Myat Entertainment

Myat Entertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Entertainment, Digital creator, Yangon.

30/12/2025

🙏🙏🙏🙏🙏

လူ(၁၀)မျိုးထိုအထဲ မပါကြပါစေနဲ့..တဲ့။     🙏🙏🙏🙏🙏၁။ကောင်းကွက်ရှိလျှက်နဲ့ မကောင်းကွက်ကိုမှ ရွေးပြီးကြည့်တတ်တဲ့....လူ။၂။သူတစ်...
30/12/2025

လူ(၁၀)မျိုး
ထိုအထဲ မပါကြပါစေနဲ့..တဲ့။
🙏🙏🙏🙏🙏

၁။ကောင်းကွက်ရှိလျှက်နဲ့ မကောင်းကွက်ကိုမှ ရွေးပြီး
ကြည့်တတ်တဲ့....လူ။

၂။သူတစ်ပါးရဲ့ ဂုဏ်သတင်းကို အခြားလူတစ်ယောက်ကို ဖွင့်ဟပြောရမှာ ၀န်လေးတတ်တဲ့......လူ။

၃။ကိုယ်နဲ့မထိုက်တာ သိရဲ့သားနဲ့ သူတစ်ပါးရမှာကြောက်လို့ မကောင်းကြံတတ်တဲ့........လူ။

၄။ကိုယ်မလုပ်နိုင်မှန်းသိလျှက်နဲ့ သူတစ်ပါးလုပ်နိုင်တာကို မနာလို၀န်တိုတတ်တဲ့........လူ။

၅။အခြားလူဘက်မှာ အမှန်တရားရှိတာ သိလျှက်နဲ့ငွေကြေးရှိတဲ့ သူဘက်ကရပ်တည်တတ်တဲ့.....လူ။

၆။ငါသာ ဗိုက်၀ရင် ပြီးရောသူတစ်ပါးငတ်ငတ်ဆိုတဲ့
စာနာစိတ်မရှိတဲ့........လူ။

၇။ပိုက်ဆံမျက်နှာတစ်ခုအတွက်နဲ့ အကုသိုလ်ကိုပြုလုပ်ရဲတဲ့.....လူ။

၈။သူတပါးကို အပေါ်ယံကြည့်ပြီး အထင်သေးတတ်တဲ့.......လူ။

၉။ငွေကြေးချမ်းသာတဲ့သူနဲ့ကြတော့တစ်မျိုး
ငွေကြေးဆင်းရဲတဲ့သူတွေနဲ့ကြတော့တစ်မျိုး
လိုတစ်မျိုး မလိုတစ်မျိုးဖြစ်တတ်တဲ့.......လူ။

၁၀။ရိုးသားတဲ့ လူတွေအပေါ်မှာ လိမ်ညာကောက်ကျစ်ကြပြီး ဖိနှိပ်ဆက်ဆံတတ်တဲ့........လူ။

#ကမ္ဘာ့သာသနာပြု တောင်ပုလုဆရာတော်ဘုရားကြီး ဘဒ္ဒန္တနန္ဒိယ

(ဓမ္မတရားဖြင့် အလင်းဆောင်ပါရစေ) မူရင်းပို့စ်တင်သူအား ခရက်ဒစ်ပေးပါ၏..

29/12/2025

🙏သည်းခံခြင်းlအကျိုးကျေးဇူးများ🙏

🙏ငါတို့ အရွယ်တစ်ခု ရောက်လာကြပြီ…။ငယ်ရွယ်မှုတွေ ချနင်းနေရတဲ့အရွယ်၊မလုပ်ချင်တဲ့အရာတွေ သည်းခံပြီး လုပ်နေရတဲ့အရွယ်၊မဆက်ဆံချင...
29/12/2025

🙏ငါတို့ အရွယ်တစ်ခု ရောက်လာကြပြီ…။
ငယ်ရွယ်မှုတွေ ချနင်းနေရတဲ့အရွယ်၊
မလုပ်ချင်တဲ့အရာတွေ သည်းခံပြီး လုပ်နေရတဲ့အရွယ်၊
မဆက်ဆံချင်လည်း ပြုံးပြီး ဖော်ရွေနေရတဲ့အရွယ်၊
ဘဝအခြေကျဖို့ စိတ်လောနေရတဲ့အရွယ်၊
ငွေနောက်လိုက်ရင်း ရှင်သန်မှုဟာ စက်ရုပ်ဆန်လာတဲ့အရွယ်၊

မိဘတွေ အိုမင်းလာတာကို ကြည့်ရင်း ဝမ်းနည်းတတ်လာတဲ့အရွယ်၊
အပေါင်းသင်းအသစ်တွေ မထားတတ်တော့သလို
ရှိပြီးသားတွေနဲ့လည်း စကားလက်ဆုံမကျဖြစ်တော့တဲ့အရွယ်၊
ဘဝထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားနေကြတဲ့အရွယ်၊
အထီးကျန်ခြင်းတွေနဲ့ နေသားကျလာတဲ့အရွယ်၊
အသက်မငယ်တော့သလို
ထင်သလောက်လည်း အသက်မကြီးသေးတဲ့အရွယ်၊

ဘဝက ဒီလိုပါပဲ၊
မျက်စိတစ်မှိတ်အတွင်း ငါတို့ အရွယ်ရောက်ကြတယ်၊
မျက်စိတစ်မှိတ်အတွင်း ငါတို့ အိုမင်းကြတယ်၊

ကျန်ခဲ့တာတွေလည်း ရှိတယ်၊
ချန်ခဲ့တာတွေလည်း ရှိတယ်၊

ဘာပဲဖြစ်ဖြစ်
ရောက်လာတဲ့ အချိန်ခဏလေးကိုတော့ နောင်တမရှိဘဲ
တန်တန်ကြီးဖြတ်သန်းချင်တယ်။

#မူရင်းCrd

28/12/2025

"နောက်မှဆိုတာ
မကြာခဏ အချိန်ပျက်သွားတဲ့ စကားတစ်ခု ဖြစ်နေတယ်"

"နောက်မှတွေ့မယ် ဆိုတဲ့လူတွေက
အချို့မှာတော့ ထပ်မတွေ့ဖြစ်တော့ဘူး"
"
နောက်တော့ဆုံမယ် ဆိုတဲ့လူတွေက
တစ်နေ့တစ်နေ့ အစအနမရှိ ပျောက်ဆုံးသွားတတ်တယ်"

"နောက်မှလုပ်မယ် ဆိုတဲ့ အိပ်မက်တွေကလည်း
အကောင်အထည်မဖော်နိုင်ပါ"

"အခုနားလည်လာတာက
နောက်မှ ဆိုတဲ့အရာတွေဟာ
အမှန်တကယ် မသေချာတဲ့အရာတွေ ဖြစ်ပါတယ်
ဘယ်အချိန်မဆို ကိုယ်ချစ်တဲ့မိသားစုကို အချိန်ပေးပါ"

"ကိုယ်ချစ်တဲ့လူတွေကို ချစ်ကြောင်းပြောပါ
ပျော်ရွှင်စေတဲ့အရာလေးတွေကို အချိန်ပေးပါ
နောက်မှ ဆိုတဲ့အရာတွေ"

"တစ်ချိန်ချိန်မှာ အမှန်တကယ် နောက်ကျသွားနိုင်ပါတယ်"

ဘဝမှာ ကံဇာတာတွေ ကောင်းချင်ရင်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏၁။မနက် မျက်နှာသစ်တဲ့အခါ သရဏဂုံကို ရွတ်ဆိုပါ။🙏 မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် 🙏၂။...
27/12/2025

ဘဝမှာ ကံဇာတာတွေ ကောင်းချင်ရင်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
၁။မနက် မျက်နှာသစ်တဲ့အခါ သရဏဂုံကို ရွတ်ဆိုပါ။
🙏 မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် 🙏

၂။သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။
🙏ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်
အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် 🙏

၃။သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။
( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့
လုံခြုံ နွေးထွေးစေပါတယ် )

၄။တစ်နေ့( ၂ )ကြိမ် အနည်းဆုံး သောက်တော်ရေ ကပ်လှူပါ။
🙏 "၇"ရက် သားသမီးများ အေးချမ်းသလို
ကိုယ့်ဘဝလဲ အေးချမ်းပါတယ် 🙏

၅။တစ်နေ့ တစ်ကြိမ် မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။
🙏နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် 🙏

၆။တစ်နေ့ တစ်ကြိမ် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။
🙏 အကျိုးကျေးဇူး ဧကန်ထူးပါတယ် 🙏

၇။တစ်နေ့ တစ်ကြိမ် ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်
ရှိခိုးပါ။
🙏အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် 🙏

၈။ငါးပါးသီလကို လုံခြုံအောင် အတတ်နိုင်ဆုံး စောင့်ထိန်းပါ။
🙏သီလအကျိုးကြောင့် လူ့တန်ဖိုး မြင့်တက်လာပါတယ် 🙏

၉။မိဘကျေးဇူးကို အထူးသိတတ်ပါ။
🙏 ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီး
ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် 🙏

၁ဝ။စိတ်ကောင်းရှိစွာ နေထိုင်ပါ။
🙏စိတ်နောက်ရင် ဘဝက နောက်ပါတယ် 🙏

၁၁။နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက တစ်ခုခုရဖို့ ကြိုးစားပါ။
🙏လူဖြစ်ရတဲ့ အခိုက်အတန့်မှာ လူဖြစ်ရကျိုး နပ်စေပါတယ် 🙏

၁၂။တစ်နေ့ကို အနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။
🙏သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်နိုင်ပါတယ်🙏
#မူရင်းcrd

26/12/2025
26/12/2025

👏👏👏👏👏

👉ဘဝမှာ ကြုံတွေ့လာသမျှ အရာအားလုံးဟာ     ယာယီမျှသာဖြစ်ပါတယ်🗣️👉ပျော်စရာတွေနဲ့ တွေ့ရတဲ့အခါ ပျော်ရွှင်ခြင်း အနှစ်သာရကို အပြည်...
26/12/2025

👉ဘဝမှာ ကြုံတွေ့လာသမျှ အရာအားလုံးဟာ
ယာယီမျှသာဖြစ်ပါတယ်🗣️
👉ပျော်စရာတွေနဲ့ တွေ့ရတဲ့အခါ
ပျော်ရွှင်ခြင်း အနှစ်သာရကို အပြည့်ဝခံစားကြည့်ပါ👉ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့ရတဲ့အခါ
သံသယကင်းစွာ ချစ်မြတ်နိုးပါစေ🗣️
ဤအရာများဟာ
👉expire date ရှိတာကိုလည်း
လက်ခံနိုင်ဖို့ကြိုးစားနိုင်ကြပါစေ🗣️
👉အခက်ခဲတွေ ၊ ဒုက္ခတွေနဲ့ ကြုံရတဲ့အခါမှာလည်း
ဒါဟာ ယာယီသာဖြစ်ကြောင်း သတိရပါ🗣️
👉ဒါဟာ ဘဝရဲ့ အစိတ်ပိုင်းတစ်ခုသာ ဖြစ်ပါတယ်
ဒီအရာတွေဟာ ထာဝရတည်မြဲနေမှာ မဟုတ်သလို
ပိုကောင်းတဲ့နေ့တွေlပျော်စရာတွေဟာ🗣️
👉မကြာမီပြန်လည်ရောက်ရှိလာမယ်ဆိုတာယုံကြည်ပါ🗣️

🙏တစ်ခါတစ်ရံပေါ့🙏နာကျင်ရတာများလာတဲ့သူဟာထုံအသွားတတ်တယ်မျိုသိပ်ရတာများလာတဲ့သူဟာတိတ်ဆိတ်သွားတတ်တယ်ပစ်ထားခံရတာများလာတဲ့သူဟာတစ...
12/08/2023

🙏တစ်ခါတစ်ရံပေါ့🙏

နာကျင်ရတာများလာတဲ့သူဟာ

ထုံအသွားတတ်တယ်

မျိုသိပ်ရတာများလာတဲ့သူဟာ
တိတ်ဆိတ်သွားတတ်တယ်

ပစ်ထားခံရတာများလာတဲ့သူဟာ
တစ်ယောက်တည်းနေတတ်သွားတယ်

အထင်လွဲခံရတာတွေများလာတဲ့အခါ
ဘာကိုမှဂရုမစိုက်တော့ဘဲနေတတ်လာတယ်

မေတ္တာကိုစျေးနှိမ်ခံရတာများလာတဲ့အခါ
ဥပေက္ခာပြုတတ်လာတယ်

ဖတ်တွယ်ထားရတာပင်ပန်းမှန်းသိတဲ့အခါ
လက်လွှတ်တတ်လာတယ်

သဘောကောင်းတဲ့သူဟာ
ခံရတာပိုများမှန်းသိလာတဲ့အခါ
ပြတ်သားတတ်လာတယ်

ဆုပ်ကိုင်ထားရတာပူလောင်မှန်းသိလို့
ဖြေလျော့တတ်လာတယ်

ဒီသဘောတရားတွေကို
သိခဲ့လို့

အခုနောက်ပိုင်း
ဘယ်အရာကမှ
ကိုယ့်ကိုပျော်ရွှင်အောင်
မဖန်တီးပေးနိုင်သလို

ဘယ်အရာကမှလဲ
ကိုယ့်ကို နာကျင်အောင်
လာမလုပ်နိုင်တော့ဘူး

ရင့်ကျက်သွားတာတော့မဟုတ်ပါဘူး
ယုတ်မာသွားကြလို့.....🤫
ဘယ်အရာပေါ်ကိုမှ
စိတ်ခံစားချက်တွေ
အရမ်းကြီးနှစ်မထားတော့တာ ။

" လေးစားခင်မင်လျှက် "

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myat Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share