08/08/2022
တော်လှန်ရေးအပေါ် အားထည့်သည့်ပြည်သူများအား ကျေးဇူးတင်ကြောင်း နှင့် Click ပေးကြရန် ပြည်သူများကို ဗိုလ်နဂါးတောင်းဆို
https://youtu.be/1qBMEALLCrA
* * * * *
တော်လှန်ရေးအပေါ် အမြဲအစဥ်အားထည့်လျက်ရှိကြသည့် ပြည်သူများကို တော်လှန်ရေးရဲဘော်များကိုယ်စား ကျေးဇူးတင်ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဗိုလ်နဂါးကပြောသည်။
"ကျေးဇူးရှင် ကျေးဇူးခံထိုက်သူတွေ မဟုတ်ကြသည့်တိုင် အတူတကွ လက်တွဲညီညီ ပါဝင်ပေးခဲ့ကြတဲ့ ပြည်သူတစ်ယောက်ချင်းစီက တော်လှန်ရေးအောင်နိုင်ဖို့ ဘယ်လောက်ထိလိုလားတယ်ဆိုတာ တနေ့တခြား ပိုမိုသိသာလာပါတယ်"ဟု ဆိုသည်။
တော်လှန်ပြည်သူများထဲတွင် ဖုန်းတစ်လုံး၊ လက်တော့တစ်လုံး၊ တက်ဘလက်တစ်လုံးကိုင်ပြီး အိမ်တွင်း၊ တိုက်ခန်းတွင်းမှ ပါဝင်ပေးနေကြသည့် Clickers များ၏ အခန်းသည် မြေပြင် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော်များအတွက် များစွာအကျိုးရှိကြောင်း ၎င်းကပြောသည်။
C2D နှင့်အလားတူ THA DIN, Su Yadanar Organization၊ Play 2 Donate၊ Shoot & Support ကဲ့သို့သော App များကိုလည်း ဆက်လက်သုံးစွဲပေးကြရန်၊ Click ပေးကြရန်၊ ပြည်သူများကို မေတ္တာရပ်ခံထားသည်။
Video - Myanmar's Royal Dragon Army -MRDA