Vintage Mood

Vintage Mood Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vintage Mood, Digital creator, Yangon.

ကိုယ်ဒီအရသာကိုကောင်းကောင်းသိတယ် ဘယ်လောက်နာကျင်ရတယ်ဆိုတာ။ ဘယ်လောက်တောင်ကြောက်ရွံ့မုန်းတီးမိသလဲဆိုရင် နောက်တစ်ခါထပ်မမိုက်မ...
01/12/2025

ကိုယ်ဒီအရသာကိုကောင်းကောင်းသိတယ် ဘယ်လောက်နာကျင်ရတယ်ဆိုတာ။ ဘယ်လောက်တောင်ကြောက်ရွံ့မုန်းတီးမိသလဲဆိုရင် နောက်တစ်ခါထပ်မမိုက်မဲရဲလောက်အောင်ပါပဲ။

ကျွန်တော်တို့လူ့ဘောင်မှာ မူးယစ်ဆေးဆိုရင် လွယ်လွယ်နဲ့ဝယ်လို့ရတာနှစ်မျိုးရှိတယ်1.ဆေးလိပ်2.အရက်အရက်ကိုလဲနှစ်ရှည်စွဲသောက်ဖူး...
01/12/2025

ကျွန်တော်တို့လူ့ဘောင်မှာ မူးယစ်ဆေးဆိုရင် လွယ်လွယ်နဲ့ဝယ်လို့ရတာနှစ်မျိုးရှိတယ်
1.ဆေးလိပ်
2.အရက်
အရက်ကိုလဲနှစ်ရှည်စွဲသောက်ဖူးသလို ဆေးလိပ်ကိုလဲနှစ်ရှည်စွဲသောက်နေတုန်းပဲ
1.ကိုယ့်အမြင်အရဆိုရင် ယောက်ျားတစ်ယောက်ဟာ ဆေးလိပ်ကိုတစ်လိပ်ပြီးတစ်လိပ်ကိုမနားတမ်းသောက်နေရင်သူဟာ‌ေဆးလိပ်ကိုစွဲလမ်းနေတာမဟုတ်တော့ဘူး သူစိတ်ဓါတ်ကျနေတာမဟုတ်ရင်တောင် ဆေးလိပ်ထက်ပိုတဲ့တခြားစွဲလမ်းနာကျင်နေရမှု့တစ်ခုကို ဖြေဖျောက်နေတာပါ။ ဒီနေရာမှာစဉ်းစရာက ဆေးလိပ်ကိုစွဲသောက်အများဟာ စိတ်ထဲပျော်ရွှင်မှု့အထိုက်အလျှောက်ရှိနေတဲ့အချိန်နဲ့ စိတ်ထဲ အထီးကျန်ဝမ်း‌နဲနေချိန်ယှဉ်လိုက် အထီးကျန်ဝမ်းနဲချိန်မှာ မထင်ထားလောက်အောင်ပိုသောက်ကြတယ်။
2.အရက်ကိုခနခနသောက်နေတဲ့လူတွေဟာလဲအဲလိုပါပဲ။
ဒါပေမဲ့ အရက်မှာကျတော့ ပျော်လို့လဲသောက်ကြသလို စိတ်ညစ်လို့လဲသောက်ကြတယ်။
ပြန်သုံးသပ်ကြည့်ပါ ကိုယ်ရောခနခနသောက်ဖြစ်နေလားတစ်ခုခုကို။ အဲ့တာဆိုခများသေချာနေပီ တစ်ခုခုမှာလဲခများ အလဲအကွဲဖြစ်နေလို့ပဲ။

နေရာရွေးမှားရင် ရှင်သန်မှု့ကခနပဲဖြစ်သွားမယ်
15/10/2025

နေရာရွေးမှားရင် ရှင်သန်မှု့ကခနပဲဖြစ်သွားမယ်

11/03/2025

ငါးတစ်ကောင်ကို သုံးပိုင်းပိုင်း တဲ့အခါ ခေါင်းပိုင်း အလည်ဗိုက်ပိုင်း အမှီးပိုင်းဆိုပြီး သုံးပိုင်းရပါတယ် အဲ့အထဲမှာအလယ်ပိုင်းဖြစ်တဲ့ ဗိုက်သားဟာစားလို့အကောင်းဆုံးပါ။ အဲ့လိုပဲ လူဘဝမှာ လူလတ်ပိုင်းဟာသန်မြန် ကျန်းမာရေးကောင်း စသည်ဖြင့်အကောင်းဆုံးအပိုင်းအခြားဖြစ်တာမို့ တရားရှာဖွေဖို့အသင့်တော်ဆုံးပါပဲလို့ ဆရာတေယ်တစ်ပါးမိန့်ဖူးပါတယ်။ သေခါနီးအချိန်ကိုယ်ဘာတရားနဲ့သေမယ်ဆိုတာရွေးချယ်နိုင်ကြပါစေ။

06/03/2025

အဆိုတော်အာဇာနည်ရဲ တေးရေးနိုင်မြန်မာကို လွမ်းဆွတ်ခြင်းဖြင့် ဆရာ့ရဲ့သီချင်းတစ်ပုဒ်ကိုသီဆိုထားပါတယ်
သီချင်းနာမည်လေးသိရင်မန့်သွားကြပါဦး

03/03/2025

သိပ်သိပ်ချစ်ရတယ်နွဲ့တင်ရယ်

03/03/2025

အချစ်အတွက်တစ်ဖန်မွေးဖွားခြင်း
စိုင်းထီးဆိုင်

မွန်ပြည်နယ်မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်အနှံ့တွင် မတ်လ၏ ပုံမှန်ထက်နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်မွန်ပြည်နယ်မှလွဲ၍ ...
02/03/2025

မွန်ပြည်နယ်မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်အနှံ့တွင် မတ်လ၏ ပုံမှန်ထက်နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်

မွန်ပြည်နယ်မှလွဲ၍ ကျန် တိုင်းနှင့်ပြည်နယ်အနှံ့တွင် မတ် ၁ ရက်မှ ၈ ရက်အတွင်း မတ်လ၏ ပုံမှန်ထက်နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

အဆိုပါ မတ် ၁ ရက်မှ မတ် ၈ ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(တောင်ပိုင်း)၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက် (၅)ဒီဂရီဆဲလ်စီးယပ်ခန့်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း (အရှေ့ပိုင်း)နှင့် ကချင်ပြည်နယ်(အောက်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက် (၆)ဒီဂရီဆဲလ်စီးယပ်ခန့်မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်(အောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်(မြောက်ပိုင်း)တို့တွင် မတ်လ ၏ ပုံမှန်နေ့အပူချိန်ထက် (၄)ဒီဂရီဆဲလ်စီးယပ်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက် (၃)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်(အထက်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက် (၂)ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းနှင့် ကယားပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက် (၁) ဒီဂရီဆဲလ်စီးယပ်ခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မတ် ၁ ရက်မှ မတ် ၈ ရက်အတွင်း နေ့အပူချိန်များ ပုံမှန်ထက်ပိုမိုမြင့်တက်လာနိုင်၍ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဋ္ဌာနများနှင့် အဖွဲ့အစည်းများမှထုတ်ပြန်ထားသည့် အပူဒဏ်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်များကို ပူးပေါင်းပါဝင်လိုက်နာကြရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်သတိပြုကြရန် မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)က အသိပေးခဲ့သည်။

02/03/2025

အစားထိုးမရတဲ့ဆုံးရှုံးမှု့
စိုင်းထီးဆိုင်

16/02/2025

အ ညာ ကို ပြ န် ချ င် တ ယ်
စို င်း ခ မ်း လိ တ် / စို င်း ထီး ဆို င်

13/02/2025

အဆိုတော်ဗျူဟာဆိုတာလဲ ခုခေတ်တွေမှာတစ်ကယ်တော်တဲ့အနုပညာရှင်တစ်ယောက်ဆိုတာ ငြင်းလို့မရနိုင်ပါ

တစ်ဇာတ်ပြောင်းပြီး ကပါရစေ...က ရတာက ကျွန်တော်...ဆို ရတာက ကျွန်တော်...ငို ရတာကလည်း ကျွန်တော်...ဒီဇာတ်လမ်းကိုတင် မဟုတ်ဘူး.....
12/02/2025

တစ်ဇာတ်ပြောင်းပြီး ကပါရစေ...
က ရတာက ကျွန်တော်...
ဆို ရတာက ကျွန်တော်...
ငို ရတာကလည်း ကျွန်တော်...

ဒီဇာတ်လမ်းကိုတင် မဟုတ်ဘူး...
ဒီဇာတ်ခုံနဲ့ အခင်းအကျင်းကိုလည်း
ကျွန်တော် မုန်းပါပြီ....။

#တက္ကသိုလ်ဘုန်းနိုင်
Crd

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Vintage Mood posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share