28/07/2026
🙏ဝါဆိုလပြည့်(ဓမ္မစင်္ကြာ အခါတော်နေ့)🙏
"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို" ဟူသော စကားတော်အတိုင်း…
ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏
✨ ပဋိသန္ဓေယူတော်မူခြင်း၊
✨ တောထွက်တော်မူခြင်း၊
✨ ဓမ္မစကြာဒေသနာတော်ကို ပထမဆုံး ဟောကြားတော်မူခြင်း
စသည့် ဗုဒ္ဓဝင်အရေးပါသော မင်္ဂလာဖြစ်ရပ်များနှင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
ဤနေ့တွင် မြတ်စွာဘုရားရှင်သည် ဗာရာဏသီပြည်၊ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာဒေသနာတော်ကို ဟောကြားတော်မူခဲ့ပြီး၊ သစ္စာလေးပါးတရားတော်ကို ဖွင့်ဟပြသတော်မူကာ သတ္တဝါအပေါင်း ဒုက္ခမှလွတ်မြောက်ရာ လမ်းစဉ်ကို ညွှန်ပြပေးတော်မူခဲ့သည့် အလွန်မြင့်မြတ်သောနေ့လည်း ဖြစ်ပါသည်။
ထို့အပြင် ဝါတွင်းသုံးလပတ်အတွင်း ရဟန်းသံဃာတော်များ ငြိမ်းချမ်းစွာ တရားအားထုတ်နိုင်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ယနေ့အခါသမယတွင် ကြည်ညိုသဒ္ဓါစိတ်ဖြင့် ဆက်ကပ်လှူဒါန်းကြပါသည်။
🌿 ဤမင်္ဂလာရှိသော ဝါဆိုလပြည့်နေ့တွင်…
မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များကို အာရုံပြု၍ ကုသိုလ်ကောင်းမှုများ တိုးပွားကြပါစေ။
မေတ္တာ၊ ကရုဏာနှင့် ဉာဏ်ပညာများ ပြည့်ဝကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ စီးပွားဥစ္စာများ တိုးတက်အောင်မြင်ခြင်းများနှင့် ပြည့်စုံကာ မိသားစုတိုင်း သာယာဝပြောကြပါစေကြောင်း…
CNMax Laptop Hub မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ရှင့်🙏
"ကုသိုလ်တရားများ ပွားများပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့်နေ့လေး ဖြစ်ပါစေ။" 🙏
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့