ကောင်းနိုးရာရာ

ကောင်းနိုးရာရာ မင်္ဂလာပါ၊

ကော်လဂျင်ပါဝင်သော အစားအစာများ💥  အနီရောင်အသားများ (အမဲသား၊ ဝက်သား)💥 ကြက်ဥ💥 အရိုးပြုတ်ရည်💥 ငါးအမျိုးမျိုး💥 စိမ်းပြာရေညှိ💥 ...
30/04/2025

ကော်လဂျင်ပါဝင်သော အစားအစာများ

💥 အနီရောင်အသားများ (အမဲသား၊ ဝက်သား)

💥 ကြက်ဥ

💥 အရိုးပြုတ်ရည်

💥 ငါးအမျိုးမျိုး

💥 စိမ်းပြာရေညှိ

💥 အစိမ်းရောင်အရွက်များ

💥 ပန်းဂေါ်ဖီစိမ်း

မျက်စိနာခြင်းကို ကာကွယ်ရန် နည်းလမ်းများPhoto Created - Park Slope Eye✓ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို အခြားသူများနှင့် ရောမ...
26/04/2025

မျက်စိနာခြင်းကို ကာကွယ်ရန် နည်းလမ်းများ

Photo Created - Park Slope Eye

✓ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို အခြားသူများနှင့် ရောမသုံးပါနဲ့။

✓ မျက်စိအတွက်သုံးသော အလှပြင်ပစ္စည်း၊ မျက်ကပ်မှန် စသည်တို့ကို ကိုယ်တစ်ဦးတည်းသုံးပါ၊ သူများနဲ့ ရောမသုံးပါနဲ့။

✓ လက်ကို ခဏခဏဆေးပါ။ မျက်နှာ၊ မျက်စိကို လက်နဲ့ကိုင်တာမျိုး မလုပ်ပါနဲ့။

✓ ကိုယ်ခံအားကောင်းစေသော အစိမ်းရောင်၊ လိမ္မော်ရောင် အသီးအရွက်များ စားပါ။

✓ လက်ကိုင်ပုဝါအစား တစ်ခါသုံးတစ်ရှူးကိုသာ သုံးပါ၊ စနစ်တကျစွန့်ပစ်ပါ။

✓ လူထူထပ်သော နေရာများကို ရှောင်ကြဉ်ပါ။ မျက်စိနာသောအခါ ဖုန်တွေ၊ သဲတွေကြောင့် ပိုဆိုးစေနိုင်သည့်အတွက် နေကာမျက်မှန်တပ်ပါ။

✓ အိမ်သား တစ်ယောက်ယောက် မျက်စိနာသောအခါ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင် စသည်တို့ကို ရေနွေးနှင့် ပြုတ်လျှော်ပါ။

✓ အိမ်ကိုလည်း ပိုးသတ်ဆေးသုံးပြီး သန့်ရှင်းရေးလုပ်ပါ။

သဘာဝတရားကြီးက အင်မတန်မှ ဆန်းကြယ်တယ်။ အခု မြင်နေရတဲ့ မှိုက ပုရွက်ဆိတ်ဇွန်ဘီမှိုတဲ့။ မှိုက ပုရွက်ဆိတ်ရဲ့ ကိုယ်ပေါ်မှာ ပေါက...
25/04/2025

သဘာဝတရားကြီးက အင်မတန်မှ ဆန်းကြယ်တယ်။ အခု မြင်နေရတဲ့ မှိုက ပုရွက်ဆိတ်ဇွန်ဘီမှိုတဲ့။ မှိုက ပုရွက်ဆိတ်ရဲ့ ကိုယ်ပေါ်မှာ ပေါက်တယ်။ ပြီးတော့ ပုရွက်ဆိတ်ရဲ့ ဦးနှောက်ကို ထိန်းချုပ်ပြီး အဲဒီ ပုရွက်ဆိတ်ကို သူ သွားလိုရာ သွားခိုင်းတယ်။ များသောအားဖြင့် ဘယ်ကို သွားခိုင်းသလဲ ဆိုတော့ သစ်ရွက်တွေရဲ့ အောက်ဘက်မျက်နှာပြင်ကို သွားခိုင်းပြီး အဲဒီမှာ သေတဲ့အထိ ဇောက်ထိုးနေသွားရတယ်။ မှို လိုလားတဲ့ နေရာရောက်ပြီဆိုတော့ ပုရွက်ဆိတ်ရဲ့ ကိုယ်ထဲကနေ မှိုဖူးလည်း ထွက်လာရော။ ပုရွက်ဆိတ်လည်း မမ်မီဖြစ်ရော။ မှိုက အဲဒီ ပုရွက်ဆိတ်ရဲ့ ကိုယ်ပေါ်ကနေ အာဟာရယူတယ်။ ကပ်ပါးပင်ပေါ့။

တစ်ခါက ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ လူသားတွေမှာ free will တကယ်ရော ရှိရဲ့လား ပေါ့။ သဘောက လူသားတွေဟာ အသက်ရှင်သန် နေထိုင်နိုင်ဖို့ ကိုယ်ပိုင်ဆန္ဒနဲ့ လှုပ်ရှားပိုင်ခွင့် တကယ်ရော ရှိရဲ့လားပေါ့။ ပုရွက်ဆိတ်ဇွန်ဘီမှို လိုပဲ။ ကျနော်တို့ရဲ့ ခန္ဓာမှာ ကပ်ပါးကောင်အနေနဲ့ မှီခိုပြီး ကျနော်တို့ကို ခိုင်းစေနေတဲ့ အရာတစ်ခုခုများ ရှိနေမလား။ ကိုယ်ကတော့ ကိုယ့်ဆန္ဒနဲ့ကိုယ် လုပ်နေတယ်ပဲ ထင်တာလေ။ တကယ်တမ်းကျတော့ ဟိုပုရွက်ဆိတ်လေးလို သူ့ကပ်ပါးကောင်က ခိုင်းလို့ လုပ်နေရတာကို မသိတာလည်း ဖြစ်ချင် ဖြစ်နေမှာ။

ကျနော်တို့ကိုယ်ပေါ်မှာ အဲဒီလို မှိုမျိုး ရှိမရှိတော့ မသေချာဘူး။ သေချာတာတစ်ခုကတော့ ကျနော်တို့ကို ခိုင်းစေနေတဲ့ ရုပ်ဓာတ်တစ်မျိုး ရှိတယ်။ သူက ကျနော်တို့ကို ခိုင်းစေ‌နေတယ်လို့ ကျနော်တို့က ဘယ်တုန်းကမှ ထင်ဖူးတာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် လိုလိုချင်ချင်နဲ့ လုပ်နေတယ် လို့ပဲ ထင်တာ။ အဲဒီ ရုပ်ဓာတ်ကို သိပ္ပံပညာက ဟော်မုန်းလို့ နာမည်ပေးထားတယ်။ ယေဘုယျနာမည်ပေါ့။ ဟော်မုန်းတွေ အများကြီး ရှိတဲ့ အထဲမှာမှ ကျနော်တို့ကို အများဆုံး ခိုင်းစေပြီး သူ ခိုင်းသမျှ ကျေကျေနပ်နပ်ကြီး လုပ်ပေးချင်လောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ ဟော်မုန်းက ဒိုပါမင် (dopamine) ဟော်မုန်းပဲ။ သူကတော့ ခိုင်းနေတာပဲ။ လူ့စိတ်ကလည်း ကိုယ့်ဆန္ဒနဲ့ကိုယ် ပျော်ပျော်ကြီး လုပ်နေရတယ် ထင်တာ။ လောဘဝင်လာရင် စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ချင်လာသလိုပေါ့။ ဒါကြောင့် ကျနော်က ဒိုပါမင်ဟော်မုန်းကို လောဘမော်လီကျူးလို့ နာမည်ပေးထားတယ်။

Crd
via kogyi ko

🪶

20/04/2025
အိပ်မပျော်ခြင်း၊ ညဘက် မကြာခဏနိုးခြင်း၊ ညညဆို မကြာခဏ ဆီးသွားလေ့ ရှိသူများအတွက် ဒီနည်းလေးကို ပုံမှန်လုပ်ပေးပါ။ ညဘက်နှစ်နှစ...
06/04/2025

အိပ်မပျော်ခြင်း၊ ညဘက် မကြာခဏနိုးခြင်း၊ ညညဆို မကြာခဏ ဆီးသွားလေ့ ရှိသူများအတွက် ဒီနည်းလေးကို ပုံမှန်လုပ်ပေးပါ။ ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး မနက်အထိ ကောင်းကောင်းအိပ်ပျော်စေပါသည်။

ပြုလုပ်နည်း..........

1. ရှောက်နူရွက် ၁၀ ရွက်ကို (ပိုလည်းရပါတယ်) သန့်စင်အောင် ဆေးကြောပြီး ပါးပါးလေးလှီးပါ။
2. လှီးထားတဲ့ ရှောက်နူရွက်ကို ဒယ်အိုးထဲထည့်ပြီး မီးအေးအေးလေးနဲ့ အရွက်အရောင်ပြောင်းသည်အထိ ဖြည်းဖြည်းချင်း ကြော်ပါ။ (အပူပေးပါ)
(အများကြီးလုပ်ပြီး ဘူးထဲထည့်သိမ်းထားလဲ ရပါတယ်)

သောက်သုံးနည်း........

ကြော်ထားသော ရှောက်နူရွက် ၂ ဇွန်းကို ရေနွေးနွေးလေး လောင်းထည့်ပြီး ၅-၁၀ မိနစ်ခန့် စိမ်ထားပါ။ ညစာစားပြီးနောက် တစ်နေ့လျှင် ကော်ဖီးခွက် ၁ ခွက် သောက်ပေးပါ။ ဝမ်းချုပ်တတ်သူများဆိုရင် သံပုရာသီး တစ်စိတ် ညှစ်ထည့်ပြီး သောက်ပေးပါ။

ဒီနည်းအတိုင်း နေ့တိုင်းပုံမှန်သောက်ပေးပါက ညဘက် ကောင်းစွာ အိပ်ပျော်စေပြီး မနက်အထိ အနားရစေပါမည်။

အိပ်ရေးဝဝအိပ်ပျော်ပြီး ကျန်းမာပျော်ရွှင်ကြပါစေ! 😊

05/04/2025
30/03/2025

28/03/2025

အဆီ ဆိုတာ မကောင်းဘူးလို့ သိထားကြပေမယ် ၊ တချို့အဆီ ဓာတ်ကတော့ ခန္တာအတွက် မရှိမဖြစ် အရေးပါတယ်။ ကျန်းမာစွာနေထိ.....

အိမ်လုပ် ဘိန်းမုန့် (၆ခုစာ)---------------------နေ့လည်စာ အစာပြေ ဘိန်းမုန့်လေးပါ။ ကောက်ညှင်းဘိန်းမုန့်၊ ဆန်ဘိန်းမုန့်၊ ဂျ...
27/03/2025

အိမ်လုပ် ဘိန်းမုန့် (၆ခုစာ)
---------------------
နေ့လည်စာ အစာပြေ ဘိန်းမုန့်လေးပါ။ ကောက်ညှင်းဘိန်းမုန့်၊ ဆန်ဘိန်းမုန့်၊ ဂျုံဘိန်းမုန့် အစုံရှိတဲ့ အထဲမှာ ဝတ်ရည် လုပ်စားဖြစ်တာကတော့ ဆန်ဘိန်းမုန့်ပါ။ ဒီတခါ ပိုမိုထူးခြားသွားအောင် မြေပဲအစား သီဟိုဌ်စေ့သုံးပေးထားတော့ ဘိန်းမုန့်က အရသာပိုစိမ့်ပြီ စားလို့ အရမ်းကောင်းပါတယ်ရှင့်။ ပြီတော့ ထောပတ်အနံ့လေး သင်းသင်းလေးနဲ့။ ကဲဒါဆိုရင် အိမ်လုပ် ဘိန်းမုန့်ကို ခုပဲ လုပ်ကြည့်ရအောင်…
---------------------
ပါဝင်ပစ္စည်းများ
* ဆန်မှုန့် – ၃ခွက်
* ရေ – ၁ခွက်ခွဲ
* ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
* yeast – လက်ဖက်ရည်ဇွန်း ၁ဇွန်း
* ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်
* Emborg ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
* သီဟိုဌ်စေ့– စားပွဲတင်ဇွန်း ၂ဇွန်း (ထပ်ခြမ်းခြမ်းပေးပါ)
* ဘိန်းစေ့ – စားပွဲတင်ဇွန်း ၁ဇွန်း
* အုန်းနို့ – တခြမ်း (အုန်းသီးများကို ၁လက်မအရှည် အရွယ် ပါးပါး လှီးထားပါ)
* ထန်းလျက် – ၂၀၀ ဂရမ်
---------------------
ပြုလုပ်နည်း

၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် ဆန်မှုန့်၊ ဆိုဒါ၊ yeast၊ ဆား တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီမှ ရေ(၁ခွက်ခွဲ) ထည့်ကာ သမအောင် ရောမွှေပေးပြီ ဆန်နှစ်ရည်ကို အနည်းဆုံး ၄နာရီ (သို့) တညသိပ် ထားပါ။

၃။ ဆန်နှစ်ရည် ၄နာရီ်ခန့် သိပ်ပြီလျှင် ထန်းလျက်ကြိုပါမည်။ ထန်းလျက်(၂၀၀ ဂရမ်) ကို ရေ(၃၀၀ မီလီလီတာ)ဖြင့် ညော်စေးသည်အထိ ကြိုပေးပါ။

၄။ ထန်းလျက်များ ညော်စေးလာပြီဆိုလျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။ (ထန်းလျက်တွင် အမှုန့်များပါတတ်၍ ဖြစ်သည်)

၅။ ပြီနောက် ထန်းလျက်များကို ဆန်နှစ်ရည်ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၆။ ဘိန်းမုန့် စလုပ်ပါမည်။ ဒယ်ပူလာလျှင် ထောပတ် ထည့်ပြီ မုန့်နှစ်(ယောက်ချို) တဇွန်းကို လောင်းထည့်လိုက်ပါ။

ရ။ မုန့်နှစ်အပေါ်မှ အမြုပ်လေးများ ထလာလျှင် အုန်းသီး၊ ဘိန်းစေ့၊ သီဟိုဌ်စေ့ အပေါ်မှ ဖြူးပေးပါ။

၈။ဘိန်းမုန့် အောက်ဖက်အညှိရောင်သန်းလာလျှင် နောက်တဖက်သို့ လှန်ပေးပါ။ ထောပတ် ထပ်ထည့်ပေးပါ။

၉။ ဆန် ဘိန်းမုန့်ပူပူလေးကို အုန်းသီးများဖြူး၍ သုံးဆောင်လို့ရပါပြီ…

"မျက်မှန် မတတ်ချင်ရင် ဒါတွေလုပ်ပါ"မနက် အိပ်ရာ ထ တာ နဲ့ရေ လုံးဝ မသောက်ရ ပါနိုးနိုးချင်း ရေသောက်တဲ့ အကျင့်ကို ဒီနေ့ က စ ပြ...
23/03/2025

"မျက်မှန် မတတ်ချင်ရင် ဒါတွေလုပ်ပါ"

မနက် အိပ်ရာ ထ တာ နဲ့ရေ လုံးဝ မသောက်ရ ပါ
နိုးနိုးချင်း ရေသောက်တဲ့ အကျင့်ကို ဒီနေ့ က စ ပြီး မလုပ်ရ ပါ ။

-အိပ်ရာ က နိုးတာ နဲ့ ပထမဦး ဆုံး
ဒူးခေါင်းအထက်ခြေထောက် [၂ ] ဖက်စလုံး ကိုရေ ၅ ခွက် အနည်းဆုံးလောင်း ပေးပါ ။

-ခြေထောက် ရေဆေးပြီးတာ နဲ့လေ့ကျင့်ခန်း(၂ )မျိုးလုပ်ပေး ရပါ မယ်။
လွယ်လွယ်လေး ပါ။
(၁) ခေါင်း လေ့ကျင့်ခန်း နဲ့
(၂) လက် လေ့ကျင့်ခန်း ပါ

ခေါင်းလေ့ကျင့်ခန်း ဆိုတာက ခေါင်း ကို အရှေ့ ငိုက် နိုင် သမျှ အနောက်ကို လှန်နိုင် သမျှ
ဘေး ညာဘက် ကို စောင်းနိုင် သမျှ
ဘေး ဘယ်ဘက် ကို စောင်းနိုင် သမျှ
မတ်တပ် အနေအထား ၁၀ ကြိမ် ခန့် လုပ်ပေး ပါ။
(ခေါင်းထဲ က အပူတွေ ထွက်အောင်)

လက်လေ့ကျင့်ခန်း ဆိုတာက .....
လက် ၂ ဖက်ကို အပေါ်ကို မြှောက်
အောက် ကို ချ
ဘေး ကို ကား
အောက်ကို ချ
မတ်တပ် အနေအထား၁၀ ကြိမ် ခန့် လုပ်ပေး ရုံပါ ပဲ။
(ချိုင်းအောက်ကအပူတွေထွက်အောင်)

လေ့ကျင့်ခန်းလုပ်ပြီးတာ နဲ့
မျက်နှာ သစ် လို့ ရပါပြီ။
ပါးစပ် လုံးဝ မဖွင့် ရပါ
ပါးစပ်ထဲ ရေ ဝင် လို့ မရလို့ ပါ
နှုတ်ခမ်းကို တင်းတင်း စေ့ထား ရပါမယ် ။
မျက်နှာ သစ်ပြီး တာ နဲ့
မျက်နှာ ကို ပြောင်အောင် သုတ်ပေးပါ ။

ကဲ
အခု ချိန်က စ ပြီး
ရေ သောက် လို့ ရပါပြီ ။
မျက်နှာ သစ်လို့ ရပါပြီ ။
သွား တိုက် လို့ ရပါပြီ။
အစာ စားလို့ ရပါပြီ ။

အိပ်ရာနိုးနိုးခြင်းရေသောက်မိခြင်း က
ခံတွင်း နဲ့ မျက်စိ ကို အပူ ကန် စေ ပါတယ် ၊

ရေအရင်မသောက်ဘဲ
ခြေထောက်ကို ရေ ဆေး ပေး ခြင်း
လေ့ကျင့်ခန်း လုပ် ပေး ခြင်း
ပါးစပ် ထဲ ရေ မဝင် စေ ဘဲ
မျက်နှာ သစ် မျက်နှာ သုတ် ပေးခြင်းကြောင့်
ခန္ဓာကိုယ် မှ အပူများ ကင်းစင် ပြီး
ခံတွင်း ကို ကျန်းမာ လာစေတာ ပါ
မျက်စိကိုအားကောင်းလာစေတာပါ

အခု လို နေ့စဉ် လုပ်ပေးခြင်းဖြင့်ခံတွင်း နဲ့ ပတ်သတ် တဲ့
ရောဂါ တွေ လည်း ဖြစ် မလာ တော့ပါဘူး ။
(သွားကိုက် ၊သွားနာ ၊သွားဖုံးနာ)
မျက်လုံး ရောဂါ တွေ လည်းမဖြစ် လာတော့တဲ့ အပြင်ပါဝါ ဒီဂရီ တွေ လည်းတဖြည်းဖြည်း လျော့နည်း လာမှာ ဖြစ်ပြီး
နောက်ဆုံးမျက်မှန်ပါကျွတ်မှာ ဧကန် ဖြစ် ကြောင်း စေတနာ ထား ပြောပြ လိုက်ပါတယ် ဗျာ ။

မှတ်ချက်
~~~~~~
အိပ်ရာ နိုးနိုးချင်း
အိမ်သာ တက်လို့ ရပါတယ် ၊
ညဘက် တစ်ရေးနိုး
ရေ ထ သောက် မိလည်း ကိစ္စ မရှိပါ ။

🅲🆁🅴🅳🅸🆃
ှပြန်လည်မျှဝေပါသည်🙏
ုဂံမြေစာပေချစ်သူ

https://www.facebook.com/share/p/18SfrDqWcR/💚ရန်ကုန်မြို့ကို ပြွတ်သိပ်နေသောရွာကြီးအဖြစ်မှ ဖွံဖြိုးသောမြို့ကြီးအဆင့်သို့ ...
22/03/2025

https://www.facebook.com/share/p/18SfrDqWcR/

💚ရန်ကုန်မြို့ကို ပြွတ်သိပ်နေသောရွာကြီးအဖြစ်မှ ဖွံဖြိုးသောမြို့ကြီးအဆင့်သို့ ရောက်အောင် ကုလကတ္တားမှ ရေနွေးငွေ့သင်္ဘောဝန်ဆောင်မှုလုပ်ငန်းက ပြောင်းလဲပစ်ပုံ💚

🏀၁၈၅၀ခု အစောပိုင်းနှစ်များတွင် ကုလကတ္တားမြို့သည် ဗြိတိသျှအင်ပါယာအတွင်း လန်ဒန်မြို့ပြီးလျှင် အရေးအပါဆုံးမြို့ဖြစ်လေသည်။ အင်ပါယာကို ချဲ့ထွင်ခဲ့သည်နှင့်အတူ အခွင့်အလန်းကိုများကို အသုံးချရန် ရှာကြံနေကြသော စကော့လူမျိုးအသိုင်းအဝန်းသည် ကြီးထွားလာခဲ့သည်။ ထိုသူများအကြားတွင် စကော့တလန်အနောက်ပိုင်း အာဂိုင်းနယ် (Argyll County)မှ ၁၈၄၀နှစ်များက အိန္ဒိယသို့ ရွှေ့လာသော ကျောင်းနေဖက်သူငယ်ချင်းများဖြစ်သည့် ဝီလီယံမက်ကဲင်နွန် (William Mackinnon)နှင့် ရောဘတ်မက်ကဲင်ဇီ (Robert Mackenzie)တို့ပါဝင်လေသည်။ ဘင်္ဂလားနယ်တွင် ဆိုင်ထောင်ပြီး၊ မက်ကဲင်နွန်နှင့် မက်ကဲင်ဇီသည် ကုန်စည်များကို ဘင်္ဂလားနယ်ဆိပ်ကမ်းများတွင် ရောင်းချသည်။ မက်ကဲင်နွန်နှင့်မက်ကဲင်ဇီကုမ္ပဏီကို တည်ထောင်သည်။

🏀၁၈၅၃ခုနှစ်တွင် ဗြိတိသျှတို့က အောက်မြန်မာပြည်ကို သိမ်းပိုက်လိုက်ကြသည်။ အသက်သုံးဆယ်ကျော်ကျော် နှစ်ယောက်သားသည် အခွင်းအရေးကြီးတခုကို အာရုံရလိုက်သည်။ ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးနှင့် လူထုခရီးသွားနည်းလမ်းကို ပြောင်းလဲပြစ့်မည့် နိုင်ငံတကာအင်ပါယာ ထူထောင်ရန်ဖြစ်သည်။ အိန္ဒိယတိုက်ငယ်၏ ကုန်စည်ကူးသန်းရောင်းဝယ်ရေးဖြစ်နိုင်ခြေ အခွင့်ကောင်းသည် မီးရထားလမ်းကွန်ယက်များ ချဲ့ထွင်ယုံတမျိုးတည်းကိုသာ အကျိုးဖြစ်ထွန်းမည်မဟုတ်။ အိန္ဒိယကမ်းရိုးတန်း တလျှောက် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးသည်လည်း အကျိုးဖြစ်ထွန်းလိမ့်မည်ဟု မက်ကဲင်နွန်နှင့်မက်ကဲင်ဇီကုမ္ပဏီကို အမြင်ရောက်စေသည်။

🏀ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသများကို ဗြိတိသျှလက်အောက်သွပ်သွင်းပြီး နှစ်နှစ်အတွင်း အရှေ့အိန္ဒိယကုမ္ပဏီသည် ကုလကတ္တားမြို့နှင့် ရန်ကုန်မြို့အကြား ပုံမှန်စာပို့သင်္ဘောလုပ်ငန်းအတွက် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်သည်။ စကော့လူမျိုးနှစ်ယောက်သားသည် တင်ဒါအောင်မြင်ခဲ့ပြီး၊ မကြာမီ ဗြိတိသျှအိန္ဒိယရေကြောင်းကုမ္ပဏီ၏ ရှေ့ပြေး၊ ကုလကတ္တား-ဗမာရေကြောင်းသွားလာရေးကုမ္ပဏီကို ထူထောင်လိုက်သည်။

🏀ရန်ကုန်မြို့၏တိုးတက်မှု
ကုလကတ္တား-ဗမာရေကြောင်းသွားလာရေးကုမ္ပဏီသည် စာပို့လုပ်ငန်းအတွက် မီးသင်္ဘောအုပ်စုငယ် တစုကို ဝယ်ယူလိုက်သည်။ သင်္ဘောနှစ်စင်းသည် ကုလကတ္တား၊ စစ်တွေ၊ ရန်ကုန်နှင့် မော်လမြိင်ခရီးစဥ်ကို နှစ်ပတ်တခါ ပုံမှန်‌ပြေးဆွဲခဲ့သည်။ မျှော်လင့်ကောင်းအငူ (The Cape of Good Hope) သည် ပထမဦးဆုံး ရေနွေးငွေ့သင်္ဘောဖြစ်ကာ တန်၅၀၀ရှိပြီး၊ ကုလကတ္တားနှင့် ရန်ကုန်ကို စာပို့လုပ်ငန်း၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်လုပ်ငန်းဆောင်ရွက်ခဲ့သည်။ ၁၈၅၆ခုနှစ်တွင် လုပ်ငန်းစခဲ့သည်။

🏀သို့ရာတွင် တနှစ်မပြည့်ခင် ၁၈၅၇ခုနှစ်တွင် အိန္ဒိယတပ်တွင်းသူပုန်ထကြသည်။ ထိုစဥ်အခါ ယင်းသင်္ဘောသည် ကိုလံဘိုမြို့မှ ကုလကတ္တားသို့ ဗြိတိသျှစစ်သည်များ ပို့ဆောင်ရေးတွင် အသုံးချခဲ့သည်။ စစ်ပွဲပြီးဆုံးသွားသည့်အခါတွင် အရွယ်အစားအတူနီးပါးရှိသော ဘောလ်တစ်(Baltic)အမည်ရှိ မီးသင်္ဘောနှင့် အတူ ကုလကတ္တား-ရန်ကုန် ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲခဲ့သည်။ ခရီးသည်များနှင့် ကုန်စည်များ ကုန်သွယ်ရေးဖွံထွားလာခဲ့ပြီး၊ ရန်ကုန်မြို့သည်လည်း ကုလကတ္တားမြို့ပြီးလျှင် အချိန်နှင့်အတူ ဒုတိယအရေးပါဆုံး မြို့ဖြစ်လာသည်။ ရန်ကုန်ဆိပ်ကမ်းကို အသုံးပြုကာ တနင်္ဂနွေနေ့မှ လွဲ၍ နေ့စဥ် သင်္ဘောတစင်း အဝင်အထွက်ရှိသည်။ စာပို့နှင့် ခရီးသွားလုပ်ငန်း ရှစ်ခု ရှိလာသည်။

🏀 ဝီလီယံမက်ကဲင်နွန်
၁၈၅၂-၅၃ခုနှစ် ဗြိတိသျှအင်ပါယာက အောက်မြန်မာပြည်ကို သိမ်းယူခဲ့စဥ် ရန်ကုန်မြို့လူဦးရေသည် သုံးသောင်းမျှသာ ရှိသည်။ ၁၈၈၁ခုနှစ်တွင် လူဦးရေသည် တသိန်းငါသောင်းကျော် တိုးပွားလာသည်။ ရေကြောင်းသွားလာရေးလုပ်ငန်းက ကုန်စည်များ၊ လုပ်သားများကို ခေါ်ငင်သယ်ဆောင်မှုကြောင့် ရန်ကုန်မြို့သည် ပြွတ်သိပ်နေသောရွာကြီးအဆင့်မှ ဖွံဖြိုးစည်ပင်သောမြို့၊ ကုန်သွယ်ရေးအချက်အချာမြို့သို့ ပြောင်းလဲသွားသည်။ ၁၈၅၂မှ ၁၈၇၂ခုနှစ် နှစ်နှစ်ဆယ်အတွင်း မြို့လယ်ခေါင်နှင့် အနီးအနားတခွင်တပြင်လုံးသည် အိန္ဒိယကန်ထရိုက်တာများက ရာသီလိုက် တင်သွင်းခဲ့ကြသည့် အိန္ဒိယလုပ်သားများကြောင့် စည်ပင်သာယာဖွံဖြိုးလာခြင်းပါပေ။ အောက်မြန်မာပြည် လယ်ယာစိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးတိုးတက်မှုနှင့်အတူ ရန်ကုန်မြို့သည် မြန်မြန်ဆန်ဆန် ကျယ်ဝန်းလာပေသည်။ အိန္ဒိယနှင့် ဗမာပြည်အကြား ဥဒဟိုရေကြောင်းသွားလာမှုလုပ်ငန်းကြောင့် အိန္ဒိယ ရွှေ့ပြောင်းအခြေချသူများ အဆမတန်ပွားများလာပြီး၊ နေထိုင်စရာမြေသစ်များလည်း လိုအပ်သည်ထက်လိုအပ်လာသည်။

🏀၁၈၆၁ခုနှစ်တွင် ကုလကတ္တား-ဗမာရေကြောင်းသွားလာရေးကုမ္ပဏီကို မက်ကဲနွန်ကိုယ်တိုင် တည်ထောင်ထားသော ဗြိတိသျှ အိန္ဒိယရေကြောင်းသွားလာရေးကုမ္ပဏီက ဆွဲငင်ယူခဲ့သည်။ ယင်းကုမ္ပဏီသည် ၁၈၅၇ခုနှစ် သူပုန်စစ်ပွဲတွင် ကူညီမှုကြောင့် ဗြိတိသျှအုပ်ချုပ်သူများ၏ မျက်နှာသာပေးခြင်း ခံရသည်။ အိန္ဒိယပြည်မှ အခြားကိုလီုနီနယ်များကို စစ်သည်များ ပို့ဆောင်ရေး ကန်ထရိုက် ပုံမှန်ပေးခဲ့သည်။ ယင်းရေကြောင်းကုမ္ပဏီသည် ကုလကတ္တားနှင့် ရန်ကုန်မှ ဗြိတိသျှစစ်သည်များကို အဒန််မန်ကျွန်းစု (ကပ္ပလီကျွန်းစု)သို့ ကြိမ်ဖန်များစွာ ပို့ဆောင်ပေးခဲ့သည်။ အဝေးဆုံးအနေဖြင့် ၁၈၆၀ခုနှစ်များက ဖြစ်ပွားသော မောအိုရီစစ်ပွဲများ (Maori Wars)ကာလ၌ နယူးဇီလန်သို့ ဗြိတိသျှတပ်များကို ပို့ဆောင်ပေးခဲ့သည်။

🏀ကုလကတ္တားသည် ၁၈၇၀ခုနှစ်များတွင် ကမ္ဘာရေကြောင်းလိုင်းများ ဆုံရာ အချက်အခြာနေရာ တနေရာဖြစ်လာသည်။ ဘင်္ဂလားပင်လယ်အော် ပတ်ပတ်လယ်တွင် သာမက ထိုမှအလွန်အထိ ရေကြောင်းသွားလာရေး လမ်းကြောင်းအသစ်များစွာ ပေါ်လာခဲ့သည်။ တပတ်လျှင် သင်္ဘောခေါက်ရေ လေးခေါက် ကုလကတ္တားမှ ရန်ကုန်သို့ ဘလဲယားဆိပ် (Port Blair) နှင့် ကာမောတာဆိပ်(နီကိုဘာကျွန်းစု) (Kamorta (Nicobar Islands))များကို ဖြတ်၍ ထွက်ခွာသည်။ ကုလကတ္တားမှ နှစ်ပတ် တကြိမ် ပီနန်နှင့် စင်္ကာပူမြို့များကဲ့သို့ မလေးကျွန်းဆွယ်ဆိပ်ကမ်းများသို့ ရန်ကုန်မှ တဆင့်သွားရောက်သည်။

🏀ဗမာပြည်ကို ဖွင့်ဟပေးပုံ
ကုလကတ္တားမှ ရန်ကုန်နှင့် အောက်ဗမာပြည်သို့ ရေကြောင်းပုံမှန်ခရီးစဥ်များကြောင့် ရေကြည်ရာမြက်နုရာကို ရှာလိုသည့် အိန္ဒိယပြည်သားများအတွက် မြန်မာပြည်တွင် အခြေချရန် လွယ်ကူစေသည်။ ၁၉၃၇ခုနှစ်အထိ မြန်မာပြည်သည် ဗြိတိသျှအိန္ဒိယ၏ အစိတ်အပိုင်းဖြစ်သည့်အတွက် သွားရောက်နေထိုင်လိုသော အိန္ဒိယပြည်သားများအတွက် အတားအဆီး အနည်းငယ်သာ ကြုံရသည်။

🏀စီးပွားရေးကြီးထွားလာခြင်းနှင့် ဗျူရိုကရေစီအုပ်ချုပ်ရေးကျယ်ပြန့်လာခြင်းကြောင့် နေရာလပ်များစွာပေါ်ပေါက်လာရာ ဘင်္ဂါလီလူမျိုး ရွှေ့ပြောင်းအခြေချသူများ သိသိသာသာများပြားလာသည်။ ၁၈၈၁ခုနှစ်တွင် မြန်မာပြည်၌ အခြေချသူ အိန္ဒိယပြည်သား ၃၀ရာခိုင်နှုံးသည် ဘင်္ဂါလီများဖြစ်သည်။ ၄၀ရာခိုင်နှုံးသော ဘင်္ဂါလီများသည် စစ်တကောင်းနယ်မှ ဖြစ်သည်။ နှစ်ပတ်တကြိမ် ကုလကတ္တားမှ စစ်တွေသို့ စစ်တကောင်းမှတဆင့် ပြေးဆွဲသည့် ခရီးစဥ်သည် မြန်မာပြည်သို့သွားမည့် ဘင်္ဂါလီများအကြား ရေပန်းစားသည်။ ရေကြောင်းခရီးစဥ်သည် ဆိပ်ကမ်းငယ်အများအပြားတွင် ဆိုက်ကပ်ပြီး၊ နောက်ဆုံး ကောခ်ဘဇာဆိပ်(Cox’s Bazar)တွင် ဆိုက်ကပ်ကာ ထိုမှ အနီးရှိ မြန်မာပြည်သို့ စက်ကုန်ဖွင့်ထွက်ခွာသည်။

🏀မြန်မာပြည်သို့အခြေချလိုသူ အိန္ဒိယပြည်သားများ ကြီးထွားလာသည့်အတွက် မဒရပ်မြို့ကဲ့သို့ ဆိပ်ကမ်းအသစ်များမှ ခရီးစဥ်များတိုးချဲ့ခဲ့ရသည်။ အိန္ဒိယအရှေ့ခြမ်း ဝီရှခါပတ်နမ်ဆိပ်ကမ်းမြို့(Vishakhapatnam)ကဲ့သို့ ဆိပ်ကမ်းမြို့များမှ သင်္ဘောများ မှာယူ ပြေးဆွဲခဲ့ရသည်။ ဗြိတိသျှအုပ်ချုပ်သူများသည် မြန်မာပြည်သို့ အိန္ဒိယပြည်သားအခြေချသူများကို ပို့ဆောင်ရေးခရီးစဥ်များအတွက် သင်္ဘောကုမ္ပဏီများကို အထောက်အပံ့များပင် ပေးခဲ့ကြသည်။ အကျိုးရလဒ်အဖြစ် ၁၉ရာစုမှ ၂၀ရာစုအကူးတွင် ရန်ကုန်မြို့လူဦးရေ၏ ၅၀ရာခိုင်နှုံးနီးပါးသည် အိန္ဒိယလူမျိုးများ ဖြစ်လာသည်။ မြန်မာပြည်အနှံ့အပြားတွင်လည်း ကောင်းမွန်စွာ အခြေချဖြစ်လာသည်။

🏀၁၈၇၀ခုမှ စတင်ကာ ရာသီအလိုက်အိန္ဒိယလုပ်သားလိုအပ်မှု များပြားလာခြင်းကြောင့် ဗြိတိသျှ အိန္ဒိယရေကြောင်းသွားလာရေးကုမ္ပဏီသည် မဒရပ်-ရန်ကုန်ရေကြောင်းခရီးစဥ်ကို ချဲ့ထွင်ခဲ့သည်။ ထို့ကြောင့် ၁၉ရာစုအကုန်တွင် မြန်မာပြည်သို့ ရွှေ့ပြောင်းအခြေချသူ အိန္ဒိယပြည်သား ၆၀ရာခိုင်နှုံးသည် မဒရပ်နယ်မှ ဖြစ်လာသည်။

🏀ခေတ်ကောင်း အဆုံးသတ်ချိန်
ဗြိတိသျှတို့သည် ၂၀ရာစုကာလအထိ ကုလကတ္တား-ရန်ကုန် စာပို့ရေကြောင်းခရီးစဥ်ကို အရေးထားခဲ့သည်။ ကမ္ဘာရေကြောင်းကုန်သွယ်ရေးလုပ်ငန်းသည် စီးပွားရေးကံဆိုးမိုးမှောင်ကျမှုကြီး (Great Depression) ကြောင့်အထိနာနေသော်လည်း၊ ဗြိတိသျှ-အိန္ဒိယရေကြောင်းသွားလာရေးကုမ္ပဏီ သည် ကုလကတ္တား-ရန်ကုန် ခရီးစဥ်အပေါ် အမြတ်အစွန်း ရနေသေးသည်။ ၁၉၃၀ခုနှစ်များတွင် မြို့နှစ်မြို့ကို တပတ် ၁၀-ကြိမ် ပြေးဆွဲခဲ့သည်။ ထိုခေတ်ကမီဒီယာများတွင် ရေကြောင်းလိုင်းသည် အချိန်အလွန် တိကျကြောင်းဖေါ်ပြကြသည်။ ကုလကတ္တားမှ ရန်ကုန်သို့ ပင်လယ်ခရီးနှစ်ရက်ကြာပြီး၊ ရန်ကုန်တွင် ကုန်တင်ကုန်ချ နှစ်ရက်ခွဲကြာကာ၊ ထိုမှ အိန္ဒိယမြို့သို့ ပြန်လည်ထွက်ခွာသည်။ ဗြိတိန်နှင့် မြန်မာပြည် စာသွားစာလာပို့ဆောင်ရေးအတွက်လည်း အဓိကကျသည်။ မြန်မာပြည်အတွက် စာများကို ဘုံဘေမြို့၊ ထိုမှ ရထားဖြင့် ကုလကတ္တားမြို့၊ ထိုမှ ရန်ကုန်မြို့သို့ ပို့ဆောင်ရန် ဒိုင်းမွန်းဆိပ်သို့ ပို့ပေးသည်။ ထိုလမ်းကြောင်းသည် ၁၉၄၂ခုနှစ် ဂျပန်များ မြန်မာပြည်ကိုကျူးကျော်ပြီး အိန္ဒိယပြည်နှင့် မပြတ်တောက်ခင်အထိ အသုံးချခဲ့သည်။

🏀ရေကြောင်းခရီးစဥ်သည် ဒုတိယကမ္ဘာစစ်ပြီးနောက် ပြန်လည်စတင်ခဲ့ပြီး၊ ၁၉၄၇ခုနှင့် ၁၉၄၈ခု အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတိုင် ဆက်လက်ပြေးဆွဲခဲ့သည်။ ၁၉၅၀ခုနှစ်များအလွန်တွင် ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းစာပို့စနစ် စတင်ခဲ့ပြီး၊ ရေကြောင်းနှင့် စာပို့ဆောင်ရေးသည် မလိုသည့်အပို ဖြစ်သွားသည်။ ကုလကတ္တား-ရန်ကုန်ခရီးစဥ်သည် မည်သည့်အချိန်တွင် ရပ်တန့်သွားကြောင်း အချက်အလက် မရသေးပါ။ သို့သော် ရန်ကုန်မြို့ရှိ ဝိုင်အမ်စီ‌အေဝန်ထမ်း ပင်စင်စား တဦး၏အဆိုအရ သူသည် ၁၉၅၃ခုနှစ်တိုင် ကုလကတ္တားသို့ ပုံမှန် ခရီးသွားခဲ့ကြောင်း ဆိုသည်။ သူက ကုန်းပတ်ပေါ်တွင် ရာသီလိုက်အိန္ဒိယလုပ်သားအများအပြားလိုက်ပါကြကာ၊ ဗြိတိသျှ အရာရှိများနှင့် စီးပွားရေးသမားများက ပထမတန်းတွင် လိုက်ကြကြောင်းဆိုသည်။

🏀၁၉၅၈ခုနှစ်က ရိုက်ကူးသော ဟိန္ဒူရုပ်ရှင် ဟာရာတံတား (Howrah Bridge)တွင် အာရှုတ်ကူးမားနှင့် မန်ဒူးဘာလသည် ရန်ကုန်မှ ကုလကတ္တားသို့ ခရီးသွားများ အဖြစ် သရုပ်ဆောင်ခဲ့ကြသည်။ ထိုရုပ်ရှင်မြင်ကွင်းတွင် အာရှုတ်ကူးမားသည် ဒိုင်းမွန်းဆိပ်ကမ်းသို့ သင်္ဘောပေါ်မှ ဆင်းလာရာ ဗြိတိသျှ-အိန္ဒိယရေကြောင်းသွားလာရေးကုမ္ပဏီဆိုင်းဘုတ်ကို ထင်ထင်ရှားရှားမြင်ရသည်။ ယင်းက ၁၉၅၀နှစ်များအဆုံးအထိ သင်္ဘောပြေးဆွဲဆဲ ဖြစ်ကြောင်းပြနေသည်။
ရေကြောင်းခရီးစဥ်သည် ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ခုနှစ်တွင် အိန္ဒိယလူမျိုးများကို နှင်ထုတ်ပြီးနောက် ရပ်တန့်သွားပုံပေါ်သည်။ ၁၉၆၀ခုနှစ်များကာလတွင် အိန္ဒိယလူမျိုး သုံးသိန်းခန့်ကို မြန်မာနိုင်ငံမှ ကန်ထုတ်ခဲ့သည်။ မြန်မာစစ်အစိုးရသည် လက်ဖက်ရည်ဆိုင်ပိုင်ရှင်များ၊ ကွမ်းယာဆိုင်ပိုင်ရှင်များနှင့် ဆံသဆိုင်ပိုင်ရှင်များကိုသာ ချမ်းသာခွင့်ပေးခဲ့သည်။ အိန္ဒိယအစိုးရသည် ထိုအိန္ဒိယလူမျိုးများကို သင်္ဘောများ၊ လေယာဥ်များစီစဥ်၍ နှုတ်သိမ်းခေါ်ယူခဲ့သည်။

🏀၂၀၁၄ခုနှစ်တွင် အိန္ဒိယသင်္ဘောကော်ပိုရေးရှင်းသည် ချင်နိုင်းမြို့(မဒရပ်မြို့)မှ ရန်ကုန်မြို့သို့ ကုန်သင်္ဘောတစီးချင်း ထွက်သည့်စနစ် စတင်ခဲ့သည်။ သို့သော် ခရီးသည်ပို့ဆောင်ရေးအတွက် မဆွေးနွေးခဲ့ကြချေ။ အစိုးရနှစ်ရပ်သည် မဏိပူရမှ မြန်မာနိုင်ငံသို့ ခရီးသည်ဘတ်စ်ကားများ ပြေးဆွဲရန်စိတ်အားထက်သန်ကြသည်။ သို့သော် မန္တလေးနှင့် အင်ဖာဘတ်စ်လိုင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်တန့်သွားပြန်သည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရေကြောင်းသွားလာရေး စတင်နိုင်ခဲ့လျှင် ကုန်သွယ်ရေး၊ကမ္ဘာလှည့်ခရီးနှင့် ယဥ်ကျေးမှုများ တိုးပွားဖွံဖြိုးလာပေလိမ့်မည်။

😐ယိမ်းဖိုး(စက်မှု)😐
ကိုးကား- အင်တာနက်ဘလော့ဂ်

Address

Yangon

Telephone

+959448025717

Website

Alerts

Be the first to know and let us send you an email when ကောင်းနိုးရာရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကောင်းနိုးရာရာ:

Share