မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

  • Home
  • Myanmar
  • Yangon
  • မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

မြန်မာစာတန်းထိုးရုပ်ရှင်ကားများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြန်မာစာတန်းထိုးရုပ်ရှင်ကားများ, 動画クリエイター, Yangon.

Football Highlights တွေကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးသွားပါမယ်။ ဘောလုံးကို ချစ်တဲ့ Friends တွေကိုကြိုဆိုပါတယ်။ 11/Nov/25မှစတင်၍ Highlights pageအဖြစ်ပြောင်းလဲလိုက်ပါပြီလို့ အသိပေးလိုက်ရပါတယ်ဗျ။

Transfer News👇(အန်တိုနီ ဆီမန်ယို မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်နေ)ဂွါဒီယိုလာဟာ ဇန်နဝါရီလအစောပိုင်းမှာ ကွင်း...
29/12/2025

Transfer News👇
(အန်တိုနီ ဆီမန်ယို မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်နေ)

ဂွါဒီယိုလာဟာ ဇန်နဝါရီလအစောပိုင်းမှာ ကွင်းလယ်အင်အားဖြည့်တင်းမှုရရှိဖို့ ရှိနေပါတယ်။

Bournemouth အသင်းဟာ သူတို့ရဲ့ အဓိကကစားသမားကို ဆုံးရှုံးရတော့မယ့် အခြေအနေမှာ ရှိနေပါတယ်။
သတင်းထောက် Florian Plettenberg ၏ X လူမှုမီဒီယာစာမျက်နှာတွင် ဖော်ပြချက်အရ အသက် ၂၅ နှစ်အရွယ် Bournemouth ကွင်းလယ်ကစားသမား Antoine Semenyo သည် မကြာမီ မန်ချက်စတာစီးတီးကစားသမား ဖြစ်လာတော့မည်ဖြစ်သည်။

မန်ချက်စတာစီးတီးအသင်းဟာ ဆီမန်ယိုနဲ့ သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပြီး စီးတီးအသင်းဟာ ဘုန်းမောက်အသင်းနဲ့ အပြောင်းအရွှေ့အသေးစိတ်အချက်အလက်တွေကို အပြီးသတ်ဖို့ လုပ်ဆောင်နေပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ဆီမန်ယိုရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းကို အသက်သွင်းဖို့ အသင့်ဖြစ်နေပါပြီ။ဒီရာသီမှာ ဆီမန်ယိုဟာ ချယ်ရီအသင်းအတွက် ၁၇ ပွဲကစားခဲ့ပြီး ၈ ဂိုးသွင်းယူကာ ၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ သူ့ရဲ့ ဘုန်းမောက်အသင်းနဲ့ လက်ရှိစာချုပ်ဟာ ၂၀၃၀ ခုနှစ်အထိ အကျုံးဝင်နေပြီး Transfermarkt ရဲ့ ခန့်မှန်းချက်အရ သူ့ရဲ့ဈေးကွက်တန်ဖိုးဟာ ယူရို ၆၅ သန်း ရှိပါတယ်။


27/12/2025

အာဆင်နယ်သည် ဘရိုက်တန်ကို အိမ်ကွင်းတွင်ဂိုးရလဒ် ကျဉ်း​မြောင်းစွာ ဖြင့် အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်၏ ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ တင်ဘာ နဲ့ ဘင်ဖြူ မပါဝင်နိုင်တဲ့အချိန် ရိုက်က ညာစွန်လူနေရာမှာ ဝင်ကစားပြီး နေရာသာပြောင်းမယ် ခြေစွမ်းက ထိပ်တန်းအဆင့်နဲ့ ဘရိုက်တန်ရဲ့ တိုက်စစ်မှူး Rutter ကို အိတ်ထဲကောက်ထည့်ပြီး အနိုင်သုံးမှတ်ရယူခဲ့ပါတယ်။

Martin Odegaard သည် Bukayo Saka ပေးပို့မှုကနေ ညာထောင့်ကို ​ အနိမ့်ကန်ပြီး အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဒုတိယဂိုးက ပွဲချိန်ပြီးပြီးချင်းမှာပဲ Declan Rice ရဲ့ထောင့်ကန်ချက်ကို မိမိဂိုးပေါက်ကို ခေါင်းတိုက်သွင်းခဲ့တဲ့ Georginio Rutter ရဲ့အိုဂျီဂိုးကြောင့် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဘရိုက်တန်ကတော့ ဒီယေဂိုဂိုမက်ဇ်ရဲ့ တိုင်ထိပြီး ပြန်ထွက်လာတဲ့ဘောလုံး ပြန်ကန်သွင်းကာ ပြန်လာတော့မလို ဖြစ်ခဲ့ပေမယ့် ရာယာရဲ့ ကာကွယ်မှုတွေအောက်မှာ ပြန်မလာနိုင်တော့ပဲ ကျရှုံးခဲ့ရပါတယ်။

06/12/2025

အချိန်ကိုလည်းပြန်ကြည့်အုံး...ကျွန်တော့ရင်ဘက်လည်း လှန်ကြည့်အုံး😭😭😭

ရှုံးပွဲမရှိတဲ့ ဂျာမန်ဘီလူးကြီးကို London ခေါ်ပြီး ကော်ဖီတိုက်ပေးလိုက်တဲ့ ဂန်းနားတွေတပွဲလုံးလည်း ဘောလုံးကိုင်ထားပေမယ့် ဂ...
26/11/2025

ရှုံးပွဲမရှိတဲ့ ဂျာမန်ဘီလူးကြီးကို London ခေါ်ပြီး ကော်ဖီ
တိုက်ပေးလိုက်တဲ့ ဂန်းနားတွေ

တပွဲလုံးလည်း ဘောလုံးကိုင်ထားပေမယ့် ဂိုးမသွင်းတက်တဲ့
ဂျာမန်ဘီလူးကြီးကိုဒုတိယပိုင်းမှာ မာဒူအကီ နဲ့
မာတင်နယ်လီတို့မှ ဂိုးသွင်းပုံသင်ကြားပေးရင်
3in1ကော်ဖီပါတိုက်ပေးခဲ့တဲ့ အာတီတာရဲ့ အာဆင်နယ်ပါ။

အရမ်းကောင်းပါတယ်ဆိုတဲ့ ဂျာမန်ဘီလူးကြီးဟာ
london အမြှောက်တပ်ရဲ့ ပြင်းပြင်းထန်ထန်
ချေမှုန်းမှုကြောင့် နောက်တခါ londonဆိုတာကို
အသံတောင်မကြားရဲတဲ့အထိ
ကြောက်သွားမယ် ထင်ပါတယ်။

တကယ်တော့ london ရဲ့ ကောင်းကင်ဟာ
အနီရောင်ဆိုတာကို ဂျာမန်တွေသတိမထားမိခဲ့ပဲ
အထင်သေးခဲ့ဟန်တူပါတယ်။
အခုတော့ ချန်ပီလိဒ်ရဲ့ အမှတ်ပေးဇယားထိပ်ကနေ
အမြှောက်တပ်သားတွေကို နေရာဖယ်ပေးခဲ့ရပြီး
အရမ်းကောင်းမွန်နေတဲ့ သူတို့ရဲ့စံချိန်ကိုအရှုံးရဲ့အရသာ
မြည်းစမ်းခွင့်ပေးခဲ့တဲ့ ဂန်းနားတွေကို တသက်မမေ့နိုင်မှာတော့ အသေအချာပါပဲ။

ဂန်းနားတို့ရဲ့ အရံခုံတန်းက ထလာတဲ့သူတိုင်းဟာ
ထိတိုင်းရွှေဖြစ်နေခဲ့တာဒီရာသီရဲ့
အစဥ်အလာလိုဖြစ်နေပါပြီ။
အခုဆို ကပ္ပတိန်ကြီးလည်းပြန်ပါလာသလို
ဂါဘီအလတ်ကောင်ရဲ့ချန်ပီယံလိဒ် ဂိုးလာဒ်ကြီးက
အားရစရာကောင်းလွန်းနေတာက ဂန်းနား
တွေရဲ့ဆောင်းဟာ အရာရာကို သာယာဖွယ်
မြင်ကွင်းတွေဖြစ်နေတာတွေအမှန်ပါပဲဗျာ။

SPM.Iris

#ကိုယ်တွေတော့အခုထိမအိပ်နိုင်သေးဘူး #အာဆင်နယ်ဖန်များအိမ်မက်လှလှမက်ကြပါစေ

24/11/2025

Who is Eze?

ပွဲကြိုသတင်းစာပွဲမှာ အာချောင်ခဲ့တဲ့ သောမတ်ဖရန့်တစ်ယောက်
အခုတော့ Ezeဆိုတာကို သေချာ သိသွားလောက်ပြီထင်ပါတယ်။



21/11/2025

ှို့လိုက်တဲ့cr7မီး

လေးစားမရှိသော ဖီဖာရဲ့လုပ်ရပ်ကြောင့် ရိုနယ်ဒိုနဲ့ပေါ်တူဂီဖန်တွေအတွက် တော်တော်လေးကို ဒေါသဖြစ်ပြီး မီဒီယာ
ပေါ်မှာ ပွဲဆူသွားခဲ့ရပါတယ်။

ဖြစ်ပွားရပုံကတော့ နှစ်ထောင့်နှစ်ဆယ့်ခြောက်ဝေါကပ်ပိုစတာကနေစတင်ခဲ့တာပဲဖစ်ပါတယ်။

ဖီဖာအနေနဲ့ ဝေါကပ်ပိုစတာကို သူတို့ဝက်စိုက်ပေါ်မှာတင်ခဲ့ရာ ပေါ်တူဂီရဲ့ဂုတ်ကြီးရိုနယ်ဒိုမပါဝင်လာပဲ ရိုနယ်ဒိုအစားဘရူနိုဖာနန်ဒက်သာကာဝင်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ရိုနယ်ဒိုဖန်တွေနဲ့ဘောလုံးဝေဖန်သူတွေက
အဆိုပါပိုစတာကိုတွေ့ရှိပြီး ဖီဖာရဲ့ ရိုနယ်ဒိုလိုကစားသမား
မျိုးအပေါ်မလေးစားတဲ့လုပ်ရပ်အတွက်ပြင်းပြင်းထန်ထန်
ဝေဖန်တိုက်ခိုက်ကြပါတော့တယ်။

ပို့စ်တင်ပြီး မိနစ်ပိုင်းမှာတင် ပိုစတာကို ပြန်ဖြုတ်ချခဲ့ပြီးရိုနယ်ဒိုပါဝင်လာတဲ့ပိုစတာကိုပြန်တင်လာခဲ့ပါတယ်။
ဒါပေမယ့်ပြသာနာက မပြီးသေးပါဘူး ။
အသစ်တင်လာတဲ့ပိုစတာမှာရိုနယ်ဒိုပါလာပေမယ့်မက်ဆီနဲ့ကမ္ဘာ့ဖလားကပ်ကလိုတာထက်ပိုကြီးနေတာရယ်။
ရိုနယ်ဒိုကိုမသက်သာလို့ထည့်လိုက်ရတဲ့ပုံစံမျိုးဖြစ်နေတာကြောင့် ဖီဖာအပေါ် ဖန်တွေရဲ့တိုက်ခိုက်မှုက ပိုပြီးပြင်းထန်လာနေပါတယ်။

ကျွန်တော့်လို ရိုနယ်ဒိုဖန်မဟုတ်တဲ့သူတောင်ဖီဖာရဲ့
လေးစားမှုမရှိတဲ့လုပ်ရက်ကိုစိတ်တိုမိတာအမှန်ပဲဗျ။
မက်ဆီနဲ့ရိုနယ်ဒိုဖန်တွေကို ရန်တိုက်ပေးနေသလားလို့တောင်
ထင်မိတယ်ဗျာ။
ညီအကိုတို့ကြည့်ပြီးဆုံးဖြတ်ပေးကြပါတော့ဗျာ



20/11/2025

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ခွင့်ရရှိမယ့် European qualifier play-off အသင်း ၄ သင်းအတွက် ရွေးချယ်မှုတွေကို ဒီနေ့ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ် ။ အုပ်စု ဒုတိယအသင်း ၁၂ သင်းကို ဖီဖာအဆင့်ရပ်တည်မှုအရ ၄ သင်းစီပါဝင်တဲ့ မဲအိုး ၃ ခုပြုလုပ်ပေးထားပြီး နေးရှင်းလိဂ်ကနေ ဝင်ခွင့်ရရှိလာတဲ့ အသင်းတွေကိုတော့ မဲအိုးနံပါတ် ၄ မှာထည့်သွင်းထားပါတယ် ။

ဒီပွဲစဉ်တွေကို ၂၀၂၆ မတ်လထဲမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အိမ်ကွင်းအဝေးကွင်းမရှိဘဲ တကျော့တည်း ဆုံးဖြတ်မှာ ဖြစ်ပါတယ် ။ ပွဲချိန်အတွင်း သရေရလဒ်ထွက်ပေါ်နေမယ်ဆိုရင် အချိန်ပို ၊ ပင်နယ်တီဆက်လက်ကစားသွားကြမှာပါ ။ Port တခုတည်းက အသင်းအချင်းချင်း ပြန်လည်ဆုံတွေ့မှာ မဟုတ်ပါဘူး ။

ဆီမီးဖိုင်နယ်အဆင့်မှာ Port 1ကအသင်းတွေဟာ Port 4 က အသင်းတွေနဲ့ ဆုံတွေ့မှာဖြစ်ပြီး တဘက်မှာတော့ Port 2 & 3 က အသင်းတွေတွေ့ဆုံကြမှာပါ ။ အီတလီဟာ မဲအိုးနံပါတ် ၄ က ဆွီဒင် ၊ မြောက်မက်ဆီဒိုးနီးယား ၊ မြောက်အိုင်ယာလန် နဲ့ ရိုမေးနီးယားတို့အထဲက တသင်းသင်းနဲ့ ဆုံတွေ့မှာ ဖြစ်ပြီး အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ် ။ အနိုင်ရရှိခဲ့မယ်ဆိုရင်လည်း ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသွားရမှာပါ ။


19/11/2025

Naymar & 2026WorldCup Part-2

ခင်ဗျားတို့နေမာကိုကမ္ဘာ့ဖလားမှာမြင်ချင်စိတ်ကလမ်းဆုံးတော့မရောက်သေးပါဘူး
ဘရာဇီးနဲ့ကမ္ဘာ့တဝှမ်းနေမာဖန်တွေအတွက်အားတက်စေမယ့်စကားကတော့ အန်ဆယ်လော့တီရဲ့နှုတ်ကဖွင့်ပြောလာခဲ့ပါပြီ။

ဘရာဇီးနည်းပြ အန်ဆယ်လော့တီအနေနဲ့ နေမာ အား၂၀၂၆ ကမ္ဘာ့ဖလားအတွက် ခေါ်ယူနိုင်ခြေရှိသော ကစားသမားစာရင်းတွင် ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီပြောကြားခဲ့တာကတော့
နေမာဟာ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်တဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်ပါတယ်။ နောက်ဆုံး လူစာရင်းရွေးချယ်ဖို့အတွက် ခြောက်လ အချိန်ရပါသေးတယ်။ ကျွန်တော်တို့ လုပ်ရမယ့်အရာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ တခြားသူတွေလိုပဲ နေမာကို စောင့်ကြည့်လေ့လာပြီး နောက်ဆုံးစာရင်းမှာ အမှားမဖြစ်အောင် ရွေးချယ်ဖို့ရန် ကြိုးစားဖို့ပါပဲ။

သူအနေနဲ့ အခုဆိုရင် ဒဏ်ရာကနေ ပြန်လည်သက်သာလာပါပြီ။ အဲဒါကြောင့် သူ့အနေနဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းပြသဖို့ ၆ လအချိန်ရပါတယ်။ ဘရာဇီးလ် ချန်ပီယံရှစ်က ဒီဇင်ဘာ ခုနှစ်ရက်နေ့ဆိုရင် ရာသီပြီးဆုံးပါဘီ။ အဲဒီနောက်မှာ နေမာအနေနဲ့အားလပ်ရက် အပြည့်အဝ ယူနိုင်ပါတယ်။ ပြီးရင် ဘရာဇီးလ် ချန်ပီယံရှစ်အသစ် ပြန်လည် စတင်တဲ့အခါ သူ့ရဲ့ အရည်အချင်းတွေအားလုံးနဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုကို ပြသဖို့ အချိန်ရပါလိမ့်မယ်။

ဒါကတော့ အန်ဆယ်လော့တီရဲ့ ပြောစကားပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့လို နေမာဖန်တွေအတွက်တော့ ကောက်ရိုးလေးတမျှင်ဆိုရင်တောင် ကမ္ဘာ့ဖလားမှာ
မက်ဆီ ရိုနယ်ဒိုနည်းတူ နေမာကိုနောက်ဆုံးအကြိမ်မြင်ချင်မိပါတယ်ဗျာ
နေမာကတကယ်တော့ကာလမှားပြီးမွေးလာတာဗျ
မက်ဆီနဲ့ရိုနယ်ဒိုတို့နဲ့ခေတ်ပြိုင်မွေးဖွားလာရတာကျွန်တော်တို့အိုင်ဒေါအတွက်မတန်ဘူးဗျာ။နေမာကိုအားပေးမယ့်ဖန်လေးတွေရှိရင်ကောမန့်လေးရေးပေးခဲ့ပါအုံး

#နေမာဖန်တွေဘယ်ပျောက်နေလဲ #နေမာနဲ့ကမ္ဘာ့ဖလား

18/11/2025

Naymar & 2026WorldCup Part-1

ခင်ဗျားဟာမက်ဆီဖန်လား? ဒါမှမဟုတ် ရိုနယ်ဒိုဖန်လား?
ခင်ဗျားရဲ့အိုင်ဒေါဟာဘယ်သူပဲဖြစ်ဖြစ် နေမာကစားတာကိုကြိုက်လားလို့မေးရင် ဘယ်သူမှလွန်ဆန်နိုင်မယ်မထင်ပါဘူး

ဟုတ်ပါတယ် အခုချိန်နေမာဟာ ဘရာဇီးကလပ်ဆန်းတို့အသင်းမှာကစားနေပြီးဒဏ်ရာတွေနဲ့ရုန်းကန်နေရပါတယ်
သူလိုကစားသမားဟာ ရောက်သင့်တဲ့ဘောလုံးအဆင့်အတန်းထိရောက်သင့်ပေမယ့်မရောက်ခဲ့တဲ့ နာမည်ကြီးကစားသမားစာရင်းမှာထိပ်ဆုံးကနေရာယူထားပါတယ်။

သူကစားသမားဘဝတလျှောက်အထူးသဖြင့်အသက်၂၅နှစ်နောက်ပိုင်း ဒဏ်ရာပြသာနာတွေကြောင့် သူ့ဘောလုံးသမားဘဝအရေးအကြီးဆုံးအချိန်တွေကို ထိခိုက်ခဲ့ရသူပါ။

အခုဆိုအသက်၃၃နှစ်ရှိနေပြီးဘရာဇီးဘောလုံးအသင်းအတွက်၇၆ဂိုးသွင်းယူထားပြီးဂိုးသွင်းအများဆုံးဂန္ဓဝင်ကစားသမားပါ။
အခုဆန်းတို့အသင်းမှာလည်းပွဲချိန်ပြည့်နှစ်ပွဲသာကစားထားရပြီးဒဏ်ရာပြသာနာတွေက သူ့ကိုနှိပ်စက်နေခဲ့တာပါ။

အခုလက်ရှိဒဏ်ရာကပြန်လည်သက်သာလာပြီးဆန်းတို့ရဲ့အသင်းနဲ့ပါးမီးယက်တို့ပွဲစဥ်မှာအချိန်ပြည့် ပြန်လည်ကစားပေးလာနိုင်ပါပြီ။
အခုနှစ်ထောင့်နှစ်ဆယ့်ခြောက်ကမ္ဘာ့ဖလားပြိုင်ပွဲကိုနေမာဝင်ရောက်ကစားပေးဖို့စောင့်မျှော်နေတဲ့သူ့ရဲ့ပရိတ်သတ်တွေအတွက်စိတ်မကောင်းဖြစ်စရာဗီဒီယိုလေးတွေလက်တလောမှာတွေ့ရလာပါတယ်😭



#နေမာဖန်တွေဘယ်ပျောက်နေလဲ
#နေမာနဲ့ကမ္ဘာ့ဖလား

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မြန်မာစာတန်းထိုးရုပ်ရှင်ကားများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share