Helen Lifestyle’s

Helen Lifestyle’s Digital Creater

ရွှေတောင်ခေါက်ဆွဲ ချက်နည်း (၅ယောက်စာ)---------------------------------------မနက်စာ၊ အစာပြေ လုပ်စားနိုင်ဖို့ ရွှေတောင်ခေါ...
09/09/2025

ရွှေတောင်ခေါက်ဆွဲ ချက်နည်း (၅ယောက်စာ)
---------------------------------------
မနက်စာ၊ အစာပြေ လုပ်စားနိုင်ဖို့ ရွှေတောင်ခေါက်ဆွဲ လုပ်နည်းပါ။ လုပ်ရလွယ်ပြီ အိမ်မှာ အလွယ်တကူ လုပ်စားနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…
---------------------------------------
ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ

ဂျုံခေါက်ဆွဲ – ၂၅ကျပ်သား
ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးပါ)
နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
အုန်းသီး – ၁လုံး (ခြစ်တံဖြင့်ခြစ်ပြီ အရည်ညှစ်ပေးပါ) (အုန်းဆီနှစ် ချက်ရန်)
ပဲအကျက်မှုန့် – ၄၀ ဂရမ်
ငရုတ်သီးအကြမ်းမှုန့်ကြော် – စားပွဲတင်ဇွန်း ၃ဇွန်း
---------------------------------------
ကြက်သားဟင်း ချက်ရန် ပါဝင်ပစ္စည်းများ

ကြက်ရင်ဗုံသား – ၂ခု (၂၅၀ ဂရမ်) (အတုံးသေးများ တုံးပါ)
ကြက်သွန်နီ – ၄လုံး (ဥသေး(သို့) ဥကြီးထက်ခြမ်းခြမ်းပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
---------------------------------------
ပြင်ဆင်နည်း

၁။ အရင်ဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက် စားသုံးရန် ဂျုံခေါက်ဆွဲမုန့်ကြွပ် ကြော်ပါမည်။

၂။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီတော်တော်ပူလာမှ ဂျုံခေါက်ဆွဲဖတ် လက်တဆုပ်စာကို ၂ခါခွဲပြီ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၃။ ပြီလျှင် ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။

၄။ ပြီနောက် အုန်းဆီနှစ်ချက် လုပ်ရန် အုန်းသီးညှစ်ရည်များကို ဒယ်ထဲတွင် မီးအသင့်အတင့်ဖြင့် ဆီပြန်သည် အထိ တည်ထားပေးပါ။

၅။ ဆီပြန်လျှင် မီးပိတ်လိုက်ပြီ ပန်းကန်ထဲပြောင်းထည့်ထားပါ။

---------------------------------------
ချက်နည်း

၁။ အရင်ဆုံး ကြက်သားဟင်းချက်ရန် ဒယ်ထဲ ဆီထည့်ပြီ ဆူပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးမှုန့်ထည့်၊ ကြက်သားထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။

၃။ ထို့နောက် ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။

၄။ ရေ (၂ခွက်)စာ ကျန်လျှင် အရသာမြည်းပြီ မီးပိတ်လိုက်ပါ။ ကြက်သားဟင်းရည် ရပါပြီ…

၅။ ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ဇောက်ပန်းကန်ပြားတစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲမှုန့်၊ သံပရာသီး၊ ငရုတ်သီးမှုန့်၊ မုန့်ကြွပ် တို့ကို ထည့်ပြီ ပြင်ပေးပါ။

၆။ ထို့နောက် အပေါ်မှ ကြက်သားဟင်းရည်(ယောက်ချို ၂ဇွန်း) လောင်းချလိုက်ပါ။

ရ။ အရသာရှိသော ရွှေတောင်ခေါက်ဆွဲကို သုံးဆောင်လို့ရပါပြီ…

မှတ်ချက်။ ။ ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက်သုံးဆောင်ရန် ကြက်ပြုတ်ရည်အတွက် ကြက်ရိုးများကို ပြုတ်ပြီ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များ ဖြူး ပေးပါ။

Credit - Wutyee Food House

ပင်လယ်စာဆော့စ်" အရသာအရသာ၊ ချက်နည်းကောင်းလေး လုပ်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။* ပါဝင်ပစ္စည်း1. ထန်းလျက်သကြား 500 ဂရမ်2. ဆ...
06/09/2025

ပင်လယ်စာဆော့စ်" အရသာအရသာ၊ ချက်နည်းကောင်းလေး လုပ်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
* ပါဝင်ပစ္စည်း
1. ထန်းလျက်သကြား 500 ဂရမ်
2. ဆား 2 ဇွန်း
3. ရေနွေး 3 1/2 ခွက်
4. သံပုရာရည် 4 ခွက်
5. ငှက်မျက်လုံး ငရုပ်သီး 200 ဂရမ်
6. ထိုင်းကြက်သွန်ဖြူ 200 ဂရမ်
7. နံနံ 200 ဂရမ်

**ပင်လယ်စာဆော့စ်လုပ်နည်း

1. ထန်းလျက်သကြားကို ရောမွှေထားသော ဇလုံတစ်ခုထဲသို့ ထည့်ပါ။ ပြီးရင် ဆားနဲ့ ရေနွေးနဲ့ ချက်ပါ။ အုန်းသကြားကို ရေထဲသို့ ပျော်ဝင်သည်အထိ ကောင်းစွာမွှေပေးပါ။ ပြီးလျှင် သံပုရာရည်ထည့်၍ သမအောင် မွှေပေးပါ။

2. ရောထားသော ပါဝင်ပစ္စည်းများကို Blender ထဲသို့ လောင်းထည့်ပါ။ ငရုတ်သီး၊ ကြက်သွန်ဖြူ နှင့် နံနံတို့ ကို နှစ်သက်သလို သမအောင် ရောမွှေပါ။ ပင်စိမ်း ရှမ်းနံနံကြိုက်ပါကထပ်ထည့်လို့ရပါတယ်နော်☺️

စားချင်နေတဲ့ ပင်လယ်စာဆော့ ရပါပီး

#ပင်လယ်စာဆော့စပ်နည်း ’s

အရသာရှိပြီး ခွန်အားဖြစ်စေမယ့်  ကြက်သားပေါင်း🍀🍀🍀🍀🍀🍀🍀🍀 ကြက်သားကို ဆီပြန်ဟင်းချည်းပဲ ချက်စားရတာ ရိုးအီနေပြီလား။ ကြက်သားပေါင...
04/09/2025

အရသာရှိပြီး ခွန်အားဖြစ်စေမယ့် ကြက်သားပေါင်း
🍀🍀🍀🍀🍀🍀🍀🍀
ကြက်သားကို ဆီပြန်ဟင်းချည်းပဲ ချက်စားရတာ ရိုးအီနေပြီလား။ ကြက်သားပေါင်း လုပ်စားရင်ရော ဘယ်လိုအရသာအသစ်အဆန်းမျိုး မြည်းစမ်းကြည့်ရမလဲဆိုတာ မသိချင်ကြဘူးလား။

ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်သားပေါင်းဟင်းလျာဖြစ်ပြီး သူနဲ့လိုက်ဖက်မယ့် အချဉ်ရည်ပြုလုပ်နည်းကိုပါ တစ်ပါတည်း ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သား ၁ ပေါင်
အရှည်လိုက် ပါးပါးလှီးထားသောဂျင်း စားပွဲတင်ဇွန်း တစ်ဇွန်း
အရှည်လိုက် ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း တစ်ဇွန်း
ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
ကြက်သွန်ဖြူ ၁ မြွှာ
ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ရေစင်အောင် ဆေးကြောထားလိုက်ပါ။ ထို့နောက် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ထို့နောက် ကြက်သားပေါ်တွင် အရှည်လိုက် ပါးပါးလှီးထားသော ဂျင်းနှင့် ကြက်သွန်မြိတ်တို့ တင်ထားလိုက်ကာ မိနစ် ၃၀ ခန့် သိပ်ထားလိုက်ပါ။

၃။ မိနစ် (၃၀) ပြည့်ပါက ပေါင်းအိုးထဲထည့်ပြီး မိနစ် ၂၀၊ မိနစ် ၃၀ ခန့် ထည့်ပေါင်းထားလိုက်ပါ။ ပေါင်းထားတဲ့ ကြက်သားက နူးအိသွားပြီဆိုရင်တော့ ပေါင်းအိုးထဲကထုတ်ကာ မိမိနှစ်သက်ရာအရွယ်အစားရရှိအောင် ကြက်သားတုံးကို လှီးဖြတ်ထားလိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်လေး ဖြူးကာ အလှဆင်ထားလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ကြက်သားနဲ့ လိုက်ဖက်မယ့် အချဉ်ရည်ဆော့စ်လေး ပြုလုပ်ရပါမယ်။

ဒယ်အိုးတစ်လုံးကို အပူပေးထားပါ။ နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။ ထို့နောက် ခရုဆီ၊ ပဲငံပြာရည်အကြည်နှင့် ရေ ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်ပါ။

အရသာရှိတဲ့ ကြက်သားပေါင်းနဲ့ အချဉ်ရည်ရဲ့ လိုက်ဖက်မှုက အစားအသောက်ချစ်သူတို့ကို ဆွေမျိုးတောင် မေ့စေမှာပဲဖြစ်ပါတယ်။





゚viralシfypシ゚ #ဟင်းချက်နည်းများ ゚

02/09/2025
02/09/2025

ဘန်ကောက်မှာ 198 ဘတ်ထဲနဲ့မူကထဘူဖေးအဝစားကြမယ် #ဘန်ကောက် #ဘန်ကပိ #မူကထ #မူကထဘူဖေး #လက်ဖောင် #ဟင်းချက်နည်း Lifestyle’s

လက်ဖက်နှပ်နည်း အမျိုးမျိုးရှိတဲ့ထဲက ကိုယ်နှပ်တဲ့နည်းလေး ပြောပြမယ်နော်။ ကြိုက်သလောက်စား ရင်မတုန်ဘူး။ လေ မထိုးဘူး။ ဗိုက် မ...
02/09/2025

လက်ဖက်နှပ်နည်း အမျိုးမျိုးရှိတဲ့ထဲက ကိုယ်နှပ်တဲ့နည်းလေး ပြောပြမယ်နော်။ ကြိုက်သလောက်စား ရင်မတုန်ဘူး။ လေ မထိုးဘူး။ ဗိုက် မနာဘူး။ ဓါတ် မချုပ်ဘူး။ အာမခံတယ်။

၁။ လက်ဖက်ကို ရေမဆေးခင် ဆားများများနဲ့ နှံ့နေအောင် ဆုပ်ဆုပ်ပြီး နယ်ပေးရမယ်။
၂။ ၅ မိနစ်လောက်နယ်နှပ်ထားပြီး ရေစင်အောင် ဆေးပြီး ရေညှစ်ချထားရမယ်။
၃။ မန်ကျည်းသီးမှည့်ကို ရေနွေးဖျောထားတဲ့ မန်ကျည်းရေချဥ်ချဥ်နဲ့ လက်ဖက်ကို ထပ်တကြိမ် ဆေးရပါမယ်။
၄။ ရေစင်အောင် ညှစ်ပြီး ဆား အချိုမှုန့် လိုသလို အရသာလေးထည့်ပြီး လေလုံတဲ့ ပုလင်းလေးထဲ လေမဝပ်အောင် သိပ်သိပ်ပြီးထည့်သိမ်းထားရင် နှစ်လလောက်အထိ အထားခံတဲ့ လက်ဖက်နှပ်ပြီးသားရပါပြီ။ စားကာနီးမှ ပဲဆီကို လိုသလောက်ထည့်ပြီးစားရင် အနံ့ အရသာ စပါရှယ် မွှေးအိနေရောပဲနော်။

ကြိုက်သလောက်စား လုံးဝ ဗိုက်မနာတဲ့ နှပ်နည်းလေးပါ။ လေလုံအောင်ထားထားရင် လက်ဖက်သားစိမ်းစိမ်းလေးက အရောင်လှနေရောပဲ။

👩‍🚀ထိုင်းနိုင်ငံရှိ YouTube Shopping အကြောင်း သင်သိထားသင့်သည်များ! YouTube ဟာ သူတို့ရဲ့ Shopping Program ကို ထိုင်းနိုင်...
22/08/2025

👩‍🚀ထိုင်းနိုင်ငံရှိ YouTube Shopping အကြောင်း သင်သိထားသင့်သည်များ!

YouTube ဟာ သူတို့ရဲ့ Shopping Program ကို ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ စတင်ခဲ့ပြီး Shopee နဲ့ ပူးပေါင်းဆောင်ရွက်ထားပါတယ်။

User တွေ အနေနဲ့ ဗီဒီယိုကြည့်ရင်းနဲ့ လိုချင်တဲ့ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူနိုင်ပြီး Creator ေတွ အနေနှင့်လည်း မိမိ Content တွေ အပေါ်မှာ Product တွေကို ကြော်ငြာပေးခြင်းဖြင့် ၀င်ငွေပေးတဲ့ စနစ်တစ်ခုမို့လေ့လာ ကြည့်ရအော်

ဝယ်ယူတဲ့အခါမှာလဲ Shopee ဆီကို တိုက်ရိုက်ချိတ်ဆက်ပြီး စျေးဝယ်နိုင်ပါတယ်။

👩‍🚀 အဓိက သိထားရမယ့်အချက်များ:

စတင်ခဲ့သည့်ရက်: ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်
ပူးပေါင်းပါတနာ: Shopee
ဘယ်လိုအလုပ်လုပ်လဲ:
Creator တွေက ပါတနာကုန်သည်တွေရဲ့ ပစ္စည်းတွေကို သူတို့ရဲ့ ဗီဒီယိုတွေ၊ Shorts တွေနဲ့ Live Stream တွေမှာ Tag လုပ်နိုင်ပါတယ်။ ကြည့်ရှုသူတွေက ဗီဒီယိုအောက်ခြေမှာ ပေါ်နေတဲ့ "Product" ခလုတ်ကို နှိပ်လိုက်တာနဲ့ Shopee မှာရှိတဲ့ သက်ဆိုင်ရာ ကုန်ပစ္စည်းစာမျက်နှာဆီကို တိုက်ရိုက်ရောက်ရှိပြီး အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

ကြည့်ရှုသူတွေက Tag လုပ်ထားတဲ့ ပစ္စည်းကို Click နှိပ်ပြီး ဝယ်ယူလိုက်ရင် Creator ကော်မရှင် ရရှိမှာပါ။

👩‍🚀ရောင်းချမှု ကော်မရှင် (Commission) အကြောင်း:

ကော်မရှင်နှုန်းက ကုန်ပစ္စည်းအမျိုးအစားနဲ့ အမှတ်တံဆိပ်ပေါ်မူတည်ပြီး ကွဲပြားပါတယ်။
ဥပမာအားဖြင့်၊ Shopee ရဲ့ Affiliate Program မှာ ကော်မရှင်နှုန်းဟာ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ၇% မှ စတင်ပါတယ်။ ကော်မရှင်နှုန်းကို ကုန်ပစ္စည်းတစ်ခုစီရဲ့ အချက်အလက်မှာ ဖော်ပြပေးထားပါတယ်။

👩‍🚀TikTok Shop နဲ့ ဘာကွာလဲ:

YouTube Shopping က အများအားဖြင့် အသေးစိတ်ရှည်လျားတဲ့ ဗီဒီယိုတွေ (ဥပမာ - Product Review, Tutorial) ကို အခြေခံပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ပစ္စည်းအကြောင်းကို သေချာလေ့လာနိုင်ပါတယ်။

TikTok Shop ကတော့ တိုတောင်းတဲ့ ဗီဒီယို အတိုတွေ ကို အဓိကထားပါတယ်။ ခဏလေးအတွင်းမှာ စိတ်ဝင်စားပြီး ချက်ချင်းဝယ်ယူချင်စိတ်ပေါ်အောင် ဆွဲဆောင်ရပါတယ်။

👩‍🚀Creator တွေအတွက် လိုအပ်ချက်များ:

YouTube Partner Program (YPP) မှာ ပါဝင်ရပါမယ်။
Subscriber အနည်းဆုံး ၁၀,၀၀၀ ရှိရပါမယ် (နောက်ဆုံးအချက်အလက်အတွက် YouTube ရဲ့ လမ်းညွှန်ချက်ကို အမြဲစစ်ဆေးပါ)။
Channel ရဲ့ Audience ကို "ကလေးများအတွက် ပြုလုပ်ထားသည်" လို့ သတ်မှတ်ထားလို့မရပါဘူး။
Channel မှာ Hate Speech နဲ့ပတ်သက်တဲ့ Community Guideline Strikes မရှိရပါဘူး။

👩‍🚀Creator တွေရရှိမယ့် အကျိုးကျေးဇူးများ:

ဝင်ငွေရရှိနိုင်တဲ့ နည်းလမ်းတစ်ခုပါ။
ကိုယ်ပိုင် Online Store မလိုဘဲနဲ့ ကော်မရှင်ရယူနိုင်ပါတယ်။
နာမည်ကြီး Brand တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။
ရောင်းအားစာရင်းအင်းတွေကို YouTube Analytics မှာ ကြည့်ရှုနိုင်ပါတယ်။

👩‍🚀ဘယ်လို Creator မျိုးတွေနဲ့ သင့်တော်လဲ:

Product Review တွေလုပ်တဲ့သူတွေ
Tutorial ဗီဒီယိုတွေ ဖန်တီးတဲ့သူတွေ
Lifestyle နဲ့ Vlogging Channel တွေ
Trusted Follower အများအပြားရှိတဲ့သူတွေ

👩‍🚀 ကောင်းကျိုးများ:

အရင်တင်ထားတဲ့ ဗီဒီယိုတွေကနေလည်း ဝင်ငွေရနိုင်ပါတယ်။
ပစ္စည်းတစ်ခုအကြောင်းကို အသေးစိတ်ပြသနိုင်ပါတယ်။
ကုန်ပစ္စည်းသိုလှောင်စရာမလိုပါဘူး။
YouTube Shopping ဟာ Creator တွေအတွက် ဝင်ငွေရှာဖွေဖို့ နောက်ထပ်အခွင့်အရေးကောင်းတစ်ခုပါပဲ။

Make Idea to Impact!

extension လိုက်တိုးပေးဖြစ်တာလေးထိုင်းကို  Arrival visa 14 ရက်နဲ့ပဲလာလာ Tourist visa နဲ့ပဲလာလာone month extension တိုးချင...
22/08/2025

extension လိုက်တိုးပေးဖြစ်တာလေး

ထိုင်းကို Arrival visa 14 ရက်နဲ့ပဲလာလာ Tourist visa နဲ့ပဲလာလာ

one month extension တိုးချင်သူများအတွက်

extension service
30
#သံရုံးထောက်ခံစာ
ticket service
Pass service
#လေဆိပ်အကြိုအပို့
#တာချီလိတ်-ဘန်ကောက်

လိုအပ်တာမှန်သမျှအကုန်ရပါမယ်ရှင်

Page cb မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

'''ပုဇွန်ဟင်း''လေးချက်စားကျမယ်🧑🏻‍🍳' ကြက်သွန်နီ ဖြူကို နနွင်းမှုန့် ငရုပ်သီးအရောင်တင်မှုန့် ထည့်ပီဆီသတ်ပါမယ် အနံ့မွှေးလာရ...
21/08/2025

'''ပုဇွန်ဟင်း''လေးချက်စားကျမယ်🧑🏻‍🍳

' ကြက်သွန်နီ ဖြူကို နနွင်းမှုန့် ငရုပ်သီးအရောင်တင်မှုန့် ထည့်ပီဆီသတ်ပါမယ် အနံ့မွှေးလာရင် မန်ကျည်းအနှစ်ဖျော်ထားတာနဲ့ ငါးငံပြာရေ အချိုမှုန့် ဆား ပုဇွန် ရေကိုလိုသလောက်ထည့်မွှေပါ ရေခမ်းပီဆီပြန်လာရင် အပေါ့အငန်မြည်း ငရုပ်သီးစိမ်း မဆလာအုပ်ကာ အိုးချလို့ရပါပီရှင့် မန်ကျည်းနှစ်အစား ခရမ်းချဉ်သီးအနှစ်ထည့်ချက်လည်းရပါတယ်



#ဟင်းချက်နည်းများ ゚viralシfypシ゚ #ဟင်းချက်နည်းများ ゚

ကြာဇံကြော်နည်းအသားမပါပဲအသီးအရွက် အသားတုလေးနဲ့ပဲကြော်ထားတာကြာဇံကြော်ဆိုပျော့ပြီးပြတ်ထွက်နေရင်လုံးဝမကြိုက်ဘူးဆန်ကြာဇံကိုမိ...
19/08/2025

ကြာဇံကြော်နည်း

အသားမပါပဲအသီးအရွက် အသားတုလေးနဲ့ပဲကြော်ထားတာ
ကြာဇံကြော်ဆိုပျော့ပြီးပြတ်ထွက်နေရင်လုံးဝမကြိုက်ဘူး
ဆန်ကြာဇံကိုမိနစ်နှစ်ဆယ်လောက်ရေစိမ်ပြီးရေစစ်ထားပါ
ပြီးရင်ပဲငံပြာရည်အကြည်၊ပဲငံပြာရည်အနောက်အနည်းငယ်ကြက်သားမုန့်တို့ထည့်ပြီးအရသာဝင်သွားအောင်နယ်ထားပါ
အရသာကကိုယ့်ရဲ့ကြာဇံအနည်းအများပေါ်မူတည်ပြီးထည့်ပါရှင်
ပြီးရင်ကိုယ်ထည့်မဲ့အသီးအရွက်တွေလှီးပြီးရေဆေးသန့်စင်ကာရေစစ်ထားပါ
အရင်ဆုံးကြက်ဥလေးကြော်ပြီးပြန်ဆယ်ထားပါ
ကြော်ရန်အတွက်အိုးထဲဆီထည့်ဆီပူရင် ကြက်သွန်ဖြူနုတ်နုတ်စင်းထားတာကိုထည့်ပါ
ကြက်သွန်ဖြူ အနံလေးမွှေး လာရင်အသီးအရွက်တွေထည့်ကြော်ပါ
အသားတုပါတခါတည်းထည့်ကြော်ပါ.
အရသာအတွက် ကြက်သားမုန့် သကြားအနည်းငယ်နဲ့ခရုဆီထည့်ပါ
အသီးအရွက်တွေကြော်တဲ့အချိန်မီးများများနဲ့ကြော်ပါ
အသီးအရွက်မကျက်တကျက်အချိန်အရသာနယ်ထားတဲ့ကြာဇံတွေထည့်ကြော်ပါ
မီးအနေတော်လေးပဲထားပါ တူးပြီးအိုးကပ်တတ်ပါတယ်
တအားထိုးမမွေပါနဲ့ကြာဇံတွေပြတ်သွားရင်မလှပါဘူး
ဇွန်းလေးနှစ်ချောင်းနဲ့အသာလေးအပေါ်အောက်မွေပေးပါ
ပြီးရင်ကြာဇံနဲ့အသီးအရွက်လေးတွေသမမျှတပြီးထွေးထွေးအိအိလေးဖြစ်ရင်ကြာဇံကြော်ရပါပြီ
ကြော်ထားတဲ့ကြက်ဥကြော်လေးထည့်ပါ
နောက်ဆုံတရုတ်နံနံလေးအုပ်ပြီးရပါပြီ

အမဲအူစုံချက်နည်းလေးတင်ပေးထားတယ်နော် ချက်စားကြည့်နော် ချစ်သောလေးတို့ရေ🫶🏻💖
17/08/2025

အမဲအူစုံချက်နည်းလေးတင်ပေးထားတယ်နော် ချက်စားကြည့်နော် ချစ်သောလေးတို့ရေ🫶🏻💖

Address

Yangon

Telephone

+959403930524

Website

Alerts

Be the first to know and let us send you an email when Helen Lifestyle’s posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share