South Dagon Information-SDI

South Dagon Information-SDI တောင်ဒဂုံ မြို့နယ်တွင်း သတင်းအမှော? News ,Media and Website

Permanently closed.
30/01/2022

SDI team မှ နောက်ဆုံးအကြိမ်ဖြင့် သတင်းထုတ်ပြန်ပေးခြင်း နှုင့် SDIဖျက်သိမ်းရပ်တန့်တော့မည် ဖြစ်ကြောင်း အသိ့ပေးခြင်း...

Jan 30 (ရန်ကုန်)

Jan 16 ရက်နေ့ ည နှုင့် Jan 17 ရက်နေ့ မနက်အစောပိုင်းတောင်ဒဂုံမြို့နယ် မှာ ဖမ်းဆီးခံရသူ အချို့ရှိခဲ့ပါတယ်

ဖမ်းဆီးခံရသူတွေဟာ တောင်ဒဂုံ ၅၇ ရပ်ကွက် နှုင့် ၂၅ ရပ်ကွက်တို့မှ ဖြစ်ပြီး Mjf အဖွဲ့နှုင့် ပတ်သတ်ဆက်နွယ်သူအချို့ပါဝင်ကြောင်း စစ်ခွေး အတွင်းသတင်းမှ စုံစမ်း သိ့ရှိရပါတယ်။

၅၇ရပ်ကွက် အောင်ဇမ္ဘူလမ်းရှိနေအိမ်တခုအတွင်းမှ သေနတ်တို တစ်လက် နှုင့် ၉မီလီမီတာ လူကာကျည်အချို့

ကိုစည်သူအောင်
(57 ရပ်ကွက်နေထိုင်သူ,mjf နှင့် ပတ်သတ်နေဖွယ်ရှိ)

ကိုသန့်ဇင်ထူး
(57ရပ်ကွက်နေထိုင်သူ, mjf နှုင့် ပတ်သတ်နေဖွယ်
မရှိ)

ကိုထက်ပိုင်ဦး နှုင့် ဇနီး
(ရွှေ့ပြောင်းနေထိုင်သူ Cdm စစ်သား,mjf နှုင့် ပတ်သတ်နေဖွယ် ရှိနိုင်)

25 ရပ်ကွက် မြိတ်လမ်းရှိနေအိမ်တခုအတွင်းမှ သေနတ်တိုတစ်လက်

ဦးသန်းနိုင်နှုင့်၎င်း၏ ဇနီး ဒေါ်ကေသီ (25ရပ်ကွက်နေထိုင်သူ,ကိုတိုးဆိုသူ၏ မိဘများဖြစ်ပြီး,mjf အကြောင်း သိ့ပုံမပေါ်)တို့ဖြစ်ကြပါတယ်ခဗျာ ။

ထို့အပြင် စစ်အုပ်စုဟာ ၂၅ ရပ်ကွက်နေ ကိုတိုးဆိုသူ ၏ နေအိမ်တိုက်ခန်း နှုင့် Ak ၅၄ရပ်နေသူ(ရပ်ကွက်စီစစ်ဆဲ) တို့၏ နေအိမ်တို့အား ဝင်ရောက်ရှာဖွေခဲ့ပြီး ကိုတိုးဆိုသူ၏ နေအိမ် တွင်းမှ 3D printer ၁လုံး အား သိမ်းစည်းရမိ့ခဲ့ကြောင်း သိ့ရပါတယ်

ယခုရပ်ကွက် ၂ခုမှ ဖမ်းဆီးခံရသူတွေအားလုံးဟာ mjf အဖွဲ့တခုမှ Ak ဆိုသူနှုင့် တိုးကြီး ဆိုသူတို့အား စခများ အနံ့ခံ ဖမ်းဆီးရာမှ ဖမ်းဆီးခံလိုက်ရသူတွေ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ၂၀၂၁ခုနှစ် ၁၂လပိုင်း လဝက်ခန့်ထဲက MJF အဖွဲ့ဝင်တွေကို စောင့်ကြည့်နေတယ်ဟု အတွင်းသတင်းက ဆိုပါတယ်။ယခုဖြစ်စဥ်တွင် ဖမ်းဆီးခံရသူတွေထဲ MJF နှုင့် ပတ်သတ်နေသည်ဟု ယူဆနိုင်သူ ကိုစည်သူအောင် မှလွဲ၍ ကျန်သောဖမ်းဆီးခံရသူတွေဟာ Mjf အကြောင်း အနည်းငယ်မျှ သိ့နေသည့် ပုံစံ မရှိပါခဗျာ။

Mjf မှ တိုးကြီး နှုင့် Ak တို့အား စစ်အုပ်စု ဟာ ဖမ်းဆီး ရမိ့ခြင်းမရှိသေးတာကြောင့် လွတ်မြောက်သွားကြပြီဟု ယူဆနိုင်ပါတယ်,

စစ်အုပ်စုဟာ ဖမ်းဆီးခံရသူ အချို့အား ၎င်းတို့၏ အာဘော်မီဒီယာများမှ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပြီး အချို့ကိုတော့ စာရင်းထိန်ချန်မူ့များ ပြုလုပ်လျက်ရှိနေတာ ဖြစ်ပါတယ် ။ ဖမ်းဆီး ခံရသူအားလုံးဟာ ၂၇ရက်နေ့ မွန်းလွဲပိုင်း အတည်ပြုချက်အရ ကျန်းမာရေးအခြေနေဆိုးရိမ်ရ တာမျိုး မရှိဟု အတွင်းသတင်းမှ သိ့ရှိရပါတယ်။ စစ်အုပ်စုမှ သတင်းထိန်ချန် ခြင်းဟာ အကြောင်းကိစ္စ၂ရပ်ကြောင့် ဖြစ်နိုင်ပါတယ်

၁။ လာဘ်ငွေရယူရန် ကြိုးစားနေခြင်း
၂။ အင်းစိန်ထောင် သို့လွှဲပြောင်း မပို့ဆောင်ရသေးတာကြောင့်

(ဖမ်းဆီးခံရသူတွေဟာ အပြစ်ရှိမရှိ စစ်ကြောရေးတွင် ရှိနေသမျှ ကာလ ပတ်လုံး အသက်အန္တရာယ် ဆိုးရိမ်ရတယ်ဟု သတ်မှတ်ကောင်း သတ်မှတ်လို့ရနိုင်ပါတယ်,ယခု ဖမ်းဆီးခံရသူ မိ့သားစုတွေ အနေဖြင့် ၂၄နာရီအတွင်း လာရောက် သတင်းပေးပြောဆိုပေးဖို့ မတ္တာရပ်ခံ ပါရစေခဗျာ ,သို့မှသာ စစ်ကြောရေးတွေ၏ လုပ်ထုံးလုပ်နည်းအား ကျတော်တို့ အသိ့ပေးနိုင်မှာ ဖြစ်ပါတယ်)

ဖမ်းဆီးခံရသူ မိ့သားစုဝင်အချို့ မေးလေ့ရှိတဲ့ မေးခွန်းအတွက် ကျတော်တို့ ဒီကနေပဲ တခါထဲ ဖြေပေးလိုက်ပါတယ်ခဗျာ 🙏

(ယခုအောက်ပါအချက်များဟာ မေးလေ့ရှိတဲ့ ဘယ်ဖမ်းသွားတာလဲ? ဘယ်ကို လိုက်ရမလဲ ? မေးခွန်းများ၏အဖြေပဲဖြစ်ပါတယ်)

ဥပမာအားဖြင့် - စဖရဖ(သို့) ဗဟ များမှ နိုင်ငံရေး ကိစ္စများဖြင့် တစုံ တဦးအား ဖမ်းဆီးသွားခဲ့ပြီဆိုပါဆို

ဖမ်းဆီးခံရသည့်နေရာမှ ⏩ မြို့နယ်ရဲစခန်းသို့ဖြစ်စေ(သို့)မိမိမြို့နယ် အထိုင်တပ်စွဲမူ့အများဆုံးနေရာများ

ထိုမှတဆင့်

⏩ စစ်ကြောရေးအခွဲများ (သို့မဟုတ်) စစ်ကြောရေးများ

ထိုမှတဆင့်

⏩ အကျဥ်းထောင်များ သို့ ပို့ဆောင်ပြီးရုံးထုတ်လေ့ ရှိတာ ဖြစ်ပါတယ်

မိမိနေအိမ်မှ စတင်ဖမ်းဆီးခံရပြီဆိုပါက မိမိမြို့နယ်ရဲစခန်း (သို့) မိမိမြို့နယ်၏အထိုင်တပ်စွဲမူ့ အားအကောင်းဆုံး နေရာများသို့ ဖမ်းဆီး သွားလေ့ရှိပြီး အများအားဖြင့် ၂၄ နာရီထပ်မပိုသော အချိန်ထိ့ ဖမ်းဆီး,စစ်မေးလေ့ရှိပါတယ်
(မိမိအမူ့ အကြီး အသေးပေါ်တွင်လဲ မူတည်ပါတယ်)

ထို့နေရာမှတဆင့်

စစ်ကြောရေးအခွဲများ သို့ ထပ်မံ ပို့ဆောင် ရိုက်နှက် စစ်မေးမူ့များ ပြုလုပ်ကြပါတယ်

ဥပမာ : စစ်ကြောရေးအခွဲများဖြစ်သော

အမှတ် ၁ စစ်ကြောရေး

အမှတ် ၂ စစ်ကြောရေး( အောင်မင်္ဂလာကားဝန်းရှေ့ )

အမှတ် ၆(၁ခွဲ) စစ်ကြောရေး
၉မိုင် နှုင့် ၁၀မိုင်ကြားရှိ

အစရှိသဖြင့် စစ်ကြောရေး အခွဲများမှာ ၃ရက်မှ ၁၀ရက်ထိ့ ဖမ်းဆီးထားလေ့ရှိပြီး

ထိုစစ်ကြောရေးခွဲများမှတဆင့် အဓိ့က စစ်ကြောရေးကြီးတခုဟု သတ်မှတ်နိုင်သည့်

🚨 နမည်ဆိုးနှုင့်​ကျော်ကြားသည့်

ရွှေပြည်သာ စစ်ကြောရေး (မြင်းလှည်းဂိတ်အနီး) သို့ ထောင်ပို့ ရုံးထုတ် စစ်ဆေးခြင်း မပြုလုပ်ခင်အချိန်ထိ့ ဖမ်းဆီး ရိုက်နှက် မေးမြန်းမူ့များ ထပ်မံပြုလုပ်ကြပါတယ် ။ ကွင်းဆက်မပြတ်သေး၍ ဖြစ်စေ, အမူ့သေးသော်လည်း ငွေညှစ်ချင်သော အခါများတွင်ဖြစ်စေ, အမူ့မရှိသူများအား မှားယွင်းဖမ်းဆီးလာသောအခါများတွင်ဖြစ်စေ ပုဒ်မ ၅၀၅ သို့ မဟုတ် ပုဒ်မ၁၄၄တို့ဖြင့် ပုဒ်မတပ်အရေးယူပြီးသိန်း ရာဂဏန်းထိ့ တောင်းယူပြီး ငွေ ရချိန်မှ ခံဝန်ထိုး ပြန်လွှတ်ပေးလေ့ရှိနေတာလဲဖြစ်ပါတယ်
(သတိ့ပြုရန်မှာ ယခု ရွှေပြည်သာ စစ်ကြောရေးဟာ ၃လအတွင်း မှတ်တမ်းများအရ စုစုပေါင်း ၂၀၀ ခန့်လောက်ထိ့ကို ဖမ်းဆီးမူ့များပြုလုပ်ခဲ့ပြီး အသက်အန္တရာယ်ဆိုးရိမ်ရလောက်သည်အထိ့ ညှင်းပန်း နှိပ်ဆက်မူ့များလဲ ရှိနေခဲ့တာ ဖြစ်ပါတယ် )

Mizzima (Media)
is Zero(UG),
F2Y(ဒေသတွင်းUG)

တို့အား အသိ့ပေးစရာ သတင်းအချို့ရှိနေပါတယ်ခဗျာ,ဆက်သွယ်နေကြပုံစံဖြင့် လာရောက် ဆက်သွယ်ပေးကြပါခဗျာ🙏

မိဘပြည်သူ, ညီအကို,မောင်နှမ များခဗျာ .....🙏🙏South Dagon Information-SDI page အား  နိုဝင်ဘာလ ၂၈ ရက်နေ့ မှစတင်ပြီး ရပ်နားထာ...
27/11/2021

မိဘပြည်သူ, ညီအကို,မောင်နှမ များခဗျာ .....🙏🙏

South Dagon Information-SDI page အား နိုဝင်ဘာလ ၂၈ ရက်နေ့ မှစတင်ပြီး ရပ်နားထားမည်ဖြစ်ပြီး ပြန်လည်သတင်းထုတ်ပြန်ခြင်း မရှိသ၍ ရပ်နားခြင်း အကျုံးဝင်နေမည် ဖြစ်သည်။

SDI ဟာ July 23 ရက်နေ့ မှစတင်ပြီး ယနေ့
November 27 ရက်နေ့ထိ့ သတင်းပြန်ကြား
ပေးခဲ့ပါသည်။

သတင်းပြန်ကြားရာတွင် အကြမ်းဖက်စစ်တပ်၏
မတရားဖမ်းဆီးနေမူ့များ,အကြမ်းဖက်စစ်တပ်၏
ရမ်းကားနေမူ့များ,အကြမ်းဖက် စစ်ကောင်စီခန့်အပ်
အုပ်ချုပ်ရေးမှူးများ၏ ပြည်သူအပေါ် မတရား အကြမ်းဖက်နေမူ့များအား ပြည်သူအား ဟုတ်မှန်
သည့်အတိုင်းသာလျင် ဖော်ပြပေးခဲ့သလို ဤအချက်များသည် ဒေသတွင်း အမှန်တကယ် မဖြစ်မနေ ဖော်ပြရန် လိုအပ်နေသည့် အခန်းကဏ္ဍ တစ်ရပ်လဲ ဖြစ်ပါသည်။

အစဥ်အမြဲရိုသေလေးစားလျက်..........................🙏🙏🙏

November 27 ရက်နေ့
တောင်ဒဂုံသတင်းကွန်ယက်

27/11/2021

54 ရပ်ကွက်ရုံး ရှေ့ကို ဘေးမဲ့တော အဖြစ် ရှောင်ကွင်းသွားလာပေးကြပါခဗျာ🙏

၅၄ ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်တပ်မှ ရမ်းကားမူ့များ ပြုလုပ်နေကြပါတယ်။

November27 (ညနေပိုင်း)

တောင်ဒဂုံမြို့နယ် ရွာသာကြီးစက်မူ့ဇုံတွင်မီးလောင်ကျွမ်းမူ့ တခု ဖြစ်ပေါ်ခဲ့ပြီး မီးငြိမ်းသွားပြီဖြစ်နိုဝင်ဘာလ ၂၇ရက်(ရန်ကုန...
26/11/2021

တောင်ဒဂုံမြို့နယ် ရွာသာကြီးစက်မူ့ဇုံတွင်မီးလောင်
ကျွမ်းမူ့ တခု ဖြစ်ပေါ်ခဲ့ပြီး မီးငြိမ်းသွားပြီဖြစ်

နိုဝင်ဘာလ ၂၇ရက်(ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)
မြို့နယ်၊ ရွာသာကြီးစက်မှုဇုန်၊ စက်မှု(၁၁)လမ်း
တွင် နိုဝင်ဘာလ ၂၆ရက်နေ့ည ၁၁နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု တခု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များထွက်ခွာငြှိမ်းသတ်လျက်ရှိခဲ့ရာ ၁၁နာရီ ၅၈ မိနစ်တွင် Level 1 ,၁၂နာရီ ၁၀မိနစ်တွင် မီးထိန်းနိုင်ပြီး ၁၂နာရီ ၁၅ မိနစ်တွင် မီးငြိမ်းကြောင်း မြန်မာ့မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိ့ရှိရပါသည်။

Myanmar Fire Services Department

November 27

26/11/2021

တောင်ဒဂုံ 🚨

53 ရပ်ကွက် (၄၀ ဂိတ်အနီး )ဒလန် တဦး ပြစ်ခက်ခံရ တယ်ဟု သိ့ရှိရပြီး ၅၄ ရပ်ကွက် ရုံး လှုပ်ရှားမူ ရှိနေ ဇေယျာမြိုင်လမ်း နဲ့ ပုဂံ လမ်း ကရုပြု

အိမ်စီး ၂,DC 4 ၅၄ ရပ်ကွက်ရုံးရှေ့မှပုဂံ လမ်းတိုင်း တတ်သွား

54 ရပ်ကွက်ရုံး ကျည်ကာဝတ်ပြီး အသင့်စောင့်နေ

12:34 pm -SDS ၏ ဖော်ပြချက်အရ အမှတ် ၂လမ်း
ပိတ်ဆို့ဖို့ပြင်နေ

November 26

26/11/2021

တောင်ဒဂုံ🚨

၁၉ ရပ်ကွက် အောင်ဆုပန်လမ်း (မြိတ်လမ်းကျောကပ်)မှာစစ်ကောင်စီ တပ်ဖွဲ့ ဝင်အများအပြား ရောက်ရှိနေကြောင်း သိ့ရပါတယ်ခဗျာ

ဖြစ်စဥ်အသေးစိပ်ကိုတော့ မသိ့ရှိရသေးပါ

November 26(10:53am)

25/11/2021

ယနေ့ မွန်းလွဲပိုင်း ၁၂နာရီ ၃၀ ခန့်က တောင်ဒဂုံ ၅၅ ရပ်ကွက် မင်းရဲကောင်းပုံလမ်း နှုင့် မင်းဘူးလမ်းထိပ်မှာ ဆိုင်ကယ်နှုင့် လာရောက် လုရက်မူ့ ကျုးလွန်သူ ၂ဦးကို ၅၅ရပ်ကွက်အနီးမှ ပြည်သူများ ဝိုင်းဖမ်းပေးခဲ့ကြောင်း သိ့ရပါတယ်။

လုရက်မူ့ ကျုးလွန်သူ ၂ဦးကို ပြည်သူများမှ ဖမ်းဆီး အပြစ်ပေးခဲ့ပြီး ၅၅ရပ်ကွက်ရုံးသို့ ခေါ်ဆောင်သွားခဲ့
ကြောင်း သိ့ရပါတယ်။

တောင်ဒဂုံ နှုင့် ဒဂုံဆိပ်ကမ်း မြို့နယ်များတွင် ၁ပတ်
၃ကြိမ်ခန့် လောက်ကို လုရက်ခံရခြင်း,ခိုးယူ ခံ ရခြင်းများ ရှိနေတာလဲ ဖြစ်ပါတယ်။

📌📌📌

ရဲလက် အပ်လိုက်တယ်လို့ သိ့ရပါတယ်

လုယက်သူ ၂ဦး ပုံ မတင်တာဟာ သတင်းပေးသူ အန္တရာယ်ရှိနေနိုင်တာကြောင့်ပါခဗျာ

ပုံတွေ့ရလဲ ဘာမှ မပြောင်းလဲပါ ,လုယက် သူ ၂ဦးဟာ ယခင်ရက်များ လုယက်သွားသည့် ပစ္စည်း,
ငွေကြေး,ရွှေ နဲ့ ဖုန်း များအား သိမ်းထား ကြမယ်လို့ မထင်ပါ

လူယက်သူ ၂ဦး၏ ပုံပန်းသဏ္ဍန်အားဖြင့် -

အသက် -20 အောက်
အရပ် -5 ပေ 4လက်မ ခန့် (သို့) 5ပေ 6 လက်မ ခန့်
၂ဦးလုံး ဆံပင် ဘုတ်သိုက် ညှပ်ထား

၁ဦးဟာ - အဖြူရောင် စွပ်ကျယ်,အနီရောင်ကွက် အင်္ကျီ,အမဲရောင် ဘောင်းဘီ ဝတ်စဥ်ထား

ကျန်တဦးဟာ -အမဲရောင် စွပ်ကျယ် ,ပလေကပ် ပုဆိုး(အပြာ အကွက်ကြဲ) ဝတ် စဥ်ခဲ့ပါတယ်ခဗျာ

အကယ်၍ များ ရဲစခန်းက လွတ်ပေးလိုက်လို့ ထပ်မံ ပြီး လုယက်မူ့ ကျုးလွန်ခဲ့ ရင် အဆိုပါ ပုံတွေကိုပြန်ပြီး တင်ပေးပါ့မယ်

November 25

25/11/2021

တောင်/မြောက်လမ်းဆုံ ရဲစခန်း အား အမည်မသိ့ အဖွဲ့တခုမှ ယနေ့မွန်းလွဲပိုင်း ၁၂နာရီကျော်ခန့်က သေနတ်ဖြင့် ပြစ်ခက်ခဲ့ပြီး ရဲစခန်းအတွင်းမှလဲ ပြန်လည်ပြစ်ခက် မူ့အချို့ ရှိခဲ့ကြောင်း သိ့ရပါတယ်။

ပြစ်ခက်မူ့ကြောင့် ထိ့ခိုက်ဒဏ်ရာရရှိသူ ရှိမရှိ မသိ့
ရသေးပေမဲ့ ပြစ်ခက်မူ့ ဖြစ်ပွားပြီးနောက်ပိုင်း အမှတ်၂လမ်းမကြီး,ပြည်ထောင်စုလမ်းမကြီးနှုင့် ယဥ်ကျေးမူ့အနီး တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ခြေရှုပ်ခဲ့ကြောင်း သိ့ရပါတယ်။

အလားတူ ယမန်နေ့ နိုဝင်ဘာ၂၄ရက်နေ့ နေ့လည်ပိုင်း ၁၂နာရီ ၁၆ မိနစ်ခန့်ကလဲ ၎င်းရဲစခန်းအနီး ဗုံးပေါက်ကွဲ မူ့ ၂ကြိမ် နှုင့် နိုဝင်ဘာလ ၁၈ရက်နေ့ ည ၈နာရီ ၄၀ခန့် ကလဲ ဗုံးလာရှင်းသည့် စစ်ကောင်စီတပ်များ ပြစ်ခက်ခံခဲ့ရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါသေးတယ်။

November25

တောင်ဒဂုံမြို့နယ် နှုင့် မင်္ဂလာဒုံ မြို့နယ်တို့ရှိ တပ်လိုင်းခန်း များအနီး တွင် ACPF မှ ဗုံးများဖောက်ခွဲခဲ့ကြောင်း ပြည်သ...
24/11/2021

တောင်ဒဂုံမြို့နယ် နှုင့် မင်္ဂလာဒုံ မြို့နယ်တို့ရှိ တပ်လိုင်းခန်း များအနီး တွင် ACPF မှ ဗုံးများဖောက်ခွဲခဲ့ကြောင်း ပြည်သူသို့ အသိ့ပေး....


November 24

တောင်ဒဂုံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များမှ ၇ရက်အတွင်း ရပ်ကွက် (၄)ခုအား ဝင်ရောက်စီးနှုင်းကာ ဖမ်းဆီးမူ့များ ပြုလု...
24/11/2021

တောင်ဒဂုံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များမှ ၇ရက်အတွင်း ရပ်ကွက် (၄)ခုအား ဝင်ရောက်စီးနှုင်းကာ ဖမ်းဆီးမူ့များ ပြုလုပ်ခဲ့ပြီးဖမ်းဆီးခံရသူ ၈ဦးထိ့ ရှိ

နိုဝင်ဘာလ ၂၄ ရက် (ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များမှ ယခု သီတင်း ၁ပတ်အတွင်း ဖမ်းဆီးရှာဖွေမူများအား ခက်စိပ်စိပ် လုပ်ဆောင်လျက်ရှိနေကြောင်း သိ့ရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်များဟာ နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀နာရီ ၃၀ မိနစ်တွင် ၁၀၅ ရပ်ကွက်ရှိ ကံ့ကော်မြိုင်လမ်း,ခတ္တာလမ်း နှုင့် လှော်ကားလမ်း များရှိ နေအိမ်အချို့အား ဝင်ရောက်ရှာဖွေ ဖမ်းဆီးမူ့များ ပြုလုပ်ခဲ့ရာ ၄ဦးထိ့ ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာလ ၁၉ရက်နေ့ ညနေ ၅နာရီ ၂၀ မိနစ်တွင် တောင်ဒဂုံ ၁၇ရပ်ကွက် ဗန္ဓုလ အိမ်ယာရှိ တိုက်ခန်းအချို့အား ထပ်မံ ရှာဖွေ ဖမ်းဆီးမူ့များ ပြုလုပ်ခဲ့ရာ တိုက်အမှတ် ၃၈ နေထိုင်သူ လူငယ် ကျား ၁ဦးနှုင့် တိုက်အမှတ် ၃၉ နေထိုင်သူ ကျား ၁ဦးတို့အား ဖမ်းဆီးသွားခဲ့ကြောင်း သိ့ရှိရပါသည်။

စစ်ကောင်စီတပ်များဟာ နိုဝင်ဘာလ ၂၂ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ဒဂုံ ၂၅ရပ်ကွက်ရှိ ရွှေနှင်းဆီ ၅လမ်း,ယုဇန ၁လမ်း , သရက်ချောင်းလမ်းတို့ရှိ နေအိမ်အချို့ နှုင့် အဆိုပါနေ့၏ ည ၁၀နာရီ ၄၀ မိနစ်တွင် ၁၄၀ ရက်ကွက်ရှိ နေအိမ်အချို့အား ကား ၁၀ စီး (အင်အား ၈၀ မှ ၁၀၀ကြား)ထိ့ အသုံးပြု၍ ဝင်ရောက်ဖမ်းဆီးမူ့များ ပြုလုပ်ခဲ့ပေမဲ့ ဖမ်းဆီးခံရသူ မရှိကြောင်း သိ့ရှိရပါတယ်။

အလားတူ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၄နာရီ ၄၅ မိနစ်တွင် ၁၉ရပ်ကွက် မောင်းမကန်သာလမ်း (တံတားထိပ်မှတ်တိုင်နှုင့် ဝိ့သာခ သင်္ကန်းဆိုင်အနီး)ရှိ နေအိမ်တခုကို DC 4စီး နှုင့် အရပ်ကား အချို့အား အသုံးပြု၍ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဟိန္ဒူလူမျိုးဟု ထင်ရသည့် အမျိုးသား ၁ဦး နှုင့် လူငယ် ကျား ၁ဦးတို့အား ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း သိ့ရှိရပါသည်။

တောင်ဒဂုံမြို့နယ်တွင် နိုဝင်ဘာလ ၁၁ရက်နေ့ ည၁၁ နာရီ ဝန်းကျင်ခန့်ကလဲ အင်းဝ အိမ်ယာရှိ တိုက် ၄၅ အား ဝင်ရောက်ဖမ်းဆီးမူ့ ရှိခဲ့ပြီး အသစ်ပြောင်းလာသူ လူငယ် ကျား ၃ဦး အားအကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ှတောင်းဆိုချက်

မိဘပြည်သူများခဗျာ

SDI ဟာ ဖိ့အားများစွာ ခံနေရပါတယ်ခဗျာ 🙏

အကြမ်းဖက်စစ်တပ်မှ လိုက်လံ ဖမ်းဆီးရာတွင် ယခင်လ တွေထက် သိုသိပ့်စွာ လှုပ်ရှားနေကြခြင်း

ဥပမာ - အကြမ်းဖက်စစ်တပ်မှ လူဖမ်းရာတွင် ပတ်ဝန်းကျင်နေပြည်သူတွေအား မကြည့်ရန်တားမြစ်ခြင်း,လမ်းမျာ ပိတ်ဆိုထားခြင်း,မီးများဖြတ်တောက်ခြင်း,ဖမ်းဆီးသွားသူ အချို့အား ဖုံးကွယ်ပြီး ပြန်လည် အသုံးချနေခြင်း များ ရှိနေသလို ဖမ်းဆီးခံရသူ၏ ၃၀%လောက်ဟာ အသစ်ပြောင်းရွှေ့နေထိုင်သူများ ဖြစ်နေခြင်း အစရှိသဖြင့်

ဤအချက်များစွာ ကြောင့် SDI မှ သတင်းစုံစမ်းရာတွင် ပိုမိုကြာရှည် လျက်ရှိသလို , ပြည်သူအချို့
၏ အကြမ်းဖက် စစ်တပ်အား အကြောက်လွန်မူ့တွေကြောင့် -

သတင်းပြန်ကြားပေးရာတွင် အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိပါတယ်ခဗျာ။ထို့ကြောင့် မတရားဖမ်းဆီးခံရသူများ များစွာ နစ်နာ လျက်ရှိနေတာ ဖြစ်ပါတယ် ။

အကြမ်းဖက် စစ်တပ်မှ ဝင်ရောက် ရမ်းကားမူ့များ ပြုလုပ်တိုင်းမှာ ကျတော်တို့ထံ သို့မဟုတ် ခိုင်မာ
သော သတင်းကွန်ယက် များထံ ပြောပြပေးဖို့ လိုအပ်လျက်ရှိပါတယ်။သို့မှသာလျင် အကြမ်းဖက်စစ်တပ်၏ မတရားလုပ်ရပ်များ နည်းပါးလာမည်ဖြစ်သလို,မတရား ဖမ်းဆီးခံရသူများအားစစ်ကြော
ရေးတွင် အသက်သေဆုံးသည်အထိ့ ပြုလုပ်နေခြင်းများ လျော့နည်း လာမည် ဖြစ်ပါသည်။

SDI page ဟာ ရပ်တန့် ရနိုင်ဖွယ်လဲ ရှိနေပြီး ကျတော်တို့ ရှိနေသ၍တော့ တောင်ဒဂုံမြို့နယ်တွင်း အကြမ်းဖက် စစ်တပ်၏ ရမ်းကားနေမူများ သတင်း
အမှောင်ချခြင်း မရှိစေရပါခဗျာ ။

SDI ဟာ ပြည်သူအတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မည်သည့် အဖွဲ့စည်း၏ လက်အောက်တွင် ရှိနေမည်မဟုတ်ပါ။ ထို့ကြောင့် ပြည်သူသာ အဓိ့ကပါခဗျာ ။

ရိုသေစွာဖြင့်............................

24/11/2021

တောင်ဒဂုံမြို့နယ်တွင် ဗုံးဟုထင်ရသည့် ပေါက်ကွဲသံ ၂ချက် ခန့်ကြားရကြောင်း သိ့ရပါတယ်

(ဧရာဝဏ် သို့မဟုတ် ဆိပ်ကမ်းဘက်မှ ဖြစ်နိုင်)



1:26 pm တွင် ပထမ ဗုံး နှုင့် 1:28 pm တွင် ဒုတိယဗုံး ဧရာဝဏ် ရဲစခန်းအနီးရှိ ဂျိုးဖြူလမ်းတွင်ပေါက်ကွဲမူ့ ဖြစ်ပေါ်ခဲ့ပြီး ထိ့ခိုက်ဒဏ်ရာရရှိသူ ရှိ,မရှိ မသိ့ရသေးပါခဗျာ

November 24(1:26 pm)

23/11/2021

ဒဂုံမြို့သစ်အရှေ့ပိုင်း အထက(၁) စာသင်ကျောင်း
ရှေ့မြင်ကွင်း(ရုပ်/သံ),ကျောင်းလာတတ်သူ မြှင့်တင်ရန် ကျောင်းသားမိ့ဘ များအား မက်လုံးပေးမူ့များရှိနေ

နိုဝင်ဘာလ ၂၃ရက် (By SDI)

ရန်ကုန်တိုင်းဒေသကြီး , ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ,အမှတ် (၂)လမ်းမကြီးပေါ်ရှိ အထက(၁) စာသင်ကျောင်းမှကျောင်းဆရာ/ဆရာမ ၂၅ ဦး
ဝန်းကျင်ခန့် ဟာ CDM ပြုလုပ်ထားကြပြီး,
အထက်တန်းပြတွင် ၂ဦးခန့်,အလယ်တန်းပြတွင် ၃ဦးခန့် ,ဒုအလယ်တန်းပြတွင် ၉ဦးခန့် နှင့် မူလတန်းပြတွင် ၇ဦးခန့် တို့ရှိကြောင်း သိ့ရှိရပါတယ်။

စစ်ကောင်စီမှ ပြည်နယ် ၉ခုရှိ မြို့နယ် ၄၆ ခုမှစာသင်ကျောင်းများမှ လွဲ၍ စာသင်ကျောင်းများအား နိုဝင်ဘာလ ၁ရက်နေ့ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြပြီး ကျောင်းတတ်သူ ကျောင်းသား/ကျောင်းသူ အရေအတွက်အားဖြင့် နည်းနေသေးတာလဲ ဖြစ်ပါတယ်။

Non CDM ကျောင်းဆရာ/ ဆရာမများ နှုင့် အုပ်ချုပ်ရေးမှူးများမှ ကျောင်းလာတတ်သူ မြှင့်တတ်စေရန် ရည်ရွယ်ချက်ဖြင့်" လ "အနည်း ငယ် ကျောင်းတတ်ယုံနဲ့ အတန်းတင်ပေးမည်ဟု မက်လုံးပေး မူ့များလဲ ရှိနေတာ ဖြစ်ကြောင်း ဒေသခံကျောင်းသား/ကျောင်းသူ မိဘများမှ ပြောဆိုနေကြတာလဲ ဖြစ်ပါတယ်။

Address

Dongon Myothit South
Yangon
11431

Website

Alerts

Be the first to know and let us send you an email when South Dagon Information-SDI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to South Dagon Information-SDI:

Shortcuts

Share