White Gulf

White Gulf Maritime Recruitment Center

“အဆိပ်သင့် ဝန်ထမ်းများကို ကိုင်တွယ်ဖြေရှင်းနည်း"စီးပွားရေးဆိုရိုးစကားတစ်ခု ရှိပါသည်။ "ပုပ်နေသော ပန်းသီးတစ်လုံးသည် သေတ္တာ...
21/12/2025

“အဆိပ်သင့် ဝန်ထမ်းများကို ကိုင်တွယ်ဖြေရှင်းနည်း"

စီးပွားရေးဆိုရိုးစကားတစ်ခု ရှိပါသည်။ "ပုပ်နေသော ပန်းသီးတစ်လုံးသည် သေတ္တာထဲရှိ ကျန်ပန်းသီးကောင်းများကိုပါ လိုက်လံ ပုပ်သိုးစေနိုင်သည်" ဟူ၍ ဖြစ်ပါသည်။

လုပ်ငန်းခွင်အတွင်း၌လည်း ထိုနည်းလည်းကောင်းပင်။ အလုပ်မလုပ်သော ဝန်ထမ်း (Lazy Employee) သည် ကုမ္ပဏီ၏ ငွေကြေးကိုသာ ဖြုန်းတီးသော်လည်း၊ အဆိပ်သင့် ဝန်ထမ်း (Toxic Employee) သည် ကုမ္ပဏီ၏ "ယဉ်ကျေးမှု" နှင့် "စိတ်ဓာတ်" ကိုပါ ဖျက်ဆီးပစ်ပါသည်။

သူတို့သည် အတင်းအဖျင်း ပြောခြင်း၊ အုပ်စုကွဲအောင် သွေးထိုးခြင်း၊ ခေါင်းဆောင်မှုအပေါ် အမြဲ ဆန့်ကျင်ခြင်းတို့ဖြင့် လုပ်ငန်းကို အတွင်းမှ လှိုက်စားနေသော "ကင်ဆာဆဲလ်" များ ဖြစ်ပါသည်။

ထိုကဲ့သို့သော ဝန်ထမ်းများကို လျစ်လျူရှုထားခြင်းသည် လုပ်ငန်းရှင်တစ်ဦး၏ အကြီးမားဆုံး အမှားဖြစ်သည်။

၎င်းတို့ကို ပညာသားပါပါ ကိုင်တွယ်ဖြေရှင်းရန် အဆင့် (၄) ဆင့်ကို အကြံပြု တင်ပြအပ်ပါသည်။

အဆင့် (၁) - ရောဂါလက္ခဏာကို အတည်ပြုပါ (Identify the Toxicity)

ပထမဦးစွာ သာမန် "ညည်းတွားသူ" နှင့် "အဆိပ်သင့်သူ" ကို ခွဲခြားသိမြင်ရန် လိုပါသည်။

အဆိပ်သင့် ဝန်ထမ်းများတွင် တွေ့ရလေ့ရှိသော လက္ခဏာများမှာ...
Drama Queen/King ကိစ္စသေးသေးလေးကို ပြဿနာကြီးအောင် ဖန်တီးခြင်း။

Energy Vampire သူနှင့် စကားပြောပြီးတိုင်း တစ်ဖက်လူမှာ စိတ်ဓာတ်ကျပြီး အားကုန်သွားရခြင်း။

The Underminer ရှေ့တွင် ခေါင်းငြိမ့်သော်လည်း၊ ကွယ်ရာတွင် "ဒါကြီးက ဖြစ်မှာမဟုတ်ပါဘူး" ဟု လိုက်လံ ဝေဖန်ခြင်း။

The Bully: မိမိထက် ငယ်သူ၊ အသစ်ရောက်သူများကို နှိမ်ချဆက်ဆံခြင်း။ ဗိုင်းရစ်များသွင်းခြင်း။

အဆင့် (၂) - ပွင့်လင်းစွာ မျက်နှာချင်းဆိုင် ဆွေးနွေးပါ (The Direct Feedback)

အတင်းအဖျင်းသဘောမျိုး သူတစ်ပါးစကားဖြင့် အရေးမယူပါနှင့်။ သီးသန့်အခန်းတွင် ခေါ်ယူတွေ့ဆုံပါ။

"အပြုအမူ" ကိုသာ ပြောပါ၊ "လူ" ကို မတိုက်ခိုက်ပါနှင့်။
(မှားယွင်းပုံစံ - "မင်းက သဘောထား ပြည့်ဝမှု မရှိဘူး။")

(မှန်ကန်ပုံစံ - "မင်း အစည်းအဝေးမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက် တင်ပြနေတုန်း ဖြတ်ပြောလိုက်တဲ့ ပုံစံက Professional မဆန်ဘူး။ အဲ့ဒါက အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ကို ထိခိုက်စေတယ်။")

သူတို့၏ အပြုအမူက လုပ်ငန်းကို ဘယ်လို ထိခိုက်စေလဲ ဆိုတာကို တိကျသော အထောက်အထား (Data/Evidence) ဖြင့် ပြသပါ။

အဆင့် (၃) - ပြုပြင်ရန် နောက်ဆုံးအခွင့်အရေး ပေးပါ (The Ultimatum / PIP)

လူတိုင်း အမှားမကင်းနိုင်၍ ပြုပြင်ရန် အခွင့်အရေး ပေးသင့်ပါသည်။ Performance Improvement Plan (PIP) ကို ရေးဆွဲပါ။

"နောက်ထပ် (၁) လ အတွင်း မင်းရဲ့ ဆက်ဆံရေးပုံစံ ဒီလိုပြောင်းလဲလာတာကို ငါမြင်ချင်တယ်။ မပြောင်းလဲရင်တော့ ငါတို့ လမ်းခွဲရလိမ့်မယ်။"

ဤအဆင့်သည် သူတို့ကို ပြုပြင်ရန် အခွင့်အရေး ပေးခြင်းဖြစ်သလို၊ နောင်တစ်ချိန် အလုပ်ထုတ်ရပါကလည်း တရားမျှတမှု ရှိစေရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပါသည်။

အဆင့် (၄) - ခွဲစိတ် ဖယ်ရှားခြင်း (The Surgical Removal)

အကယ်၍ အထက်ပါ အဆင့်များ ဆောင်ရွက်ပြီးသော်လည်း ပြောင်းလဲမှု မရှိပါက တွန့်ဆုတ်မနေပါနှင့်။

"အလုပ်ထုတ်ပါ" (Fire them)
လုပ်ငန်းရှင်အများစုသည် "သူက လုပ်သက်ရင့်နေပြီ"၊ "သူက အလုပ်တော့ ကျွမ်းကျင်တယ်" ဟူသော အကြောင်းပြချက်များဖြင့် နှမြောနေတတ်ကြသည်။

သတိပြုပါ... "အဆိပ်သင့်နေသော ဝန်ထမ်းတစ်ယောက်သည် သာမန်ဝန်ထမ်းကောင်း (၁၀) ယောက်လောက်ကို အလုပ်ထွက်သွားအောင် လုပ်နိုင်စွမ်း ရှိပါသည်။"

သင့်လုပ်ငန်းတွင် ကျန်ရှိနေသော ဝန်ထမ်းကောင်းများကို ကာကွယ်ရန်အတွက် ထိုအဆိပ်သင့် ဝန်ထမ်းကို ဖယ်ရှားခြင်းသည် ခေါင်းဆောင်ကောင်းတစ်ယောက်၏ "တာဝန်ယူမှု" သာ ဖြစ်ပါသည်။

လုပ်ငန်းရှင်ကြီးများ ခင်ဗျာ...
သင်သည် သင့်လုပ်ငန်းဥယျာဉ်ကို ပြုစုပျိုးထောင်နေသော ဥယျာဉ်မှူး တစ်ဦး ဖြစ်ပါသည်။ ပေါင်းပင်များ၊ ပိုးကျနေသော အပင်များကို ရှင်းထုတ်ရန် ဝန်မလေးပါနှင့်။

အဆိပ်သင့် ဝန်ထမ်းတစ်ဦးကို ဖယ်ရှားလိုက်သည့်အခါ ရုံးခန်းထဲတွင် ချက်ချင်းဆိုသလို လေကောင်းလေသန့်များ ရရှိလာမည်ကို သင်အံ့သြဖွယ် တွေ့မြင်ရပါလိမ့်မည်။

ဝန်ထမ်းကောင်းများသည် သင့်ကို ကျေးဇူးတင်ကြလိမ့်မည်ဖြစ်ပြီး၊ လုပ်ငန်း၏ စွမ်းဆောင်ရည်သည်လည်း အလိုအလျောက် မြင့်တက်လာမည် ဖြစ်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။

(အခုဆောင်းပါးအပေါ် သင့်၏ ထင်မြင်ချက်ကို Comment တွင်ရေးသားခဲ့ပါ။ ဆောင်းပါးကို ခွင့်တောင်းစရာမလိုဘဲ လွတ်လပ်စွာမျှဝေနိုင်ပါသည်။)

🚩 ဘာကြောင့် တော်တဲ့ဝန်ထမ်းတွေ ကုမ္ပဏီကနေ အသံတိတ် နှုက်ထွက်သွားကြတာလဲ?လုပ်ငန်းခွင်တစ်ခုမှာ အလုပ်အတော်ဆုံး၊ အားကိုးရဆုံး ဝ...
21/12/2025

🚩 ဘာကြောင့် တော်တဲ့ဝန်ထမ်းတွေ ကုမ္ပဏီကနေ အသံတိတ် နှုက်ထွက်သွားကြတာလဲ?

လုပ်ငန်းခွင်တစ်ခုမှာ အလုပ်အတော်ဆုံး၊ အားကိုးရဆုံး ဝန်ထမ်းတစ်ယောက်က ဘာပြဿနာမှ မရှာဘဲ၊ ဘာစကားမှ အများကြီးမပြောဘဲ ရုတ်တရက် "နှုတ်ထွက်စာ" တင်လိုက်တဲ့အခါ စီမံခန့်ခွဲသူတွေ အံ့သြသွားတတ်ကြပါတယ်။

တကယ်တော့ သူတို့ဟာ ရုတ်တရက် ထွက်သွားတာမဟုတ်ပါဘူး။ 🤩

အချိန်အတော်ကြာ စိတ်ပျက်ခဲ့ရတဲ့ အခြေအနေတွေကြောင့် "အသံတိတ်" ဆုံးဖြတ်ချက်ချလိုက်တာပါ။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ? 👇

၁။ အလုပ်ပိုလုပ်နိုင်သူကို အလုပ်တွေ ပိုပုံပေးခြင်း (Punishment of Competence)

"သူက တော်တယ်၊ ခိုင်းလို့ရတယ်" ဆိုပြီး အလုပ်တွေကို ထပ်ခါထပ်ခါ ပုံပေးတတ်ကြပါတယ်။ ဒါဟာ တော်တဲ့ဝန်ထမ်းအတွက်တော့ Reward (ဆုလာဘ်) မဟုတ်ဘဲ ပြစ်ဒဏ်တစ်ခုလို ဖြစ်လာစေပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ Burnout (စိတ်ကုန်လူပန်း) ဖြစ်ပြီး ထွက်ခွာဖို့ လမ်းစရှာပါတော့တယ်။

၂။ တန်ဖိုးထားမှု (Recognition) မရှိခြင်း

တော်တဲ့သူတွေက ပိုက်ဆံထက် သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတာ (Validation) ကို ပိုလိုချင်ကြတာပါ။ သူတို့ ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် "ဒါဟာ မင်းတာဝန်ပဲ" ဆိုတဲ့ အမြင်မျိုးနဲ့ ဆက်ဆံခံရတဲ့အခါ သူတို့ရဲ့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားပါတယ်။

၃။ မတော်တဲ့သူတွေနဲ့ တန်းတူ ဆက်ဆံခံရခြင်း

အလုပ်ကို တကယ်လုပ်တဲ့သူနဲ့၊ အလုပ်ကို ဟန်ပြပဲလုပ်တဲ့သူ (အခွံသာသာ ဝန်ထမ်းတွေ) ကို ခေါင်းဆောင်ပိုင်းက ခွဲခြားမသိမြင်နိုင်တဲ့အခါ တော်တဲ့သူတွေ စိတ်ပျက်လာပါတယ်။ "ငါ ဘယ်လောက်ကြိုးစားကြိုးစား ​တခြာသူနဲ့ အတူတူပဲ" ဆိုတဲ့ အသိက သူတို့ကို တခြားနေရာအသစ် ရှာဖွေဖို့ တွန်းအားပေးလိုက်တာပါ။

၄။ တိုးတက်မှု လမ်းစ ပိတ်နေခြင်း (No Growth Path)

Top Talent တွေဟာ ရေအိုင်ထဲက ငါးလို မနေချင်ကြပါဘူး။ သူတို့က အမြဲတမ်း သင်ယူချင်တယ်၊ တိုးတက်ချင်ကြပါတယ်။ ကုမ္ပဏီမှာ သူတို့အတွက် နောက်ထပ်တက်လှမ်းစရာ ရာထူး ဒါမှမဟုတ် စိန်ခေါ်မှုအသစ်မရှိတော့ဘူးလို့ ခံစားရတဲ့အခါ ပိုကျယ်ပြောတဲ့ ပင်လယ်ကို ရှာဖွေပါတော့တယ်။

၅။ စီမံခန့်ခွဲမှု အမှားများနှင့် Toxic Culture

"ဝန်ထမ်းတွေဟာ အလုပ်ကနေ ထွက်တာမဟုတ်ဘူး၊ သူတို့ရဲ့ အထက်လူကြီး (Manager) ဆီကနေ ထွက်တာ" ဆိုတဲ့ စကားရှိပါတယ်။ အသေးအဖွဲကအစ လိုက်ချုပ်ကိုင်တာ (Micromanagement) နဲ့ လူမျိုးရေး၊ အုပ်စုဖွဲ့ရေး ဝါဒတွေ ရှိနေတဲ့ လုပ်ငန်းခွင်မှာ တော်တဲ့သူတွေက အချိန်ဖြုန်းမနေတတ်ကြပါဘူး။

💡 ​အရည်အချင်းရှိတဲ့ဝန်ထမ်းတစ်ယောက် အသံတိတ်သွားပြီဆိုတာ "စိတ်ကုန်သွားပြီ" လို့ အဓိပ္ပာယ်ရပါတယ်။ သူတို့က ပြဿနာတက်မှာကို မလိုလားတဲ့အတွက် ငြိမ်ငြိမ်သက်သက်ပဲ နှုတ်ထွက်စာတင်ပြီး အခွင့်အလမ်းကောင်းရှိတဲ့ နေရာသစ်ကို ကူးပြောင်းသွားကြတာပါ။

လုပ်ငန်းရှင်များအနေနဲ့... မိမိဆီက အားကိုးရတဲ့ ဝန်ထမ်းကောင်းတွေကို မဆုံးရှုံးစေချင်ရင် သူတို့ရဲ့ စကားသံတွေကို နားထောင်ပေးဖို့နဲ့ ထိုက်တန်တဲ့ တန်ဖိုးထားမှုကို ပေးဖို့ လိုအပ်ပါတယ်။

သင်ကော... အလုပ်ကနေ အသံတိတ် နှုတ်ထွက်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိပါသလား? ဘာကြောင့် ထွက်ခဲ့ရတာလဲဆိုတာ Comment မှာ မျှဝေပေးသွားပါဦး။ 😊

White Gulf Marine Co Ltd ရုံးတွင် တာဝန်ထမ်းဆောင်ရန် အတွက် Office Staff -/Receptionist Female 1 postဘွဲ့ရ  {or} အထက်တန်း ...
10/12/2025

White Gulf Marine Co Ltd ရုံးတွင် တာဝန်ထမ်းဆောင်ရန် အတွက်

Office Staff -/Receptionist
Female 1 post
ဘွဲ့ရ {or} အထက်တန်း ထိတက်ရောက်ထားပီးသူ
Salary = 300000 - 350000 (Nego)
#ဖယ်ရီမရှိပါ #
Basic (Myanmar /Eng ) လက်ကွက် ရ ရပါမည်။ Word/ Excel/ Photoshop ကျွမ်းကျင်ရပါမည်။
အသင်းအဖွဲ့ နဲ့ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
အလုပ်ချိန်; 8:30 - 4:00
Saturday: Half Day
ပိတရက် : Sunday {Public holiday}
အလုပ်နေရာ : ၅၁လမ်း အပေါ်ဘလောက်၊ ပုစွန်တောင်မြို့နယ်
CV form တင်ရန်
CB သို့ဖောင်ပေးပို့လျှောက်ထားနိုင်ပါသည်။

သင်္ဘော အသစ် (အမျိုးစုံ) ၈၇ စီး...USD ၇ ကုဋေ ကျော်ဖိုး အမှာစာချခဲ့တဲ့တရုတ်နိုင်ငံ အစိုးရပိုင် သင်္ဘောလုပ်ငန်းCOSCO...တရု...
09/12/2025

သင်္ဘော အသစ် (အမျိုးစုံ) ၈၇ စီး...
USD ၇ ကုဋေ ကျော်ဖိုး အမှာစာချခဲ့တဲ့
တရုတ်နိုင်ငံ အစိုးရပိုင် သင်္ဘောလုပ်ငန်း
COSCO...

တရုတ်နိုင်ငံ အတွက် အကြီးမားဆုံး
သင်္ဘော အသစ် အမှာစာချတာ ဖြစ်ပြီး
တရုတ်နိုင်ငံ ပိုင် သင်္ဘော ဆောက်လုပ်ရေး
လုပ်ငန်း CSSC (China State Ship
Building Corp) ကဘဲ ဦးဆောင်
ဆောက်လုပ်ပါမယ်...

Jiangnan, Guangzhou, Wuchang,
Dalian, Beihai နဲ့ Chengxi
သင်္ဘောကျင်းများ က တည်ဆောက်မှာပါ

သင်္ဘော တွေကတော့
ကုန်သေတ္တာသင်္ဘောတွေရယ်
ဝမ်းပုံလောင်း bulk carrier တွေရယ်
ဆီတင် သင်္ဘောတွေရယ်
Project Cargo နဲ့ Specialized Cargo
သင်္ဘောတွေရယ် ပါဝင်ပါတယ်...

ဆီစားသက်သာမယ့်
Energy Efficient Designs...
Alternative Fuel Ready Config...
Digital နဲ့ AI တွေကို အခြေခံမယ့်
စနစ်တွေ အပြင် IMO ရဲ့
Decarbonization လမ်းကြောင်းပေါ်က
သင်္ဘောများ ဖြစ်မယ်လို့ ဖေါ်ပြပါတယ်

မကြာမီကလည်း USD ၁.၇၅ ကုဋေ ဖိုး
သင်္ဘော ၂၉ စီး အသစ်မှာခဲ့ပြီး...
ဝမ်းပုံလောင်း New Castle max
Bul Carrier သင်္ဘော အစီးရေ ၃၀
မှာခဲ့ပါသေးတယ်...

အသစ် အမှာစာ ချသည့်
စာရင်းအရ ကော...
လက်ရှိစာရင်း အရကော...
DWT (ကုန်တင်နိုင်ခြေ) တန်ချိန်အရ
ကမ္ဘာ့ ထိပ်တန်း နံပါတ် ကတော့
COSCO ဖြစ်နေပါတယ်...

Credit

https://splash247.com/cosco-supercharges-expansion-with-7bn-order-for-87-ships/

Photo Courtesy

World Class အပျော်စီး ခရီးသည်တင်သင်္ဘောကြီး နှစ်စီး ကို ပြင်သစ် အခြေစိုက်Chantiers de l'Atlantique သင်္ဘောကျင်းမှာ Euro ...
07/12/2025

World Class အပျော်စီး ခရီးသည်တင်
သင်္ဘောကြီး နှစ်စီး ကို ပြင်သစ် အခြေစိုက်
Chantiers de l'Atlantique သင်္ဘောကျင်း
မှာ Euro ၃.၅ ကုဋေ နဲ့ အမှာစာ ပေးလိုက်
ထိပ်တန်း သင်္ဘော လုပ်ငန်း MSC...

World Class 7 နဲ့ 8 ကို အသစ်မှာတာ
ဖြစ်ပြီး ယခင်မှာထားတဲ့ ၄ စီး ပေါင်းရင်
Euro ၁၀.၅ ကုဋေ အထိ ရှိသွားပြီ ဖြစ်...

အထပ်ပေါင်း ၂၂ ထပ်... အခန်းပေါင်း
၂၆၁၄ ရှိပြီး... ခရီးသည် ၆၅၀၀ ကျော်
တင်နိုင်တဲ့ အပျော်စီး ခရီးသည်တင်
သင်္ဘောကြီးတွေပါ

MSC World Europa...
MSC World America...အထိ
ရေချထားပြီး MSC World Asia ..နဲ့
MSC World Atlantic တို့ ၂၀၂၆ နဲ့
၂၀၂၇ မှာ အသစ်ရေချမှာ ဖြစ်ပြီး... အခု
မှာတဲ့ နှစ်စီး ကတော့ ၂၀၃၀ နဲ့ ၂၀၃၁ ပါ...

Credit

https://www.mscpressarea.com/en_INT/press-releases/msc-cruises-announces-two-new-world-class-ship-orders-during-double-celebration-w/

Photo Credit

 #စင်ကာပူအဝင်  #ကီလိုရောင်းပြီး  #ပစ္စည်းသယ်ခါမှ  #ဒဏ်ရိုက်ခံရစလုံးအလာမှာ ကိုယ့်မှာလည်း ပစ္စည်းသယ်စရာမရှိတော့ စရိတ်လေး သ...
05/12/2025

#စင်ကာပူအဝင် #ကီလိုရောင်းပြီး #ပစ္စည်းသယ်ခါမှ #ဒဏ်ရိုက်ခံရ

စလုံးအလာမှာ ကိုယ့်မှာလည်း ပစ္စည်းသယ်စရာမရှိတော့ စရိတ်လေး သက်သာပါစေတော့ဆိုပြီး ကီလိုရောင်းတဲ့သူတွေ အကောက်ခွန်ပေးဖို့ မကြေငြာတဲ့အတွက် ဒဏ်ရိုက်ခံရတာနဲ့၊ တားမြစ်ပစ္စည်းသယ်လာလို့ အဖမ်းခံရတာနဲ့ ကီလိုလေးရောင်းမိပါတယ် ထောင်ထဲရောက်တဲ့ သူတွေလည်း ရှိနေတော့ ဒီသတင်းကို မျှဝေလိုက်ပါတယ်။

၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်းမှာ စင်ကာပူနိုင်ငံအဝင် ကာစတန်ဖြတ်တဲ့အခါမှာ သယ်လာတဲ့ ပစ္စည်းတွေဟာ စီးပွါးအတွက် သယ်လာမှန်း ငြင်းမရတဲ့အခါ အခွန်ရှောင်တိမ်းမှုအတွက် ဒဏ်ငွေ ရိုက်ခဲ့တဲ့ case တွေအတွက် စင်ကာပူဒေါ်လာ ၇ သန်းကျော် ရှိနေပြီလို့ သတင်းမှာရေးထားပါတယ်။

၇ သန်းကျော်ဆိုတာက အထူးဆန်းကြီးတော့ မဟုတ်ပါဘူး။ တရုတ်ကလာတဲ့ လေယာဉ်တွေမှာ မိတဲ့ ပစ္စည်းတွေနဲ့ မလေးရှား ဘက်ခြမ်းကနေ ခိုးသယ်လာတဲ့ ပစ္စည်းတွေ ပေါင်းလိုက်ရင် ၇ သန်းဆိုတာထက် လွတ်နေသေးတဲ့ ပစ္စည်းတွေက အများကြီးပါ။

၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း လေကြောင်း၊ ကုန်းလမ်းနှင့် ရေကြောင်း စစ်ဆေးရေးဂိတ်များမှာ အခွန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (GST) ကို ရှောင်တိမ်းဖို့ ကြိုးစားခဲ့တဲ့ ခရီးသွား #၂၃၇၄၂ ဦးကို ဖမ်းဆီးရမိပြီးနောက် စင်ကာပူဒေါ်လာ ၇.၁ သန်းကျော် (အမေရိကန်ဒေါ်လာ ၅.၄ သန်း) ဒဏ်ကြေးချမှတ်ခဲ့ကြောင်း စင်ကာပူအကောက်ခွန်ဌာနက တနင်္လာနေ့ (ဒီဇင်ဘာ ၁ ရက်) မှာ ကြေငြာခဲ့ပါတယ်။

အဲ့ဒီ ဒဏ်ငွေပမာဏဟာ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကာလတွေထက် အများကြီးတက်လာသလို ခရီးသွား ၂၀၂၄ မှာ ၁၃,၀၉၉ ဦး ဖမ်းစီးခဲ့သလို ၂၀၂၃ မှာက ၇,၁၃၉ ဦးကို ဖမ်းဆီးခဲ့ပြီး စင်ကာပူဒေါ်လာ ၃.၄၇ သန်းနှင့် စင်ကာပူဒေါ်လာ ၂.၃ သန်း အသီးသီး ဒဏ်ငွေချမှတ်ခဲ့တာပါ။ ၂၀၂၅ မှာတော့ မြင်တဲ့အတိုင်း ဖမ်းမိတဲ့ ဦးရေရော ဒဏ်ငွေပါ အများကြီးတက်လာတယ်ဆိုတော့ အရမ်းကို ဖမ်းနေတယ်ဆိုတာ သိသာပါတယ်။

ဒီလို ပိုဆိုးလာတဲ့ အခွန်ရှောင်တဲ့ case တွေနဲ့ ပတ်သက်လို စင်ကာပူအကောက်ခွန်ဌာနက CNA ရဲ့ မေးမြန်းချက်ကို ဖြေကြားရာတွင် “လွန်ခဲ့တဲ့ နှစ်များတစ်လျှောက် ခရီးသွားအရေအတွက် တိုးလာလို့ စစ်ဆေးရေးဂိတ်အားလုံးမှာ စစ်ဆေးမှုများ တိုးမြှင့်လာခဲ့ပါတယ်” လို့ ဖြေထားပါတယ်။

အကောက်ခွန်လိမ်တာမျိုး သို့ မှားယွင်းစွာ သို့မဟုတ် မပြည့်စုံသော အခွန်ကြေငြာချက်များအတွက် အများဆုံး စင်ကာပူဒေါ်လာ ၅၀၀၀ ဒဏ်ကြေးပေးဆောင်ရတဲ့ ပြစ်မှုကျူးလွန်သူအရေအတွက်ဟာ ၂၀၂၄ နှင့် ၂၀၂၃ ခုနှစ် အလားတူကာလများမှာ ၄၆ ဦး နဲ့ ၅၁ ဦး ရှိခဲ့တာကို ယခုနှစ် ပထမ ၁၀ လ အရေအတွက်နဲ့ နှိုင်းယှဉ်မယ်ဆို.င်တော့ ၁၄၂ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
ပျှမ်းအနေနဲ့ ကြည့်မယ်ဆိုရင် တစ်ရက်ကို ၄ ဦးကနေ ၅ဦးထိ ဖမ်းနေတာ သိနိုင်ပါတယ်။

ကာစတန် စစ်ဆေးရေးဂိတ်များမှာ အခွန် သို့မဟုတ် GST ကို ရှောင်တိမ်းခြင်းဟာ ကြီးမားတဲ့ပြစ်မှုတစ်ခုဖြစ်ကြောင်း အကောက်ခွန်ဌာနက ပြောခဲ့သလို ဒဏ်ငွေကနေ ရရှိလာတဲ့ ငွေတွေဟာလည်း စင်ကာပူနိုင်ငံပိုင်ဖြစ်ပြီး အခွန်တာဝန်ကျေတဲ့ နိုင်ငံအတွင်းက ဒေသခံကုမ္ပဏီများအတွက် တရားမျှတတဲ့ စျေးကွက် ယှဉ်ပြိုင်မှုကို ပံ့ပိုးပေးမယ်လို့ သိရပါတယ်။

"ကျွန်တော်ဟာ ဥပဒေကို ရည်ရွယ်ချက်ရှိရှိနဲ့ ချိုးဖောက်သူများအပေါ် အပြင်းထန်ဆုံးပြစ်ဒဏ်များ ချမှတ်ခြင်းအပါအဝင် ပြစ်မှုကျူးလွန်သူအားလုံးကို ကျွန်တော်တို့ဘက်က ထိထိရောက်ရောက် ခအရေးယူသွားမှာပါ”

အခုနှစ်ထဲမှာ အခွန်ရှောင်ဖို့ ခိုးသယ်လာတဲဲ ပစ္စည်းအများစုကတော့ စက်ယန္တရားအစိတ်အပိုင်းများ၊ အဝတ်အစားနှင့် ဆက်စပ်ပစ္စည်းများ၊ Skin care products ပစ္စည်းများကဲ့သို့သော စားသုံးသူထုတ်ကုန်များ၊ စီးကရက်နှင့် အရက်ကဲ့သို့သော စီးပွားဖြစ်ကုန်ပစ္စည်းများ ပါဝင်လေ့ရှိကြောင်း အကောက်ခွန်ဌာနက မှတ်ချက်ပြုခဲ့ပါတယ်။

ဒီ case တွေထဲက အမှုတစ်ခုကတောဘ အောက်တိုဘာ ၁၇ ရက်မှာ ဘန်ကောက်မှ ရောက်ရှိလာတဲ့ အမျိုးသမီးခရီးသွားတစ်ဦးဟာ အိတ်တစ်လုံး၊ ပိုက်ဆံအိတ်တစ်လုံးနှင့် လက်ဝတ်ရတနာပစ္စည်းအပါအဝင် ဇိမ်ခံပစ္စည်းအသစ်များကို မကြေငြာသည့်အတွက် စင်ကာပူဒေါ်လာ ၅၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

"နိုင်ငံခြားသား ဧည့်သည်များနဲ့ စင်ကာပူမှာ နေထိုင်သူများ အပါအဝင် ခရီးသွားများဟာစင်ကာပူနိုင်ငံအတွင်းကိူ ယူဆောင်လာတဲ့ ကုန်ပစ္စည်းအားလုံးအတွက် GST ကောက်ခံမှာဖြစ်သလို မည်သည့် နိုင်ငံခြား ရောင်းဝယ်မှုမဆို ထပ်ဆင့်အခွန်ပေးဆောင်ရမယ်” လို့အကောက်ခွန်ဌာနက CNA ကို ပြောခဲ့ပါတယ်။
အကောက်ခွန် သို့မဟုတ် အထူးကုန်စည်ခွန်ကို လိမ်လည်လှည့်ဖြား.န် ရှောင်တိမ်းသူများ သို့မဟုတ် ဒီလိုမျိုး ကြိုးစားသူများကို ပြစ်မှုထင်ရှားပါက အခွန်ပမာဏရဲ့၂၀ ဆအထိ ဒဏ်ငွေနဲ့ GST ပေးရမှာဖြစ်သလို ထောင်ဒဏ် ၂နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

အခုလို အဖမ်းအဆီးအရမ်းများနေတဲ့အချိန်မှာ မြန်မာပြည်ဘက်က မိမိတို့ရဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ ဒီကို မလာဖူးသေးသူများအပါအဝင် ကီလို ရောင်းမယ်ဆိုရင်တော့ ဘာပစ္စည်းသယ်ရမှာလဲ၊ အခွန်လွတ်ရဲ့လား၊ တားမြစ် ပစ္စည်းလား အရင်သိပြီးမှ စိတ်ချရမှ သယ်ကြပါ။

နို့မိုဆိုရင်တော့ ကီလိုရောင်းရတဲ့ငွေရဲ့ အဆပေါင်းများစွာ ဒဏ်ငွေပေးဆောင်ရမှာဖြစ်သလို ကံမကောင်းရင် ထောင်ပါကျနိုင်ပါတယ်။

Onboard ရောက်ရှိနေသော မြန်မာ သင်္ဘော သား များ အတွက် PSSR online course အသိပေးခြင်းDMA departure list ထဲရှိသူသာဖြေလို့ရပါ...
05/12/2025

Onboard ရောက်ရှိနေသော မြန်မာ သင်္ဘော သား များ အတွက် PSSR online course အသိပေးခြင်း

DMA departure list ထဲရှိသူသာဖြေလို့ရပါတယ်။

မိမိ ကိုယ်တိုင် application ကို iOS version နှင့်Android version အတွက် Download လုပ်၍တက်ရောက်နိုင်ပါပြီ။

Google Play Store Link:
https://play.google.com/store/apps/details?id=com.yammobot.openeddoorseafarer

App Store Link:
https://apps.apple.com/mm/app/openeddoor-seafarer/id6755544892

စာရင်းပေးသွင်းစရာ မလိုအပ်ပဲ
SIRB , NSB Number တို့ဖြင့် မိမိ ဘာသာ Certificate ရရှိသည် အထိ တက်ရောက်နိုင်ပါပြီ ။
Certificate ကို download လုပ်ထားပြီး inspection လာလျှင် certificate ကိုပြလို့ရပါတယ်။ contract ပြည့်၍ sign off လုပ်ပြီးမြန်မာပြည်ပြန်ရောက်လျှင် နီးစပ်ရာ training centre တွင် လူကိုယ်တိုင်တက်ရောက်ရမည်ဖြစ်သည်။
Online သင်တန်းအတွက် fees ပေးစရာ မလိုပါ။ 1-01-2026 မတိုင်မှီ certificate အားin hand ဖြစ်ရန်လိုအပ်ပါသည်။

https://dmaportal.wordpress.com/wp-content/uploads/2025/12/seafarer_application_manual_updated40271125-1.pdf?fbclid=IwZnRzaAOc_1pleHRuA2FlbQIxMQBzcnRjBmFwcF9pZAo2NjI4NTY4Mzc5AAEeNLgJpZKiahrC36-JSuJUdlXeTc1fzrpX_JF6Pd8ZCjcPzR5lwNOuZUAZXxU_aem_XnXb_a6IeGv4hLAzXWeB8A

TEUs ၇ သန်း ကျော် ကို စီမံခန့်ခွဲတဲ့ပထမဆုံး ကုန်သေတ္တာ သင်္ဘောလုပ်ငန်းအဖြစ် ဆွဇ် အ‌ခြေစိုက် MSC သမိုင်းသစ် စိုက်ထူလိုက်က...
30/11/2025

TEUs ၇ သန်း ကျော် ကို စီမံခန့်ခွဲတဲ့
ပထမဆုံး ကုန်သေတ္တာ သင်္ဘောလုပ်ငန်း
အဖြစ် ဆွဇ် အ‌ခြေစိုက် MSC
သမိုင်းသစ် စိုက်ထူလိုက်ကြောင်း
Alpha Liner က ထုတ်ပြန်ကြေငြာ

TEUs ၁၄၀၀၀ ကနေ ၁၆၀၀၀ ရှိတဲ့
သင်္ဘော အသစ် ၃၃စီးရေချပြီး...
၁၅ လ အတွင်း TEUs ၆ သန်းကနေ
၇ သန်းကျော်သွားတာပါ...

သင်္ဘော အသစ်တွေ ရေထပ်ချပြီး
နှစ်ချို့ သင်္ဘောတွေကို လျော့ချတဲ့
အစီအစဉ်တွေလည်း ပြင်ဆင်နေတယ်
လို့ သတင်းများမှာ ဖော်ပြ...

MSC ရဲ့ Fleet တိုးချဲ့ခြင်း
သင်္ဘောတွေ ငှားရမ်းခြင်း...
အသစ် ထပ်ဆောက်ခြင်း...
တစ်ပတ်ရစ်တွေ ဝယ်ခြင်း... ဖြင့်
ချဲ့ခဲ့တာပါ...

MSC ရဲ့ ဈေးကွက် ရှယ်ာာအရ ၂၁.၂%
ရှိနေပြီး.... Maersk ကတော့ ၁၃.၉% သာ
ရှိနေပါသေးတယ်...

ထူးခြားချက်ကတော့...
ကုန်သေတ္တာ သင်္ဘောတွေ အရေအတွက်
တိုးနေလင့်ကစား... ပိုလို့ အသုံးမပြုဘဲ
ရပ်ထားရတဲ့ သင်္ဘော မရှိသလောက်
ဖြစ်နေတာပါဘဲ...

အသစ် အမှာစာချထားတဲ့ စာရင်းအရ
CMA CGM က ကမ္ဘာ့ထိပ်တန်း နံပါတ် ၂
နေရာကို မကြာခင် ရောက်သွားဖို့
မကြာခင်မှာ ဖြစ်နေပါပြီ

Credit Alphaliner Data

https://gcaptain.com/msc-shatters-industry-record-becomes-first-carrier-to-command-7-million-teu-fleet-capacity/

Photo Courtesy

Bulker 'Bulk Carrier' ဝမ်းပုံလောင်း သင်္ဘော တွေ‌အရောင်းအဝယ် ဈေးကောင်းရ...တိုင်ဝမ် ပိုင်တဲ့ Kamsarmax အရွယ်DWT ၈၂၀၀၀ တန် ...
30/11/2025

Bulker 'Bulk Carrier'
ဝမ်းပုံလောင်း သင်္ဘော တွေ
‌အရောင်းအဝယ် ဈေးကောင်းရ...

တိုင်ဝမ် ပိုင်တဲ့ Kamsarmax အရွယ်
DWT ၈၂၀၀၀ တန် '၂၀၁၂' ခု မှာ
ရေချထားတဲ့ New Ascent သင်္ဘောကို
USD ၁၉.၉ သန်းနဲ့ ရောင်းထွက်ခဲ့ပါတယ်

Supramax အရွယ် တူရကီ ပိုင်ရှင်ရဲ့
DWT ၅၇၀၀၀ တန် ၂၀၁၂ ရေချထားတဲ့
သင်္ဘော Karadeniz S ကို...
ယခင်လ sister ship ကို ရောင်းဈေးထက်
၁ သန်းနီးပါးပိုတဲ့ USD ၁၄.၂၅ သန်း နဲ့
ရောင်းထွက်ခဲ့ပါတယ်...

Bulker အသေး တွေလည်း
ဈေးတက်ခဲ့ပြီး ... စင်ကာပူ Raffle ပိုင်
DWT ၃၂၀၀၀ တန် ၂၀၁၂ ခု ရေချခဲ့တဲ့
Arawana ကို USD ၉.၅ သန်းနဲ့ အရောင်း
အဝယ် ဖြစ်ခဲ့လို့ ... ယခင် Sister Ship
Symphony ထက် ပိုရခဲ့ပါတယ်

Credit

https://splash247.com/bulker-values-edge-higher-as-buying-interest-firms/

Photo Courtesy

ယခု ဆယ်စုနှစ် အတွင်း သင်္ဘော လုပ်ငန်း ပိုင်ရှင် တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကတော့အရည်အချင်းရှိတဲ့ သင်္ဘောသားလိုအပ်ချက...
30/11/2025

ယခု ဆယ်စုနှစ် အတွင်း
သင်္ဘော လုပ်ငန်း ပိုင်ရှင် တွေ
အတွက် ကြီးမားတဲ့ စိန်ခေါ်မှုကတော့
အရည်အချင်းရှိတဲ့ သင်္ဘောသား
လိုအပ်ချက် အမြောက်အများ
ရှိနေတာပါဘဲ... 🏃

ထိုသို့ လိုအပ်နေကြောင်း ကို
ဟောင်ကောင်မှာ လုပ်တဲ့
ရေကြောင်းရက်သတ္တပတ် ပွဲ
တွင် ထပ်လောင်း တင်ပြခဲ့ကြပါတယ်

သင်္ဘော အရေအတွက်များလာတာ
နည်းပညာ တိုးနက်ပြောင်းလဲမှုမြန်လာတာ
တွေကြောင့် အရည်အချင်းပြည့်ဝတဲ့
သင်္ဘောသားလိုအပ်ချက်က အာရှကနေ
ဥရောပ အထိ တူတူဘဲလို့ ဆိုပါတယ်

၂၀၂၆ မှာ တင် အရာရှိ ပိုင်းတင်
ရှိနေတဲ့ အရေအတွက်ထက် ပို၍
လိုအပ်ချက် ၉၀၀၀၀ ကျော်နိုင်ပါတယ်

EPS လို သင်္ဘောပိုင်ရှင်အုပ်စု
တစ်ခုတည်းတင် fleet expansion
လုပ်ငန်း တိုးချဲ့မှု အတွက်
သင်္ဘောသား ၁၀၀၀၀ လိုအပ်မယ်လို့
ဆိုပါတယ်...

အာဖရိက ကင်ညာ လိုနိုင်ငံမျိုးကနေ
သင်္ဘောသား များစခေါ်နေရပါပြီ

BSM လို ထိပ်တန်း သင်္ဘောသား နဲ့
သင်္ဘောတွေ စီမံအုပ်ချုပ်တဲ့ ကုမ္ပဏီကြီး
အတွက်... လိုနေတဲ့ သင်္ဘောသားတွေကို
နိုင်ငံပေါင်း ၉၅ နိုင်ငံကနေ ခေါ်နေတယ်လို့
ဆိုပါတယ်...

မူရင်း ဆောင်းပါးက စိတ်ဝင်စားဖို့
ကောင်းပြီး အချိန်ရရင် ထပ်ရေးပါ့မယ်

Credit

https://splash247.com/shipping-broadens-the-search-for-seafarers/

Photo Courtesy

30/11/2025

⚠️ Oxygen Dropped to Just 6%—How an Overlooked Hazard and Improper Cargo Handling Led to a Tragic Double Fatality at Sea

Address

Yangon

Website

Alerts

Be the first to know and let us send you an email when White Gulf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share