Su Dana Pyae

Su Dana Pyae Free Airdrop

Yes
21/04/2024

Yes

I can"t wait
17/04/2024

I can"t wait

28.2.2024ICE
28/02/2024

28.2.2024
ICE

04/01/2024

#ခင်ချင်လို့ တွေမပို့ပါနဲ့😬

#အကောင့်ဖွင့်မလို့ refer ယူချင်တယ် သာပို့လိုက်🛍️

#ဘဒ္ဒကမ္ဘာမှာ🌍

ငါတို့တွေအရင်းနှီးဆုံးမိတ်ဆွေဖြစ်ပြီပဲ🤢

Crd 😆

🏆 Free airdrop 🏆https://www.btcs.fan/invite/83cs6🏆My team 17 ယောက် တယောက်ချင်းစီ အကုန်သိပီးသား မို့ငွေထုတ်ဖို့ စိတ်မပူနဲ...
19/12/2023

🏆 Free airdrop 🏆
https://www.btcs.fan/invite/83cs6
🏆My team 17 ယောက် တယောက်ချင်းစီ အကုန်သိပီးသား မို့
ငွေထုတ်ဖို့ စိတ်မပူနဲ့ ပုံမှန်လေး claim ပေး😍🏆

🏆 မလုပ်ရသေးရင် လာမေးနော် အသေးစိတ် နားလည်သည် အထိ ရှင်းပြမယ်




30/09/2023

အမျိုးမျိုးတွေနော်... page တစ်ခုက တင်ထားတာကို copy ထားတာပါ...အဓိကအကြောင်းအရာကိုပဲ သိစေချင်တာမို့လိပ်စာတွေ ဖုန်းတွေဖျက်ထားလိုက်ပါတယ်

အွန်လိုင်းလုပ်ငန်းရှင် (Online Sales) များ
e-Commerce Registration မှတ်ပုံတင်ခြင်း

✅ စတင်လျှောက်ထားနိုင်မည့်နေ့ - (၂.၁၀.၂၀၂၃)

✅ မှတ်ပုံတင်ကြေး ဘယ်လောက်သွင်းရမလဲ??
(31.12.2023) ရက်နေ့အတွင်း မှတ်ပုံတင်သူများ မှတ်ပုံတင်ကြေး (ကင်းလွတ်ခွင့်) ရရှိပါမယ်

(1.1.2024) ရက်နေ့မှ စတင်၍ မှတ်ပုံတင်သွင်းသော လုပ်ငန်းများအနေဖြင့် "မှတ်ပုံတင်ကြေး" နှင့် "Online Application Form ကြေး" ကို Digital ငွေပေးချေမှုစနစ်ဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်

Social Media ဆိုရာမှာ Facebook အပြင် Twitter, Tiktok, Instagram, Wechat, Line, Viber ကဲ့သို့သော အများပြည်သူသုံး Social Media ပလပ်ဖောင်းများလည်းပါဝင်ပါတယ်

စည်ပင်လိုင်စင် အခြားလိုင်စင်ရှိသူများ လျှောက်ဖို့လိုလား??
လိုအပ်ပါတယ်။ SME Member ဖြစ်ဖို့လည်း လိုအပ်သလို eComReg မှာလည်း Online Sales မှတ်ပုံတင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်

ဘာအချက်အလက်တွေ ကြိုတင်ပြင်ဆင်ထားရမလဲ
- လုပ်ငန်းတည်ရှိရာ နေရပ်လိပ်စာ
- လုပ်ငန်းတည်ရှိကြောင်း ရပ်ကွက်ထောက်ခံစာ
- လုပ်ငန်းတည်ရှိကြောင်း ရဲစခန်းထောက်ခံစာ
- လုပ်ငန်း & လုပ်ငန်းရှင်အမည် (MM & Eng)
- လုပ်ငန်းရှင်ကိုယ်ရေးအချက်အလက် နှင့် ဓာတ်ပုံ
- ကုမ္ပဏီအချက်အလက် (ကုမ္ပဏီဖြစ်မှ လိုအပ်)
- လုပ်ငန်း Logo၊ မူပိုင်ခွင့်မှတ်တမ်း(ရှိပါက)
- Social Media Page or Acc - Web (or) URL
- Mobile App ဖြစ်ပါက App Store URL
- လုပ်ငန်းအမျိုးအစား၊ ကုန်ပစ္စည်းအမျိုးအမည်
- ဆက်သွယ်ရန် လုပ်ငန်းသုံး Email & ဖုန်းနံပါတ်
- e-Commerce အမျိုးအစား (B2B or B2C)
- အသုံးပြုမည့် Delivery လုပ်ငန်းအမည်
- ဝန်ထမ်းအရေအတွက်

✅ မှတ်ပုံတင်ပြီးနောက် ဘာပြန်ရမလဲ?
စီး/ကူးဝန်ကြီးဌာနမှ "Certificate of Online Sales Registration" ဒစ်ဂျစ်တယ်မှတ်ပုံတင်လက်မှတ် ထုတ်ပေးပါတယ်

✅ မှတ်ပုံတင်သက်တမ်း - ကနဦး (၆) လ ရရှိပါမယ်
✅ သက်တမ်းတိုး - (၁) နှစ် (၁) ကြိမ် သက်တမ်းတိုးရပါမယ်

✳️ လျှောက်ထားနိုင်သူများ (Entity) အနေဖြင့်
(၁) ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းများ
(၂) Individual တစ်ဦးချင်း စီးပွားရေးလုပ်ငန်းရှင်များ ဟူ၍ အမျိုးအစား (၂)မျိုး လျှောက်ထားနိုင်မည်ဖြစ်ပါတယ်။

🆘 ဘယ်သူတွေ မှတ်ပုံတင်ရမလဲ -
ပြည်တွင်းအခြေပြုသည်ဖြစ်စေ၊ ပြည်ပအခြေပြုသည်ဖြစ်စေ မြန်မာနိုင်ငံတွင်နေထိုင်သူများအား ဦးတည်လုပ်ကိုင်သည့် ကုန်ပစ္စည်း (or) ဝန်ဆောင်မှုရောင်းချသူများအားလုံး မှတ်ပုံတင်ရပါမယ်
- Social Influencer များ
- Content Creator များ
- ကုန်စည်အရောင်းဆိုင်များ
- ဝန်ဆောင်မှုလုပ်ငန်းရှင်များ
- အကျိုးဆောင်/ပွဲစားလုပ်ကိုင်သူများ
- အွန်လိုင်းမှဟောပြောတဲ့ ဗေဒင်၊ အကြားအမြင်ဆရာကဲ့သို့သော ပညာရှင်များ
- Online အသုံးပြု၍ ဝင်ငွေရရှိသူများအားလုံး ပါဝင်ပါတယ်

✅ မှတ်ပုံတင်သွင်းရာမှာ မိမိလုပ်ကိုင်သည့် လုပ်ငန်းအမျိုးအစားအလိုက် ရွေးချယ်နိုင်မည့်
(၁) ကုန်စည်အမျိုးအစား အုပ်စု (၁၇) စု
(၂) ဝန်ဆောင်မှုအမျိုးအစား အုပ်စု (၂၀) စု ခွဲခြားသတ်မှတ်ပေးထားပါတယ်

✅ ကုန်စည်အုပ်စု (၁၇) စု၊ ဝန်ဆောင်မှုအုပ်စု (၂၀) စု နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်
လိုအပ်သူများ ☎️ 092035301 (Viber) ☎️ သို့ အသေးစိတ်စာရင်းမှတ်တမ်း (Detail) လာရောက်ရယူနိုင်ပါတယ်

✅ မှတ်ပုံတင်သွင်းခြင်း အကျိုးကျေးဇူး
ပြဌာန်းဥပဒေများနှင့် အမိန့်ကြေညာချက်များအရ ထုတ်ပြန်ထားသော ဥပဒေ နှင့် ညွှန်ကြားချက်များရဲ့ အကာအကွယ်ကို အပြည့်အဝရရှိမှာဖြစ်ပါတယ်

🆘 မှတ်ပုံ(မ)တင်သွင်းခြင်းအတွက် ပြစ်ဒဏ်
အမိန့်ကြော်ငြာစာကို (21.7.2023) မှာ ထုတ်ပြန်ခဲ့ပါတယ်
***"အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် (21.1.2024) နေ့ရက်မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ အရေးယူခြင်းခံရမည်"

"အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေ" ပုဒ်မ (၅)
"မည်သူမဆို ပုဒ်မ (၄) အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် (၆) လမှ အများဆုံးထောင်ဒဏ် (၃) နှစ်အထိ ချမှတ်ရမည့်ပြင် ကျပ် ငါးသိန်းထက် မပိုသောငွေဒဏ်လည်းချမှတ်ခြင်းခံရမည်။"

🆘 စားသုံးသူကာကွယ်ရေးဥပဒေ၊ FDA Rules ကဲ့သို့သော ဥပဒေနှင့် ညွှန်ကြားချက်များဖောက်ဖျက်ရင်လည်း မှတ်ပုံတင်ဆိုင်းငံ့ခြင်း၊ ပါယ်ဖျက်ခြင်းများ ပြုလုပ်ခံရမှာဖြစ်ပြီး မှတ်ပုံတင်မထားပါက တိုင်တန်းခံရလျှင် စိစစ်အရေးယူခြင်းများ ဆောင်ရွက်ခံရမှာဖြစ်ပါတယ်

မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအနေဖြင့် ရောင်းသူမှ ဖော်ပြရန်လိုအပ်သောအချက်အလက်များကို စည်းကမ်းသတ်မှတ်ပေးထားပြီး လိုက်နာရန်ပျက်ကွက်ပါက နစ်နာသူ (Or) သိရှိသူတစ်ဦးဦးက တိုင်တန်းလျှင် စိစစ်အရေးယူခြင်းများ ဆောင်ရွက်ခံရမှာဖြစ်ပါတယ်

04/07/2023

အကြံဉာဏ်ဖြင့် ကြီးပွားရေး // ရွှေဥ​​ဒေါင်း

​အနှစ်ချုပ်

(၁) ပြင်းပြ​တဲ့ ဆန္ဒရှိပါ

အောင်မြင်ဖို့ ပြင်းပြ​တဲ့ ဆန္ဒရှိရပါမယ်။ ​ဝေ​လေ​လေ သူများ​​ပြောလို့ လိုက်​ပြောတာမျိုး မဟုတ်ပဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ​ရဲရဲတောက် အောင်မြင်ချင်စိတ်​တွေ ပြင်းပြ​နေရပါမယ်။ ​

အောင်မြင်ဖို့ ကိုယ်ရည်မှန်းထား​တဲ့ ​ပန်းတိုင်ကို ​သေ​သေချာချာ တိတိကျကျ သိရပါမယ်။ ဥပမာ ချမ်းသာချင်တယ် ဆိုပါစို့။ ​ငွေဘယ်လောက် ချမ်းသာချင်တယ်၊ ဘယ်​အချိန်​အ​တော​အတွင်းမှာ ချမ်းသာချင်တယ် စသဖြင့် ​အသေးစိတ် သတ်မှတ်ထားရပါမယ်။

(၂) ယုံကြည်မှု ရှိပါ

အောင်မြင်လာ​တဲ့လူ​တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ​အ​ပြည့်ရှိကြပါတယ်။ မဆုတ်မနစ် ယုံကြည်မှု​အ​ပြည့်​နဲ့ ကြိုးစား​အားထုတ် ​​​ရှေ့ဆက်လျှောက်ကြပါတယ်။

(၃) ​အထုံပါအောင် နှလုံးသွင်းပါ

ကိုယ့်​ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို မသိစိတ်ထဲထိ ​အထုံပါအောင် ထပ်တလဲလဲ ​​နေ့တိုင်း ပွားများ နှလုံးသွင်းရပါမယ်။ မသိစိတ်ထဲထိ ​အရိုးစွဲသွားပြီဆိုရင်​​တော့ ပန်းတိုင်ကို ဦးတည်​တဲ့ လုပ်ငန်း​တွေကို ​အလိုလို တွေးမိ လုပ်မိ​သွားပါတယ်။

(၄) ပညာရှင် ဖြစ်အောင်လုပ်ပါ

တိုးတက်ကြီးပွားဖို့ ​အတွက် နယ်ပယ် တစ်ခုခုမှာ ပညာရှင်​အဆင့်ဖြစ်​နေဖို့ လိုပါတယ်။ ပညာရှင် ဖြစ်တယ်ဆိုတာ တက္ကသိုလ်က ​ဘွဲ့ရတာကိုမှ ဆိုလိုတာ မဟုတ်ပါဘူး။ ​ဘွဲ့မရ​​ ကျောင်းမပြီးလည်း ကိုယ် ​အသက်မွေး​တဲ့ နယ်ပယ်မှာ ​အထွဋ်​အထိပ်ရောက်အောင် ကျွမ်းကျင်​နေရင် တိုးတက်ကြီးပွားနိုင်ပါတယ်။

(၅) စိတ်ကူးဉာဏ် ကွန့်မြူးပါ

​အလုပ်လုပ်ရာမှာ သမားရိုးကျ ​​လမ်းအို ​မလိုက်ပဲ ​အသစ်ထွင်တာမျိုး၊ ဖက်စပ်တီထွင်တာမျိုး​တွေ လုပ်နိုင်ဖို့ စိတ်ကူးဉာဏ်ကို ကွန့်မြူး ​အသုံးချ တတ်ဖို့ ​​လိုပါတယ်။

(၆) ​အသေးစိတ် စီ​မံချက် ဆွဲပါ

ပန်းတိုင်ရောက်ဖို့ အောင်မြင်ဖို့ ဘယ်လိုကြိုးစားမယ်ဆိုတာကိုလည်း ​အသေးစိတ် တစ်ဆင့်ချင်း ကြိုတင် စဥ်းစားထားပြီး စီ​မံချက် ဆွဲ ထားဖို့ လိုပါမယ်။

(၇) ဆုံးဖြတ်ချက် ခိုင်မာပါ

အောင်မြင်​တဲ့သူ​တွေဟာ ဆုံးဖြတ်ချက်ကို မတွန့်မဆုတ် လျင်လျင်​မြန်​မြန် ချတတ်ပြီး ချပြီးသား ဆုံးဖြတ်ချက် ကို ​ပြန်ပြင်ဖို့​​တော့ ကြန့်ကြာတတ်ပါတယ်။ ဘယ်သူ ဘာ​ပြော​ပြော ချထား​တဲ့ ဆုံးဖြတ်ချက်​အတိုင်း ပန်းတိုင် ရောက်​တဲ့ ​အထိ သတ္တိရှိရှိ လျှောက်လှမ်းကြပါတယ်။

(၈) ဇွဲ​​ကောင်းပါ

ရည်မှန်းချက်​အတွက် ပြင်းပြ​တဲ့ ဆန္ဒ၊ ​အသေးစိတ် စီ​မံချက်​တွေ ရေးဆွဲပြီးပြီဆိုတာ​နဲ့ ​အဆိုးမြင် မ​​ကောင်း​ပြော ဘေးထိုင် ဘု​တော​​နေ​တဲ့သူတွေကို စိတ်ထဲမ​ထည့်ပဲ ကိုယ့်​အ​​ပေါ် ယုံကြည်ကိုးစား ​အားထားသူ​တွေ​အတွက် ဇွဲ​​ကောင်း​​ကောင်း​နဲ့ ​အရှုံးမပေး ​အားမလျှော့ပဲ ကြိုးစားရမှာပါ။

(၉) လူ​​တော်များနှင့် ​အသင်း​ဖွဲ့ပါ

ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့ စိတ်တူကိုယ်တူ လူ​​တော်​တွေ​နဲ့ ​အသင်း​ဖွဲ့ပြီး ​အ​​ကောင်​အ​ထည်​​ဖော်ရပါမယ်။

(၁၀) လိင်စိတ်စွမ်း​အားကို ​​အသွင်​​ပြောင်း အသုံးချပါ

လိင်စိတ်​ရဲ့ ပြင်းပြ​တဲ့စွမ်း​အား​တွေက​နေ တစ်ဆင့် စိတ်ကူးဉာဏ်၊ တီထွင်ဉာဏ်၊ ​အနုပညာဉာဏ်၊ သတ္တိ၊ စိတ်စွမ်း​အား၊ ဇွဲ တွေရအောင် စွမ်းအင် အသွင်​​ပြောင်းပြီး အောင်မြင်အောင် ကြိုးစားလို့ ရပါတယ်။

နားလည်လွယ်အောင် ဥပမာ​ပေးရရင် ကိုယ် ​ဘောလုံး​ကန်​နေတုန်း ကိုယ်တစ်ဖက်​သတ်ကြိုက်​နေတဲ့ ​​ကောင်မ​လေးက လာ​အား​ပေးတာကို ​တွေ့တဲ့​အခါ ​ခြေစွမ်းပြချင်စိတ်​တွေ ​ပေါ်လာတာ၊ ဘယ်က​နေဘယ်လိုရမှန်းမသိတဲ့​ အား​အင်တွေနဲ့ သက်​လုံပို​​ကောင်း၊ စွမ်း​ဆောင်ရည်ပို​​ကောင်းလာကြတာမျိုးပါ။ ​နောက်ပြီး ​​အချစ်​​နဲ့.တွေ့တဲ့​အခါတို့၊ အသည်းကွဲတဲ့​အခါတို့ မှာ သီချင်း​​ကောင်းလ​တွေ ​ရေးနိုင်ကြတဲ့ ​​တေး​ရေးသမား​တွေလည်း ​ဒီထဲမှာ အကျုံးဝင်မယ် ထင်ပါတယ်။

(၁၁) မသိစိတ် ​​နဲ့ သိစိတ် ဦးနှောက်ကို ​​လေ့ကျင့် ထိန်းချုပ်ပါ

မသိစိတ်ထဲမှာ ရှိ​နေတတ်​တဲ့ မ​​ကောင်း​တဲ့ စိတ်​ခံစားမှု​တွေဖြစ်​တဲ့ ​သံသယစိတ်၊ ကြောက်စိတ်၊ မနာလိုစိတ်၊ ​အမုန်းတရား၊ လက်စား​ချေချင်စိတ်၊ ​မ​​တော်လောဘစိတ်၊ ​အယူသီးစိတ်၊ ​ဒေါသစိတ် ​တွေကို သတိ​နဲ့ဖယ်ရှားပြီး ​​ကောင်း​တဲ့ စိတ် ​ခံစားမှု​တွေဖြစ်​တဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်၊ ချစ်ခြင်း မေတ္တာစိတ်၊ စိတ်​အားထက်​​သန်မှု၊ မျှော်လင့်ချက်​နဲ့ ဆန္ဒပြင်းပြမှု စ​တဲ့ စိတ်​တွေကို မသိစိတ်ထဲထိ ​အထုံပါအောင် မွေးမြူ ထိန်း​​ကြောင်းရပါမယ်။

မသိစိတ်ထဲက ထွက်​​​ပေါ်လာ​တဲ့ စိတ်​ခံစားမှု စွမ်းအင်​တွေဟာ သိစိတ် ဦးနှောက်ကို ​​မောင်းနှင်ဖို့ ​​လောင်စာ​တွေဖြစ်တာ​​ကြောင့် သတိပြု ဆင်ခြင်ဖို့ ​အရေးကြီးပါတယ်။

(၁၂) ဆဋ္ဌမအာရုံ မ​နောဓာတ် ကို မြှင့်တင်ပါ

ဆုံးဖြတ်ချက် မခိုင်မာမှု၊ ​သံသယစိတ်​နဲ့ ​အကြောက်တရား​တွေကို ​ဖြေဖျောက်ပြီး ​​​ရှေ့မှာ ဖြစ်လာနိုင်​တဲ့ ​အန္တရာယ်​တွေ ​အကျိုး​အပြစ်​တွေကို အမြင်ကြည်ကြည်​နဲ့ ဓမ္မဓိဌာန်ကျကျ မြင်နိုင်အောင် သမာဓိ​အား​​ကောင်း လာအောင် တရားထိုင်သင့်ပါတယ်။ သမာဓိ​အား​​ကောင်းတာ၊ မနောဓာတ်​ ဆဋ္ဌမအာရုံ ​နဲ့ အန္တရာယ်​ကို ကြိုတွေး ကြို​​ရှောင်နိုင်တာဟာလည်း အောင်မြင်​တဲ့သူ​တွေ​ရဲ့ စွမ်းပကား တစ်ခုပါပဲ။

23/05/2023

SPIRITUAL WISDOM
⁣⁣⁣
LEVEL 1: THE THOUGHT 💭 ⁣⁣⁣
⁣⁣⁣
"What you think you attract."
Thought is the first level through which the power of attraction is exercised. This power originates due to the electrical field of the brain. A prolonged thought for a certain period of time tends to become reality, for example, people who normally think of negative things attract negative situations into their lives.⁣⁣⁣
It also applies to the positive pole as long as there is no other level of attraction that is against it, for example there are people who think about money all day and still do not attract it. They do not attract it because they think of money and feel scarcity for not having it.⁣⁣⁣
⁣⁣⁣
LEVEL 2: THE DECREE 🗣 ⁣⁣⁣
⁣⁣⁣
"What you speak you attract".
⁣⁣⁣
The decree is the second level of attraction and has much greater power than thought.⁣⁣⁣
With the decree, the emitted sound energy is heard by all the cells of the body, which means that a much larger percentage of you is now working in your favor.⁣⁣⁣
If you visualize abundance for your life but you always talk about crisis, lack, scarcity, the reality is that what you talk about will attract into your life, even if it is a complaint.⁣⁣⁣

⁣⁣⁣ LEVEL 3: THE EMOTION🌟⁣⁣⁣
⁣⁣⁣
"What you feel you attract"

Level three of attraction is that of emotion. Every time you feel an emotion you are sending a magnetic signal to the universe.⁣⁣⁣
Emotion added to the decree or thought is more effective in creating your reality in less time.⁣⁣⁣
⁣⁣⁣
LEVEL 4: THE VIBRATION ✨♾⁣⁣⁣
⁣⁣⁣
"What you vibrate you attract"

Level four attraction is vibration. When you reach the point of vibration you attract more of that same frequency into your life. You vibrate in love and attract more love by manifesting better relationships. ⁣⁣⁣
When you have reached the point of vibration, you have manifested what is called a state of Being, the level of attraction at its best.

⁣⁣⁣
LEVEL 5: FLOW🍃
“Let all energy flow

Level 5 attraction is flow.
When human life comes your way, remember that everything happens for a reason. Let it flow. Give to the universe and ask for guidance from your higher self.

02/05/2023

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ

.... #လေးစားလျှက်
🙏🙏🙏🙏🙏

16/04/2023

ရန်ကုန်မှာ Bus ကားစီးမယ်ဆိုရင် ..

" ​ရွှေတိဂုံဘုရား " ကိုရောက်တဲ့နံပါတ်တွေ
8,11,77

✅ဗဟန်း၃လမ်းမှတ်တိုင်(ကမ္ဘာ​အေးဘုရားလမ်း)
➡️YBS - 8,12,28,29,36,61,82,87,95,
108,115,116,AIRPORT-SULE

" ကမ္ဘာ​အေးဘုရား "

✅ကမ္ဘာ​အေးဘုရားမှတ်တိုင်(ကမ္ဘာ​အေးဘုရားလမ်း)
➡️YBS - 6,10,28,30,36,43,55,79,83,88,96,96,97,99,
103,115,116,117,125,AIRPORT-SULE

" ဗိုလ်တစ်​ထောင်ဘုရား "

✅ဗိုလ်တစ်​ထောင်ဘုရားမှတ်တိုင်(ကမ်းနားလမ်း)
➡️YBS - 13,24,26,34,43,57,58,65,70,79,82,100,114

" ဆူး​လေဘုရား "

✅ဆူး​လေ(ဆူး​လေဘုရားလမ်း)
➡️YBS - 3,12,28,29,36,37,61,72,78,82,87,
104,105,107,108,110,118,AIRPORT-SULE

✅ဆူး​လေ(မဟာဗန္ဓုလလမ်း)
➡️YBS - 4,7,57,89(မင်းနန္ဒာ),89(မြင်​တော်သာ),111,
112,113,

" ​ကျောက်​တော်ကြီးဘုရား "

✅​ကျောက်​တော်ကြီးဘုရားမှတ်တိုင်(မင်းဓ္ဓမလမ်း)
➡️YBS - 76,126

✅​ကျောက်​တော်ကြီးမှတ်တိုင်(ပြည်လမ်း)
➡️YBS - 6,15(ပြည်လမ်း),37,43,44,55,77,90,96,97,
103,104,105,106,107

✅​စော်ဘွားကြီးကုန်းမှတ်တိုင်(အင်းစိန်ဘူတာရုံလမ်း)
➡️YBS - 6,11,15(ပြည်လမ်း),41,55,77,91,122,123,124

Credit YBS လမ်းညွှန်

မင်္ဂလာစျေးကို ရောက်တဲ့ နံပါတ်တွေ
၃၊ ၇၊ ၈၊ ၂၅၊ ၂၇၊ ၃၃

ယုဇနပလာဇာကို ရောက်တဲ့နံပါတ်တွေ
၃၊ ၉၊ ၂၀၊ ၂၅၊ ၂၇၊ ၃၃

အောင်မင်္ဂလာအဝေးပြေးဝင်း ကိုရောက်တဲ့နံပါတ်တွေ
၂၊ ၁၇၊ ၁၈

ပါရမီလမ်းကိုရောက်တဲ့နံပါတ်တွေ
၁၀၊ ၁၂၊ ၁၈၊ ၃၂

ပါရမီကိုရောက်တဲ့နံပါတ်
၃၀

နတ်မောက်လမ်းကို ရောက်တဲ့နံပါတ်


မြေနီကုန်းကိုရောက်တဲ့နံပါတ်တွေ
၁၁၊ ၂၀၊ ၂၁၊ ၃၅၊ ၃၇၊ ၃၉

လှည်းတန်းကိုရောက်တဲ့နံပါတ်တွေ
၂၁၊ ၃၅၊ ၃၇၊ ၃၉

ယာဉ်လိုင်း အမှတ် ၁ မှ ၆၀ အောက်ပါခရီးစဉ်လမ်းကြောင်းများပေါ်ရောက်ရှိနိုင်သော ယာဉ်လိုင်း အမှတ်များဖြစ်ပါတယ်။ ယာဉ်အမှတ် ဆုံပွိုင့်များဟာ ယာဉ်လိုင်းအမှတ်တစ်ခုမှအခြားတစ်ခုသို့ပြောင်းစီးနိုင်မယ့် transit point များဖြစ်ပါတယ်။

လှည်းကူးဈေးရှေ့ 1,45
တာဆုံ 1,43,44
ဒရယ်ဘို 1
ပေါက်ကုန်း 1
ရဲမွန် 1
စီအိုဒီ 1
ဇရပ်ကွင်း(တာဆုံ) 1
အင်းတိုင် 1
တလုတ်ကုန်း 1
သနပ်ပြင် 1,51
သင်္ဃန်းကျွန်း 1
ရွာသာကြီး(စီးပွားရေးတက္ကသိုလ်) 1,46
တောင်မြောက်လမ်းဆုံ 1,2,3,6,7,24,25,46,60
စံပြဈေး 1,1,3,6,7,24
ဇဝန 1,7,10,18,24,32
သုမင်္ဂလာ 1
ရတနာလမ်း(သင်္ဃန်းကျွန်း) 1,14,26,27,42,60
မြင်သာ(ကညန) 1
ယုဇန(ခိုင်ရွှေဝါလမ်း) 2
ပြည်ထောင်စုလမ်း 2,7,15,24,25,26,27,29,30
လှော်ကားလမ်း 2,6,7,42,43,44
မောင်းမကန်လမ်း 2,3,6
အမှတ်(၂)လမ်း 2,46,60
ဗိုလ်မှူးဗထူးလမ်း 2
မြောက်ဥက္ကလာပအဝိုင်း 2,10,15,16,19,28,32,36
ခေမာသီလမ်း 2,15
ဆေးတက္ကသိုလ်(၂) 2
မြောက်ဥက္ကလာပဆေးရုံ 2
သုဓမ္မာလမ်း 2,8,10,15,18,19,36,42
၆ကွေ့ 2,16,17,18,19
အောင်မင်္ဂလာအဝေးပြေးကွင်း 2
ယုဇနဥယျာဉ်မြို့တော် 3,4
ပဲခူးမြစ်လမ်း 3,4,5
ဧရာဝဏ်လမ်း 3,4,8,9,32
စည်ပင်လမ်း 3,6
လေးထောင့်ကန်လမ်း 3,18,24,32
အရှေ့မြင်းပြိုင်ကွင်းလမ်း 3,18,26,27
တာမွေအဝိုင်း 3,12,14,20,26,27,29,59
ဗညားဒလလမ်း 3,20,27,33
ယုဇနပလာဇာ 3,9,20,25,27,33
မင်္ဂလာဈေး 3,7,8,25,27,33
ကျိုက္ကဆံလမ်း 3,9,18,25,27,33
ကွေ့မ 4
ရတနာလမ်း(ဒဂုံဆိပ်ကမ်း) 4,5
တိုင်းရင်းသားကျေးရွာ 4,5
သံလျင်တံတားချဉ်းကပ်လမ်း 4,42
သာကေတအဝိုင်း 4,32,33,42
ကျောက်တိုင် 4,5,9,9,10,32,33
မင်းနန္ဒာလမ်း 4,5,8,9,10,33
မဟာဗန္ဓုလတံတား 4,31,34
အနော်ရထာလမ်း 4,5,7,31,54,58
ဆူးလေ 4,7,12,29,36
ရိုးမရိပ်သာ 5
၈၉လမ်းဆုံ 5
ယုဇနဥယျာဉ် 5
ကျွန်းရွှေဝါလမ်း 5
ရွှေလီလမ်း 5
သာကေတ(အဝိုင်း) 5,8,34
စက်ဆန်းတံတား 5
ညောင်တန်း 5
ဗိုလ်တစ်ထောင်ဘုရားလမ်း 5,24,26,31,34,56,58
ဗိုလ်ချုပ်အောင်ဆန်းလမ်း 5,56
အောင်မြင့်မိုရ် 6
သံသုမာလမ်း 6,9,14,18,24,25,26,27,29,32,38,42,60
ဘေလီ 6,12,14,18,26,27,29,30,32
ချော်တွင်းကုန်း 6,10
နဝဒေး 6,10,15,16,19,28,36
၈မိုင်လမ်းဆုံ 6,15,16,19,30,35,37
ကျိုက်ဝိုင်းဘုရားလမ်း 6
မင်းဓမ္မလမ်း 6
စော်ဘွားကြီးကုန်း 6,11,37,41
ပြည်လမ်း 6,35,37,41,43
၁၀မိုင်ကုန်း 6,37
၉မိုင် 6
တောင်ဒဂုံ(၇၀/၇၂)ရပ်ကွက် 7
ရတနာပုံလမ်း 7
ကျန်စစ်သားလမ်း 7,29,30,53,54
ဘုန်းကြီးကျောင်းကွေ့ 7
ကုန်တိုက် 7
စက်မှုဇုံ 7
တာမွေ(ဗလီ) 7,25
သိမ်ဖြူ 7,20,20
မဟာဗန္ဓုလလမ်း 7,21,34,35,37,39,42,57
အင်းဝ အိမ်ရာ 8
၇ဈေးလမ်း 8
မြင်တော်သာလမ်း 8,34
ယမုံနာလမ်း 8,31
သာကတေတံတား 8,9
နတ်မောက်လမ်း 8
ဦးထောင်ဘိုလမ်း 8,11
ရွှေတိဂုံဘုရားလမ်း 8,11
ဇီဝကလမ်း 8,11
တိုင်းရင်းသား နည်းပညာတက္ကသိုလ် 9
ဒေါပုံ 9,33
ရွေဗဟို 9
သမိန်ဗရမ်းလမ်း 9,18,25,26,59
ကြက်ဘဲဈေး 9,18,24,25,26
သုဝဏ္ဏတံတား 9,10,24,32
တိုင်းရင်းသားကျေးရွာ 10
ရှုခင်းသာမြို့ပါတ်လမ်း 10,31,42
၅ကွေ့ 10
ဇင်ဂမလမ်း 10
အသင်းတိုက် 10,18,24
သုမင်္ဂလာလမ်း 10,32
ပါရမီလမ်း 10,12,18,32
ဗိုလ်မှုးဗထူးလမ်း 10,27,28
ဒဂုံတက္ကသိုလ် 10,27
ခရေရိပ်မွန်အိမ်ရာ 11
ခရေပင်လမ်းခွဲ 11,17,35,37,42,44
အင်းစိန်ပန်းခြံ 11,15,21,22,41
ဗဟိုလမ်း 11,22
ရွာမကျောင်းလမ်း 11,22
လှည်းတန်းခိုင်ရွှေဝါ 11,22
ဟံသာဝတီလမ်း 11
အထက်ကြည့်မြင့်တိုင်လမ်း 11,22,41
ဗားကရာလမ်း 11,20,59
မြေနီကုန်း 11,20,21,35,37,39
ဓမ္မစေတီလမ်း 11,59
လင့်လမ်း 11,20
အနောက်ရွှေဂုံတိုင်လမ်း 11
သွေးဆေးကန်လမ်း 11
ဦးဝိစာရလမ်း 11,27
(၅၀)ကွေ့ 12,15
၄၆လမ်းဆုံ 12
(၇/၈)လမ်းဆုံ 12,25
မဝတလမ်းဆုံ 12
နန္ဒဝန်ဈေး 12
သစ္စာလမ်း 12,29,38
မိုးကောင်းလမ်း 12,14,26,27,38
ကံဘဲ့လမ်း 12,29
ရန်ကင်းလမ်း 12,14,29,38
ဂွတ္တလစ်ဈေးကွေ့ 12
ရွှေဂုံတိုင်လမ်း 12,59
ရွှေဂုံတိုင် 12,20,29
ရန်ကုန်ဘူတာကြီး 12,28,29,36
ဒဂုံမြောက်(ဘုရင့်နောင်လမ်းဆုံ) 14
ဘုရင့်နောင်လမ်း 14,15,19,20,23,38,42
ပင်လုံလမ်း 14,26,29
ဦးချစ်မောင်လမ်း 14
ရန်ကင်းစင်တာ 14
ရန်ရှင်းလမ်း 14,38
စက်မှု(၁)လမ်း 14,38
ကမ္ဘာအေးဘုရားလမ်း 14,28,29,30,36,38
ကုက္ကိုင်း 14,38
တက္ကသိုလ်ရိပ်သာလမ်း 14,38
လှည်းတန်းလမ်း 14,30,38
ဆင်မလိုက် 14,19,20,23,38,40
ကြည့်မြင့်တိုင်ကမ်းနားလမ်း 14,59
သခင်မြပန်းခြံ 14,19,22,23,30,40,41,56,57
ရာဇာသင်္ကြန်လမ်း 15
ကြိုးတံတား 15
သမိုင်းလမ်းဆုံ 15,19,21,39
ဘုရင့်နောင်လမ်းဆုံ 15,19
ပေါက်တောဝ 15,22,40
ဘီအိုစီ 15,39
YTU 15,21,39
ရွှေပေါက်ကံ(တောင်ငူလမ်း) 16
ကျောက်လမ်း 16
ဘုရင့်နောင်တံတား 16,20,23
ပုသိမ်လမ်း 16,23,54
သမကုန်း 16,22
ဒဂုံဧရာအဝေးပြေးဝင်း 16
ရွှေပေါက်ကံ 17,19
(ဆင်ဖုံ) 17,19
အောင်မင်္ဂလာအဝေးပြေး 17,18
ဒညင်းကုန်းလမ်းဆုံ 17,40,42
ရွှေပြည်သာတံတား 17,21
ပေါက်တန်းအဝိုင်း 17
သမကုန်းအဝိုင်း 17,20,23
အနောက်ပိုင်းနည်းပညာတက္ကသိုလ် 17,23
ခရေရိပ်မွန် 18
အမှတ်(၃)လမ်းဆုံ 18,32,35,36,42
ဘုန်းကြီးလမ်း 18,32,35,37,39,42
ဝေဇယန္တာလမ်း 18,32
သီရိမင်္ဂလာဈေးသစ် 19,20,23,38,40
စံပြငါးဈေး 19,20,23,40
TBဆေးရုံ 20
ဒဂုံဧရာအဝေးပြေး 20
ဘီအိုစီအဝိုင်း 20,23
တာမွေလမ်း 20,27
မြရာကုန်းလမ်း 20
မြန်မာ့ဂုဏ်ရည်လမ်း 20
အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်) 21,22
ပေါက်ကုန်းအဝိုင်း 21,22
၁၄လမ်းဆုံ 21,40
ဒညင်းကုန်း 21,39,44
အောက်မင်္ဂလာဒုံလမ်း 21
ပြည်တော်သာ 21,40
မင်းကြီးလမ်း 21
လှည်းတန်း 21,35,37,39
စံပြ 21,37,39
ကမ်းနားလမ်း 21,23,24,26,34,35,37,39,40,56,57,58
မော်တင် 21,35,37,39
ရိုးကြီး/ရိုးလေး 22
မီးခွက်ဈေး 22,52
အောင်ဇေယျတံတား 22
အနောက်ကြို့ကုန်း 22
ဟံသာဝတီ 22
စလင်းကွင်း 22
ဗားကရာ 22
အနောက်ပိုင်းဆေးရုံ 22
အလုံလျှပ်စစ်ရုံး 22
ဂျမခန်နာ 22
(တူးချောင်း) 23
ကျန်စစ်သားလမ်း 24
တပင်ရွှေထီးလမ်း 24
အထက်ပုဇွန်တောင်လမ်း 24,26
ပုဇွန်တောင်ဈေး 24,26
မဟာဗန္ဓုလတံတားအောက် 24,26
ရာဇဓိရာဇ်လမ်း 24,26
ဒဂုံတက္ကသိုလ် 25,26,28,29,30
မင်းရဲကျော်စွာလမ်း 25,26,27,29,30
ငမိုးရိပ်တံတား 25
ရွှေဗဟိုရ် 25
အောင်ဇေယျလမ်း 26,60
စိတ်ကျန်းမာရေး 27
၁၃၃ရပ်ကွက် 27
ဗဟန်း(၃)လမ်း 28,36
ဆူးလေမြို့တော်ခန်းမ 28
ဂွတ္တလစ်ဈေး 29
ပါရမီ 30
ညောင်ပင် 30
ကြည့်မြင့်တိုင် 30
သန်လျင်(အရှေ့ပိုင်းတက္ကသိုလ်) 31
သန်လျင်ကျောက်တန်းလမ်း 31
သန်လျင်အမှတ်(၁)တံတား 31,32,33,34
ဗိုလ်တစ်ထောင်ဈေးလမ်း 31
ကုန်သည်လမ်း 31,56
ရေကြောင်းတက္ကသိုလ် 32
ဘုရားလမ်းဆုံ 32
သန်လျင်(မြို့မဈေး) 32
ဗိုလ်ချုပ်နေဝင်းလမ်း 32
ခရေရိပ်မွန်အိမ်ရာ 32
ကျောက်တန်း 33
ကျောက်တန်း(သန်လျင်လမ်း) 33
ခရမ်း 34
သုံးခြ 34
အရှေ့ပိုင်းတက္ကသိုလ် 34
သန်လျင်ကျောက်တန်း လမ်း 34
သိမ်ဖြူလမ်း 34
ထောက်ကြန့် 35,36,37,41
နွယ်ခွေ 35,36
အမှတ်(၃)လမ်းပုလဲမြို့သစ် 35
အမှတ်(၃)လမ်း 36
ပုလဲမြို့သစ် 36
ဘေလီ 38
တောင်ဥက္ကလာဘုရား 38
ရွှေပြည်သာ(လိန်ကုန်း) 39,40,42
အမှတ်(၄)လမ်း 39,43,44
ကွန်ပြူတာတက္ကသိုလ် 39
ပြည်တော်သာ(အောက်လမ်း) 39
ထန်းခြောက်ပင် 40,42
ပုလဲလမ်း 40
ဘုရင့်နောင်လမ်းမကြီး 40
ဘုရင့်နောင် 40
လမ်းသစ်လမ်း 41
လှည်တန်းလမ်း 41
၃ထောင်ကွေ့ 41
အောက်ကြည့်မြင့်တိုင်လမ်း 41,59
ရွှေပြည်သာကွေ့ 42
ကမာကြည်လမ်း 42
လိန်ကုန်း 43,44
မှော်ဘီဈေးရှေ့ 43
ထောက်ကြန့် 44,55
ရန်ကုန်ပဲခူးလမ်း 44
လှည်းကူးဈေးရှေ့ 44
ဖောင်ကြီးလမ်း 45
ဖောင်ကြီး 45
မင်းကုန်း 45
ဒါးပိန် 46
လှိုင်သာယာ ဘီအိုစီ 47,49
တွံတေးကြိုးတံတား 47,49
တွံတေးမြို့ 47
ဘုရားငုတ်တို 47,48,49,50
ကံဘဲ့ 47,49,50
တွံတေး 47,48
ဒလ 48,50
ကော့မှူး 49,50
ကွမ်းခြံကုန်း 49,50
ပဲခူး 51
ခရမ်း 51
ထန်းတစ်ပင် 52
ရန်ကုန်ပုသိမ်လမ်း 52
ရန်ကုန်ညောင်တုန်းလမ်း 52
ရွှေလင်ဗန်းလမ်းဆုံ 53
ညောင်တုန်းလမ်း 53,54
ဗိုလ်အောင်ကျော်လမ်း 53,54,54
ရွှေလင်ဗန်းလမ်းဆုံ 53
၈၆ဂိတ် 54
ရွှေရင်အေးလမ်း 54,54
အောက်ထိပ် 54
၈၆ဂိတ် 54
တိုက်ကြီး 55
ဥက်ကံ 55
မြောင်းတကာ 55
မှောဘီနည်းပညာတက္ကသိုလ် 55
မှော်ဘီ 55
သခင်မြပန်းခြံ 56,57
ဗိုလ်တစ်ထောင် 57
ဘုရားလမ်း 57
ဗိုလ်တစ်ထောင်ဘုရား(ကမ်းနားလမ်း) 58
ဗိုလ်တစ်ထောင်ဘုရား 58
သင်္ဃန်းကျွန်းစံပြဈေး 59
သံသုမာ 59
ကြက်ဘဲစျေး 59
အာသောကလမ်း 59
ရွှေဂုံတိုင်ဂုံးကျော်တံတား 59
ရွှေဂုံလမ်း 59
သခင်မြပန်းခြံလမ်း 59
နှင်းဆီကုန်းလမ်း 59
တောင်ဒဂုံ 60
သာကေတဧရာဝဏ် 60
ပြည်ထောင်စုလမ်းဆုံ 60
ပြည်ထောင်စုလမ်းမကြီး 60
သင်္ဃန်းကျွန်းစံပြစျေး 60
ကျောက်ကုန်း 60

credit-Khin Maung Ko

YangonBusRoute
#မိတ်ဆွေတို့အတွက်အသုံးလိုမယ်ထင်လို့ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ အမှားပါသွားရင်တော့ခွင့်လွှတ်ပေးကြပါလို့မေတ္တာရပ်ခံပါရစေ😍

သိရှိတဲ့ခရီးသည်အချင်းချင်းကူညီပေးကြပါခင်ဗျ
Like & share ဆောင်ထားသင့်တယ်နော် ☺

11/04/2023

လကုန်ရက်အူ​ဆေးကြမယ်

လကုန်ပြီဆို​တော့အူ​ဆေးကြတာ​ပေါ့။အူ​ဆေးခြင်းကိုတလတခါ​လောက်​တော့မဖြစ်မ​နေလုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်း​ကြောင်းနဲ့လူ့ကျန်းမာ​ရေးကတိုက်ရိုက်ပတ်သက်​နေလို့ဖြစ်ပါတယ်။ပြီး​တော့အူ​တွေဟာဒုတိယဦး​နှောက်လည်းဖြစ်တယ်။ဦး​နှောက်နဲ့အူ​တွေကိုအာရုံ​ကြော​တွေနဲ့ဆက်ထားပြီးခန္ဓါကိုယ်အတွက်အလုပ်​တွေအများကြီးလုပ်ပါတယ်။ကျ​နော်တို့ရဲ့ဇီဝိတိံ​​နြေ​ခေါ်အသက်ဓါတ်ဟာလည်းအူ​တွေထဲမှာရှိတယ်။ဒါ​ကြောင့်အူ​တွေသန့်ရှင်း​နေဖို့လိုပါတယ်။

ဒီတပတ်အူ​ဆေးဖို့အသုံးပြုမှာက​တော့မုန်လာဥဖြူဖြစ်ပါတယ်။မုန်လာဥဖြူဟာအူနဲ့တူတယ်။အနံ့ကလည်းအူအနံ့ရတယ်။သဘာဝကြီးရဲ့လက်​ဆောင်ဖြစ်တဲ့မုန်လာဥဖြူနဲ့အူ​ဆေးကြမယ်။မုန်လာဥဖြူမှာအမျှင်ဓါတ်​တွေအများကြီးပါတယ်။အဲဒီအမျှင်ဓါတ်​တွေကအူအတွင်းနံရံမှာရှိ​နေတဲ့မစင်ဂျိုး​တွေကအစအညစ်အ​ကျေး​တွေအားလုံးကိုတိုက်ချွတ်​ဆေး​ကြော​ပေးသွားတယ်။

​စျေးက​နေမုန်လာဥလှလှ​လေး​တွေဝယ်မယ်။​ကျောက်ဆား​လေးနဲနဲထည့်ပြီးပြုတ်လိုက်မယ်။အကြာကြီးပြုတ်စရာမလိုဘူး။အူ​ဆေးဖို့အတွက်စ​နေ​နေ့​နေ့လယ်စာစားပြီး​နောက်မှာတခြားဘာမှမစားဘဲမုန်လာဥပြုတ်၁မျိုးပဲစားရမယ်။ကြိုက်သ​လောက်စားပါ၊ဗိုက်ဝ​အောင်သာစား၊ဗိုက်ဆာလာတိုင်းစား။ညအိပ်ယာမဝင်ခင်အထိဆာတိုင်းစားလို့ရပါတယ်။စားလို့လည်း​တော်​တော်​ကောင်းတယ်။​ရေငတ်လည်း​ပြေတယ်၊စားရတာအ​တော်​ကျေနပ်စရာ​ကောင်းပါတယ်။​နောက်​နေ့မနက်အိပ်ယာထရင်​ရေ၁လီတာ​သောက်ရမယ်။ပြီးရင်​တော့ဝမ်းဗိုက်ထဲကအစာ​ဟောင်း​တွေ​လျော​လျောလျူလျူအကုန်ထွက်သွားလိမ့်မယ်။

မုန်လာဥနဲ့အူ​ဆေးခြင်းဟာအူလမ်း​ကြောင်းသာမက​ကျောက်ကပ်ကိုလည်းသန့်ရှင်း​စေပါတယ်။​ကျောက်ကပ်သန့်ရှင်းဖို့အတွက်​မုန်လာဥပြုတ်စားရင်းရေပို​သောက်​ပေးဖို့လည်းလိုပါတယ်။

အူ​တွေသန့်ရှင်းသွားရင်​သွေးလည်းသန့်သွားတယ်။ဘာလို့လဲဆိုရင်​သွေးဆိုတာအူ​တွေက​နေစတင်ဖြစ်​ပေါ်လာလို့ဖြစ်ပါတယ်။​သွေးသန့်ရင်​ရောဂါကင်းတယ်။​ရောဂါ​တွေက​သွေးထဲမှာရှိ​နေ​တော့​သွေးသန့်တာနဲ့အမျှရောဂါဖြစ်ဖို့ရာနှုန်းနဲသွားတာ​ပေါ့။

အူ​ဆေးပြီးလို့အူသန့်သွားတာနဲ့လူက​ပေါ့ပါးလန်းဆန်းသွားလိမ့်မယ်။ကျန်းမာဖို့အတွက်အူသန့်ဖို့ကအဓိကပဲ။ထမင်းစားရတာလည်းအရသာရှိလာမယ်၊​ရေ​သောက်လို့လည်း​ကောင်းတယ်၊အလုပ်လုပ်လို့သိပ်​ကောင်းတယ်၊ဥာဏ်ရည်ဥာဏ်​သွေး​တွေထက်လာတယ်၊အိပ်လို့လည်း​ပျော်တယ်၊အစာအိမ်​ရောဂါရှိရင်လည်းအလိုအ​လျောက်​ပျောက်သွားမယ်၊​ခေါင်းကိုက်တာ​တွေလည်းအလိုအ​လျောက်​ပျောက်သွားမယ်၊​ညောင်းညာကိုက်ခဲတာ​တွေလည်း​ပျောက်သွားမယ်၊အစာမ​ကြေ​လေထိုး​လေ​အောင့်​တွေလည်း​ပျောက်သွားမယ်၊ရုပ်ရည်ပါနုပျိုလန်းဆန်းလာပါလိမ့်မယ်။

တနင်္ဂ​နေ့မနက်မှာ​တော့အူ​ဆေးခြင်းကိစ္စပြီးပါပြီ။၂၄နာရီ fsatingလုပ်ချင်တဲ့သူ​တွေဆက်လုပ်နိုင်ကြပါတယ်။Detoxပါဆက်လုပ်ချင်တယ်ဆိုရင်​တော့ညဘက်မှာသံလွင်ဆီ​ပေါင်းစပ်ရည်​သောက်လိုက်ရုံပါပဲ။ဒါ​ကြောင့်အူ​ဆေးလိုသူများ,fastingလုပ်လိုသူများ,Detox ပါလုပ်လိုသူများ၊၂မျိုးလုပ်ချင်သူများ၊၃မျိုးလုပ်ချင်သူများမိမိတို့စိတ်ကြိုက်လုပ်နိုင်ကြပါပြီ။မရှင်းတာ​တွေသိချင်တာ​တွေကိုCBက​နေ​မေးမြန်းရင်ပြန်လည်ရှင်းပြ​ပေးပါမယ်။

ချစ်ခင်​လေးစားလျှက်.......

(sharing is caring)
credit
မင်းကျော်စွာ

28/03/2023

ထပ်ပြီးသတိ
ပေးပါရစေ
အသက်(၄၅)ကနေ
(၆၀) သမားများ
အထူးသတိထားဖို့ပါ
အဲဒီအတွင်းကို
ဂရုစိုက်နေထိုင်ရင်...
ကျန်းမာအသက်ရှည်ပါတယ်တဲ့..

အလေ့ကျင့်ကောင်းသွားရင်
ရောဂါကြီးကြီးမား
မရှိရင်အသက် ရာကျော်အထိ
အသက်ရှည်ကျန်းမာပါတယ်လို့
ဆိုကြတယ်.....

၁။ ကိုယ်အလေးချိန်ကို
အမြဲချိန်ပါ
(weightချိန် ပါ )။

၂။ အိပ်ရေးဝအောင် အိပ်ပါ။

၃။ အစာအိမ်ကို ဂရုစိုက်ပါ
ဖြေးဖြေးနဲ့ နည်းနည်းပဲစားပါ
၇၀% ပြည့်အောင်ပဲစားပါ
အလွန်အကျွံ မစားပါနဲ့
ပျော့တဲ့အစားစာရွေးစားပါ
အဆီ,အငန်,အချို,
အပူစာတွေလျော့စားပါ။

၄။ အရိုးအဆစ်ကိုဂရုစိုက်ပါ။

၅။ vitamin D ရအောင်
နွားနို့,ငါး,ပဲ စားတဲ့အပြင်
မနက်(သို့) ညနေခင်း
နေရောင်ခြည်ကို
10min လောက်
အနည်းဆုံး ခံယူပါ
vitamin Dအားဆေးလည်း
တခါတလေ စားပေးပါ။

၆။ လမ်းလျှောက် လေ့ကျင့်ခန်း
လုပ်ပေးပါ
ကြွက်သားအားကောင်းအောင်
လေ့ကျင့်ပေးပါ
ခြေသလုံးကြွက်သား
အားကောင်းရင်
နှလုံးရောဂါမဖြစ်နိုင်ပါဘူး
ကခုန်ခြင်းဖြင့်လည်း
ကိုယ်လက် လှုပ်ရှား
လေ့ကျင့်ခန်းတမျိုးပါပဲ..

၇။ ရေချိုးချိန်၊
ကိုယ် အဆင်ပြေချိန်တွင်
သီချင်းအော်ဆိုပေးခြင်း ဖြင့်
အဆုတ်အားကောင်းအောင်
လုပ်ပေးပါ
လက်ခုပ်တီးပေးပါ။

၈။ pressure ,stress လျော့ပေးပါ
စိတ်ပျော်ရွှင်အောင်နေပါ၊
ပြသနာအကြီးကို
သေးအောင်လုပ်၊
အသေးကိုပျောက်အောင်လုပ်
တော်ရုံ အရေးမကြီးတာတွေနဲ့
ရန်မဖြစ်နဲ့
စိတ်ထဲ မထားကြပါနဲ့။

၉။ စိတ်အေးချမ်းတည်ငြိမ်အောင်
တရားထိုင်ပေးပါ
ဝင်လေထွက်လေမှတ်ပေးပါ။

၁၀။ သန့်ရှင်းမှုကို
အလေးထားပါ၊
တကိုယ်ရည် သန့်ရှင်းမှုနဲ့
အိမ်တွင်းအိမ်ပြင်
ပတ်ဝန်းကျင် သန့်ရှင်းရေးကို
ဂရုစိုက်ပါ။

၁၁။ ပိုးဟပ်၊ကြွက်၊ခြင်၊ယင်၊
ပရွက်ဆိတ်စတဲ့
အင်းဆက်ပိုးတွေကို
ကိုယ့်အိမ်တွင်း
အိမ်ပြင်မရှိအောင်ဂရုစိုက်ပါ။

၁၂။ ဦးနှောက်ကို
တခုခုလုပ်နေရင်းအသုံးချပါ
စီးပွါးလုပ်ငန်း၊
အလုပ်၊ပညာ တခုခု
ကိုယ်ဝါသနာပါရာကို
အမြဲ လေ့လာရင်း
လုပ်နေရင်းနဲ့
ဦးနှောက်ကို အသုံးချပေးပါ။
ဦးခါင်းကိုအသုံးချခြင်းဖြင့်
အယ်ဇိုင်းမားရောဂါ
မဖြစ်အောင်
ကာကွယ် ပေးနိုင်ပါတယ်။

၁၃။ ဝမ်းမှန်အောင် လုပ်ပါ၊
အညစ်အကြေး စွန့်ခြင်းဖြင့်
ကိုယ်ထဲက
အဆိပ် အတောက်ကို
ဖယ်ပေးနိုင်ပါတယ်
ရေများများသောက်ခြင်းဖြင့်
သွေးကြောပိတ်ခြင်း၊
အပူကြီးခြင်းကို
ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ်
ကျောက်တည်ခြင်းကို
ကာကွယ်ပေးနိုင်တယ်။

၁၄။ မနက်အစာမစားခင်
ပုံမှန်ရေတခွက်
ရေနွေး၂ခွက်
သောက်ပေးခြင်းဖြင့်
အူလမ်းကြောင်းက
အညစ်အကြေးတွေ
ထုတ်ပေးနိုင်ပါတယ်။
အိပ်ကာနီး
ရေတခွက်သောက်ခြင်းဖြင့်
မနက်ဆီးသွားပြီး
ကိုယ်တွင်းက အပူကို
ကျစေပါတယ်
အသက်၃ဝကျော်ရင်
သွေးကြောတွေက
တဖြေးဖြေးအဆီပိတ်ပြီး
ကျဉ်းလာပါတယ်။
တချို့ကသွေးပျစ်ပီး
ကျဉ်းလာပါတယ်။

ဒါ့ကြောင့်
အဆီအကြော်စာတွေ
လျော့စားပါ
ရေနွေးရေသောက်ပေးခြင်း
လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်
သွေးကြောပိတ်ခြင်းကို
ကာကွယ်နိုင်ပါတယ်။

Crd

Address

Ward 4 „ Zawtika Street
Yangon
19

Telephone

+959978950934

Website

Alerts

Be the first to know and let us send you an email when Su Dana Pyae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Su Dana Pyae:

Share