View MM

View MM Welcome to View and Donate MM
(2)

.                   ဆြာမတွေ သတိထား ...🤣                  ••••••••••••••••••••••••••••ကြိုတင်အကြောင်းကြားထားခြင်းမရှိပဲစာ...
06/06/2023

. ဆြာမတွေ သတိထား ...🤣
••••••••••••••••••••••••••••
ကြိုတင်အကြောင်းကြားထားခြင်းမရှိပဲ
စာသင်ကျောင်းတစ်ကျောင်းသို့
စစ်ဆေးရေးဆရာ/ ဆရာမများ
ရောက်ရှိလာကြသည် ... 👩‍🏫

စာသင်ခန်းသို့ဝင်ဝင်ချင်း
စစ်ဆေးရေးဆရာမဖြစ်သူမှ
ရှေ့ဆုံးတန်းမှကောင်လေးကိုစ မေးလိုက်သည်။

" ကနောင်မင်းသားကို ဘယ်သူသတ်တာလဲ "

ကျောင်းသားဖြစ်သူကကျနော်မသတ်ပါဘူးဆရာမ
စစ်ဆေးရေး ဆရာမ ဒေါသထွက်သွားလေသည် ။

" ကနောင်မင်းသားကို ဘယ်သူသတ်တာလဲ "ဟုလေသံခပ်မာမာ ခပ်ကျယ်ကျယ်ဖြင့် ထပ်ခါ ထပ်ခါတတန်းလုံးကြားအောင် အော်မေးလိုက်ပြန် သည်။

ထိုအခါ တစ်တန်းလုံးက ကလေးများက
တညီတညာထဲပင် ကျနော်တို့မသတ်ပါဘူးဆရာမတဲ့ ... 🤗

နောက်ကကျောင်းအုပ်ဆရာကြီးမှာ
မျက်စိမျက်နှာပျက်နှင့် ၀င်ပြောလိုက်သည် ။ 🥺

" ဟုတ်ပါတယ်ဆရာမရယ်
ဒီကလေးတွေက ရိုးသားကြပါတယ်
သူတို့ တွေမသတ်လောက်ပါဘူး " ... 😒

စစ်ဆေးရေးဆရာမမှာ
ကျောင်းအုပ်ကြီးအပြောကြောင့်
ပိုဒေါသထွက်သွားကာ
ချက်ချင်းပင်အခန်းထဲမှာလှည့်ထွက်၍
တိုင်စာရေးပြီးမြို့နယ်ပညာရေးမှူးသို့
ပို့လိုက်သည်။ ... 📝

သုံးရက်လောက်ကြာသောအခါ ...
ပညာရေးမှူးထံမှစာကျလာသည်မှာ
ကနောင်မင်းသားသေသွားသည်မှာ
ကြာပြီဖြစ်သဖြင့်မစုံစမ်းပါနဲ့တဲ့ ... 🕵

ဆရာမတောက်ခေါက်ကာ
ဘယ်လိုပညာရေးမှူးလဲဆိုကာ
မကျေနပ်၍ ပညာရေးဝန်ကြီးထံ
တိုင်စာထပ်ပို့လေသည်။ ... 📑 📄

လေးရက်လောက်ကြာသော
ဆရာမဆီကို ရာထူးကရပ်နားသောစာ
ရောက်လာသည်။ ... 📩

ဆရာမသည် အူကြောင်ကြောင်ဖြစ်ပြီး
ပညာရေးမှူးကို အကျိုးအကြောင်း
လှမ်းမေးလိုက်သည်။

ပညာရေးမှူးက ...
" အထက်ကစာရောက်လာတယ်ဆရာမ
ဆရာမအလုပ်ဆရာမ မလုပ်ဘဲ
ထောက်လှမ်းရေးလုပ်နေလို့
ရာထူးကရပ်ဆိုင်းလိုက်ပြီလို့ပြောပါတယ် " ... 🕵️‍♀️



😮 🤔 🙄 🥴

📷 Photo 📸Credit.

01/06/2023

အခန့်မသင့်ရင်​ အသက်အန္တရာယ်ရှိသွားနိုင်တဲ့​ ရုတ်တရက်​ကြုံကြရသော်​ ဘေးအန္တရာယ်များ​ #1။ # #ဘေးအန္တရာယ်

30/05/2023

အဝတ်ဗလာ၊ ကိုယ်တုံးလုံးနဲ့​ ဂျိမ်းဘာသာဝင်ဘုန်းတော်ကြီးတွေအကြောင်း။ #ဂျိမ်း​ #သုတရသ​ #ဘာသာရေး

မြန်မာတွေဟာ ဘာလို့ ဇရာကို စောစောစီးစီး အရှုံးပေးနေရတာလဲ ?ဘောလိဝုဒ်မင်းသား အမီယာခန်း (PK) အသက် ၅၀ ကျော်နေပြီ ခုထိ လူငယ်အခ...
28/05/2023

မြန်မာတွေဟာ ဘာလို့ ဇရာကို
စောစောစီးစီး အရှုံးပေးနေရတာလဲ ?

ဘောလိဝုဒ်မင်းသား အမီယာခန်း (PK)
အသက် ၅၀ ကျော်နေပြီ
ခုထိ လူငယ်အခန်း ရိုက်ကောင်းနေတုန်း
Gym ဆော့ ကောင်းတုန်း
ဗလ ကလဲ လူငယ်တွေနဲ့ ယှဉ်လို့ရတယ်

ရှရွတ်ခန်း ဆိုရင် ...
ဒွေးနဲ့ ခေတ်ပြိုင်တောင်မဟုတ်ဘူး
ဒွေးထက် စောတယ်
ခုထိ မင်းသားခန်း ရိုက်နေတုန်း

ဦးကျော်ဟိန်း နဲ့ ခေတ်ပြိုင်
အမီတာဘဂျမ်း တို့၊
ဟောလိဝုဒ်က ဘရုဝီလီတို့ ဆိုရင်လဲ
အက်ရှင်ကားတွေ သန်သန်မြန်မြန်
သရုပ်ဆောင်နေတုန်းပဲ

ဇရာဆိုတာက ငါအိုပြီဆိုပြီး
သံဝေဂရ နှလုံးသွင်း လိုက်တော့မှ
ရောက်လာတာ မျိုးဖြစ်မယ်

ခင်မောင်တိုး၊ ကိုငှက်၊ စိုင်းထီးဆိုင်တို့ရဲ့
သီချင်းအသစ်တွေ နားမထောင်ရတော့ ဘူး
သူတို့နဲ့ သက်တူရွယ်တူ လောက်တွေဖြစ်မယ့်
အမေရိကန် ကန်းထရီးစတားကြီးတွေ
ဘလိတ် ရှယ်တန်၊ ဂျော့စထွစ်၊ ရန်ဒီထရားဗစ်
တို့ကတော့ သီချင်း အသစ်တွေ ထွက်တုန်း
One man Show တွေ
Live Tour တွေနဲ့ ကဲကောင်းတုန်း ရှိသေးတယ်

သူတို့က အသက် ၄၀ မှ
ဘဝစတယ် လို့တွေးတယ်
ကိုယ်တွေဆီမှာက အသက်၄၀ ဆိုရင်
အဖိုးကြီး ဖြစ်ပြီ တွေးတယ်

ကျန်းမာရေးလဲ ဂရုမစိုက်ကြဘူး
လေ့ကျင့်ခန်း လဲ မလုပ်ကြဘူး
အသက် ၃၀ ကျော် အများစုက ဗိုက်ပူနေပြီ
၃၀ ကျော်ရင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်း ရောဂါ တစ်ခုခု ဝင်ချင်နေပြီ

အစားအသောက်၊ ကျန်းမာရေးလေ့ကျင့်ခန်း၊
အရက် ၊ မူးယစ်ဆေးဝါး ၊ ဇရာ အပေါ်
ရှု့မြင်ပုံတွေ ကွာသွားတာ ဖြစ်မှာပဲ

မြန်မာအစားအစာတွေက သိတဲ့အတိုင်းပဲ
ကမ္ဘာကို တင်ပို့လို့မရဘူး
ဓာတ်ခွဲစစ်လိုက်ရင် တစ်ခုခုတော့ ငြိနေတာပဲ
ကျနော် တို့စားနေတာ ၉၀% က အဆိပ်တွေ

နေ့တိုင်း ဆော့သင့်တဲ့ Gym ကို သူဌေးတွေ
ဇိမ်ခံတာလိုလို ဘာလိုလို ထင်နေကြတယ်
မန်ဘာကြေး အကုန်မခံနိုင်ရင်
ကိုယ့်ဘာကိုယ်လည်း အိမ်မှာလုပ်လို့ ရတာပဲ
YouTube မှာ ၈မိနစ်လေ့ ကျင့်ခန်းတွေ
အများကြီး ရှိတယ်
တစ်နေ့ ရှစ်မိနစ်လောက် အပင်ပန်းခံရုံနဲ့
ယောက်ျားဆိုရင် Six pack ဖြစ်မယ်
မိန်းခလေး ဆိုရင် ကိတ်လာမယ်

လေ့ကျင့်ခန်း အမြဲလုပ်မယ်ဆိုရင်
ကြွက်သားသန်မာမှုကို အနည်းဆုံး
အသက်၇၀ လောက်ထိ ထိန်းထားလို့ ရတယ်
ကြွက်သားတွေ သန်မာရင် အသက် ၉၀ ထိ
ခါးမကိုင်းဘူး

အရက်ကတော့ တန်ဆေး လွန်ဘေးပဲ
အများစုကတော့ တစ်ခွက်မူးပြီးရင်
မထိန်းနိုင်တော့ဘူး ဆက်ဆွဲပြီ
အရက်တစ်ပက်ကို ချေဖို့ အသည်းက
၎နာရီ နဲ့ ခြောက်နာရီကြား အလုပ်လုပ်ရတယ်
တစ်နေ့ နှစ်ပက်လောက်ပဲ သောက်သင့်တယ်

မူးယစ်ဆေးကတော့ ...
အနုပညာသမားတွေ အကြိုက်ပဲ
ဖန်တီးမှု ပိုဈာန်ဝင်တယ် ထင်ရတာပေါ့
အမှန်တော့ စိတ်က illusion ဖြစ်တာပါ
ဂျော့စတစ် တို့လို အဆိုတော်ကြီးတွေ
အဖိုးကြီး ဖြစ်တဲ့အထိ မူးယစ်ဆေးမသုံးဘဲ
သီချင်းကောင်းတွေ ဖန်တီးပြနေတုန်းပဲ

ဇရာကို ရှု့မြင်ပုံမှာ
မြန်မာတွေဟာ တော်တော်ကဲတယ်
အသက် ၁၆ နှစ် ကလေး တွေက
သူတို့ကိုယ်သူတို့ လူကြီး ဖြစ်ပြီထင်နေတယ်

အသက် ၃၀ ကျော်ကို
ဦးလေးအရွယ် ထင်နေတယ်
၄၀ ကျော်ရင်တော့ အဖိုးကြီးပဲ သွားပြီ
တရားစခန်းပဲ ဝင်ရတော့ မလိုလို
ဘုန်းကြီးပဲ ဝတ်ရတော့ မလိုလို

အမှန်က
အသက် ၁၆ နှစ်က ၂၅ နှစ်အရွယ်က
ချာတိတ် လေးတွေပဲ ရှိသေးတာ

၂၅ နှစ်က ၄၀ အထိက လူငယ်

၄၀ မှ လူတစ်ယောက် ဘဝစတာ
၄၀ မှ လူလတ် ဖြစ်တာ
၄၀ ကနေ ၆၀ အထိ လူလတ်

၆၀ ကနေ ၈၀ အထိ မှ လူကြီး

၈၀ နဲ့ ၉၀ ၊ ၁၀၀ ကြားကိုမှ
အဘိုးကြီး အဘွားကြီး ခေါ်တာ

တကယ်တော့ အသက်အရွယ် ဇရာဆိုတာလဲ
ကိုယ်က အရှုံးပေးမှ ကိုယ့်ဆီရောက်လာတာ

အသက် ၆၀ မှာ ကာယဗလ ကစားပြီး
အသက် ၇၀ မှာ အကောင်းဆုံးကြွက်သား
Performance ရတဲ့
ကာယဗလ မောင်တောင် ရှိတယ်

မြန်မာ အများစုရဲ့ Body Building က
အစွန်းရောက် နေတယ်

၃၀ ကျော် ယောက်ျားလေးတွေက
ကိုယ်ဝန်သည်လို
ဗိုက်ပူရင် ပူ မပူရင် ရှုနာရှိုက်ကုန်း
လေထိမခံ ရေထိမခံ ဖြစ်နေတယ်

၃၀ ကျော် မိန်းမတွေက အိမ်ထောင်ကျပြီးရင်
ဝက်လို၊ ရာဝင်အိုးလို၊ တိုင်ကီ လိုဖြစ်လာတယ်

သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်းခြောက် စသဖြင့် နာတာရှည် ဖြစ်တော့ ဆရာဝန်တွေကို ပိုက်ဆံ ပေးရတာပဲ မဟုတ်လား

အဲ့ဒီ ပိုက်ဆံတွေကို ရောဂါမဖြစ်ခင်
အစားအစာ ကောင်းကောင်းတွေ
ရွေးချယ်စားသောက်၊ကျန်းမာရေး အတွက် အားကစား ပစ္စည်းတွေဝယ် ၊
Gym အတွက်သုံး တော့
Body Building အတွက် ပိုမကောင်းဘူးလား

အရက်တွေ၊ ဘီယာတွေ၊ ဆေးလိပ်တွေ
လျှော့သောက်တော့ ကလေးပညာရေး
အသုံးစရိတ် ပိုရတာပေါ့
အားလပ်ရက် ခရီးထွက်မယ့်ပိုက်ဆံ
ပိုထွက် လာတာပေါ့

နိုင်ငံခြားက အဖိုးကြီးတွေ ရဲ့
သီချင်းအသစ်တွေ ထွက်တိုင်း မနာလိုဘူး
ဦးထီး တို့၊ ဦးဌက် တို့၊ ဦးခင်မောင်တိုးတို့ သီချင်းသစ်တွေ နားထောင် ချင်တယ်
လွမ်းလဲ လွမ်းတယ်

ကိုယ့်လူမျိုးကို အသက်ရှည်စေချင်တယ်
ကိုယ့် အနုပညာ ရှင်တွေကို
အသက်ရှည်စေ ချင်တယ်

ကျနော်နားလည်တဲ့ အမျိုးသားရေးက အဲ့လို

Crd.

 ခေါ်ကြရအောင်​ 🤣မကျန်စေနဲ့နော် သေချာစဉ်းစား😁😁
28/05/2023

ခေါ်ကြရအောင်​ 🤣မကျန်စေနဲ့နော် သေချာစဉ်းစား😁😁

27/05/2023

အာဖရိကရဲ့​ ထူးထူးဆန်းဆန်းနေထိုင်မူ.ဓလေ့များ​ ​ ​ ​ #အာဖရိက​ #ဓလေ့ #ရိုးရာ​ #ယဉ်ကျေးမူ

💥 သင်ခန်းစာ​💥 အဝတ်မပါ ကိုယ်လုံးတီးနဲ့ ဗြိတိသျှ မိန်းမပျိုတဦးဟာ တရုတ်လူမျိုး မောင်းတဲ့ တက်စီ (အငှားယာဉ်) ပေါ် တက်လာပြီး သူ...
25/05/2023

💥 သင်ခန်းစာ​💥

အဝတ်မပါ ကိုယ်လုံးတီးနဲ့ ဗြိတိသျှ မိန်းမပျိုတဦးဟာ တရုတ်လူမျိုး မောင်းတဲ့ တက်စီ (အငှားယာဉ်) ပေါ် တက်လာပြီး သူသွားလိုရာကို ပို့ခိုင်းပါတယ်။

ယာဉ်မောင်းဟာ ခရီးသည် မိန်းမပျိုကို ထပ်ခါထပ်ခါ ခေါင်းကနေ ခြေဖျားတိုင် သေချာ ကြည့်နေခဲ့ပါတယ်။
ထိုအခါ မိန်းမပျိုက "ဟဲ့ နင် ကိုယ်တုံးလုံးနဲ့ မိန်းမတွေကို မမြင်ဖူးလို့ ဒီလောက်တောင် ကြည့်နေရလား" လို့ ငေါက်လိုက်ပါတယ်။

"ဆောရီးပါ ငါနင်ကို ကိုယ်လုံးတီး ဖြစ်နေတာကို ကြည့်နေတာ မဟုတ်ဘူး။ ပိုက်ဆံ ဘယ်နေရာမှာ ထားလို့၊ ငါ့ကို တက်စီခ ဘယ်လို ပေးနိုင်မလဲ ဆိုတာကိုသာ ငါကြည့်ပြီး စဉ်းစားနေတာ" လို့ ယာဉ်မောင်းက ပြန်ပြောလိုက်ပါတယ်။

သင်ခန်းစာ
သင် တရုတ်တွေလို တွေးခေါ် နေထိုင်ပါ၊

မိမိရဲ့ စီးပွါးရေးကိုသာ အာရုံစိုက်ပါ၊ ကျန်တာတွေ အာရုံမနောက်ပါနဲ့...

ဖတ်တဲ့သူတိုင်း ရယ်မောပါစေ😂😂😂

#သင်ခန်းစာ

https://www.whfacts.com/2023/04/uhive-social-app-earn-crypto-explore-connect.html

Address

Yangon

Alerts

Be the first to know and let us send you an email when View MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to View MM:

Share

Category