာလည်းဖြစ်ပါသည်။

နောက် သတိရနေသေးသည့် ရှုခင်းမှာ တမာတန်းနားက တမာပင်တစ် ပင်ပေါ်တွင် မိန်းကလေးတစ်ဦး ကြိုးဆွဲချ၍ သေနေသည့် ရုပ်ပုံဖြစ်သည်၊ထိုမိန်းကလေး၏ အမည်ကို ကျွန်တော် မမှတ်မိတော့။ ထိုစဉ်က ကျွန်တော်က. ဆယ်နှစ်သားအရွယ်၊ မိန်းကလေးက အသက် ၁၈ နှစ်၊ ၁၉ နှစ်အရွယ်။ မိန်းက လေးသည် အရာရှိတစ်ဦး၏အိမ်တွင် အိမ်ဖော်မကလေးဖြစ်ပြီး အရာရှိ၏ ခြေတော် တင်ခြင်း ခံရသဖြင့် ဗိုက်ပေါ်ကာ အိမ်မှနှင်ချခြင်း ခံရသည်။ မိန်းမပျိုသည် အိမ်သို့ မပြန်တော့။ တမာပင်ပေါ်သို့တက်ပြီး ကြိုးဆွဲချသေသွားခဲ့သည်။ မိန်းကလေး သည် အရှက်ထက်အသက်ကို မငဲ့နိုင်တော့ဘဲ ကြိုးဆွဲချသေသွားခဲ့သည်။ သူ့အ ရှက်ကို ထိန်းသိမ်းပုံမှာ အံ့သြလောက်ပါသည်။ မိန်းကလေးသည် သေပြီးသည်၏ အခြားမဲ့မှာပင် သူ့အရှက်ကို ထိန်းသိမ်းလိုသည့်နှယ် ကြိုးတစ်ချောင်းဖြင့် ခါးက ထဘီကို သေသေသပ်သပ် စည်းသွားခဲ့သည်။

လောကတွင် လူအမျိုးမျိုးရှိပါသည်။ အချို့သည် အသက်ရှင်နေကြသော် လည်း အရှက်မရှိကြပါ။ အချို့မှာ အသက်ရှင်လျက်ရှိစဉ်တွင်းသာ အရှက်ရှိပြီး သေသည်နှင့် အရှက်ကိုပါ ခွာချခဲ့ကြပါသည်။ ဒုတိယအမျိုးအစားသည် ပထမအ မျိုးအစားထက် ချီးကျူးဖို့ကောင်းပါသည်။ သို့ရာတွင် ချီးကျူးစရာအကောင်းဆုံး မှာ အသက်ရှင်လျက်ရှိစဉ်မှာရော၊ သေသည်၏အခြားမဲ့မှာရော မိမိ၏ဂုဏ်သိက္ခာ နှင့် မိမိ၏အရှက်ကို ထိန်းသွားကြသော လူမျိုးဖြစ်ပါသည်။

တမာတန်းတွင် ကြိုးဆွဲချ၍သေသွားသော အမည်မသိသည့် မိန်းမပျို သည် အပေါ်ယံရွှေမှုန်ကြဲအထဲက နောက်ချေးခံထားသူ လူကြီးလူကောင်းအမည် ခံသူတို့ထက် ချီးကျူးလေးစားထိုက်သည်ဟု ကျွန်တော်ထင်ပါသည်။

တမာတန်းကို လွမ်းစရာတွေ ကျန်သေးသည်။ ငယ်ငယ် ၇ နှစ်သား လောက်တုန်းက ကျွန်တော်သည် သူငယ်ချင်းတစ်ယောက်နှင့်အတူ အိမ်မှထွက် ပြေးခဲ့ဖူးပါသည်။ အိမ်မှထွက်ပြေးခြင်းမှာ ဘာအကြောင်းမျှ မရှိပါ။ တမာတန်းသို့ သူငယ်ချင်းနှစ်ယောက် ငှက်ဥသွားနှိုက်ကြရင်း မရည်ရွယ်ဘဲနှင့် ထွက်ပြေးခြင်း ဖြစ်ပါသည်။

ထိုနေ့က မိုးဖွဲကလေးတွေ ကျနေပါသည်။ တမာပန်းနံ့တွေကလည်း သင်းနေပါသည်။ ကျွန်တော်သည် တမာတန်းကို အဆုံးထိမရောက်ဖူးသေးပါ။ သုံးလေးမိုင်ဝေးသဖြင့် မရောက်ဖူးသေးခြင်းဖြစ်ပါသည်။ ဤတွင် ကျွန်တော်သည် တမာတန်းကို အဆုံးထိ သွားကြည့်ချင်လာပါသည်။ တမာပန်းနံ့က ကျွန်တော့် ကို သွေးဆောင်ဖြားယောင်းနေသည်ဟု ဆိုနိုင်ပါသည်။ ကျွန်တော့်အထင်တွင် ပခုက္ကူရောက်သည်အထိ တမာပင်တွေ တန်းစီပေါက်လိမ့်မည်ဟု ထင်နေပါ သည်။ တမာတန်းတစ်လျှောက်ကို ကျွန်တော် သွားကြည့်ချင်နေပါသည်။ ထို့ကြောင့် သူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး တမာတန်းပေတစ်ရာအတိုင်း လျှောက်လာခဲ့ကြပါသည်။ လမ်းတွင် ခွဖြင့် ငှက်ပစ်လိုက်၊ ရေအိုင်တွေ့လျှင် ဝင်ဆော့လိုက်ဖြင့်။ သို့ရာတွင် လေးမိုင်လောက် လျှောက်မိသည့်အခါ တမာတန်း သည် ဆုံးသွားပါသည်။ ရှေ့တွင် တမာပင်တွေ မရှိတော့ပေ။ ဤတွင် ကျွန်တော် တို့ သူငယ်ချင်းနှစ်ယောက် သည်လို တမာတန်းများ လမ်းတစ်လျှောက်တွင် ရှိ ရဦးမည်ဟုတွေးကာ တမာတန်းရှာပုံတော် ဆက်လက်ထွက်ခဲ့ကြပါသည်။ ဆယ့် ငါးမိုင်လောက်ရောက်သည်အထိ တမာတန်းကို မတွေ့ တော့ပါ။

ဤတွင် ကျွန်တော်တို့ ကြောက်လာပြီး အားငယ်လာကြပါသည်။ ထိုစဉ် က ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်မှ လှည်းနှစ်စီးပေါ်လာပြီး လှည်းပေါ်မှ လူကြီးတစ်ယောက်ဆင်းလာပါသည်။ ထိုလူကြီးမှာ ကျွန်တော်တို့ အိမ်နားနီးချင်း လက်ဖက်ကုန်သည်တစ်ယောက် ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ ၇ နှစ်အ ရွယ်ကလေးနှစ်ယောက်ကို လူသွားလူလာပြတ်သည့် ပေတစ်ရာကြီးပေါ်တွင် မြို့မှ ၁၅ မိုင်ခရီးအကွာ၌ တွေ့ရသည့်အခါ အံ့အားသင့်နေပါသည်။ သူက အကျိုးအ ကြောင်းကို မေးသည့်အခါတွင် ကျွန်တော်တို့ ကောင်းကောင်းမဖြေနိုင်ပါ။ ဤတွင် သူရိပ်မိလိုက်ပါပြီ။ သူသည် လမ်းဘေးနဘူးချုံမှ ကြိမ်တစ်ချောင်းကိုချိုး၍ ကျွန် တော်တို့နှစ်ယောက်ကို တစ်ချက်စီရိုက်ပြီး လှည်းပေါ်သို့ အတက်ခိုင်းပါသည်။ သည်အရွယ်မှာ အိမ်ပြေးရသလားဟုဆိုကာ တော်တော်လည်း စိတ်ဆိုးနေဟန်တူ ပါသည်။

ညနေပိုင်း အိမ်သို့ ပြန်ရောက်သည့်အခါတွင် အိမ်ကတစ်မြို့လုံးလိုက်ရှာ ပြီး မတွေ့သဖြင့် လူပျောက်မှုဖြင့် ဂတ်တိုင်ထားပါသည်။ လက်ဖက်ကုန်သည်က အိမ်သို့ သွားအပ်သည့်အခါတွင် အဖေသည် စိတ်ဆိုးလွန်းသဖြင့် ကျွန်တော့်ကို တိုင်တွင် ကြိုးတုပ်ပြီး ရိုက်ပါသည်။

ကျွန်တော်သည် နောင် ကြီးပြင်းလာသည့်အခါတွင် အိမ်မှနှစ်ခါလောက် ထွက်ပြေးဖူးပါသေးသည်။ တမာတန်းက ပေါ်ခဲ့သော အိမ်ပြေးစိတ်သည် ကြီး သည်အထိ ပါလာသလား မဆိုနိုင်ပါ။

တမာတန်းနှင့်ပတ်သက်၍ နောက်တစ်ချက် ကျွန်တော် သတိရစရာ ကျန် သေးသည်။ ယင်းမှာ ဂျပန်တော်လှန်ရေးအတွင်းက ဂျပန်တို့ အသတ်ခံသွားရ သော ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေးရဲဘော် ကိုတင်ဦး၏ သင်္ချိုင်းရှိသော ကြောင့် ဖြစ်ပါသည်။ ကိုတင်ဦးသည် မြို့နှင့်ဆယ်မိုင်ခန့်ဝေးသော ရွာတစ်ရွာတွင် ဂျပန်မိသွားပြီး ကိုယ့်ကျင်းကိုယ်တူးခိုင်းကာ ကျင်းဝတွင် ဒူးထောက်ခိုင်းပြီး ဓား ဖြင့် ခုတ်သတ်လိုက်ပါသည်။ သူ့အလောင်းကို ထိုရွာအနီးက ကျင်းထဲတွင် ဂျပန် က မြှုပ်ပစ်ခဲ့ပါသည်။

စစ်ကြီးပြီးသွား၍ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့တွေ ဖွဲ့သောအခါတွင် ကျွန် တော်တို့သည် ကိုတင်ဦး၏အရိုးကို သွား၍ဖော်ကာ မီးရှို့ပြီး တမာတန်းဘေးက ခံစပ်ကုန်းတောင်ကမူကလေးပေါ်တွင် အုတ်ဂူကလေးတစ်ခု လုပ်ကြပါသည်။ ထို စဉ်က မြို့ပိုင်နှင့် အင်္ဂလိပ်အလိုတော်ရိလူကြီးမင်းများက မြို့ထိပ်တွင် သင်္ချိုင်းဂူ လုပ်ရမည်လောဟုဆိုကာ ကန့်ကွက်တားမြစ်ခဲ့ကြပါသည်။ သို့ရာတွင် ကျွန်တော် တို့ လူငယ်များသည် သူတို့တားမြစ်ချက်ကို ဖီဆန်ကာ ကိုတင်ဦး၏အရိုးပြာများ ကို ထိုတောင်ကမူကလေးပေါ်တွင် ဂူသွင်းခဲ့ကြပါသည်။

ထိုတစ်ခေါက် အညာသို့ရောက်စဉ် ကျွန်တော်သည် ရေနွေးကြမ်းနှင့် အမဲ ခြောက်ဖုတ်ကို စာအုပ်နှင့်တွဲဖက်မြည်းရင်း အိမ်နောက်ဖေးက တမာပင်ကလေးကို ကြည့်နေမိပါသည်။ အမေက အမဲခြောက်စပ်ချဉ်ဟင်း၊ တမာရွက်တို့ဖြင့်ကျွေးသ ဖြင့် တမာတန်းကို သတိရကာ တမာပင်ကလေးကို မော့ကြည့်မိလိုက်ခြင်းဖြစ်ပါ သည်။ တမာရွက်တွေ ကြွေနေသည်မှာ သုံးလေးရက်ရှိပါပြီ။ ရိုးတံပြိုင်းပြိုင်းဖြစ်နေ သော တမာပင်ကိုကြည့်၍ ကျွန်တော် လွမ်းဝေဒနာဝင်လာပါသည်။

သည်နေ့ မော့ကြည့်လိုက်တော့ နှစ်ရက်သုံးရက်ခန့် ရိုးတံပြိုင်းပြိုင်းဖြစ်နေ သော တမာပင်ကလေးတွင် ရွက်နုတွေ ထွက်နေသည်ကို ကျွန်တော်မြင်ရသည်။ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့ ဖေဖော်ဝါရီ ၂၄ ရက်။

ကျွန်တော်သည် နေ့စဉ်မှတ်တမ်းစာအုပ်ကို ထယူကာ အိမ်နောက်ဖေးက တမာပင်ကလေး ရွက်နုတွေ စထွက်တဲ့နေ့ဟု မှတ်ထားလိုက်ပါသည်။ အခြား သော တမာပင်များကို ကြည့်လိုက်တော့လည်း ရွက်နုကလေးတွေ ဆင်စပြုနေပါ ပြီ။ တမာပင်တို့သည် တပို့တွဲလပြည့်ခါနီးနှင့် လပြည့်ကျော်လောက်တွင် ရွက်နု ဆင်သည်ကို ကျွန်တော်တွေ့ရပါသည်။

ရှေးစာဆိုတို့က တမာကို မကောင်းသည့်ဘက်တွင် ဥပမာတင်စား၍ သုံး ခဲ့ကြပါသည်။ တမာလိုမခါးနဲ့၊ ပျားလိုချိုဟု ပြောကြပါသည်။ တမာရောယှက် စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏ဟု ဆိုကြပါသည်။

သို့ရာတွင် ယင်းမှာ တစ်ဖက်သတ်ကျသော နိဂုံးချုပ်နည်းဟု ထင်ပါ သည်။ တမာပင်သည် အဆင်းမလှသော်လည်း အရိပ်ကိုပေးပါသည်။ တမာပန်းနံ့ သည် ရိုင်းသော်လည်း မွှေးမြဲမွှေးပါသည်။ တမာရွက်သည် အကြွေမြန်သော်လည်း ချက်ချင်းရွက်နုထွက်ပါသည်။ တမာသည် ခါးသည်ဟုဆိုသော်လည်း ခံတွင်းမြိန် စေပါသည်။

နောက်ပိုင်းတွင်မူ ကဗျာဆရာတို့က တမာပန်းကို ဖွဲ့လာကြပါသည်။
တမာသည် အညာ၏ပုံရိပ်ဖြစ်လာပါသည်။ ချိုပြုံးက “တမာတောမှာ ပျော်တယ် ဆိုတဲ့ မောင်ရေ မောင်ရေ..” ဟု တမာကို လွမ်းတစွာ ညည်းပါသည်။ တမာနုချိန်သည် ကျွန်တော့်နွေလွမ်းဝေဒနာ၏ ရောဂါလက္ခဏာချက် ဖြစ် ပါသည်။ ကျွန်တော့်အိမ်လွမ်းဝေဒနာ၏ ပြဒါးတိုင်လည်း ဖြစ်ပါသည်။

▪️မြသန်းတင့် (တမာနုချိန်စစ်တမ်း-မှ ထုတ်နှုတ်ဖော်ပြပါသည်)

23/01/2024

ရေနံချောင်း-မကွေးသွားရာ လမ်းလေး🌴🌱🌿☘
#ဂွေးပင်

21/01/2024

ရည်ရွယ်ချက် ရှိလား?❤️
ချစ်သူလေးနဲ့ ပုဂံ သွားဖို့ 💖

ပန်းတွေမြင်ရင် ပျော်ပါစေကွယ်….🌼🌸💕
16/01/2024

ပန်းတွေမြင်ရင် ပျော်ပါစေကွယ်….🌼🌸💕

09/01/2024

ပျော်ရွှင်တဲ့မွေးနေ့🌹🎂❣️လိုတာအမြဲပြည့်စေ
ကိုလေဆုတောင်းမယ်ပျော်ပါစေအချစ်ရေ❤
ဖြူစင်လွန်းတဲ့မင်းနဲ့ချစ်နေရတယ်❤
ငါလေတွေးရင်းဆုံးရှုံးရမှာကြောက်တယ်❤
လိုအပ်ခြင်းများပြည့်ဝဖို့ဆုတောင်းမယ်❤
ဒီနေ့ကငါ့ရဲ့ချစ်သူမွေးနေ့🎂💑❤
HappyBirthday😘

04/01/2024

ဒီလို Copy မဟုတ်တဲ့ သီချင်းမျိုးစောင့်နေတာ
တကယ် မိုက်တယ် အဆုံးထိ နားထောင်ကြည့်😍

Address

Yangon

Telephone

+959455774628

Website

Alerts

Be the first to know and let us send you an email when MWA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share