10/01/2026
■ ရာသီဝက်အပြောင်းအရွှေ့ကာလမှာ ဒဂုံစတားယူနိုက်တက် သွက်လက်စွာလှုပ်ရှားနေပြီး နိုင်ငံခြားသားကစားသမား ပထမဆုံးခေါ်ယူ
မြန်မာနေရှင်နယ်လိဂ်ကလပ် ဒဂုံစတားယူနိုက်တက်အသင်းဟာ ရာသီဝက်အပြောင်းအရွှေ့ကာလမှာ သွက်လက်စွာလှုပ်ရှားနေပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် နိုင်ငံခြားသားကစားသမား ခေါ်ယူခဲ့ပါတယ်။
ဒဂုံစတားယူနိုက်တက်အသင်းဟာ လက်ရွေးစင်တိုက်စစ်ကစားသမား သီဟဇော်ကို ခေါ်ယူပြီးနောက် Dagon Port အသင်းက အိုင်ဗရီကို့စ်နောက်ခံလူ မိုကာလူးနှင့် လူငယ်ကစားသမား ထွန်းထွန်းသိန်းတို့ကို ထပ်မံခေါ်ယူလိုက်တာဖြစ်ပါတယ်။ ဒဂုံစတားယူနိုက်တက်အသင်းဟာ ဒီရာသီကျမှ နိုင်ငံခြားသားကစားသမား ပထမဆုံးခေါ်ယူတာဖြစ်ပါတယ်။
ဒဂုံစတားယူနိုက်တက်အသင်းဟာ ပထမအကျော့အပြီးမှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး ဒုတိယအကျော့အဖွင့်ပွဲအဖြစ် ဇန်နဝါရီ ၁၁ ရက်မှာ ရာမညယူနိုက်တက်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။