icon 7

Directions

icon 7 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from icon 7, Media/News Company, Yangon.

■ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲမှာ မြန်မာအသင်း အနိုင်ရဒီနေ့ညနေပိုင်းက သုဝဏ္ဏကွင်းမှာကျင်းပတဲ့ ၂၀၂၇ ...
05/10/2026

■ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲမှာ မြန်မာအသင်း အနိုင်ရ

ဒီနေ့ညနေပိုင်းက သုဝဏ္ဏကွင်းမှာကျင်းပတဲ့ ၂၀၂၇ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (G) အဖွင့်ပွဲမှာ မြန်မာအသင်းက ဂူအမ်အသင်းကို ၉-၀ ဂိုး နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဂူအမ်အသင်းရဲ့ အနေအထားကြောင့် မြန်မာအသင်းအတွက် မခက်ခဲတဲ့ပွဲဖြစ်ပြီး ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ခြေစွမ်းအရ ကွာခြားမှုရှိပြီး မြန်မာအသင်းက ပွဲစကတည်းက တစ်ဖက်သတ်နီးပါး ဖိကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်အားနည်းမှုတွေကြောင့် မိနစ် ၃၀ မှ ဂိုးစရခဲ့တာဖြစ်ပြီး လက်ကျန်မိနစ်တွေမှာ ကိုးဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ၃၀၊ ၅၁၊ ၅၃၊ ၇၁ မိနစ်မှာ ဝင်းရူပါ၊ ၄၁ မိနစ်မှာ နမ်းခမ်းဟွမ်၊ ၄၃ မိနစ်မှာ ဟန်နီဖူးဝေ၊ ၅၈ မိနစ်မှာ ဆောင်းသဇင်ဦး၊ မိနစ် ၆၀ မှာ ရှင်းသန့်ဖြူစင်ပြုံး၊ ၆၂ မိနစ်မှာ နေမျိုးသူသူအောင်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ ကျင်းပနေတာဖြစ်ပြီး အုပ်စုတစ်ခုစီက အမှတ်အများဆုံးရရှိတဲ့ ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မှာဖြစ်လို့ မြန်မာအသင်းအနေနဲ့ နောက်ဆုံးပွဲဖြစ်တဲ့ ဟောင်ကောင်အသင်းနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။

အုပ်စု (G) လက်ကျန်ပွဲတွေအနေနဲ့ အောက်တိုဘာ ၈ ရက်မှာ ဟောင်ကောင်အသင်းနဲ့ ဂူအမ်အသင်း၊ အောက်တိုဘာ ၁၁ ရက်မှာ မြန်မာအသင်းနဲ့ ဟောင်ကောင်အသင်း ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

■ FIFA-Asean Cup 2026 ပြိုင်ပွဲ  Division-2 အဖွင့်ပွဲမှာ မြန်မာအသင်း အနိုင်ရ
24/09/2026

■ FIFA-Asean Cup 2026 ပြိုင်ပွဲ Division-2 အဖွင့်ပွဲမှာ မြန်မာအသင်း အနိုင်ရ

■ နည်းပြသစ် ကောလင်းဘဲလ်လက်ထက်မှာလည်း ဘာမှထူးမလာတဲ့ မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ရဂျပန်န...
21/09/2026

■ နည်းပြသစ် ကောလင်းဘဲလ်လက်ထက်မှာလည်း ဘာမှထူးမလာတဲ့ မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ရ

ဂျပန်နိုင်ငံမှာကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စုနောက်ဆုံးနေ့ကို စက်တင်ဘာ ၂၁ ရက်က ကျင်းပရာ မြန်မာအသင်းဟာ ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ ဂိုးမရှိသရေကျပြီး အုပ်စုကနေ ထွက်ခဲ့ရပါတယ်။

မြန်မာအသင်းဟာ ဘင်္ဂလားဒေ့ရှ်ကို အနိုင်ရရင် အကောင်းဆုံးအုပ်စုတတိယနေရာရဖို့ မျှော်လင့်ချက်ရှိပေမယ့် သရေကျခဲ့လို့ အုပ်စုကနေ ထွက်ခဲ့ရတာပါ။ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ပေမယ့် မြန်မာအသင်းရဲ့ ကစားပုံက ကျေနပ်စရာမကောင်းသလို နည်းပြရဲ့ လူနေရာချထားမှုတွေကလည်း မေးခွန်းထုတ်စရာရှိခဲ့ပါတယ်။ ဂိုးရနိုင်တဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

နည်းပြသစ် ကောလင်းဘဲလ်နဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အစပ်အဟပ်မတည့်သေးဘဲ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်တဲ့ အာရှအားကစားပြိုင်ပွဲမှာ နိုင်ပွဲမရ၊ သွင်းဂိုးမရှိဘဲ အုပ်စုကနေ ထွက်ခဲ့ရပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ တောင်ကိုရီးယားကို ၅-၀ ဂိုး၊ မြောက်ကိုရီးယားကို ၈-၀ ဂိုးနဲ့ အရေးနိမ့်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ဂိုးမရှိသရေကျပြီး ရမှတ် တစ်မှတ်ပဲ ရခဲ့ပါတယ်။

■  FIFA-Asean Cup  ပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းမြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ယော်...
21/09/2026

■ FIFA-Asean Cup ပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ယော်အန်ဒါဆင်ဟာ ၂၀၂၆ FIFA-Asean Cup ပြိုင်ပွဲယှဉ်ပြိုင်မယ့် အပြီးသတ်လူစာရင်းကို စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းမှာ အမာခံကစားသမားအများစု ပါဝင်လာပေမယ့် ဒဏ်ရာရနေတဲ့ မောင်မောင်လွင်နဲ့ ဟိန်းဖြိုးဝင်းတို့ ပါဝင်လာခြင်းမရှိသလို လက်ရွေးစင်ကစားသမားဘဝက အနားယူသွားတဲ့ အသင်းခေါင်းဆောင် နန္ဒကျော်လည်း မပါဝင်လာပါဘူး။ ကစားသမားသစ်အဖြစ် လူငယ်ကစားသမား ကောင်းခန့်ကျော်၊ မိုးဆွေနဲ့ ပြည့်စုံအောင်တို့ လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းမှာ ပထမဆုံး ရွေးချယ်ခံခဲ့ရပါတယ်။

မြန်မာအသင်းဟာ FIFA-Asean Cup ပြိုင်ပွဲ Division 2 မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု (B) မှာ ကမ္ဘောဒီးယား၊ တီမောတို့နဲ့ ကျရောက်နေပါတယ်။ Division 2 မှာ အုပ်စုနှစ်ခုပါဝင်ပြီး အုပ်စု (A) မှာ ဟောင်ကောင်၊ လာအိုနဲ့ ဘရူနိုင်းတို့ ပါဝင်နေပါတယ်။ Division 2 ပွဲစဉ်တွေကို ဟောင်ကောင်မှာ ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စုပွဲတွေအဖြစ် စက်တင်ဘာ ၂၄ ရက်မှာ တီမောအသင်း၊ စက်တင်ဘာ ၂၇ ရက်မှာ ကမ္ဘောဒီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

■ မြန်မာအသင်းယှဉ်ပြိုင်မယ့်  ၂၀၂၆ ဖီဖာ ယူ-၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုထွက်ပေါ်အောက်တိုဘာ ၂၂ ရက်ကနေ ၃၁ ရက်အထိ အဇာဘိုင်ဂျ...
17/09/2026

■ မြန်မာအသင်းယှဉ်ပြိုင်မယ့် ၂၀၂၆ ဖီဖာ ယူ-၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုထွက်ပေါ်

အောက်တိုဘာ ၂၂ ရက်ကနေ ၃၁ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံမှာကျင်းပမယ့် ဖီဖာ ယူ-၁၅ ကမ္ဘာ့ဖလားနှင့် ဘောလုံးပွဲတော် အုပ်စုများ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု (W) မှာ ကျရောက်ခဲ့ပါတယ်။

ပြိုင်ပွဲကို ဖီဖာအဖွဲ့ဝင် ယူ-၁၅ လူငယ်လက်ရွေးစင် ၁၉၂ သင်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲကို ခြောက်သင်း အုပ်စု ၃၂ ခွဲပြုလုပ်မှာဖြစ်ပြီး မြန်မာအသင်းဟာ ဂူအမ်၊ ဂါနာ၊ ဘာဟားမားစ်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်အသင်းတွေနဲ့ ကျရောက်နေပါတယ်။ မြန်မာအသင်းဟာ အုပ်စုပွဲအဖြစ် အောက်တိုဘာ ၂၄ ရက်မှာ ဂူအမ်အသင်း၊ အောက်တိုဘာ ၂၅ ရက်မှာ ဂါနာအသင်း၊ အောက်တိုဘာ ၂၅ ရက်မှာ ဘာဟားမားစ်အသင်း၊ အောက်တိုဘာ ၂၆ ရက်မှာ ကာဇက်စတန်အသင်း၊ အောက်တိုဘာ ၂၈ ရက်မှာ ဥဇဘက်ကစ္စတန်အသင်းတို့နဲ့ ကစားရမှာပါ။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲယှဉ်ပြိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူရွေးပွဲတွေပြုလုပ်ခဲ့ပြီး သြဂုတ်ကစလို့ စခန်းဝင်လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

■ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စုပထမနေ့ရလဒ်
14/09/2026

■ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စုပထမနေ့ရလဒ်

■ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ကြည်လွင်တို့ရဲ့ ကစားဖော် ငွေခေတ်တိုက်စစ်မှူးဟောင်း ဝင်းအောင် ကွယ်လွန်တစ်ချိန်တစ်ခါက မြ...
13/09/2026

■ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ကြည်လွင်တို့ရဲ့ ကစားဖော် ငွေခေတ်တိုက်စစ်မှူးဟောင်း ဝင်းအောင် ကွယ်လွန်

တစ်ချိန်တစ်ခါက မြန်မာ့ဘောလုံးလောကမှာ အတွဲညီခဲ့တဲ့ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ကြည်လွင်တို့ရဲ့ ကစားဖော် ၁၉၉၃ စင်ကာပူဆီးဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဦးဝင်းအောင်ဟာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ဦးဝင်းအောင်ဟာ မြန်မာ့လက်ရွေးစင်အသင်းမှာ ကာလအတန်ကြာ ရွေးချယ်ခံခဲ့ရသလို ဆောက်လုပ်ရေးနဲ့ ဘဏ္ဍာအခွန်အသင်းတွေမှာ ကစားခဲ့ပါတယ်။ ဒါ့အပြင် စင်ကာပူနဲ့ ထိုင်းကလပ်တွေမှာလည်း သွားရောက်ကစားဖူးသူဖြစ်ပါတယ်။ ဦးဝင်းအောင်ဟာ ဘဏ္ဍာအခွန်အသင်းမှာပဲ ကစားသမားဘ၀ ကုန်ဆုံးခဲ့ပြီး ကစားသမားဘဝက အနားယူပြီးနောက်ပိုင်း နည်းပြလိုင်းမကူးသလို မြန်မာ့ဘောလုံး ပရိုစနစ် ကူးပြောင်းပြီးနောက်ပိုင်းမှာလည်း ဘောလုံးလောကထဲကို ဝင်မလာခဲ့ပါဘူး။ တစ်ချိန်က ခေါင်းတိုက်သွင်းဂိုးတွေနဲ့ နာမည်ကြီးခဲ့တဲ့ ဦးဝင်းအောင်ဟာ ကစားသမားဘဝက အနားယူပြီးနောက်ပိုင်း ကိုယ်ပိုင်စီးပွားရေးသာ လုပ်ကိုင်ခဲ့သူပါ။

၁၉၉၃ ဆီးဂိမ်းငွေဆုရ ကစားသမားတွေထဲမှာ တင်မြင့်အောင်၊ စိုးနိုင်၊ စောဘမြင့်၊ ဆန်းဝင်း၊ မင်းဇော်ဦးစတဲ့ ကစားသမားဟောင်းတွေ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

■ International Futsal Cup 2026 ပြိုင်ပွဲမှာ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်း ပွဲတိုင်းအနိုင်ရပြီး ချန်ပီယံဆု ဆ...
12/09/2026

■ International Futsal Cup 2026 ပြိုင်ပွဲမှာ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်း ပွဲတိုင်းအနိုင်ရပြီး ချန်ပီယံဆု ဆွတ်ခူး

International Futsal Cup 2026 ပြိုင်ပွဲ ဗိုလ်လုပွဲနဲ့ တတိယလုပွဲကို စက်တင်ဘာ ၁၂ ရက်က သုဝဏ္ဏကွင်းမှာရှိတဲ့ MFF ဖူဆယ်အားကစားရုံမှာကျင်းပခဲ့ပြီး အင်ဒိုနီးရှားကလပ် Black Steel Papua အသင်း ဗိုလ်စွဲပြီး ပြိုင်ပွဲတစ်လျှောက် ပွဲတိုင်းအနိုင်ရတဲ့ မှတ်တမ်းကောင်းပါ ပိုင်ဆိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းက မြန်မာကလပ် MIU အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရပြီး တတိယလုပွဲမှာ မြန်မာကလပ်နှစ်သင်းဖြစ်တဲ့ YCDC Dream Team အသင်းက YRG အသင်းကို ၅-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနောက်ပိုင်း မြန်မာဖူဆယ်လိဂ်မှာ ကြီးစိုးလာတဲ့ YRG အသင်းနဲ့ YCDC Dream Team အသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်းမရှိဘဲ တတိယလုပွဲပဲ ကစားခဲ့ရပါတယ်။ ပိုဆိုးတာက YRG အသင်းဖြစ်ပြီး နိုင်ငံခြားသားနည်းပြ ခန့်အပ်ပြီးနောက် ရလဒ်ပိုင်း ပိုဆိုးသွားခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာကလပ် ငါးသင်း၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ကမ္ဘောဒီးယားကလပ် တစ်သင်းစီ ယှဉ်ပြိုင်ခဲ့ပြီး ထိုင်းကလပ်ကတော့ အကယ်ဒမီအသင်းပဲ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

■ လာအိုကလပ်ကိုတောင် အရေးနိမ့်ခဲ့တဲ့ ရှမ်းယူနိုက်တက်ဒီနေ့ညနေပိုင်းက သုဝဏ္ဏကွင်းမှာကျင်းပတဲ့ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ် ချန...
11/09/2026

■ လာအိုကလပ်ကိုတောင် အရေးနိမ့်ခဲ့တဲ့ ရှမ်းယူနိုက်တက်

ဒီနေ့ညနေပိုင်းက သုဝဏ္ဏကွင်းမှာကျင်းပတဲ့ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲပထမအကျော့မှာ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းဟာ လာအိုကလပ် Ezra အသင်းကို ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။

ခြေစစ်ပွဲကို နှစ်ကျော့ကျင်းပမှာဖြစ်လို့ ရှမ်းယူနိုက်တက်အသင်းဟာ ရုန်းကန်ရတော့မှာဖြစ်ပြီး ဒုတိယအကျော့မှာ မဖြစ်မနေ နှစ်ဂိုးပြတ် အနိုင်ကစားရတော့မှာဖြစ်ပါတယ်။ ပြည်ပပြိုင်ပွဲဆိုရင် ရလဒ်ကောင်းဖို့ ရုန်းကန်ရလေ့ရှိတဲ့ ရှမ်းယူနိုက်တက်အသင်းဟာ လာအိုကလပ်ကိုတောင် မနိုင်တဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။ နိုင်ငံခြားသားကစားသမားတွေရော ပြည်တွင်းအမာခံကစားသမားတွေပါဝင်ပေမယ့် ရှမ်းယူနိုက်တက်အသင်းရဲ့ ကစားပုံက အားရစရာမရှိခဲ့ပါဘူး။ ခြေစစ်ပွဲအဆင့်က ထွက်ရတဲ့ အစဉ်အလာဆိုးကို မပိုင်ဆိုင်ချင်ဘူးဆိုရင် ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ဒုတိယအကျော့မတိုင်ခင် လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ အပြောင်းအလဲတွေ ပြုလုပ်ရတော့မှာပါ။

ခြေစစ်ပွဲ ဒုတိယအကျော့ကို စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီ သုဝဏ္ဏကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။

■ အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်မြန်မာ့လက်ရွေးစင် အမျိုး...
09/09/2026

■ အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်ဟာ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မယ့် အပြီးသတ်လူစာရင်းကို စက်တင်ဘာ ၉ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် အပြီးသတ်လူစာရင်းမှာ ကစားသမား ၂၃ ဦး ပါဝင်ပြီး အမာခံကစားသမားအများစု ပါဝင်လာပါတယ်။

အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အသင်း ၁၂ သင်းကို အုပ်စုသုံးခုခွဲကျင်းပမှာဖြစ်ပြီး အုပ်စုတစ်ခုစီက အမှတ်အများဆုံးနှစ်သင်းစီနဲ့ တတိယနေရာရအသင်းတွေထဲက အကောင်းဆုံးနှစ်သင်း စုစုပေါင်းရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး စက်တင်ဘာ ၁၄ ရက်မှာ တောင်ကိုရီးယားအသင်းနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when icon 7 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share