RKar Waiyan

RKar Waiyan Artist
PH-095107124

22/02/2025

🩵🩵🩵Cheery Thet Thay Maw Shan Myae🩵🩵🩵

18/02/2025

♥️♥️♥️Chit Ya Thu Atwet♥️♥️♥️

17/02/2025

🩵🩵🩵Phyu Sin Loon Tae Chit Thu🩵🩵🩵

15/02/2025

🥰🥰🥰🩵🩵🩵 Lwan Lay Hnyin🩵🩵🩵

မြန်မာနိုင်ငံတွင်းနေ လူ့ဘုံရှိလူသားများအတွက်တချို့ ကိစ္စများကို နဂါး မှ ယက္ခ ဘီလူးတွေ လွှဲပြောင်းကိုင်ပြီဖြစ်လို့ ⚠️နဂါး...
27/10/2024

မြန်မာနိုင်ငံတွင်းနေ လူ့ဘုံရှိလူသားများအတွက်

တချို့ ကိစ္စများကို နဂါး မှ ယက္ခ ဘီလူးတွေ လွှဲပြောင်းကိုင်ပြီဖြစ်လို့

⚠️နဂါး တွေ ဂုမ္ဘာဏ် ယက္ခ ဘီလူး အပေါင်းတို့ကို မေတ္တာပို့ခြင်း အမျှဝေခြင်း တို့ကိုသေချာ ပြုပါ
(တစ်အိမ်ထောင်တစ်ယောက်တော့ အနည်းဆုံးသေချာလုပ်ပါ)

⚠️မြေကြီးပေါ်မှာ အမွှေးတိုင်ထွန်း ဒါနပြုပါ
ခွက်ထဲ မီးထွန်းပါ ဖယောင်းတိုင် အောက်ခြေကို ရေနဲ့ဆားနဲ့ထည့်ထွန်းပါ
(နေ့စဉ် / တပတ် ၃/၄ ရက်)

⚠️မင်္ဂလသုတ် ရတနာ့သုတ် မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ခြင်း၊ မဟာသမယသုတ် ရွတ်ဖတ် ပူဇော်ခြင်း တစ်ပတ်တစ်ကြိမ် အဆင်ပြေသည့်ချိန် ရွတ်သင့်/ မရွတ်တတ် ဖွင့်နားထောင်ပါ

⚠️ရန်သူမျိုး၅ပါးနှင့် ကပ်၃ပါးကြောင့် အစိမ်းthay မကျွတ်မလွတ် အလွန်များသည့်အတွက်

🔺ညဘက် အသား/ငါး မ သယ် ယူကြနဲ့
🔺နောက်ဖေးမီးဖိုက ဟင်းချက်တဲ့အမှိုက် အသားငါးအညှီပါတာတွေ အိမ်ရှေ့/ နောက်ဖေး ဒီတိုင်းမပစ်ကြနဲ့
🔺နတ်မင်းကြီး၄ပါး မြို့တော်ရှင် ရွာတော်ရှင် နယ်ပိုင်မြေပိုင် နဲ့ ရေပိုင်နက်တွေစောင့်ရေဗာက်သူအပေါင်းမေတ္တာပို့
🔺ယမမင်းနဲ့ မရဏပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေ လတ်တလောသေဆုံးသွားကြသော အမျိုး အသိတွေ မေတ္တာပို့အမျှဝေ
🔺၁ပတ်၁ကြိမ် အိမ်/ခြံ တံခါး အဝင်အထွက် နှင့် ဝရံတာ အဝင်အထွက် ဆားရည် နဲ့ပက်ဖြန်းခြင်း ဆားရည်စိမ်အဝတ်နဲ့သုတ်ခြင်း ပြုလုပ်ပါ
🔺🔺🔺 Oct 31 တွင် Halloween ည ဆိုပြီး သူရဲလိုတွေလျှောက်မပြင်ဆင်နဲ့ ညဉ့်နက် အပြင်မထွက်နဲ့ အပြင်မှာ ယူတို့ ဟော်လိုးဝင်းတဲ့ပုံတွေအများကြီးမို့ အဲ့ energy ကို attract မလုပ်ပါနဲ့

အထူးအားဖြင့်ကျောင်းတွေမှာ Halloween Party လုပ်တဲ့အခါ ကိုယ့်သားသမီးကိုယ်စောင့်ရှောက်ပါ

ခု ချိန် က ဘာနဲ့တူသလဲဆိုရင် ငယ်ငယ်တုန်းက ညောင်ပင်တစ္ဆေဝေလေလေ ဆော့သလိုပဲ စည်းဝိုင်းထဲက လူတွေကို ဟိုဘက်ပြေးဒီဘက်ပြေးနဲ့ ဝင်ဆွဲ ခံရတတ်တာမို့ မိမိဘာသာတရားကိုသေချာလုပ်ခြင်း မကောင်းမှုတွေ တတ်အားသလောက်ရှောင်ခြင်းဖြင့် ဘုန်းကံမြှင့်ပါ။

⚠️ဒဲ့ပြောရတာအားနာပေမယ့် ပုတီးတစ်ဖက်နဲ့ ပဋ္ဌာန်းရွတ်ပါတယ်ဆိုတဲ့ စနို-က်ကြော်မတွေ သတိထားရမယ့်အချိန်ပဲ
သူများအိမ်ထောင်ပြိုကွဲစေသူတွေ စနို-က်ကြော်တွေ အရှ-င်လတ်လတ် နလန်မထူနိုင်သည်အထိ ခံစားရတတ်တယ်
ကာမပိုင် အိမ်ထောင်ရှင်မ တွေ ရဲ့ ယတြာ / အစီအရင်/ ကျိ-န် ဆ-ဲ တာတွေ ပိုထိတတ်တယ်

⚠️ဘီလူးတွေလိုရ-က်စက် သော-င်းကျန်းသူတွေ ယက္ခ ဂုမ္ဘာဏ်နတ်စစ်သူကြီးတွေရဲ့ ရိုက်နှက်မှုတွေ ခံရမယ် (မကောင်းတဲ့သူတွေကို မကျေနပ်ရင် နတ်စစ်သူကြီးတွေထံ တိုင်တည်ပါ)

⚠️လိမ်စားခြောက်စား ဆရာ နာမည်ခံများ ဗူးပေါ်သလိုပေါ်တတ် တယ်

⚠️ဘီလူးနဲ့ဆိုင်တဲ့ဘုရားဟောင်းများ မဖြို မဖျက် မပြုပြင် မတည်သင့်သေးသောအချိန်ပါ

လို့ပြောရင်း အားလုံး အေးချမ်းသောအတွေးနဲ့ ကုသိုလ်စိတ်တိမ်းညွတ်နိုင်ကြပါစေ ကုသိုလ်အာရုံ မြဲကြပါစေလို့ ဆုတောင်းပေးပါတယ်

credit #မယ်မယ်

မိသားစုဆိုတာ ဝါးရုံလိုပါပဲဘယ်နေ့ ဘယ်သူကဘယ်လိုခွဲသွားမယ်ဆိုတာအချိန်အကန့်အသတ် မရှိပါဘူး.အိုမင်းရင့်ရော်တဲ့အထိအတူတူဆိုတာ မဖ...
12/07/2024

မိသားစုဆိုတာ ဝါးရုံလိုပါပဲ

ဘယ်နေ့ ဘယ်သူက
ဘယ်လိုခွဲသွားမယ်ဆိုတာ
အချိန်အကန့်အသတ် မရှိပါဘူး.

အိုမင်းရင့်ရော်တဲ့အထိ
အတူတူဆိုတာ မဖြစ်နိုင်ပါဘူး..

အချိန်တန်တော့ ဝါးတွေလည်း
သူ့မိသားစုကို ခွဲခွာကြရတယ်..

အချို့အလုံးက နှီး
အချို့အလုံးက ဖြာ
အချို့အလုံးက တံတား
အချို့အလုံးက စည်းရိုး
အချို့အလုံးက ခေါင်မိုး
အချို့အလုံးက အဝတ်ကြိုးတန်း

အလိုလို သူ့နေရာနဲ့သူ
ရောက်ကုန်ကြရသလိုပေါ့..

မိသားစုတွေလည်း ဒီလိုပါပဲ..
အချိန်တန် အရွယ်ရောက်လာတော့
တစ်နေရာဆီ ရောက်ကြရတာသဘာဝပါ..

အဲ့ဒါကြောင့်မို့
အတူရှိနေကြတုန်း
မမုန်းကြနဲ့.. မဆဲကြနဲ့..
မရှိတော့မှ ဝေးသွားကြမှ
ချစ်တော့ ဘာထူးတော့မလဲ..

တစ်နေရာဆီမရောက်ခင် ချစ်ကြပါ.
မှတ်တော့ထားပါ. မမုန်းကြပါနဲ့..

မိသားစုဆိုတာ
ကံကောင်းလွန်းလို့
မိသားစုဖြစ်လာတာပါ..

အချို့တွေက ဝေးသွားမှ တမ်းတ
မရှိတော့မှ တန်ဖိုးနားလည်တတ်လို့ပါ..

အချိန်တန်ရင်
မခွဲချင်လည်း ခွဲကြရတာမို့
ရှိနေတုန်းလေး တန်ဖိုးထားဖို့ မမေ့ပါနဲ့...

(ပျော်ရွင်သောမိသားစုတွေဖြစ်ကြပါစေ)
Credit; Original Writer

ရင့်ကျက်စွာ block လိုက်ပါ.... ‼️မရင့်ကျက်တဲ့သူတွေကသာfb မှာ block ကြတာရင့်ကျက်တဲ့သူတွေကြတော့လည်း အလုပ်တစ်ခုထဲတစ်နေရာထဲ တစ...
20/06/2024

ရင့်ကျက်စွာ block လိုက်ပါ.... ‼️

မရင့်ကျက်တဲ့သူတွေကသာ
fb မှာ block ကြတာ

ရင့်ကျက်တဲ့သူတွေကြတော့လည်း အလုပ်တစ်ခုထဲ
တစ်နေရာထဲ တစ်လမ်းထဲ တစ်အိမ်ထဲ တစ်ခန်းထဲတူတူနေရရင်တောင်

မမြင်ချင်ပဲမြင်နေရတဲ့ လူတွေကို
မျက်လုံးက block ထားလိုက်တယ်

မကြားချင်လည်းကြားနေရတဲ့ စကားလုံးတွေကို
နားက block ထားလိုက်တယ်

သူ့ရဲ့ ပြုမူလှုပ်ရှားမှုတွေကို ဘာတစ်ခုမှလိုက်
မခံစားတော့တာပါ။ ဘာလုပ်မလဲ fb မှာ block ပြီး
သူ့အကြောင်း တွေးတိုင်း မြင်တိုင်း ကြားတိုင်း
အကုသိုလ်များနေတာ .....

ကိုယ်က block ထားတာသူသိပြန်ရင်လည်း
ကိုယ်ကဘဲ ရင်မဆိုင်ချင်သလိုလို
ကိုယ်ကဘဲ မနာလိုဖြစ်နေသလိုလို

"ဒါ့ကြောင့် "
ရင့်ကျက်စွာ block ခြင်းဆိုတာ
ခပ်ရှင်းရှင်းပြောရရင် $ဖက်မလုပ်တော့တာ။

" တချို့လူတွေကို "
ဦးနှောက်က block ထားသင့်တယ်
တချို့လူတွေကို နှလုံးသားက block ထားသင့်တယ်
တချို့လူတွေကို စိတ်ထဲက block ထားသင့်တယ်

"ဒါ့ကြောင့်"
အမုန်းမပွားပါနဲ့"
ရန်မဖြစ်ပါနဲ့"
ရင့်ကျက်စွာ block လိုက်ပါ......

သူတပါးကို ကူညီလိုက်ပြီး ကိုယ်ကြပ်တည်းသွားတာတွေရှိတယ်။ ကိုယ်ကြပ်တည်းခံပြီးကူညီလို့မဖြစ်ဘူးဆိုတဲ့အတွေးရှိတာတောင် တကယ်လက်တွ...
18/06/2024

သူတပါးကို ကူညီလိုက်ပြီး ကိုယ်ကြပ်တည်းသွားတာတွေရှိတယ်။
ကိုယ်ကြပ်တည်းခံပြီးကူညီလို့မဖြစ်ဘူးဆိုတဲ့အတွေးရှိတာတောင် တကယ်လက်တွေ့မှာ သနားတဲ့စိတ် အားနာတဲ့စိတ် ကူညီလိုက်ချင်တဲ့စိတ်က တွန်းပို့နေတော့ အသက်ကိုမနည်းရှူလိုက်ရတဲ့လတွေ ရှိတယ်၊
ဒါပေမယ့် တစ်ချို့က နားမလည်ပါဘူး။
သူအဆင်ပြေနေတာပဲ သူအတွက်က မပြောပါ့လောက်ပါဘူးဆိုပြီး မလေးစားဘူး တန်ဖိုးမထားဘူး။

Crd

စိတ်ထား မကောင်းလိုက်တာ နဲ့ကိုယ့်ရဲ့ဘုန်းကံဟာအမြန်ကျဆင်းသွားပါတယ် ။စိတ်ထားမမှန်လိုက်တာနဲ့ကိုယ့်က အရင်ပူလောင်ဆင်းရဲသွားရပါ...
25/03/2024

စိတ်ထား မကောင်းလိုက်တာ နဲ့
ကိုယ့်ရဲ့ဘုန်းကံဟာ
အမြန်ကျဆင်းသွားပါတယ် ။

စိတ်ထားမမှန်လိုက်တာနဲ့
ကိုယ့်က အရင်
ပူလောင်ဆင်းရဲသွားရပါတယ် ။

သူများကို တိုက်ခိုက်ခြင်းဟာ
ကိုယ့်ဘဝကို တူးဖြိုနေတာပါ ။

သူများကို စိတ်တိုနေတာဟာ
ကိုယ့်ဘ၀ကို
အဆိပ်ရည်နဲ့လောင်းနေတာပါ ။

သူများကို မကောင်းကြံလို့လည်း
ကိုယ်အမြဲ အနိုင်ရမနေပါဘူး ။

ကိုယ့်အလှည့်ဆိုတာလည်း
ပြန်ကြုံလာတတ်သေးတဲ့အတွက်

ဘာဖြစ်ဖြစ် စိတ်မကွက်ပဲ
မေတ္တာစိတ်လေးထားပြီးတော့
စိတ်ထားမှန်အောင်သာကြိုးစားပါ ။

မျက်နှာမပျက်တဲ့သူကို ပိုဆူဖြစ်တယ် အားနာစရာမလိုတဲ့ သူကို ပိုခိုင်းဖြစ်တယ်အလိုက်သိတဲ့သူကျ နေရာတိုင်းအားကိုးမိတယ်သစ္စာရှိတဲ...
21/03/2024

မျက်နှာမပျက်တဲ့သူကို ပိုဆူဖြစ်တယ်

အားနာစရာမလိုတဲ့ သူကို ပိုခိုင်းဖြစ်တယ်

အလိုက်သိတဲ့သူကျ နေရာတိုင်းအားကိုးမိတယ်

သစ္စာရှိတဲ့သူကျ အရာရာယုံကြည်ပြီးလွှဲပေးထားတယ်

ရင်ထဲအရောက်ဆုံးကလဲ ထိုသူတွေပဲ

ဝန်ထမ်းချင်းတူတူ
သားသမီးချင်းတူတူ
တူ တူမချင်းတူတူ
မိတ်ဆွေချင်းတူတူ
ဆွေမျိုးချင်းတူတူ

စိတ်ထဲရောက်တာချင်းမတူဘူး
သူနဲ့ငါ အခွင့်ရေးရတာချင်း မတူဘူး ပြောနေလို့မရဘူး

ကိုယ်ကရော အဲ့အချက်တွေရှိနေလား ပြန်သုံးသပ်ပါ

အချိန်တန်ရင်

သိတတ်သူ သစ္စာရှိသူ ရိုသေတတ်သူ

ကိုယ့်အလုပ်လို တန်ဖိုးထားမခိုကပ်တတ်သူက

အလိုလိုနေရာကောင်း

အခွင့်ရေးကောင်းရစမြဲပါပဲ

Credit #

လောကသဘာဝ***************ကောက်ကျစ်တဲ့သူတွေပဲလူမုန်းများမယ်ထင်ခဲ့တာတကယ်တော့ရိုးသားလွန်းတဲ့သူတွေကိုလည်းတော်တော်များများကမလို...
19/03/2024

လောကသဘာဝ
***************

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့

ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက
မလိုလားကြပြန်ဘူး...

လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ

တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး...

လောကမှာ
တုံးအတဲ့သူတွေပဲ
အထင်သေးခံရတယ်ထင်ခဲ့တာ

တကယ်တော့
ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော..

လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ

တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...

တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ

သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...

အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ...

B သွေးများရဲ့ စိတ်နေ စိတ်ထား ----------------------------------------------Bသွေးတွေက ဆူ တာ ဟောက် တာ  ဆရာ လုပ်တာသွားမလုပ်...
17/03/2024

B သွေးများရဲ့ စိတ်နေ စိတ်ထား
----------------------------------------------
Bသွေးတွေက ဆူ တာ ဟောက် တာ ဆရာ လုပ်တာ
သွားမလုပ်နဲ့ လုံးဝ မကြိုက်ဘူး သူတို့က

Bသွေးတွေက ဒေါသထွက်လာရင် အသားတွေ
တစပ်စပ်တုန် ပြီး ဘီ လူး တွေ ထက်
ကြောက်စရာကောင်းတယ်

Bသွေးလေးတွေ စိတ်ညစ်ရင် ဖုန်းတလုံးရယ်
သီချင်းလေးတွေရယ် ရှိရင် okတယ်
အခန်းထဲလှိမ့်အိပ်နေနေတာ

Bသွေးလား အစွဲအလန်း အသေကြီးတယ်
ဒေါသလဲ အရမ်းကြီးတယ်
မဟုတ်မခံစိတ် ရှုးရှုးဒိုင်းဒိုင်း
ဒေါသပြေမှ ငါပြောတာ လွန်သွားလား
ဆိုပြီး အားနာတဲ့အမျိုး

Bသွေးတွေများ အရမ်းသနားတတ်တယ်
သနားအောင်သွားမပြောနဲ့ သူတို့နဲ့ထပ်တူ
ခံစားပြီးဝမ်းနည်းနေရော

သူ့တို့အားနည်းချက်က မျက်နှာကျောတင်းတယ်
စကားပြောရင့်တယ်ထင်ရပေမဲ့
တကယ်ပေါင်းကြည့် ငပေါလေးတွေဆိုတာ
ခင်တဲ့လူတွေပဲ သိတယ်
သူတို့မှာ သူငယ်ချင်း များများ စားစားလဲမရှိဘူး
သူငယ်ချင်းရှားတယ်
ရှိတဲ့သူငယ်ချင်းအပေါ်လဲ အနစ်နာခံ ပေါင်းတယ်

Bသွေးလေးတွေကအချစ်လဲ ခံချင်ကြတယ်
ခလေးလေးတွေလို သူတို့ကို ဂရုစိုက်ရင် သိပ်ပျော်တာ

အချစ်ကြီးတဲ့Bသွေးနား တော်ရုံသူမကပ်နိုင်ကြဘူး
သူတို့က အရစ်ကြမ်းတယ် ဂျပန်မူလီတောင်
အရှုံးပေးရမယ်
သူတို့တွေ ချစ်မိပြီးတဲ့လူက သူတို့အပေါ်ရက်စက်နေရင်တောင် နည်းလမ်းပေါင်းစုံနဲ့ နားလည်ခွင့်လွှတ်ပြီး
ချစ်တတ်သလိုသူတို့ စိတ်ပျက်သွားတဲ့
လူဟာလဲ ဘယ်လောက်
ရင်းနှီးပြီး အသက်မကချစ်နေပါစေ
ဘယ်တုန်းကမှ မသိခဲ့တဲ့လူတွေလို လုပ်ပစ်ပြီး
ပြတ်သားလွန်းကြတယ် သတိထားပါ

Bသွေးတွေက စာနာတတ်တယ် ကူညီတတ်တယ်
စိတ်ထားလေးလည်းလှတယ်
သူတို့လေးတွေက စိတ်ကူးယဉ် အတွေးလေးတွေနဲ့
ပျော်မွေ့တတ်ပြီး စာရေး သီးချင်းဆို
ကခုန်တာတွေကို ဝါသနာ ပါကြတာများတယ်

သူတို့ကို သွားမပြိုင်နဲ့ သင်ပဲ မောသွားမယ်
သူတို့က စိတ်ထဲရှိသလို နေတာများကြတယ်
ဘယ်သူ့ကိုမှ မနာလိုစိတ်မရှိသလို ဘယ်သူ့ကိုမှလဲ
မပြိုင်ဆိုင်တတ်ကြဘူး အေးအေးဆေးဆေး
နေတတ်ကြတယ်

မာနတော့သွားကြီးမပြနဲ့နော်
သူများထက် ၁၀ဆ မာနကြီးပြတတ်တယ်

တော်ရုံလူလည်း မခင်တတ်ဘူး ၊ခင်ပြီးတဲ့သူဆိုလည်း သည်းခံပေါင်းတယ် ပျော်ပျော်နေတဲ့ ငပေါလေးတွေ

credit

me=B

Address

Kone Boung Road. 13 Ward. East Dagon Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595107124

Website

Alerts

Be the first to know and let us send you an email when RKar Waiyan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share