Jenovia

Jenovia Mostly Food Vlogs in a Hint of Lifestyle with Rarely Hobbies!

01/01/2026

ရန်ကုန်မြို့ Christmas မှာ ဘာတွေရှိလဲသိချင်တာနဲ့ သွားရင်းလာရင်း စားသောက်၊ ကြုံတွေ့ခဲ့တာတွေ မှတ်တမ်းတင်ခဲ့တဲ့ အမှတ်တရ Vlog လေးပါ။ နှစ်သစ်မှာ အားလုံးပဲ လိုအင်ဆန္ဒပြည့်ဝကြပါစေနော်။ ဗီဒီယိုလေးကို ကြည့်ရှုအားပေးကြပါဦး။
Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!

27/12/2025

ကချင်အစားအစာလေးတွေ စားဖို့ညွှန်းချင်တယ်။ ဒါဆိုဘယ်ဆိုင်လဲမေးရင် ဒီဆိုင်ကိုသွားကြည့်နော်။ ဗမာပါးစပ်နဲ့ကွက်တိ ချဉ်ချဉ်စပ်စပ်အရသာ ဆာဖြယ်၊ ပေါ့ပေါ့ပါးပါးအရသာရှိရှိသုံးဆောင်ရမယ့် ကချင်ထမင်းသုပ် (Shat Jam) နဲ့ မှာလိုက်တဲ့ ကြက်တောင်ပံကင်လည်း အကြိုက်တွေ့မိလို့ Vlog လုပ်ပေးလိုက်ပြီ။

📍SUT Restaurant

Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!

20/12/2025

မုန့်ကောင်းကောင်းလေး စားပြီး အေးဆေးအနားယူချင်တဲ့သူတွေအတွက် High Tea Set လေးပါ။ ရေကူးလို့ပါရလို့ သာယာတဲ့ညနေခင်းလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဗီဒီယိုလေးကနေ ဒီအတွေ့အကြုံလေးကို မျှဝေပေးထားလို့ ကြည့်ပေးကြဦးနော်။

🏨 Rose Garden Hotel

Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!

13/12/2025

အမေရိက မသွားနိုင်သေးဖူး။ ဒါမဲ့ အမေရိကန် Vibe အပြည့်နဲ့ အမေရိကန်စားသောက်ဆိုင်ရှာနေရင် ဒီဆိုင်ကိုသာ သွားပါ။ အပြင်အဆင်ကအစ Music အဆုံး 1980s Retro American စားသောက်ဆိုင်ပုံစံမလို့ Hangout မလား Chill မလား အကုန်အဆင်ပြေတယ်။ ဒါဆိုအစားအသောက်ရော ဘယ်လိုနေလဲ? ဗီဒီယိုလေးမှာ ပြောပြပေးထားလို့ ကြည့်ပေးကြဦးနော်။

📍LuLu’s Diner

Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!

07/12/2025

M Tower is cooking! ဟိုတလောပဲ Vending Machine၊ အခုကိုရီးယားမှာလိုပဲ ခေါက်ဆွဲတွေကို ကိုယ်တိုင်ပြုတ်စားလို့ရမယ့်ဆိုင်ခန်းလေးပါ လုပ်ပေးထားလို့ ပြောပြလိုက်ပါပြီ။ စဖွင့်ကာစမို့လို့ Topping တွေ သိပ်မစုံသေးဖူး။ ခေါက်ဆွဲဗူးဖိုး၊ ရေနွေးဖိုး၊ တူဖိုး ယူထားတာတွေလည်း သိပ်မများပါဖူး။ စိတ်ဝင်စားသူများ သွားစားကြည့်နော်။

📍M Tower

Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!
-Mart

06/12/2025

တချို့က ဆိုင်ကောင်းလေးတွေဆို Vlog မလုပ်စေချင်ကြဖူး။ ဥထားတဲ့သဘောပေါ့။ ဒီပြင်သစ်စတိုင်စားသောက်ဆိုင်လေးက ချိစ်အရသာကောင်းကောင်းနဲ့ Sandwich တွေ၊ ဘာဂါကောင်းကောင်းတွေ၊ ပီဇာတွေနဲ့ အချိုပွဲမုန့်တွေလည်း အရသာ Legit ဖြစ်တယ်ပြောလို့ရတယ်။ အစားကောင်းစားစေချင်လို့ ညွှန်းပေးလိုက်ပါပြီ။ ဗီဒီယိုလေးကို ကြည့်ပေးကြဦးနော်။

📍 Ô'Thentic Crêperie & Wine Bar

Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!

04/12/2025

နိုင်ငံခြားက Vlog တွေမှာမြင်နေရတာကြောင့် မြန်မာမှာလည်း ရှိရင်ကောင်းမယ်လို့ မျှော်နေရတဲ့ Vending Machine လေးတစ်ခု တွေ့ပါပြီ။ Drink Items တွေပဲရတာဖြစ်ပြီး စမ်းသပ်မှာယူကြည့်သလောက်တော့ တော်တော်အဆင်ပြေတယ်။ ရောက်ရင် စမ်းကြည့်ကြဦးနော်။

📍 M Tower

Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!

03/12/2025

နှစ်ယောက်စာကို ၇၅,၀၀၀ ကျပ်နဲ့ လက်ဖက်ရည်၊ ကော်ဖီ Free Flow အပြင် မုန့်ကောင်းကောင်းလေး စားပြီး ရေပါကူးလို့ရမယ့် High Tea Set လေးအကြောင်း ပြောပြထားပါတယ်။

📍Rose Garden Hotel

WÖWme app လေးမှာ ကိုယ်သွားချင်တာ၊ စားချင်တာတွေကို အလွယ်တကူဝယ်ယူပြီး ခုလိုပျော်ရွှင်စရာအချိန်တွေ ဖန်တီးနိုင်ပါတယ်။

Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!



29/11/2025

အရသာကောင်းမွန်မှု၊ လတ်ဆတ်မှု၊ နေရာထိုင်ခင်းနဲ့ ဝန်ဆောင်မှု၊ သန့်ရှင်းမှု အကုန်အမှတ်ပြည့်ရသွားတဲ့ ဂျပန်စာဘူဖေးဆိုင်လေးပါ။ စားခဲ့ဖူးသမျှမှာ အကောင်းဆုံးအတွေ့အကြုံတစ်ခုဖြစ်ပြီး ရာနှုန်းပြည့်ညွှန်းပေးနိုင်ပါတယ်။ ဗီဒီယိုမှာ အရသာတွေကို အစအဆုံးသေချာရှင်းပြပေးထားလို့ ကြည့်ရှုပေးကြဦးနော်။

Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!

25/11/2025

လတ်ဆတ်မှုနဲ့ အရသာရှိမှုက ထိပ်တန်းအဆင့်ဖြစ်ပြီး စားခဲ့တာတွေအကုန် တကယ်စားကောင်းတဲ့ ဂျပန်စာဘူဖေးဆိုင်လေးအကြောင်း ပြောပြပေးထားတယ်။ Sashimi ကစလို့ အကင်တွေ၊ ဆူရှီတွေ၊ တန်ပူရာကြော်တွေ အချိုပွဲတွေ ကောင်းမှကောင်းပဲမလို့ အာဂပါးစပ် လူဖြစ်ကျိုးနပ်သွားရပါတယ်။ ကြည့်ရှုပေးကြပါဦးနော်။

Park Royal Hotel ကြီးရဲ့ ဒုတိယထပ်မှာရှိတဲ့ ဂျပန်စာဘူဖေးဆိုင်လေးကို WOWme ကနေ ရှာတွေ့ခဲ့တာပါရှင့်။
Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!


22/11/2025

ဒီတလော Bad Review တွေတက်နေတဲ့ ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို အခြေအနေသိချင်လို့ သွားစမ်းကြည့်ခဲ့ပါတယ်။ ဒါ့အပြင် Jenovia တစ်ယောက် Hotpot Buffet မှာ ဘာတွေမှာပြီး ဘယ်လိုတန်အောင်စားလဲဆိုတာကို ဗီဒီယိုလေးထဲမှာ ကြည့်ပေးကြဦးနော်။

Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Jenovia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share