26/03/2023
Puss In Boots (2011) mm sub
old but gold ကာတွန်းကားလေးတွေထဲမှာ အတော်နှစ်သက်မိတဲ့ movie တစ်ခုပြောပြမယ် ဒီထဲမှာ voice actor တွေအနေနဲ့ Antonio Banderas က Puss အဖစ် Salma Hayek က Kitty Softpaws အဖစ် Zach Galifianakis က Humpty Alexander Dumpty အဖစ် Billy Bob Thornton က Jack အဖစ် Amy Sedaris က Jill အဖစ်နဲ့ Sanricardo ဆိုတဲ့ မြို့တစ်ခုပေါ်မှာ ပုံဖော်ထားတာပါ type ကတော့ Action, Adventure ပေါ့ ဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆို လူတိုင်းသိကြမယ်ထင်တယ် Sherk ကားထဲမှာလဲပါတယ်လေ Sherk 4 မှာလားမသိဘူး ကာတွန်းကားဆိုပင်မဲ့ ဇာတ်အိမ်ခိုင်တယ် ဒိုင်ယာလော့တွေမိုက်တယ် ပီးတော့ mature ဖစ်တယ်လို့ဆိုရမယ် 2011 ထွက်ဆိုပင်မဲ့ animation ပိုင်းကိုသိပ်စိတ်မပူပါနဲ့ လန်းတယ် ဂျွတ်နေတုန်းပဲ
အညွှန်း
ပြောရမယ်ဆို Puss ကဝရမ်းပြေး အတိတ်ရဲ့အရိပ်မဲတစ်ခုကြောင့် လက်ရှိအနေအထားမှာ နာမည်မျိုးစုံနဲ့ wanted ထုတ်ခံထားရတဲ့ ဝရမ်းပြေးတစ်ယောက်ပေါ့ အတိတ်မှာ စွန်းထေးနေတဲ့ သူ့နာမည်ကို ပြန်လည်သန့်စင်အောင် မွန်းမံချင်နေတဲ့ လည်သာဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆိုလဲ မမှားပါဘူး အဲ့ဒိခေတ်ကာလမှာ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုနဲ့ လူပြောများနေတဲ့ rumor တစ်ခုက မှော်ပဲစေ့ပဲ (ခင်များတို့လဲကြားဖူးကြမယ်ထင်တယ် မှော်ပဲစေ့လေးတွေကနေ မြင့်မားတဲ့အပင်အကြီးတွေပေါက်လာပီး အဲ့အပေါ်မှာ ရဲတိုက်ကြီးတွေ ဘီလူးကြီးတွေ ရွှေငွေဘာညာ ရှိတဲ့အကြောင်းပေါ့ ရုပ်ရှင်လဲတော်တော်များများပြန်ရိုက်ထားကြတယ်) Puss ရဲ့နာကျင်စရာ အတိတ်ဆိုးဟာလည်း အဲ့ပဲစေ့လေးတွေနဲ့သက်ဆိုင်နေပြန်ရော သူ့ဘဝတစ်လျှောက်လုံးရှာဖွေခဲ့တဲ့ ပဲစေ့တွေက ဒဏ္ဍာရီတစ်ခုသာသာလို့ ထင်ခဲ့တာ တကယ်တမ်းကျ Jack နဲ့ Jill ဆိုတဲ့ လင်မယားနှစ်ယောက်မှာ သွားရှိနေတယ် Puss ကအဲ့ rumor ကို Bar တစ်ခုမှာရရှိခဲ့ပီး Jack နဲ့ Jill ဆီကခိုးဖို့ကြံရွယ်တယ်ပေါ့ သွားခိုးရာကနေသူ့လိုပဲ ကြောင်နက်လေးတစ်ကောင်ကလည်း ပဲစေ့တွေကိုလာခိုးတယ် အဲ့ကြောင်နက်လေးက Kitty Softpaws ပေါ့ အဲ့မှာ နှစ်ကောင်သားစုံမိပီး အချင်းချင်းရန်ဖစ်နေရင်းနဲ့ Jack နဲ့ Jill ကသိသွားတော့လိုက်ဆော်ပါလေရော လင်မယားနှစ်ယောက်ရဲ့လက်က ပြေးရာကနေ Puss က Kitty ကို သူ့အကြံဖျက်ဆီးတယ် ဘာညာဆိုပီး Kitty နောက်လိုက်တယ် (အဲ့မှာ Puss နဲ့ Kitty ရဲ့ Tuesday dance fight ကလည်း ကျနော့်တွက် နှစ်လိုဖွယ် sence တစ်ခု) တိုက်ကြခိုက်ကြအပီး Puss ရဲ့ အတိတ်ဆိုးအရိပ်မဲထဲက လူတစ်ယောက်ပြန်ပေါ်လာခဲ့တယ် လူလို့တော့ပြောမရဘူး ဘယ်လိုခေါ်မလဲ breakfast ပေါ့ နာမည်က Humpty Alexander Dumpty သူကရော Puss နဲ့ဘယ်လိုပတ်သတ်နေမလဲ အတိတ်ကအရိပ်မဲဟာ ဘယ်လိုတွေလာပြန်လည်ချည်နှောင်လာအုံးမလဲ အညစ်အကြေးတွေပေစွန်းနေတဲ့ သူ့နာမည်ကိုရော ပြန်သန့်စင်နိုင်သွားမလား မှော်ပဲစေ့တွေကရော တကယ်လား ပုံပြင်သက်သက်ပဲလားဆိုတာ ကို့လူတို့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ
” what can i say,
i was a bad kitty ”
Crd - ChannelMyanmar
Telegram Movie Link
https://t.me/dic_movies_channel/31
ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။