CNMax Digital

CNMax Digital Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CNMax Digital, Digital creator, Yangon.

🙏🏻နှစ်သစ်ဆုတောင်း🙏🏻💦  မြန်မာ့ရိုးရာ နှစ်ကူးချိန်ခါကျရောက်လို့ လာပြန်ပြီမို့ နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲ၊ အကြပ်အ...
13/04/2025

🙏🏻နှစ်သစ်ဆုတောင်း🙏🏻
💦 မြန်မာ့ရိုးရာ နှစ်ကူးချိန်ခါကျရောက်လို့ လာပြန်ပြီမို့ နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့ရတဲ့

အခက်အခဲ၊ အကြပ်အတည်းများအားလုံးမှ လွတ်ကင်း၍ ကိုယ်၊ စိတ်၊ နှလုံး (၃)ပါးလုံး ကျန်းမာချမ်းသာ ရွှင်လန်းချမ်းမြေ့စေပြီး

စီးပွားဥစ္စာ ဒီရေအလားတိုးတက်ပါစေကြောင်း CNMax Digital မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်… 🍀


ငလျင်လည်း လှုပ်အပြီး အင်တာနက်လိုင်းအနည်းငယ်ကျနေသလိုဖုန်းပါခေါ်မရသေး ဖြစ်နေတာအားလုံးပဲ ဂရုစိုက်ပြီးနေကြပါဦးနော်🤗
28/03/2025

ငလျင်လည်း လှုပ်အပြီး အင်တာနက်လိုင်းအနည်းငယ်ကျနေသလို
ဖုန်းပါခေါ်မရသေး ဖြစ်နေတာ

အားလုံးပဲ ဂရုစိုက်ပြီးနေကြပါဦးနော်🤗

22/02/2025

📍Passport Online QR Service 📍

Passport အသစ်လျှောက်/ သက်တမ်းတိုး/ ပျောက်ဆုံး ပျက်စီး ခြင်းများအတွက် Online Appointment Booking ကိုယ်တိုင်ယူဖို့အဆင်မပြေသူများအတွက် Service ပေးပါတယ် 😊

Passport QR Code က အချိန်ပေးနိုင်ရင် ကိုယ်တိုင်ယူလို့လဲ ရပါတယ်
စိတ်ရှည်ပြီး Form လေး မှန်ကန်စွာ ဖြည့်ပေးဖို့ပါပဲ

အချိန်မပေးနိုင်သူတွေTechanical နဲ့ အနည်းငယ်စိမ်း တဲ့ လူကြီးတွေအတွက် အဓိကဆို ပိုမှန်ပါလိမ့်မယ်နော်

Passport QR Service ယူမယ် ဆိုတာနဲ့ လိုအပ်တဲ့ information ကို သေချာပြောပြပေးပါ

📌မိမိ လျှောက်ချင်တဲ့ Passport အမျိုးအစား သေချာ ပြောပြပေးပါရှင် (PV/PJ/PS/PE)

📌သက်တမ်းတိုး (or)အသစ်လျှောက် (or) ပျောက်ဆုံး /ပျက်စီး ကို သေချာ ပြောပြပေးပါရှင်

📌QR ယူပေးဖို့ Data ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းရန်ပုံစံ စာရွက်ကို ပေးပို့တဲ့အခါ နံပါတ် ၁ မှ ၂၇ အထိ သေချာ စစ်ဆေးပီး ဖြည့်ပေးပီးမှ ပြန်လည်ပေးပို့ပေးဖို့မေတ္တာရပ်ခံပါတယ် ရ (QR မှာ ယူတာ မှားရင် ရုံးအတွင်း၀င်တဲ့အခါ အဆင်မပြေ မှာ စိုးလို့ပါရှင်)
📌Ph နံပါတ် ပါထည့်သွင်း ရေးပေးပါနော်

📌 သက်တမ်းတိုး သမားတွေ စာအုပ်အဟောင်းရဲ့ Passport No / Date of Issues / Date of Expiry ကို ပေးပို့ပေးပါရှင်

📌သက်တမ်းတိုး /အသစ်လျှောက် သမားများအတွက် ငွေလွှဲလျှင် Bank ပေးသွင်းငွေ + Service Fees ပါတခါထဲ လွှဲပေးရပါတယ်

📌ပျောက်ဆုံး/ပျက်စီး သမားများအတွက် ငွေလွှဲလျှင် Bank ပေးသွင်းငွေ + Service Fees ပါ တခါထဲ လွှဲပေးရပါတယ်

📌ငွေလွှဲ၀င်မှသာ QR Process ကို စတင်ပေးပါတယ်
၃နာရီအတွင်း QR မရပါက Fully Refund ပြန်ပေးပါမယ်ရှင့်

📌QR ရပီဆိုတာ နဲ့ လိုအပ်တဲ့ စာရွက် စာတမ်း QR SS /ရက်ချိန်းစစ်ဖို့ အကုန် သေချာ ပြန်ပို့ပေးပါတယ်
ပုံမှန် QR ရယူဖို့အတွက် အဆင်ပြေပါမယ်နော်
Urgent တော့ မရသေးပါဘူးရှင့်

ယုံကြည်စွာနဲ့ Service ယူသူ အားလုံး ကျေးဇူးအထူးပါ🤗

ချစ်သူများနေ့မှာဒီ "ချစ်သူသုံးယောက်"ကိုလည်း ချစ်ဖို့မမေ့ပါနဲ့ .. တဲ့။ပထမချစ်သူ ကျန်းမာရေး --- ကိုယ့်ရဲ့ တစ်သက်တာလက်တွဲဖေ...
14/02/2025

ချစ်သူများနေ့မှာ
ဒီ "ချစ်သူသုံးယောက်"ကိုလည်း ချစ်ဖို့
မမေ့ပါနဲ့ .. တဲ့။

ပထမချစ်သူ
ကျန်းမာရေး --- ကိုယ့်ရဲ့ တစ်သက်တာလက်တွဲဖော်

ဒုတိယချစ်သူ
အကောင်းမြင်စိတ်-- ကိုယ့်စိတ်ဝိညာဉ်ရဲ့မိတ်ဆွေကောင်း

တတိယချစ်သူ
အကြင်နာတရား-- ဘဝရဲ့ အခြေခံအရောင်

ချစ်သူများနေ့ရဲ့ အဓိပ္ပာယ်က
နှင်းဆီပန်း၊ ချောကလက်၊ ကတိသစ္စာလောက်တင် မကပါဘူး။

ကျန်းမာရေးက ကိုယ့်ကို တောတောင်ရေမြေအနှံ့ ခြေဆန့်ဖို့ ယုံကြည်မှုပေးတယ်။

အကောင်းမြင်စိတ်က လေပြင်းမုန်တိုင်းကြားမှာ မျှော်လင့်ချက်သက်တံကို မြင်စေတယ်။

အကြင်နာတရားက ကိုယ့်ကို လောကကြီးနဲ့
ညင်ညင်သာသာ ဖက်တွယ်စေတယ်။

ဒီကနေ့မှာ စိတ်ရှုပ်ဦးနှောက်ခြောက်စရာတွေကို ဘေးဖယ်ပြီး ရေနွေးကြမ်းတစ်ခွက်နဲ့ "လက်ကျန်ဘဝမှာ ကိုယ့်ကို ကောင်းရာဘက်ဆီ အမြဲလမ်းညွှန်ပါ" လို့ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုကြည့်ပါ။

မိမိကိုယ်ကို ချစ်ခြင်းက
အဆင့်မြင့်ဆုံး ချစ်သူများနေ့လက်ဆောင်
ဖြစ်ပါတယ်။🥰🥰🥰

နိုင်းနိုင်းစနေ

ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့'' 💐(13.2.2025) မှာကျရောက်တဲ့ (110) နှစ်ပြည့် "ဗိုလ်ချုပ်မွေးနေ့" အား CNMax Digital မှ လေးစားစ...
13/02/2025

ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့'' 💐

(13.2.2025) မှာကျရောက်တဲ့ (110) နှစ်ပြည့် "ဗိုလ်ချုပ်မွေးနေ့" အား CNMax Digital မှ လေးစားစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 💐


🇲🇲 ပြည်ထောင်စုနေ့ 🇲🇲78th Union Day of Myanmar 2025(၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သော(၇၈)နှစ်မြောက် ပြည်...
12/02/2025

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲
78th Union Day of Myanmar 2025

(၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သော(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးနှင့် အတူ CNMax Digital မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်ရှင့်


Passport QR Service အတွက်လည်း Admin ပြန် Run နေပါပြီရှင့်✍✍✍ပိုစ့်တွေသေချာမတင်တော့ ရတာလား မရတာလားဖြစ်နေတာကြောင့်ပါ🤗လိုအပ...
11/02/2025

Passport QR Service အတွက်လည်း Admin ပြန် Run နေပါပြီရှင့်✍✍✍
ပိုစ့်တွေသေချာမတင်တော့ ရတာလား မရတာလားဖြစ်နေတာကြောင့်ပါ🤗

လိုအပ်သူများရှိရင်တော့ အမြဲရပါတယ် သီးသန့်တွေမတင်တာကြောင့်ပါ

အခုရက်ချိန်းများကတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ ရက်ချိန်းရယူနိုင်မဲ့ လက်ရှိ QR Date တွေပါရှင်

အချိန်ပေးနိုင်သူများ/ ကိုယ်တိုင်ယူလို့အဆင်ပြေသူများ က ကိုယ်တိုင်လျှောက်လို့ရပါတယ်

Data အချက်အလက်ဖြည့်ရတာများတာကြောင့် ကိုယ်တိုင်လျှောက်ဖို့အဆင်မပြေသူများအတွက် Admin ဆီမှာ QR service ယူနိုင်ပါတယ်ရှင့်🥰

Passport နဲ့ ပတ်သက်တဲ့ အခြားသိချင်တဲ့အကြောင်းအရာများရှိရင်လည်း Comment မှ ဖြစ်စေ CB မှ ဖြစ်စေ မေးနိုင်ပါတယ်နော်

ရန်ကုန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး29-05-2025

နေပြည်တော်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 22-04-2025

မန္တလေးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 02-06-2025

မြစ်ကြီးနားနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 03-10-2025

ဘားအံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 24-04-2025

ဟားခါးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 29-05-2025

မော်လမြိုင်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 05-05-2025

စစ်တွေနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 13-02-2025

တောင်ကြီးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 30-04-2025

လားရှိုးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 02-10-2025

ကျိုင်းတုံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 08-04-2025

ပုသိမ်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 23-04-2025

ပဲခူးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 26-05-2025

မကွေးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 28-05-2025

မုံရွာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 21-05-2025

ထားဝယ်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး
28-3-2025

Hello😍😍We'are back!Admin တို့ပြန်လာပါပြီအရင်ဆုံးအနေနဲ့ကတော့ free key ပြန်ပေးမယ်ဆိုတာလေး အသိပေးချင်ပါတယ်ရှင်😊မျှော်နေကြသူ...
08/02/2025

Hello😍😍
We'are back!

Admin တို့ပြန်လာပါပြီ
အရင်ဆုံးအနေနဲ့ကတော့ free key ပြန်ပေးမယ်ဆိုတာလေး အသိပေးချင်ပါတယ်ရှင်😊

မျှော်နေကြသူတွေလည်းရှိသလို cb မှာဆိုလည်း ခဏတာ အဆက်ပြတ်သွားချိန်တောင် လာမေးမြန်းကြလို့ပါ
အားလုံးကိုလည်း Admin တို့က သတိရနေတာ🤗

ဒီညတော့ new service ကို launch လုပ်ပါရစေနော်
အရင်လည်း service တစ်ခုထပ်ပြင်ဆင်နေတာတော့ admin ပြောထားဘူးပါတယ်

ဟုတ်ပါတယ် အရင်လထဲက ဒီ service က ရနေပါပြီ
Admin လည်း တစ်ခုမစရသေးခင် တစ်ခုကိုရှင်းနေရတာ အလစ်တစ်လေး Annoy ဖြစ်ပြီးအပျင်းပါတစ်သွားလို့ ဘာမှကိုလာမတင်ဖြစ်တာ
Free တောင်ဒီလမှ ပေးတာသာကြည့်😁

Admin တို့ရဲ့ new service ကတော့ ISP service တစ်ခုပဲ ဖြစ်ပါတယ်

K Link Premium Broand Internet ကို တပ်ဆင်ချင်သူများ Admin ဆီမှာရပါပြီ

အခြား Wi Fi service တွေလည်းရှိပါလိမ့်မယ်
ဒါကတော့ Admin တို့ရဲ့ မိတ်ဘက်ဖြစ်တာကြောင့်
Partnership အနေနဲ့ Admin ရောင်းတာပါ🤗
ဝန်ဆောင်မှု Service ကလည်း သေချာပေးထားတာကြောင့်ပါ
နှုန်းထားများလည်း Official အတိုင်းပါပဲရှင့်

တစ်ခုစကားခံထားတာက Admin ပြောနေကြလိုပါပဲ
လိုအပ်တယ်ဆိုမှသာ ဝန်ဆောင်မှုရယူပါနော်

Business အတွက်အများစုသုံးကြတာနဲ့ Customer အချင်းချင်း ညွှန်ပေးကြရင်း ရွေးသုံးကြသူများပါတယ်

အလုပ်တွေပြန်လုပ်တော့မှာမို့ လိုအပ်တဲ့ Service တွေဆို အားပေးကြရင်း လိုချင်တဲ့ premium or အခြားမေးချင်တာ ပြောချင်တာရှိရင်လည်း
​စကား​လေးတွေ comment မှာချန်ခဲ့ပါဦးလို့နော်🤗

Thank You All.💜💜💜

🧧🏮🐍 Gong Xi Fa Cai🧧🏮🐍🧧Happy Chinese New Year 2025🧧တရုတ်နှစ်ကူး အခါသမယမှာ ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းသာ၊ ကိ...
29/01/2025

🧧🏮🐍 Gong Xi Fa Cai🧧🏮🐍

🧧Happy Chinese New Year 2025🧧

တရုတ်နှစ်ကူး အခါသမယမှာ
ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းသာ၊
ကိုယ်ကျန်းမာ၊ စီးပွါးဥစ္စာရတနာများတိုးတက်ကြပါစေ လို့ CNMax Digital မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်


Hello... Everyone🤗မျှော်နေကြသူများအတွက် Admin ပြန်လာပါပြီ☺အသိပေးစရာလေးရှိလို့ပါ👉🏻  Admin တို့  Outline Premium များ ရောင...
07/01/2025

Hello... Everyone🤗

မျှော်နေကြသူများအတွက် Admin ပြန်လာပါပြီ☺

အသိပေးစရာလေးရှိလို့ပါ

👉🏻 Admin တို့ Outline Premium များ ရောင်းချတာကို ရပ်နားလိုက်ပီဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်
ဒီရက်မှလာမေးကြသူများလည်းရှိလို့ပါ👈

2021 မှ သုံးခဲ့ရတဲ့ Outilne ကို Business တစ်ခုလို Admin တို့ သဘောမထားခဲ့ပါ😊

အားပေးခဲ့ကြသော တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါတယ်😍

မတူညီတဲ့ service တစ်မျိုး ကြော်ငြာတဲ့အခါလည်း အားပေးကြပါဦး🤗

နောက်ရက်တွေမှ vpn နဲ့မသက်ဆိုင်တာ အေးဆေးပြောကြဦးစို့နော်

We'll miss u all. 🤍🤍🤍
Thanks For Supporting Us. 💗💗💗

Happy New Year 2025🎆နှစ်သစ်မှစတင်ကာ မြန်မာပြည်သူ/ပြည်သားများအားလုံး စိတ်အေးချမ်းသာယာခြင်း၊ကျန်းမာပျော်ရွှင်ခြင်း၊စီးပွား...
01/01/2025

Happy New Year 2025🎆

နှစ်သစ်မှစတင်ကာ မြန်မာပြည်သူ/ပြည်သားများအားလုံး စိတ်အေးချမ်းသာယာခြင်း၊ကျန်းမာပျော်ရွှင်ခြင်း၊စီးပွားဥစ္စာတိုးတက်ခြင်းများနဲ့ အတူ အစစအရာရာ အဆင်ပြေပါစေလို့ CNMax Digital မှ ဆုတောင်းပေးပါတယ်ရှင့်🤗


Address

Yangon
11041

Alerts

Be the first to know and let us send you an email when CNMax Digital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share