Myittar Yeik Construction

Myittar Yeik  Construction Home Builder (BE CIVIL)👷👷‍♀️
ဆောက်လုပ်ရေးဝန်ဆောင်မှု (မြို့ပြအင်ဂျင်နီယာ)
☎️09 9770 49598

အိမ်တစ်အိမ်ဆောက်မယ်ဆိုရင် ဘယ်ကနေ စရမလဲ မသိတဲ့အိမ်ရှင်တွေအတွက် သိထားသင့်တဲ့ အဓိကအကျဆုံးနဲ့ အခြေခံအကျဆုံးအချက် ✋☝(၆)ချက်ကိ...
01/09/2024

အိမ်တစ်အိမ်ဆောက်မယ်ဆိုရင် ဘယ်ကနေ စရမလဲ မသိတဲ့အိမ်ရှင်တွေအတွက်
သိထားသင့်တဲ့ အဓိကအကျဆုံးနဲ့ အခြေခံအကျဆုံးအချက် ✋☝(၆)ချက်ကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်

(၁) လူကြီးမင်းတို့အနေနဲ့ ခြံအကျယ်အဝန်းပေါ်မူတည်ပီး ဆောက်လို့ရမဲ့ အိမ်ရဲ့အတိုင်းအတာနဲ့ ဘနှစ်ထပ်ဆောက်ချင်လဲဆိုတာကို ပထမဆုံးအနေနဲ့ စဉ်းစားထားရပါမယ်☺️

(၂) ကျွမ်းကျင်အင်ဂျင်နီယာနဲ့တိုင်ပင်ပြီး အိပ်ခန်းအရေအတွက်၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ အိမ်သာခန်း စတဲ့ အခန်းဖွဲ့စည်းပုံတွေ လျာထားပြီး Archi ဒီဇိုင်းအပ်နှံရေးဆွဲရပါမယ်။

Archi ဒီဇိုင်းဆိုတာကတော့ Floor Plan အပါအဝင် Interior Design (အတွင်းအလှဒီဇိုင်း)၊ Exterior Design(အပြင်အလှဒီဇိုင်း)တွေကို Detail ကျကျ ရေးဆွဲတာကို ဆိုလိုတာပဲဖြစ်ပါတယ်

(၃) ကိုယ်ဆောက်မည့်မြေနေရာကို Soil Test (မြေသားစမ်းစပ်မှု) ပြုလုပ်ရပါမယ်။ (၃)ထပ် အထက်ဆိုရင်တော့ Soil Test ကို မဖြစ်မနေ လုပ်ကိုလုပ်ဆောင်သင့်ပါတယ်

(၄) Structure Engineer နဲ့ Structure Design ကို သေချာအပ်နှံရေးဆွဲရပါမယ်။ ဒီ Structure Design ကတော့ အိမ်တစ်အိမ်ရဲ့ ကျောရိုးခိုင်ခံ့မှုအတွက် အဓိကကျတာမို့ မဖြစ်မနေ လုံးဝလုံးဝ ရေးဆွဲရပါမယ်

(၅) Archi Design Drawing နဲ့ Structure Design Detail Drawing တွေ ထွက်လာမှသာလျှင် အင်ဂျင်နီယာမှ အိမ်တစ်လုံးရဲ့ ကုန်ကျနိုင်မှုငွေပမာဏတန်ဖိုးကို အသေးစိတ်တွက်ချက်ပေးနိုင်မှာပါ။

ဒီနေရာမှာ ကျနော်ပြောချင်တာတစ်ခုက အိမ်တစ်အိမ်ရဲ့အပြင်ပန်းပုံစံကိုကြည့်ပြီး ကုန်ကျစရိတ်ကို ယှဉ်လို့မရပါဘူး။

ကိုယ်သုံးမဲ့ပစ္စည်းရဲ့ အမျိုးအစား၊ အရည်အသွေးပေါ်မူတည်ပီး ကုန်ကျစရိတ် ပြောင်းလဲမှုရှိပါမယ်

ဆိုလိုတာက အိမ်(၂)လုံးဟာ အကျယ်အဝန်း၊ ဒီဇိုင်းအားလုံး တူနေရင်တောင် သုံးစွဲထားတဲ့ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး Quality လဲ မတူသလို ကုန်ကျစရိတ်လဲ မတူနိုင်ဘူးဆိုတာကိုတော့ နားလည်ထားဖို့လိုပါတယ်

(၆) နောက်ဆုံးအချက်အနေနဲ့ ပြောချင်တာကတော့ အိမ်တစ်လုံး သို့မဟုတ် အဆောက်အဦတစ်လုံး ဆောက်တော့မယ်ဆိုရင် (၆)လလောက် ကြိုတင်ဒီဇိုင်းရေးဆွဲပြီး အချက်အလက်များပြင်ဆင်ထားသင့်ပါတယ်

ဒါမှသာ မြေပြင်မာ ဒီဇိုင်းကို ပုံဖော်တည်ဆောက်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ လိုအပ်ချက်၊ မမျှော်မှန်းနိုင်တဲ့ပြဿနာတွေအတွက် ကြိုတင်မြင်နိုင် သိနိုင် ပြင်ဆင်နိုင်မှာပဲ ဖြစ်ပါတယ်ဗျ ...............................................................................

ကဲ အခု ကျနော်ပြောပြပေးသွားတဲ့ အကြောင်းအရာလေးတွေကနေ လူကြီးမင်းတို့အတွက် တစ်စုံတစ်ရာ အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်

နောက်ထပ် ဘယ်လိုအကြောင်းအရာလေးတွေကို မျှဝေပေးသွားအုံးမလဲဆိုတာ စောင့်မျှော်အားပေးကြပါအုံးနော်

အားလုံးပဲ ကံကောင်းသောနေ့လေးဖြစ်ပါစေ🙏🙏🙏

Myittar Yeik Construction
မေတ္တာရိပ်ဆောက်လုပ်ရေး

#ဂိုဒေါင် #အိမ် #ဆောက်လုပ်ရေး #ဆေးသုတ်လုပ်ငန်း #အိမ်ဒီဇိုင်း #ရေ

17/08/2024

ကူညီတာများရင် ဝတ္တရားဖြစ်တတ်တယ်တဲ့။
ဒီစကားက အလကားမဟုတ်ဘူး။

တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ကို
တစ်ခါ နှစ်ခါကူညီကြည့်၊ ကျေးဇူးတင်လိမ့်မယ်။

သုံးလေးခါထက်ပိုသွားရင်
ဝတ္တရားတစ်ခုလို ဖြစ်လာလိမ့်မယ်။

မကူညီနိုင်တဲ့အခါ
ရှေ့က ကူညီခဲ့တာတွေပါ လုံးဝ မေ့သွားလိမ့်မယ်။

လောကမှာ
ဘယ်သူကမှ ဘယ်သူ့ကိုလုပ်ပေးရမယ်လို့
တာဝန်မရှိဘူးနော်။
ကူညီတယ်ဆိုတာ ဝတ္တရားမဟုတ်ဘူး။

ငွေကြေးကူညီခဲ့ဖူးတာ၊ လုပ်အားကူညီခဲ့ဖူးတာ
အချိန်အားဖြင့်၊ လူအားဖြင့်၊ စိတ်ခွန်အားစသဖြင့်
ကူညီခံခဲ့ရဖူးရင်
မမေ့တတ်ခြင်းက လူပီသခြင်းတစ်မျိုးပါပဲ။
Crd

ကျွန်မတို့အားလုံးဟာနာကျင်မှုတွေကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းရင်းရှင်သန်နေကြရတဲ့သူတွေပါနိုင်ငံကြီးမှာလည်းစိတ်ဒဏ်ရာလူတ...
10/08/2024

ကျွန်မတို့အားလုံးဟာနာကျင်မှုတွေကို
ကိုယ့်နည်းကိုယ့်ဟန်နဲ့
ဖြေရှင်းရင်းရှင်သန်နေကြရတဲ့သူတွေပါ
နိုင်ငံကြီးမှာလည်းစိတ်ဒဏ်ရာ
လူတွေမှာလည်း စိတ်ဒဏ်ရာ
တိုးတိုက်မိရုံနဲ့ ပြိုကျသွားမယ့်စိတ်ခန္ဓာတွေမှာ
ကိုယ့်ကိုယ်ကိုယ်နူးညံ့ရမယ်
အနားကလူတွေကို နူးညံ့စွာဆက်ဆံပေးရမယ်
ဒါဟာ မတတ်နိုင်ခြင်းတွေကြားထဲမှာ
ခံနိုင်ရည်ရှိဖို့အတွက် ကျွန်မတို့လုပ်ရမယ့်
တတ်နိုင်တာလေးတစ်ခုပါပဲ။

Crd to original writer with respect 💌

Next Project60'x 100' One Storeyed Steel Structure Warehouse BuildingLocation ? ?? 😊Coming Soon   #အိမ်ဒီဇိုင်း  #မေတ္တာ...
08/08/2024

Next Project

60'x 100' One Storeyed Steel Structure Warehouse Building

Location ? ?? 😊

Coming Soon

#အိမ်ဒီဇိုင်း #မေတ္တာရိပ် #ဆေးသုတ်လုပ်ငန်း #အိမ် #ရေ #ဆောက်လုပ်ရေး #ဂိုဒေါင်

"အိမ်တစ်အိမ်လိုချင်တယ်"မာနနည်းတဲ့အိမ်ဒေါသနည်းတဲ့အိမ်မေတ္တာတရားတွေနဲ့အိမ်လုံခြုံအေးချမ်းတဲ့အိမ်ရယ်သံတွေဖောဖောသီသီ ကြားရတဲ...
05/08/2024

"အိမ်တစ်အိမ်လိုချင်တယ်"

မာနနည်းတဲ့အိမ်

ဒေါသနည်းတဲ့အိမ်

မေတ္တာတရားတွေနဲ့အိမ်

လုံခြုံအေးချမ်းတဲ့အိမ်

ရယ်သံတွေဖောဖောသီသီ ကြားရတဲ့အိမ်

တစ်ဦးကိုတစ်ဦး ခွင့်လွှတ်တက်တဲ့အိမ်

အကြီးကိုအငယ်က လေးစားတဲ့အိမ်

အငယ်ကိုအကြီးက ကြင်နာတဲ့အိမ်

ငွေအတွက်ပျော်စရာမပျောက်ရှတဲ့အိမ်

မိသားစုအတွက် အချိန်သီးသီးသန့်သန့်ရှိတဲ့အိမ်

ဘယ်ကစစ ချစ်ခြင်းမေတ္တာနဲ့စပြီး

ဘယ်မှာဆုံးဆုံး ချစ်ခြင်းမေတ္တာနဲ့ဆုံးတဲ့အိမ်.........!


#မူရင်းရေးသားသူကိုလေးစားစွာcreditပေးပါတယ်
#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်
#လူငယ်များအတွက့်စာကြည့်တိုက့်

  Project လေး ပြီးစီးသွားလို့ အိမ်ရှင်ထံအပ်နှံခြင်းဒီတိုက်ခန်းလေးကို ပြင်ဆင်ပေးဖြစ်တာလေးမှာပထမဆုံးအနေနဲ့ ကျတော်တို့ လိုင...
01/08/2024

Project လေး ပြီးစီးသွားလို့ အိမ်ရှင်ထံအပ်နှံခြင်း

ဒီတိုက်ခန်းလေးကို ပြင်ဆင်ပေးဖြစ်တာလေးမှာ

ပထမဆုံးအနေနဲ့ ကျတော်တို့
လိုင်စင်ရ Architech နဲ့ ဒီဇိုင်းရေးဆွဲအပ်နှံပါတယ်

လုပ်ငန်းထဲမှာပါဝင်တဲ့

📌HollowFrame ၊ ရေစိုခံကျောက်ပြားဖြင့် အခန်းဖွဲ့ခြင်း

📌မျက်နှာကျက်အလှဆင်ခြင်းလုပ်ငန်း

📌ကြမ်းခင်းကြွေပြားကပ်ခြင်းလုပ်ငန်း

📌ရေပိုက်များ ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်း

📌မီးလိုင်း၊ မီးလုံးများ လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်း

📌ဆေးသုတ်ခြင်းလုပ်ငန်း

📌 အိပ်ခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်းအလှဆင်လုပ်ငန်း

📌TV Cabinet, Book Shelf, Shrine Cabinet Furniture လုပ်ငန်း တွေကို

ဆောင်ရွက်ပေးဖြစ်ပါတယ်ခင်ဗျ

ယခု ဆောင်ရွက်ပြီးစီးခဲ့သော
Project လေးရဲ့ တည်နေရာလေးကတော့
ရန်ကုန် တာမွေ​မြု့နယ် Ocean အနီး 164 လမ်း (6)လွှာလေးမှာ ဖြစ်ပါတယ်ဗျ

လူကြီးမင်းများ အိမ်အသစ်ဆောက်လို၍ဖြစ်စေ

တိုက်အဟောင်းများ Decoration လုပ်လို၍ဖြစ်စေ

ဆောက်လုပ်ရေးနှင့် ပတ်သက်သော

ဝန်ဆောင်မှုများရယူလိုပါက ကျနော်တို့ Myittar Yeik Construction ကို ဆက်သွယ်ပေးပါခင်ဗျ

Contact Ph 09 977049598
Page cb

#အိမ် #ဆောက်လုပ်ရေး #မေတ္တာရိပ် #ဆေးသုတ်လုပ်ငန်း #အိမ်ဒီဇိုင်း #ရေ #ဆောက်လုပ်ရေး #ဗဟုသုတ

ဝါသနာပါတဲ့အလုပ်လေး လုပ်နေရတာမို့ ပီတိဖြစ်ရပါတယ်😍👷‍♂👷‍♀ပညာတေသင်စေခဲ့တဲ့မိဘများ 😍👨‍🎓👩‍🎓ဘာလုပ်လုပ်အမြဲ အတူရှိပေးတဲ့ ချစ်ဇနီ...
24/07/2024

ဝါသနာပါတဲ့အလုပ်လေး လုပ်နေရတာမို့ ပီတိဖြစ်ရပါတယ်😍👷‍♂👷‍♀

ပညာတေသင်စေခဲ့တဲ့မိဘများ 😍👨‍🎓👩‍🎓

ဘာလုပ်လုပ်အမြဲ အတူရှိပေးတဲ့ ချစ်ဇနီးလေး🥰

ယုံကြည်စွာ လုပ်ငန်းအပ်နှံပေးပါသော အိမ်ရှင်ဘောစိညီလေး 🥰

အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်

ဆိုဒ်တစ်ခုရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်တိုင်းကိုလဲ ဒီထက်ပိုပီး အမှားနည်း

ပိုကောင်းသထက် ကောင်းမွန်လာအောင် အမြဲတမ်းကြိုးစားသွားပါ့မယ် 👷‍♂👷‍♀

စေတနာအရင်းခံ၍ အကောင်းဆုံးဆိုတာထက် ပိုကောင်းတဲ့အရည်အသွေးကိုသာ ရရှိစေမှာပါဗျ🤩


#မေတ္တာရိပ် #အဆောက်အအုံ #ဆေးသုတ်လုပ်ငန်း #ဂိုဒေါင် #သံပန်း #ရေ #ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း

ရန်ကုန် တာမွေ Ocean အနီး Project လေးရဲ့လုပ်ငန်းဆောင်ရွက်မှုအနေအထားလေးတစ်ရပ်   #မေတ္တာရိပ်  #ထန်းတပင်  #ဂိုဒေါင်  #သံပန်း...
22/07/2024

ရန်ကုန် တာမွေ Ocean အနီး Project လေးရဲ့
လုပ်ငန်းဆောင်ရွက်မှုအနေအထားလေးတစ်ရပ်



#မေတ္တာရိပ် #ထန်းတပင် #ဂိုဒေါင် #သံပန်း #ရေ #အဆောက်အအုံ #ဆေးသုတ်လုပ်ငန်း #အိမ်ဒီဇိုင်း #ဆောက်လုပ်ရေး

Save Photo😍 #အိမ်  #ဒီဇိုင်း  #ဆောက်လုပ်ရေး  #ဆေးသုတ်လုပ်ငန်း    #ဂိုဒေါင်  #မေတ္တာရိပ်  #ရေ
17/07/2024

Save Photo😍



#အိမ် #ဒီဇိုင်း #ဆောက်လုပ်ရေး #ဆေးသုတ်လုပ်ငန်း #ဂိုဒေါင် #မေတ္တာရိပ် #ရေ

🙏🙏🙏 ပဉ္စဂုဏံ အဟံ ဝန္ဒာမိ 🙏🙏အားလုံးပဲ မင်္ဂလာပါခင်ဗျာ #တောင်ငူ  #ထန်းတပင် ​မြို့မှာ အိမ်ရှင်စိတ်တိုင်းကျ ဆောင်ရွက်ပြီးစီး...
15/07/2024

🙏🙏🙏 ပဉ္စဂုဏံ အဟံ ဝန္ဒာမိ 🙏🙏

အားလုံးပဲ မင်္ဂလာပါခင်ဗျာ

#တောင်ငူ #ထန်းတပင် ​မြို့မှာ အိမ်ရှင်စိတ်တိုင်းကျ ဆောင်ရွက်ပြီးစီးအပ်နှံခဲ့သော
38' x 70' (2) Storeyed RCC Building လေးဖြစ်ပါတယ်ဗျ
................................................................

📌အဆောက်အဦ​ဆောက်လုပ်ခြင်း(📌Construction)

📌လူကြီးမင်းတို့အနေဖြင့် စိတ်ကူးထဲကအိမ်ကလေးအား အကောင်အထည်ဖော်လို၍ဖြစ်စေ၊

📌📌 အကြမ်းထည်ပိုင်း သီးသန့်ဖြစ်စေ
💠မြေတူးခြင်းလုပ်ငန်း
💠အုတ်မြစ်ချခြင်းလုပ်ငန်း
💠သံချီကွေးလုပ်ငန်း
💠လက်သမားလုပ်ငန်း
💠ပန်းရံလုပ်ငန်း
💠အုတ်စီချောလုပ်ငန်း
💠ကြမ်းခင်းကျောက်လောင်းခြင်းလုပ်ငန်း
💠ကြမ်းခင်းတော်ပင်လောင်းခြင်းလုပ်ငန်း

📌📌 အချောထည်ပိုင်းဖြစ်စေ
💠မျက်နှာကျက်လုပ်ငန်း
💠ဆေးသုတ်ခြင်းလုပ်ငန်း
💠ကြွေပြားကပ်ခြင်းလုပ်ငန်း (ရေစိုခံ SPC ၊ ပါကေး
အိမ်ရှင်လိုအပ်ချက်အတိုင်း ညှိနှိုင်းပေးပါတယ်)
💠ပြူတင်းတံခါးလုပ်ငန်း
💠 ရေလုပ်ငန်း
💠 မီးလိုင်းများထည့်ခြင်းလုပ်ငန်း

📌အိမ်တော့ဆောက်ချင်တယ် ဘယ်ကစရမှန်း နားမလည်လို့ဖြစ်စေ၊

📌 Design သီးသန့်ဖြစ်စေ၊

📌Structure သီးသန့်ဖြစ်စေ၊

📌 Detail Estimate သီးသန့် ဖြစ်စေအပ်လို့ရသလို

📌 အဆောက်အဦနှင့်ပတ်သက်၍ လိုအပ်သော အကြံဉာဏ်များပေးခြင်း၊ဆွေးနွေးပေးခြင်းများ ဆောင်ရွက်ပေးပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျာ

မိဘပြည်သူများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေကြောင်း ဆုဆောင်းမေတ္တာ ပို့သ အပ်ပါတယ်ခင်ဗျာ

Contact👉 page cb or
☎09 977 049 598

#အိမ် #ဗဟုသုတ #ဆောက်လုပ်ရေး #ဆောက်လုပ်ရေး #ကန်ထရိုက် #ဂိုဒေါင် #သံပန်း #ကားပါကင် #ရေ #မီး #ဆေးသုတ်လုပ်ငန်း #မေတ္တာရိပ် #အဆောက်အအုံ #အိမ်ဒီဇိုင်း

 #ရန်ကုန်  #တာမွေ  project လေးရဲ့ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေလေး တစ်ဖြတ်📌ရန်ကုန်လိုနေရာမျိုးမှာ တိုက်ခန်းလေးတေက ကျဉ်းတ...
08/07/2024

#ရန်ကုန် #တာမွေ
project လေးရဲ့ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေလေး တစ်ဖြတ်

📌ရန်ကုန်လိုနေရာမျိုးမှာ တိုက်ခန်းလေးတေက ကျဉ်းတော့ စိတ်မွန်းကြပ်တာပေါ့

📌ပင်ပန်းနွယ်နယ်လာတဲ့အခါ မိမိရဲ့နားခိုရာဖြစ်တဲ့အခန်းလေးက
သန့်နေရင် ဘဝရဲ့အမောတစ်ချို့ဟာ ပြေပျောက်သွားစေတယ်
မဟုတ်လား

📌ဒါကြောင့်
မိမိတို့ရဲ့တိုက်ခန်း/ အိပ်ခန်းလေးကို သင့်တင့်သော စျေးနှုန်း လှပသောဒီဇိုင်းလေးနဲ့ ကိုယ်ပိုင် Luxury ကွန်ဒိုလိုမျိုး ပြင်ဆင်ပြီး မွန်းကြပ်မှုတေကို ဖြေလျော့လိုက်ပါ😊☺

📌ကဲ မိတ်ဆွေများရဲ့ စိတ်ကူးထဲကအတိုင်း အိမ်လေးဆောက်လို၍ဖြစ်စေ၊

📌တိုက်ခန်းများ Interior renovation/decoration ပြုလုပ်လို၍ဖြစ်စေ

📌ကျနော်တို့ရဲ့

📌Page cb or

📌Ph 09977049598 သို့

Hello သာ လုပ်လိုက်ပါဗျ

#ဆောက်လုပ်ရေး #မျက်နှာကျက် #ကြွေပြား #မေတ္တာရိပ်
#အိမ် #ဗဟုသုတ #ကြွေပြား #ဆေး #မီး #ရေ

Address

Yangon

Telephone

+959977049598

Website

Alerts

Be the first to know and let us send you an email when Myittar Yeik Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share