Potato Studio - Content Marketing

Potato Studio - Content Marketing Let's create something We offer comprehensive content marketing services that help you attract, engage, and convert your target audience.

19/07/2024

Content တွေ ဖန်တီးတဲ့နေရာမှာ အမြင်ဆိုတဲ့အရာက သိပ်ကို အရေးပါတယ်။

ရုံးမှာ နေတိုင်းကြုံနေကြကိစ္စလေး တစ်ခုရှိပါတယ်။ Designer နဲ့ Content Writer တွေကြား ဖြစ်နေကြပြဿနာလေးပေါ့။

ဘာလဲဆိုရင်တော့ အမြင်မတူတာပါ။ အမှန်တိုင်းပြောရမယ်ဆိုရင် Agency တွေမှာလုပ်နေတဲ့ Content သမားတွေဆိုတာ (၁၀) ယောက်မှာ (၉) ယောက်လောက်က Marketing အထိုက်အလျောက်သိတဲ့ Marketer တွေ။ အဲ့တော့ အရာရာတိုင်းကို Marketing အမြင်နဲ့ပဲ ကြည့်ပါတယ်။

Designer တွေကျတော့ Creative သမားတွေ။ သူတို့က အရာရာကို သူများတွေထက် ကွဲထွက်တဲ့အမြင်နဲ့ မြင်တယ်။ ကွဲထွက်အောင် ဖန်တီးရတာကို သဘောကျတယ်။

ဒီတော့ Content တွေ အတူတူဖန်တီးကြရတဲ့အခါမှာ အတော်လေးညှိယူရပါတယ်။ တစ်ခါတလေ အတော်လေးငြင်းရတယ်။ သူတို့က ရှယ်ဆွဲထားလည်း ပေးချင်တဲ့ Message မပေါ်လွင်ရင် ကိုယ်တွေ Content သမားတွေကလည်း သိပ်မကြိုက်ချင်ဘူးကိုး။
------------------------------------------------------------------
ပြောချင်တာကတော့ Content Writer တွေ၊ လုပ်ငန်းရှင်တွေ Content ဖန်တီးတဲ့အခါမှာ အမြင်တွေကို ထည့်စဉ်းစားဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ့် Audience တွေရဲ့အမြင်၊ ကိုယ့် Customer တွေကို မဖြစ်မနေ ထည့်စဉ်းစားရပါမယ်။

ကိုယ့်အမြင်တစ်ခုတည်းနဲ့ ဖန်တီးမယ်ဆို သိပ်ကို အန္တရာယ်များပါတယ်။ ( Content Writer လောကမှာလည်း အမြင်မတူလို့ ရန်ဖြစ်ခဲ့ကြတာတွေလည်း အများကြီးပါပဲ။)

ကိုယ့် Audience ရဲ့ အမြင်တွေ၊ အတွေးတွေ သိရအောင် ဘယ်လိုလုပ်နိုင်မလဲဆိုရင်တော့ နည်းလမ်းတွေ အများကြီးရှိပါတယ်။
- Survey ကောက်လို့ရတယ်။
- Interview တွေ မေးလို့ရတယ်။
- Audience တွေ ဘာတွေပြောနေလဲ လိုက်ကြည့်လို့ရတယ်။
ပြောရမယ်ဆိုရင် Market research လုပ်တာပါပဲ။ ကိုယ့်အမြင်တစ်ခုတည်းနဲ့ တစ်ဖက်သတ် Content တွေကိုတော့ မဖန်တီးပါနဲ့လို့ပဲ အကြံပေးချင်ပါတယ်။

========================

ကိုယ့်လုပ်ငန်းအတွက် (သို့) ကိုယ့် Career အတွက် Content ပိုင်းတွေ၊ Marketing ပိုင်းတွေ ပိုသိချင်တယ်ဆိုရင် အောက်က Telegram Channel ကို Join ပေးထားကြပါဦး။

📌 Telegram Link
https://t.me/potatostudiocontentmarketing

Potato Studio


Experience မရှိတဲ့ Content Writer တစ်ယောက်အနေနဲ့ ဘယ်လို အတွေ့အကြုံတွေ ရှာကြမလဲ...❓ကျွန်တော့်တုန်းကတော့ Non-profit org တွ...
29/06/2024

Experience မရှိတဲ့ Content Writer တစ်ယောက်အနေနဲ့ ဘယ်လို အတွေ့အကြုံတွေ ရှာကြမလဲ...❓

ကျွန်တော့်တုန်းကတော့ Non-profit org တွေမှာ Volunteer အနေနဲ့လိုက်ရေးပါတယ်။ ပြီးတော့ Intern တွေ တစ်ခုပြီးတစ်ခု လိုက်လျှောက်ပါတယ်။ ပြီးရင် ကိုယ်တိုင်လည်း page ထောင်ပြီး ရေးပါတယ်။

ဒီနေရာမှာ တစ်ခု သတိထားစေချင်တာက ငါရေးရရင်ပြီးရောဆိုပြီး လုပ်ငန်းတွေမှာ အလကားတော့ လိုက်မရေးပေးပါနဲ့ခင်ဗျာ။ ကိုယ့်အတွက်လည်း ရေရှည်မှာ နာမည်ကျသလို စျေးကွက်လည်း ဖျက်ရာ ရောက်ပါတယ်။

ပြီးတော့ ကိုယ့်မှာ တကယ်ကောင်းတဲ့ portfolio ရှိတယ်ဆိုရင် အလုပ်ခေါ်စာတွေမှာ ရေးထားတဲ့ Exp တွေကို တစ်ချက်မေ့ထားပြီး ယုံယုံကြည်ကြည်နဲ့ လျှောက်စေချင်ပါတယ်။

( Content Writer တစ်ယောက်အတွက် Exp က မလိုဘူးလို့တော့ မဟုတ်ပေမယ့် လုပ်သက်များပြီး တလွဲတွေထိုင်ရေးနေတာမျိုးတွေ မြင်ဖူးပါတယ်။ ဒီအကြောင်းကို နောက်ရက်မှာ ထပ်ပြောပြပေးပါ့မယ်။)

အဓိကကတော့ အလုပ်ခေါ်တဲ့လူတိုင်း ​သဘောကျသွားစေမယ့် Portfolio တစ်ခုကို ကောင်းကောင်းတည်ဆောက်တာ အကောင်းဆုံးပဲလို့ အကြံပေးချင်ပါတယ်။

========================

ကိုယ့်လုပ်ငန်းအတွက် (သို့) ကိုယ့် Career အတွက် Content ပိုင်းတွေ၊ Marketing ပိုင်းတွေ ပိုသိချင်တယ်ဆိုရင် အောက်က Telegram Channel ကို Join ပေးထားကြပါဦး။

📌 Telegram Link
https://t.me/potatostudiocontentmarketing

Potato Studio


ကျွန်တော် နောက်ပိုင်း Telegram မှာပဲ ပိုပြီး Active ဖြစ်ဖို့ များပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ၊ Content ပိုင်းက...
16/06/2024

ကျွန်တော် နောက်ပိုင်း Telegram မှာပဲ ပိုပြီး Active ဖြစ်ဖို့ များပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ၊ Content ပိုင်းကို စိတ်ဝင်စားသူတွေအတွက် ရတဲ့အချိန်တွေမှာ ရသလို Content ပိုင်းနဲ့ ပတ်သက်တာတွေ၊ Marketing နဲ့ဆိုင်တာတွေကို ပြောပြပေးသွားပါ့မယ်။

Theory တွေတင် မဟုတ်ပါဘူး။ လက်တွေ့က အတွေ့အကြုံတွေကိုပါ ပြောပြပေးသွားဖို့ ရှိပါတယ်။

ဒါကြောင့် ကိုယ့်လုပ်ငန်းအတွက် (သို့) ကိုယ့် Career အတွက် Content ပိုင်းတွေ၊ Marketing ပိုင်းတွေ ပိုသိချင်တယ်ဆိုရင် အောက်က Telegram Channel ကို Join ပေးထားကြပါဦးခင်ဗျာ။

📌 Telegram Link
https://t.me/potatostudiocontentmarketing

Potato Studio


12/05/2024

“ In-house ခန့်ရမလား၊ Freelance (or) Agency အပ်ရမလား…”

ဒီမေးခွန်းက ကျွန်တော် လုပ်ငန်းရှင်တွေနဲ့ ဆုံမိတိုင်း အမေးများတဲ့ မေးခွန်းတွေထဲ တစ်ခုပါပဲ။

Digital Marketing စလုပ်ချင်ပေမဲ့ ဘယ်ဟာရွေးချယ်ရမှန်းမသိဖြစ်နေတယ်၊ အပ်လိုက်လို့၊ အလုပ်ခန့်လိုက်လို့ အဆင်မပြေမှာလဲ စိုးရိမ်တယ်ပေါ့။

ဒီတော့ ကျွန်တော့်အနေနဲ့ ဒီလို အကြံပေးဖြစ်ပါတယ်။

ကိုယ်က Digital Marketing ကို ဘယ်လောက်အနေအထားနဲ့ အရင်စလုပ်မှာလဲဆိုတာရယ်၊ ကိုယ့်ဘက်က ဘယ်လောက်အားစိုက်နိုင်မှာလဲဆိုတာတွေနဲ့ အရင်တိုင်းတာကြည့်ဖို့ပါ။

ကိုယ့်ဘက်က အနည်းနဲ့အများ အားတော့စိုက်ရပါမယ်။ တချို့လုပ်ငန်းရှင်တွေက လှည့်မကြည့်ချင်လို့ Agency တွေအပ်တယ်၊ တကယ်လည်း လှည့်မကြည့်ပါဘူး။ Agency တွေအနေနဲ့ လိုအပ်တဲ့ Data တွေတောင် တောင်းမရတဲ့အထိကို လှည့်မကြည့်တာပါ။

ဒီလိုကျတော့ ထိရောက်သင့်သလောက် မထိရောက်ဘူး ဖြစ်သွားတတ်တယ်ပေါ့နော်။

ဆက်ပြောရမယ်ဆိုရင် ကိုယ်က အာရုံစိုက်ဖို့ အချိန်အများကြီး မပေးနိုင်ဘူး၊ ဒါပေမဲ့ Budget တတ်နိုင်တယ်၊ Digital Marketing ကို စနစ်တကျလေး သွားချင်တယ်ဆိုရင်တော့ Agency အပ်စေချင်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ ကိုယ့်စိတ်တိုင်းကျ ပုံစံတော့ ဖြစ်မှာ မဟုတ်ပါဘူး။ Agency တွေက သူတို့ Flow နဲ့သူတို့ ရှိပြီးသားမို့ပါ။ စိတ်တိုင်းမကျလို့ Agency တွေနဲ့ ပြဿနာတက်တာမှ အများကြီးပါ။

ကိုယ်က တစ်လမှာ Content တွေ အများကြီးမတင်ဘူး၊ စိတ်တိုင်းလေးလည်း ကျချင်တယ်၊ Budget လည်း ချိန်သုံးချင်တယ်၊ အချိန်ပေးနိုင်ပြီး တိုင်တိုင်ပင်ပင်လေးသွားချင်တယ်ဆိုရင် Freelance အပ်ရင် ပိုအဆင်ပြေပါတယ်။

ကိုယ်စိတ်တိုင်းကျအတိုင်း ကွက်တိဖြစ်ချင်တယ်၊ Digital Marketing ကိုလည်း နားလည်သလို စလုပ်ကတည်းက အရှိန်အပြည့်နဲ့ လုပ်ချင်တယ်ဆိုရင် In-house တွေခေါ်ပြီး ကိုယ်တိုင်စီမံတာ အကောင်းဆုံးပါပဲ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လုပ်ငန်းရှင်တိုင်းအတွက် အကောင်းဆုံး ရွေးချယ်မှုဆိုတာ မရှိပါဘူး။

ကိုယ့်လုပ်ငန်းအနေအထား၊ လုပ်ချင်တဲ့ပုံစံ၊ အခြေအနေတွေအလိုက် သင့်တော်တာကို ရွေးချယ်တာ အကောင်းဆုံးလို့ပဲ အကြံပေးချင်ပါတယ်ခင်ဗျာ။

Potato Studio
Trustworthy Freelance Content Marketer for Your Business


26/04/2024

" Marketing မှာ ဘာလုပ်လုပ် Customer တွေဘက်ကို အပြည့်အဝ တွေးပေးဖို့ လိုအပ်ပါတယ် "

လွန်ခဲ့တဲ့ (၁၄) နှစ်တုန်းက တော်တော် ဂရက်ရိုက်သွားတဲ့ Clothing Brand တစ်ခုဖြစ်တဲ့ GAP ရဲ့ Redesign Fail သွားတဲ့အကြောင်းကို ဖတ်ရင်းနဲ့ တွေးမိတာလေးပါ။

GAP ကို တော်တော်များများသိမယ် ထင်ပါတယ်။ G A P ဆိုပြီး အပြာရောင် Box ထဲ စာလုံးတွေ ခြားထားတဲ့ Logo နဲ့ နာမည်ကြီး Brand တစ်ခုပေါ့။

===================

ဖြစ်ပုံက ဒီလို။ သူတို့က ဒီ Logo ကို စတင် အသုံးပြုခဲ့တာ (1990) ခုနှစ်ထဲကပါ။

နှစ်ပေါင်း (20) အကြာ (2010) ခုနှစ်ရောက်တဲ့အခါမှာတော့ GAP က မလုပ်သင့်တဲ့ အမှားတစ်ခု ထလုပ်မိလိုက်ပါတယ်။

🔺 ဒါကတော့ မပြောမဆိုဘဲ Logo ကြီး ကောက်ပြောင်းလိုက်တာပါပဲ။

Logo အသစ်ပုံစံကတော့ Gap ဆိုတဲ့ စာသားဘေးမှာ အပြာရောင် Box လေးတွဲထားတဲ့ ပုံစံလေးပါ။ သူတို့ဘက်ကပြောတာတော့ အတိတ် (အပြာရောင် Box) ဆိုတဲ့ အရာကို အသိအမှတ်ပြုရင်း ရှေ့ဆက်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့။

ဒါပေမဲ့ ဒီ Redesign ရဲ့ သက်ရောက်မှုက အတော်လေးကြီးပါတယ်။ အဆိုးဘက်ကို ရောက်သွားတာပါ။

- အရောင်းတွေ ထိုးကျကုန်တယ်။
- (24) နာရီအတွင်း Negative review တွေ အများကြီး တက်လာတယ်။
- ကျွမ်းကျင်သူတွေဆီက ဝေဖန်တာတွေကို ​အတော်ခံလိုက်ရပါတယ်။

ဒါကြောင့် GAP အနေနဲ့ တစ်ပတ်အတွင်း Logo အဟောင်းကို အလောတကြီး ပြန်ပြောင်းရတော့တာပါပဲ။
====================

ဒါက ဘာကြောင့် ဒီလိုကြုံရလဲဆိုရင် GAP အနေနဲ့ Customer ကို သေချာ နားမလည်လိုက်လို့၊ သေချာ မတွေးပေးလိုက်လို့ပါ။

Brand ဆိုတဲ့အရာက Customer ရဲ့ စိတ်ခံစားချက်တွေနဲ့ ချိတ်ဆက်ထားကြတာပါ။ သူတို့ချစ်တဲ့အရာ တစ်ခု ရုတ်တရက်ပြောင်းပစ်လိုက်တော့ လက်မခံကြတဲ့ သဘောပါပဲ။

Brand နဲ့ Customer ကြား ချိတ်ဆက်မှုက အားကောင်းလေလေ၊ ပြောင်းလဲမှုတွေ လုပ်ဖို့ သေချာစဥ်းစားရလေဆိုတာကို သတိပြုသင့်ပါတယ်။

ဒါကြောင့် Marketing မှာ ဘာပဲ လုပ်လုပ် Customer ကို အပြည့်အဝ နားလည်ပြီးမှ လုပ်တာ ပိုစိတ်ချရပါတယ်။

Potato Studio
Trustworthy Freelance Content Marketer for Your Business

📌 ဝန်ဆောင်မှုများကို ရယူလိုပါက
m.me/potatostudio11 ကို ဆက်သွယ်နိုင်သလို

📞 Ph no -09 791 333 554 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။


🥲 ပြဿနာက အဲ့ကစတာပဲ...Potato Studio Trustworthy Freelance Content Marketer for Your Business 📌 ဝန်ဆောင်မှုများကို ရယူလိုပ...
24/04/2024

🥲 ပြဿနာက အဲ့ကစတာပဲ...

Potato Studio
Trustworthy Freelance Content Marketer for Your Business

📌 ဝန်ဆောင်မှုများကို ရယူလိုပါက
m.me/potatostudio11 ကို ဆက်သွယ်နိုင်သလို

📞 Ph no -09 791 333 554 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။


21/04/2024

“ သူငယ်ချင်းစကား တစ်ခွန်းကြောင့် Content လောကထဲ ရောက်လာခဲ့တဲ့ ကျွန်တော် “

ကျွန်တော် စာတွေစမရေးခင်တုန်းက Content Writer ဆိုတာ ဘာအလုပ်မှန်းတောင် မသိပါဘူး။ Content ဆိုတာ ဘာကြီးမှန်းလည်း မသိခဲ့ပါဘူး။

ကျွန်တော်စိတ်ကူးထားတဲ့ အလုပ်က ကော်ဖီဆိုင်မှာ ထိုင်၊ နားကြပ်လေးတပ်ပြီး အေးဆေးထိုင်လုပ်ရတဲ့ အလုပ်မျိုးပါ။

တစ်နေ့တော့ သူငယ်ချင်းနဲ့စကားဆက်မိတာပေါ့ ကော်ဖီဆိုင်မှာ အေးဆေး အလုပ်လုပ်ချင်လိုက်တာဆိုပြီးတော့ပါ။

သူက ဒါဆို ကျွန်တော့်ကို Content Writer လုပ်ကြည့်ပါလားတဲ့။ စာတွေ ဒီလောက် ဖတ်ထားတာပဲကိုးတဲ့။ (ကျွန်တော်က စာဖတ်ရတာ အရမ်းဝါသနာပါပါတယ်။)

အမှန်တိုင်းပြောရရင် အဲ့တုန်းက Content Writer ဆိုတာ ကြားပဲကြားဖူးပြီး ဘာမှန်းမသိလို့ လိုင်းပေါ်မှာ လျှောက်ရှာနေခဲ့တာကို မှတ်မိနေပါသေးတယ်။ 🤣

အဲ့တုန်းက လုပ်တဲ့သူတွေ များနေပြီဆိုပေမဲ့ အခုလောက် နာမည်ကြီးတဲ့အလုပ်တော့ မဟုတ်သေးပါဘူး။

ဘာမှန်းလဲသိလည်းသိရော ကျွန်တော်စရေးတာ Book Review တွေပါ။ စာအုပ်တွေပဲ ဖတ်ထားပြီး Content အကြောင်း ဘာမှ မသိတာကြောင့် Gp တွေထဲမှာ Book Review တွေ ပတ်ရေးပြီး Content Writer ဘဝကို စခဲ့တာပါ။

ကံကောင်းချင်တော့ လူတွေကြိုက်တာကြောင့် ကျွန်တော့်အတွက် အားအတော်ဖြစ်ပြီး Page ထောင်ပြီး ရေးချင်တာလေးတွေ ဆက်ရေးတယ်။

ထပ်ကံကောင်းချင်တော့ Organic နဲ့ Content တွေက Engagement တွေ ရှယ်ထပ်ရသွားတော့ ဖြစ်ချင်စိတ်တစ်ခုတည်းနဲ့ ကျွန်တော်အနေနဲ့ ဒီလမ်းကြောင်းကို ဆက်လျှောက်လာခဲ့တာပါပဲ။

နောက်ပိုင်းမှာတော့
- Organization တွေမှာ Volunteer ပတ်လုပ်တယ်။
- Intern တွေ Join တယ်။
- အမြဲမပြတ် သင်ယူလေ့လာတယ်။
- လက်တွေ့မှာ ပြန်အသုံးချတယ်။

ဒီလိုနဲ့ (၂)နှစ်အတွင်း Agency တွေမှာ အလုပ်ရခဲ့သလို Freelance လည်း ကိုင်တွယ်လာနိုင်ခဲ့ပါတယ်။ Content တွေကိုလည်း အပုဒ်ရေ ထောင်ချီပြီး ရေးခဲ့ပါတယ်။

ကိုယ့်ကို အများကြီးကူညီပေးခဲ့တဲ့သူတွေကြောင့်လည်း ပါပါတယ်။

အခုတော့ Freelancer အဖြစ် လုပ်ငန်းရှင်တွေအတွက် Content Marketing နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် အတွေ့အကြုံရှိတဲ့ Content Marketer ကို လိုအပ်လာပြီဆိုရင် ကျွန်တော့်ကို ဆက်သွယ်လို့ရပါတယ်ခင်ဗျာ။

Potato Studio
Trustworthy Freelance Content Marketer for Your Business


17/04/2024

မင်္ဂလာနှစ်သစ်မှာ Potato Studio အကောင်းဆုံးတွေနဲ့အတူ ပြန်လာပါပြီ…🍀

ကျွန်တော် Schedule တွေ ပြည့်နေတာရယ်၊ တခြားအကြောင်းကြောင်းတွေရယ်ကြောင့် Page လေးကို နားလိုက်တာ အတော်လေးကြာသွားပြီပေါ့နော်…

အခုတော့ ကျွန်တော် Page ကို သေချာလေး Run ပြီး လုပ်ငန်းရှင်တွေကို အကောင်းဆုံး Service ပေးဖို့ ပြန်လာပါပြီခင်ဗျာ။

ဒီတစ်ခေါက်မှာ Potato Studio အနေနဲ့ Content တွေကို လုပ်ငန်းရှင်တွေအတွက်ရော၊ Content ပိုင်းကို စလေ့လာနေတဲ့သူတွေ အတွက်ရော အကျိုးရှိအောင် Content နဲ့ ပတ်သက်တာမျိုးတွေပဲ မဟုတ်ဘဲ Marketing နဲ့ပတ်သက်တာတွေကိုပါ ကျွန်တော် Agency Life မှာ ဖြတ်သန်းခဲ့တဲ့ Exp တွေ နဲ့ ပေါင်းပြီး ဖန်တီးဖော်ပြပေးသွားမှာပါ။

ဒါကြောင့် ကျွန်တော့် Page လေးကို အားလုံးပဲ Like & Follow လေး လုပ်ပြီး စောင့်ကြည့်ပေးကြပါဦးခင်ဗျာ ။

နှစ်သစ်မှာ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ပြီးပြည့်စုံပြီး ဘေးရန်ကင်းကွာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက် ရပါတယ်။

Potato Studio - Freelancer
Trustworthy Freelance Content Marketer for Your Business


" Content တွေ မတင်ခင် Content Calendar တစ်ခုကိုတည်ဆောက်ပြီးပြီလား " လုပ်ငန်းရှင်တွေအနေနဲ့ Content Marketing စလုပ်တဲ့အခါမ...
06/02/2024

" Content တွေ မတင်ခင် Content Calendar တစ်ခုကိုတည်ဆောက်ပြီးပြီလား "

လုပ်ငန်းရှင်တွေအနေနဲ့ Content Marketing စလုပ်တဲ့အခါမှာ မှားလေ့ရှိတဲ့အမှားတစ်ခု ရှိပါတယ်။

ဒါက ဘာလဲဆိုရင်
📌 "Content Calendar " တစ်ခု မတည်ဆောက်ပဲ Content တွေ တင်လေ့ရှိတာပါပဲ။

ဒီလိုတွေတင်ရင် ဘာတွေဖြစ်လာနိုင်လဲဆိုရင် ဘာမှဖြစ်မလာတော့တာပါ။

"Content Calendar " မလုပ်ထားဘဲ Content တွေကို တင်ချင်မှတင်မယ်၊ စိတ်ကူးပေါက်မှတင်မယ်ဆိုရင် ဘာရလဒ်မှ ထွက်မှာမဟုတ်ဘဲ အချိန်ကုန်သွားပါလိမ့်မယ်။

ဒါကြောင့် Content တွေတင်တော့မယ်ဆိုရင် စနစ်တကျရေးဆွဲထားတဲ့ Content Calendar တစ်ခုက လိုကိုလိုအပ်ပါတယ်ခင်ဗျာ။

Content Calendar တစ်ခုမှာ ဘာတွေပါရမလဲဆိုရင်
• တင်ရမဲ့အချိန် ၊ တင်ရမဲ့နေ့စွဲ
• Content Briefing
• Content အမျိုးအစား
• နေ့ထူးနေ့မြတ်၊ Special Event တွေ
• ကိုယ် Content တင်ရမဲ့ Media Platform စတာတွေ ပါဝင်ပါတယ်။

အလွယ်မှတ်ချင်တယ်ဆိုရင်
• ဘယ်နေ့၊ဘယ်ရက်၊ ဘယ်အချိန်တွေမှာ
• ဘယ်အကြောင်းအရာတွေ၊ ဘယ်လို Content တွေကို
• ဘယ်နေရာမှာတင်မလဲဆိုပြီး ကြိုတင်စီစဥ်သတ်မှတ်ထားတဲ့ ပြက္ခဒိန်က Content Calendar ပါပဲခင်ဗျာ။

Potato Studio - Content Marketing မှာဆိုရင်လည်း စနစ်ကျပြီး ထိရောက်တဲ့ Content Calendar ရေးဆွဲခြင်း ဝန်ဆောင်မှုကို ပေးနေပြီ ဖြစ်ပါတယ်။

အကယ်၍ ကျွန်တော့်ဆီမှာ Quality Content (6) ပုဒ်နဲ့ အထက်အပ်မယ်ဆိုရင်တော့ Content Calendar (တစ်လစာ) ကို အခမဲ့ ရရှိမှာ ဖြစ်တာကြောင့်

💯 Potato Studio နဲ့အတူ လူကြီးမင်းတို့ လုပ်ငန်းကို တိုးတက်စေလိုက်ပါ။

📌 ဝန်ဆောင်မှုများကို ရယူလိုပါက
m.me/potatostudio11 ကို ဆက်သွယ်နိုင်သလို

📞 Ph no -09 791 333 554 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

Potato Studio-Content Marketing
Let's create something


ကွန်းတန့်လောကထဲ အခုထိ လူမေး အများဆုံးဖြစ်နေဆဲ မေးခွန်းဒီမေးခွန်းကတော့ ကျွန်တော် ဒီလောကထဲ စဝင်ကတည်းကနေ အခုထိ လူတွေ မေးနေက...
04/02/2024

ကွန်းတန့်လောကထဲ အခုထိ လူမေး အများဆုံးဖြစ်နေဆဲ မေးခွန်း

ဒီမေးခွန်းကတော့ ကျွန်တော် ဒီလောကထဲ စဝင်ကတည်းကနေ အခုထိ လူတွေ မေးနေကြဆဲ မေးခွန်းတစ်ခုဖြစ်သလို ကျွန်တော် ကိုယ်တိုင်လည်း လိုက်မေးခဲ့တဲ့ မေးခွန်းပါ။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ စီနီယာတွေ၊ ကျွန်တော်ရဲ့ဆရာတွေကလည်း အများကြီး ပြောကြ၊ ရှင်းခဲ့ကြပါတယ်။

ဒါပေမဲ့ မသိတဲ့သူတွေ၊ မရှင်းတဲ့သူတွေတော့ ရှိနေဆဲပါပဲ။ အထူးသဖြင့် အခုမှ Content အကြောင်း စလေ့လာတဲ့သူတွေ၊ Content လောကနဲ့ သိပ်မရင်းနှီးတဲ့ လုပ်ငန်းရှင်တွေပေါ့။

သူတို့တွေအတွက် ကျွန်တော် ထပ်ရှင်းပြချင်ပါတယ်။

ဒီမေးခွန်းကတော့ တခြားတော့ မဟုတ်ပါဘူး။

“ Content နဲ့ Copy ဘာကွာတာလဲ “ ဆိုတဲ့ ရိုးရှင်းပေမဲ့ ရှုပ်နေကြတဲ့ ဒီမေးခွန်းပါ။

အဖြေကို ပုံတွေအောက်မှာ တစ်ခုချင်း ရှင်းပြထားတာကြောင့် တစ်ပုံချင်း ထောက်ပြီး ဖတ်ကြည့်နိုင်ပါတယ်ဗျ။

📌 ဝန်ဆောင်မှုများကို ရယူလိုပါက
m.me/potatostudio11 ကို ဆက်သွယ်နိုင်သလို

📞 Ph no -09 791 333 554 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

Potato Studio-Content Marketing
Let's create something

ဒစ်ဂျစ်တယ်ခေတ်ကြီးထဲ မဖြစ်မနေ လုပ်ဖို့ လိုအပ်လာတဲ့ Content Marketing ....တကယ်တမ်းပြောရမယ်ဆိုရင် အခုခေတ်က AI ခေတ်ကို ကူးန...
02/02/2024

ဒစ်ဂျစ်တယ်ခေတ်ကြီးထဲ မဖြစ်မနေ လုပ်ဖို့ လိုအပ်လာတဲ့ Content Marketing ....

တကယ်တမ်းပြောရမယ်ဆိုရင် အခုခေတ်က AI ခေတ်ကို ကူးနေပြီတောင် ပြောလို့ရပါတယ်။

ကျွန်တော်တို့ ဟိုးအရင်တုန်းက စျေးရောင်းတယ်ဆိုရင်

>>> စျေးဆိုင်တွေ စုထားတဲ့စျေးတွေ၊နေရာတွေမှာ ဆိုင်ငှားမယ်၊ နေရာငှားမယ်။

>>> ပစ္စည်းအရင်းအနှီးထည့်မယ်၊ ဆိုင်ခင်းမယ်
ပြီးရင် လာတဲ့သူတွေကို ရောင်းတယ်။

>>> ဝယ်သူတွေကလည်း တခြားနေရာ မသွားဘူး၊ ဘယ်သွားရမှန်းလဲမသိဘူး၊ သူတို့လိုချင်တာရှိရင် စျေးဆိုင်တွေ စုဝေးနေတဲ့နေရာဆီ သွားလိုက်တယ်။ ဒါမှမဟုတ် Shopping Mall တွေဆီ သွားဝယ်ကြတယ်။

ဒါဆိုရင် ဆိုင်တစ်ဆိုင်က အဲ့မှာတင် လည်ပတ်လို့ရနေပြီ။ ပစ္စည်းကောင်းရင်၊ ဆက်ဆံရေးကောင်းရင် ကောင်းသလောက် ဖောက်တွေရမယ်၊ ပိုရောင်းကောင်းမယ်။

ဒါပေမဲ့ အခုကျ ပြောင်းပြန်ကို ဖြစ်သွားတာ။ ဥပမာ-

ကျွန်တော်တို့ တစ်ခုခုလိုချင်လာတယ်။ အဲ့ပစ္စည်း ဘယ်မှာ ဝယ်ရမှန်းလည်းမသိဘူး၊ဘယ်မှာရမှန်းလည်း မသိဘူး။

အရင်ခေတ်ကဆိုရင်တော့ စျေးထဲသွား၊ ပတ်ရှာဖြစ်လောက်မယ်ဆိုပေမဲ့ အခုခေတ်မှာ အရင်ဆုံး ဘာပြေးလုပ်မိမယ်ထင်လဲ ❓

သေချာပါတယ်။ လိုင်းပေါ်အရင် တက်ရှာဖြစ်မှာပါ။ အင်တာနက်ခေတ်၊ ဒီဂျစ်တယ်ခေတ်ဖြစ်တဲ့အတွက် မလိုအပ်ဘဲ လူတွေက အားမသုံးကြတော့ပါဘူး။

အဲ့တော့ လုပ်ငန်းတွေရော၊ စျေးရောင်းတဲ့သူတွေက အွန်လိုင်းပေါ် အပြိုင်အဆိုင် Marketing တွေ လုပ်လာတယ်၊ Content အပြိုင်တင်လာကြပြီး လူတွေဆွဲဆောင်လာကြတယ်။

လူတွေကလည်း ဒီလိုလုပ်တဲ့သူတွေဆီ ပိုအားပေးနေကြတာကို တွေ့နေရတာ မျက်စိရှေ့တင်ပါပဲ။

ဒီတော့ AI ခေတ်ထဲ ဝင်တော့မယ့်အချိန်မှာတောင် Content Marketing မလုပ်သေးဘူးဆိုရင် သေချာပါတယ်။ မိတ်ဆွေတို့ လုပ်ငန်းက ခေတ်နှစ်ခေတ်လောက် နောက်ကျသွားမှာပါ။

ဒါကြောင့် မိတ်ဆွေတို့လုပ်ငန်း ဒီထက်နောက်မကျအောင် Content Marketing မလုပ်ရသေးဘူးဆိုရင် အခုပဲ ထလုပ်လိုက်ပါ။

ထိမိတဲ့ Quality Content တွေ၊ ရလဒ်ထွက်တဲ့ Content Plan တွေကိုတော့ Potato Studio မှ ကူညီပေးပါရစေ။

📌 ဝန်ဆောင်မှုများကို ရယူလိုပါက
m.me/potatostudio11 ကို ဆက်သွယ်နိုင်သလို

📞 Ph no -09 791 333 554 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

Potato Studio-Content Marketing
Let's create something

Feb လ အစရောက်ပြီဆိုတဲ့အတွက် Jan တစ်လလုံး Potato Studio မှာ ရေးခဲ့တဲ့ Content တွေ ပြန်စုပေးထားပါတယ်။ အကျိုးမယ်ထင်တာတွေ Sh...
01/02/2024

Feb လ အစရောက်ပြီဆိုတဲ့အတွက် Jan တစ်လလုံး Potato Studio မှာ ရေးခဲ့တဲ့ Content တွေ ပြန်စုပေးထားပါတယ်။

အကျိုးမယ်ထင်တာတွေ Sharing လုပ်ပေးထားတာ ဖြစ်တဲ့အတွက် အသုံးဝင်ကြမယ်ထင်ပါတယ်။

အကယ်၍ ရလဒ်ထွက်တဲ့၊ ထိရောက်တဲ့ Quality Content တွေကို လိုအပ်နေပြီဆိုရင်တော့

📌 m.me/potatostudio11 မှာ အချိန်မရွေးဆက်သွယ်နိုင်ပါပြီနော်။

" Content တွေကို ကိုယ့်အကြိုက် မလုပ်ပါနဲ့ "

https://m.facebook.com/story.php?story_fbid=220054107819744&id=100094454696120&mibextid=Nif5oz

" လုပ်ငန်းတွေ Content Marketing Plan ကို ဘာလို့ လိုအပ်တာလဲ"

https://m.facebook.com/story.php?story_fbid=222979287527226&id=100094454696120&mibextid=Nif5oz

" Content Writer ဖြစ်ဖို့ သင်တန်းဆင်းလက်မှတ်က အရေးကြီးလား "

https://m.facebook.com/story.php?story_fbid=225358730622615&id=100094454696120&mibextid=Nif5oz

မားကတ်တင်းဘတ်ဂျက် ချွေတာနေကြသော လုပ်ငန်းရှင်များနဲ့ အစုံသုပ်နေရသော ဒီဂျစ်တယ်မားကတ်တင်း

https://m.facebook.com/story.php?story_fbid=226647243827097&id=100094454696120&mibextid=Nif5oz

"Content တွေဆက်တိုက်တင်နေပေမယ့် အလုပ်မဖြစ်တာ ဘာကြောင့်လဲ "

https://m.facebook.com/story.php?story_fbid=227848130373675&id=100094454696120&mibextid=Nif5oz

" Portfolio တည်ဆောက်နည်း"

https://m.facebook.com/story.php?story_fbid=229673000191188&id=100094454696120&mibextid=Nif5oz

" Potato Studio ဝန်ဆောင်မှုပေးပုံ"

https://m.facebook.com/story.php?story_fbid=231955499962938&id=100094454696120&mibextid=Nif5oz

" Content တွေကောင်းနေရုံနဲ့ Marketing ကြီးပြီးသွားပြီလား "

https://m.facebook.com/story.php?story_fbid=234207433071078&id=100094454696120&mibextid=Nif5oz

Potato Studio-Content Marketing
Let's create something

Address

Yangon

Telephone

+959791333554

Website

Alerts

Be the first to know and let us send you an email when Potato Studio - Content Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Potato Studio - Content Marketing:

Share