More than story

More than story esports news and esports channel for local team

01/04/2025
စိတ်ထွက်ပေါက် အတွက် Game ဆော့လာရာ ကနေ Game ဟာ ကိုယ်ရဲ့ စိတ်အနိမ့်အမြင့်အတက်အကျ ဖြစ်တိုင် အဖော်အမော်ကောင်းတစ်ယောက်ဖြစ်လာခ...
16/03/2025

စိတ်ထွက်ပေါက် အတွက် Game ဆော့လာရာ ကနေ Game ဟာ ကိုယ်ရဲ့ စိတ်အနိမ့်အမြင့်အတက်အကျ ဖြစ်တိုင် အဖော်အမော်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီ Game ဆိုတဲ့ အရာအပေါ် ပြန်အခြေချပါတော့မယ်။

ကျွန်တော်ကို ဒီ Esports မှာ သိတဲ့ သူအင်မတန် နည်းပါးမယ်ဆိုတာ သိပေမယ့် ကျွန်တော် ကို သိတဲ့ လူနည်းစုအတွက် အခု ပြန်လည်ပြီး စာတွေ ရေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။

လူအနည်းငယ် သာရှိတဲ့ ကျွန်တော်ရဲ့ page လေးမှာ ကျွန်တော် အနေနဲ့ Esports နဲ့ပတ်သတ်တာလေးတွေကို ဝေမျှပေးပါမယ်။

သတင်းတွေ အချက်အလက်တွေ ထက် emotional ပိုင်းကို ပိုဦးစားပေးသွားမယ့် အပြင် ပုံမှန်တွေ့နေကြ အရာတွေနဲ့ မတူတဲ့ အဖွဲ့အနွဲ့တင်ဆက်မှုနဲ့ ပြန်လာပါပြီ။

ဟုတ်ကဲ့ ပုံပြင် တွေ ပြန်ပြောပြဖို့ ပြန်လာပြီ

#နငယ်

အေးဆေးပဲ ဂိမ်းဆော့လို့ရသေးတယ်ချမ်းအေးအေး လေပြေတွေဟာ မဖိတ်ခေါ်ပဲ ရောက်လာတာကို သတိထားမိတဲ့ ဟိန်းကို တစ်ယောက် ပြတင်းပေါက်တံ...
18/01/2025

အေးဆေးပဲ ဂိမ်းဆော့လို့ရသေးတယ်

ချမ်းအေးအေး လေပြေတွေဟာ မဖိတ်ခေါ်ပဲ ရောက်လာတာကို သတိထားမိတဲ့ ဟိန်းကို တစ်ယောက် ပြတင်းပေါက်တံခါးကို ပိတ်ဖို့အတွက် အိပ်ယာဘေးက ဖုန်းကိုလိုက်စမ်းကြည့်ပါတယ်။

အတော်အတန် ရှာပြီးနောက်တော့ တွေ့ခဲ့ပါပြီ ဖုန်းမီးဖွင့်ဖို့ပြင်ချိန်မှာ စာလေးတစ်စောင်ဝင်နေတာကို တွေ့လိုက်ရပါတယ်။
ကောင်မလေး စီက စာဆိုတော့ ဘာများလဲ ဆိုပြီး ဖွင့်ကြည့်လိုက်ချိန် Good Night / Good Morning ဆိုပြီး အနမ်းပေးတဲ့ emoji လေးနဲ့ဗျာ…

ဘာလို့ Good night /Good Morning လို့ ပြောတာကို သိချင်မယ်ထင်လို့ ရှင်းပြပါမယ်။ဟိန်းကိုရဲ့ ကောင်မလေးဟာ ပုံမှန် ည၁၀နာရီဆို အိပ်လေ့ရှိပါတယ်။ ဟိန်းကိုကတော့ အဲ့အချိန်မှ Game စဆော့ပြီး နောက်နေ့ သူ့ကောင်မလေး နေ့လယ် ပြန်အိပ်ချိန်မှ သူက နိုးတာဖြစ်ပါတယ်။ဒီတော့ သူ အိပ်ပြီး ပြန်နိုးလာမှ စာဝင်ကြည့်နေကြမို့ သူကောင်မလေးက Good Night/Good Morning လို့ပို့ထားတာဖြစ်ပါတယ်။

ဟိန်းကိုကဒီအချိန်အိပ်လေ့မရှိဘူးဆိုပေမယ့် အခုတော့ တရေးနိုးတဲ့ အချိန်ဖြစ်နေပါပြီ အကြောင်းမှာ ညဘက်အတူတူဆော့မယ့် သူငယ်ချင်းတွေကလည်း အခုဆို နိုင်ငံခြားရောက်သူက ရောက်ပျောက်သူက ပျောက်ဖြစ်နေတော့ တစ်ယောက်တည်းဆော့မိလည်း public တွေနဲ့က အဆင်မပြေ လောင်လိုက် ဆော့လိုက်နဲ့ လောင်ဆော့ကြီးဖြစ်နေတာကို မခံနိုင်တာနဲ့ မဆော့ဖြစ်တာဗျို့…. ဒါကိုသူ့ကောင်မလေးက မသိရှာဘူးလားလို့တော့ မေးဖို့ရှိမယ်ထင်တယ်။

မနက်နိုးလို့ စာပို့ဖို့ကြိုးစားချိန်ဆိုလျှင် WiFi ပျက်နေတယ်ဗျာ။အေးကလည်း အေးတော့ ပြန်ကွေးလိုက်တာပေါ့ ဘာများထင်နေသလည်း အလုပ်ကမရှိတာတော့မဟုတ် နားလိုက်ရ ဂိမ်းလည်းမဆော့ရဆိုတော့ ဒါပဲရှိတာပဲလေ။ အိပ်တာပဲ ကောင်းတယ်လေ မနက်စာဖိုးလည်း သက်သာတာပေါ့။

ဟိန်းကိုနဲ့ သူ့ကောင်မလေးတို့ပုံမှန်ပြောနေကြ အချိန်ကြတော့ အိမ်က အမေဆီက မုန့်ဖိုးတောင်းပြီး ဘေလ်ထည့်ပြောတာပေါ့ဗျာ။ ဖုန်းဘေလ် ထည့်ဖို့တောင် မရှိဘူးလားဆိုတော့ အဲ့လိုလည်းမဟုတ် Mobile Banking တွေမှာပဲရှိတာကို ဘေလ်မရှိ WiFi မရှိ အပြင်မှာလည်း မရှိတော့ ငုတ်တုတ်ပေါ့

ဘေလ်များဟာလည်း ကြာကြာ မခံနိုင်ပါ။video call လေးများပြောမိလျှင်ဖြင့် ချစ်သူမျက်နှာကို ကြည့်ရတာနည်းနည်း လူကြီးမင်းငွေလက်ကျန်နည်းနေပြီးဆိုတဲ့ sms များကိုဖတ်ရတာများများဖြစ်နေတာပေါ့။

အတန်အသင့် အလွမ်းသယ်ပြီးလျှင်တော့ package လေးဘာလေးညာလေး ဝယ်ပြီး ဝဠ်ကြွေးတစ်ခုဆပ်ဖို့ပြင်တာပေါ့။ဂိမ်းထဲအရောက် ပွဲရှာဖို့လုပ်လိုက်တာနဲ့ ပွဲက ရှာမရ ဘယ်နဲ့ ဖုန်းအားနည်းနေလို့တဲ့ နည်းလည်း နည်းသင့်ပါတယ်။ညကလည်း အားမသွင်းရသေး မနက်ကြတော့လည်း ပြန်အိပ်ထားတာဆိုတော့ အခုလည်း ကိုယ့်အလှည့်မရောက်သေးတော့ မသွင်းရသေး ဘာတက်နိုင်သေးလဲ ငုတ်တုတ်ပေါ့….

မတရားပျင်းနေတာနဲ့ အပြင်လေ ဘာလေထွက် လမ်းလျှောက်မလား လို့ စဉ်းမိယုံလေနဲ့တင် မဖြစ်ဘူး ဒုတ်ဒုတ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိမိတာပေါ့ဗျ။ ဘာများရှိမလဲ ဟိုရှာဖွေ ဒီရှာဖွေနဲ့ ကြည့်လိုက်တော့မှ တွေ့ပြီးဗျာ 1xBet Agent လုပ်နေတဲ့ ကိုယ့်သူငယ်ချင်းပေးထားတဲ့ power bank လေး အမယ် တယ်ဟုတ်ဗျို့ 1xBet logo နဲ့ဗျာ။ ဟဲဟဲ ကိုယ့်ကပဲ လှူနေရတာ ဆိုတော့ ဒီလောက်တော့လည်း ပြန်အကျိုးပေးဦးမှပေါ့

ဟဲဟဲ အေးဆေးပါဗျာ ကျွန်တော်ကတော့ ဂိမ်းဆော့နိုင်ပါသေးတယ်….လို့ပြောမလို့ပဲ ရှိပါသေးတယ်ဗျာ အမေက ထတော့ မီးလာနေတုံးလေ အားသွင်းစရာရှိအားသွင်း ရေလည်းတင်ထားပေးဦးတဲ့ဗျာ…

#နငယ်

Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+95788937631

Website

Alerts

Be the first to know and let us send you an email when More than story posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to More than story:

Share