Better You By MTO

Better You By MTO 🌻

1လူတိုင်းရဲ့ "၂၄နာရီ"ထဲက တန်ဖိုးအရှိဆုံး "၁နာရီ"**********************************************6June 2024(Thursday)လူတိုင...
10/06/2024

1လူတိုင်းရဲ့ "၂၄နာရီ"ထဲက တန်ဖိုးအရှိဆုံး "၁နာရီ"
**********************************************
6June 2024(Thursday)

လူတိုင်းမှာ "၂၄နာရီ" စီရှိကြပါတယ်။
ဒါပေမယ့် အသုံးချပုံချင်းကတော့ တူညီမယ်မထင်ပါဘူး။

ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အရာတွေအားလုံးဟာ
ကျွန်တော်တို့ရဲ့ အနာဂတ်တွေပါ။
ကောင်းတာလုပ်ရင် ကောင်းတဲ့အနာဂတ်တွေ ဖန်တီးလို့ရမယ်။ ​
ဆိုးတာလုပ်ရင် ကျွန်တော်တို့ အနာဂတ်ဟာ မလွဲမသေ ဆိုးနေပါလိမ့်မယ်။
ဒါဟာရှောင်လွဲလို့မရတဲ့ အမှန်တရားတစ်ခုပါ။

လူတိုင်းမှာရှိတဲ့ "၂၄" နာရီဆိုတဲ့အချိန်အတွင်းမှာ
အရမ်းကိုတန်ဖိုးရှိတဲ့ ၁ နာရီရှိတယ်။
အဲ့ ၁နာရီမှာ လုပ်တဲ့ လုပ်ရပ်ဟာ
ကျန်တဲ့ "၂၃"နာရီ အပေါ်မှာ သက်ရောက်မှု အများကြီး ရှိနေတယ်။

(ဥပမာ တစ်ခု​လေးနဲ့ ပြောပြမယ်- မနက်စောစောစီးစီး
အိမ်နဲ့ပြဿနာတက်တယ်
ပြဿနာတက်နေတော့ စကား​များပြီး အလုပ်နောက်ကျတယ်
အိမ်မှာ ဖြစ်လာတဲ့ ပြဿနာက တနုတ်နုတ်နဲ့ ဒေါသထွက်နေတော့
မြင်မြင်သမျှ တွေ့သမျှကို အကောင်းမမြင်တော့ဘူး ဒေါသထွက်လာတယ် အလုပ်မှာလည်းတစ်နေကုန် ဘာလုပ်လုပ် အဆင်မပြေတော့ဘူး ။
အဲ့လိုမျိုးဖြစ်ဖူးတဲ့ ရက်တွေ ကြုံဖူးပါလိမ့်မယ်။)

ကျွန်တော်တို့ ဦးနှောက်ထဲမှာ ရှိတဲ့ အတွေးတွေက ချိန်းကြိုးတွေနဲ့ တူတယ်။ ကောင်းတဲ့အတွေးတွေခေါင်းထဲမှာရှိရင် ပတ်ဝန်းကျင်မှာ မြင်သမျှ တွေ့သမျှ ကြားသမျှ အရာအားလုံးက ကောင်းတဲ့အရာတွေ ပဲတွေ့ကြုံရပါလိမ့်မယ်။

ဗုဒ္ဓဟောကြားခဲ့တဲ့ "ကျွန်တော်တို့တွေးလိုက်တဲ့အရာတိုင်းဟာ တကယ်ကိုဖြစ်လာပါတယ်တဲ့"

ဒါကြောင့် မနက်ခင်းမိုးလင်း အိပ်ရာနိုးတာနဲ့
အလေ့အကျင့်ကောင်း ချိန်းကြိုး လေးနဲ့စတင်ဖို့အရေးကြီးတယ်။

ဒီ positive mindset ချိန်းကြိုးအပိုင်းစလေး ဖန်တီးဖို့အတွက်
မနက် အိပ်ရာထထချင်း အချိန် ၁နာရီလေးပဲ လိုအပ်ပါတယ်။
ဟုတ်ပါတယ် တကယ့်ကိုတန်ဖိုးရှိတဲ့ "Golden Hour" လေးပါ။

ဒါကြောင့်ဒီနေ့မှာ Golden Hour လေးအသုံးချပုံကိုဒီနေ့မှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီအချိန် "၁နာရီ" ကို အကြမ်းအားဖြင့် "မိနစ် ၂၀" ဆီအပိုင်း
၃ ပိုင်း ပိုင်းလိုက်လို့ရတယ်.........

🕢 ပထမဆုံး "မိနစ်၂၀" မှာ-

၁။ ပထမဆုံး ၅မိနစ်မှာ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်နဲ့
မလှုပ်မယှက် အိပ်ထားတဲ့ ခန္ဓာကိုယ်ကြီးက ညောင်းချိနေနိုင်တဲ့အတွက် အကြောလျော့ တဲ့လေ့ကျင့်ခန်းလေးတွေ ၅ မိနစ်လောက်လုပ်လိုက်ပါ။

၂။ပြီးရင် ၁၅မိနစ် တရားထိုင်ပါ။(တရားထိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာမှ
ထိုင်တာမဟုတ်ပါဘူးခင်ဗျာ။ ကိုယ့်ရဲ့စိတ်ကို ကောင်းကောင်းထိန်းချုပ်
နိုင်အောင် လေ့ကျင့်တဲ့ နည်းလမ်းလေး​တစ်ခုပဲ ဖြစ်ပါတယ်။)

🕢 ဒုတိယ "မိနစ် ၂၀" မှာ-

၁။ ၁၀ မိနစ်လောက်အတွင်း သွေးလည်ပတ်အားကောင်းစေတဲ့
လေ့ကျင့်ခန်းတွေ အဓိကလုပ်သင့်ပါတယ်။
ဥပမာ အပြေးလေ့ကျင့်ခန်းတွေ၊ ခုန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
(ဦးနှောက်ထဲမှာ ရှိတဲ့ Neurons လေးတွေ တိုးပွားမှု
အကောင်းဆုံးလေ့ကျင့်ခန်းကတော့ အပြေးလေ့ကျင့်ခန်းပါ။)

၂။ ပြီးရင် ရေအေးအေးလေးနဲ့ ၁၀မိနစ်လောက် ရေချိုးလိုက်ပါ။

🕢 တတိယ "မိနစ် ၂၀"မှာ-

တစ်နေ့တာလုံးကို အရှိန်ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ဖို့ဆို
ဒီ "မိနစ်၂၀" က အရမ်းကို အရေးကြီးပါတယ်။

၁။ပထမ "၁၀မိနစ်အတွင်း" ကိုယ်တစ်နေ့တာလုံးမှာ လုပ်စရာရှိတဲ့
အလုပ်တွေကို "ABCD" ဆိုပြီး အဆင့် သတ်မှတ်ဖို့ပါ။
အရေးအကြီးဆုံး အလုပ်ကတော့ A ပေါ့ အရမ်းအရေး
မကြီးတဲ့ အလုပ်တော့D ပေါ့ ကြားထဲက B နဲ့ C ကိုတော့
ကိုယ့်ရဲ့ အလုပ်အခြေနေပေါ်မူတည်ပြီး သတ်မှတ်လို့ရပါတယ်။

၂။ နောက် "၅မိနစ်"မှာ ကိုယ့်ဘဝမှာ ကိုယ့်ဖြစ်ချင်တဲ့
ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြန်ပြီးစဥ်းစားပါ။
ချရေးထားတာရှိရင် ပြန်ဖတ်ပေးပါ၊ မျက်လုံးမှိတ်ပြီး ပုံဖော်ကြည့်ပါ။
( ဒီနည်းလမ်းလေးက ကျွန်တော်တို့ရဲ့ မသိစိတ်ကို
ကောင်းကောင်းအသုံးချတဲ့နည်းလမ်းလေးပါ။)

၃။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ နေရာမှာ မျက်လုံး​လေး မှိတ်ပြီး
၅မိနစ်လောက် "ကျေးဇူးတင်စကား" ဆိုကြည့်ပါ။
ကိုယ်ကျေးဇူး​တင်ချင်တဲ့ အရာမှန်သမျှ ကျေးဇူးတင်လို့ရပါတယ်။
(ဒီနည်းလမ်းလေးက ကျွန်တော်တို့ရဲ့ Positive mindeset
အားကောင်းအောင်လေ့ကျင့်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်)

၂၄နာရီထဲက တန်ဖိုးအရှိဆုံး အိပ်ရာနိုးနိုးချင်း ၁နာရီကို
တို့တွေ အရင်က ဖြစ်သလို အသုံးချကောင်းချခဲ့ပါလိမ့်မယ် ။

ဒါပေမယ့် "ချိန်" လေးတွေက ဘယ်​လောက်ထိ အရေးပါလဲဆိုတာ သိပြီဆိုတော့ နောက်နေ့ မနက်ခင်း အိပ်ရာထထချင်း ၁နာရီကို ပြောတဲ့နည်းလမ်းလေးအတိုင်း အသုံးချကြည့်ပါနော်။

မူရင်းပို့ပိုင်ရှင်အားအထူးလေးစားလျှက်

#မူရင်းရေးသားသူကိုလေးစားစွာcreditပေးပါသည်

 #ဖတ်ရင်းနဲ့တွေး(၁)စိတ်ဓာတ်ကို မာမာထားပါ။အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယ...
28/05/2024

#ဖတ်ရင်းနဲ့တွေး
(၁)စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။
(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။
(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို အမြဲမှတ်ထားပါ ။
(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။
(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။
(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့သူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
(၇) လောဘမကြီးနဲ့။
မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။
(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး
ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။
(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက်
တစ်ဖက်သူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။
သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာတရားရှိမှုနဲ့ ယဉ်ကျေးမှုရှိတယ့်အပြင် တစ်ဖက်သူကို လေးစားရာလည်း ရောက်တယ်။
(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။
(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုချပါ။
ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။
(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။
(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတက်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။
(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။
(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ
စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။
(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ္ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက်
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။
(၁၈) ဘဝမွာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။
(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။
(၂၀) တစ်ကိုယ်တည်းသမား လို့ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။
#စာပေဗဟုသုတ #မေတ္တာဖြင့်စိတ်
゚viralシ #စာပေ

သူဌေးဖြစ်ချင်ရင် ဒါတွေ ရှောင်ပါ .၁။ တီဗွီကြည့်ပြီး အချိန်ကုန်မခံပါနဲ့။သူဌေးတွေက ဘယ်တော့မှ ရုပ်မြင်သံကြားအစီအစဉ်တွေ၊ ဇာတ်...
27/05/2024

သူဌေးဖြစ်ချင်ရင် ဒါတွေ ရှောင်ပါ .

၁။ တီဗွီကြည့်ပြီး အချိန်ကုန်မခံပါနဲ့။
သူဌေးတွေက ဘယ်တော့မှ ရုပ်မြင်သံကြားအစီအစဉ်တွေ၊ ဇာတ်လမ်းတွေကြည့်ပြီး အချိန်ကုန် မခံကြပါဘူး။
တီဗွီကြည့်မယ့်အစား စာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။ Elon Musk ကနေ Warren Buffett အထိ
နာမည်ကျော် လုပ်ငန်းရှင် သူဌေးတွေအားလုံးဟာ
တစ်နေ့တာရဲ့အချိန်တော်တော်များများကို
စာဖတ်ခြင်းဖြင့် ကုန်ဆုံးတတ်ကြပါတယ်။
စာဖတ်တဲ့နေရာမှာလည်း အပျော်ဖတ်စာပေတွေထက်
ပညာရမယ့်၊ တိုးတက်မှု တစ်စုံတစ်ရာ ရရှိနိုင်မယ့်
စာအုပ် စာပေတွေကိုပဲ ဖတ်လေ့ရှိပါတယ်။

၂။ ဘယ်တော့မှ တစ်ဦးတည်း သီးခြားခွဲထွက်
မနေပါနဲ့။ သူဌေးတွေအားလုံးက လူမှုဆက်ဆံရေး
ကောင်းကြသူတွေချည်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ အမြဲတမ်းလိုလို မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံပြီး
စကားစမြည် ပြောနေလေ့ရှိပါတယ်။ ဒီလို့ လူမှုဆက်ဆံရေး ကောင်းမွန်တာဟာ အောင်မြင်မှုရဲ့
သော့ချက်ဖြစ်တယ် ဆိုတာကို သူတို့တွေက သေချာသိရှိထားကြပြီး သူတို့ရဲ့ လူမှုကွန်ယက်ကို တိုးချဲ့နိုင်ဖို့ အားထည့်ကြပါတယ်။

၃။ အပိုတွေလျှောက် မတွေးပါနဲ့။အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းဟာ သူတို့ရဲ့ပင်ကိုယ် သိစိတ်ကို ယုံကြည်စွာအသုံးပြုလေ့ရှိပြီး အများကြီး လျှောက်တွေးလေ့မရှိပါဘူး။ (အကျိုးဆက်တွေကို သေချာမသုံးသပ်တာမျိုးကို
ဆိုလိုတာတော့ မဟုတ်ပါဘူး) ဆင်ခြင်သုံးသပ်မှုတွေနဲ့
အချိန်ကုန် မခံတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့် အရာတွေကို သေချာ ဆင်ခြင်
သုံးသပ်ပြီးပြီ ဆိုတာနဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး လုပ်စရာရှိတာတွေကို စတင်လုပ်ဆောင်ကြပါတယ်။
ဘယ်တော့မှ နောက်ပြန်လှည့် ကြည့်လေ့မရှိပါဘူး။

၄။ တကယ် ရင်မဆိုင်ကြည့်ပဲ အရှုံးမပေးပါနဲ့။
သူဌေးတွေအားလုံးဟာ ဒုက္ခရောက်လာချိန်မှာ ဘယ်တော့မှ အရှုံးပေးဖို့ မစဉ်းစားတတ်ကြပါဘူး။
ကျရှုံးမှုတွေ အဆင်မပြေမှုတွေ အားလုံးကို ဇွဲရှိရှိနဲ့ ကျော်ဖြတ်ကြပါတယ်။ လုပ်ငန်းရှင်အများစုဟာ လုပ်ဖော် ကိုင်ဖက်တွေ၊ မိတ်ဆွေ၊ မိသားစု၀င်တွေရဲ့ဝေဖန်ပြစ်တင်မှုတွေ ခံရလေ့ရှိပေမယ့် လက်မလျှော့တတ်ကြပါဘူး။
အောင်မြင်သူအစစ်တွေက ဘယ်တော့မှ နောက်ကောက်ကျ မကျန်နေခဲ့ပါဘူး။

၅။ အားကစားလုပ်ဖို့ မမေ့ပါနဲ့။ချမ်းသာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တိုင်းဟာ မနက်ခင်းမှာ လေ့ကျင့်ခန်း
လုပ်တတ်ကြပါတယ်။ သူတို့အတွက် မနက်ခင်း လေ့ကျင့်ခန်း လုပ်တာဟာ နေ့စဉ် လုပ်ငန်းဆောင်တာတွေ အတွက် အာရုံစူးစိုက်နိုင်ပြီး၊ လုပ်ငန်းပြီးမြောက်မှုကို
တိုးတက်လာစေဖို့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို နားလည်ကြပါတယ်။

၆။ အိပ်ရာထနောက်မကျပါနဲ့။ အောင်မြင်တဲ့သူ အများစုဟာ မနက်စောစော အိပ်ရာ ထတတ်ကြသူတွေချည်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်တော့မှ အိပ်ရာထဲမှာကွေးနေပြီး အလုပ်နောက်ကျခံတဲ့အထဲမှာ မပါကြပါဘူး။

၇။ မပျင်းပါနဲ့။အောင်မြင်သူ အများစုဟာ သူတို့ပတ်၀န်းကျင်မှာ လေ့လာစရာ အခွင့်အလမ်းတွေ အမြဲတမ်းရှိနေတာကို သိကြတဲ့အတွက် ပျင်းနေတယ်ဆိုတာ မရှိပါဘူး။
ထိုင်ပြီး ပျင်းနေမယ့်အစား မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံဖို့၊
သင်တန်းတွေတက်ဖို့၊ စာအုပ်တွေဖတ်ဖို့၊ စသဖြင့်
အရည်အချင်းနဲ့ အသိပညာ ဗဟုသုတတွေ တိုးလာဖို့ကိုပဲ အမြဲအားထုတ်နေတတ်ကြပါတယ်။

သန်းကြွယ် ကုဋေ့ကြွယ်သော သူဌေးကြီးများ ဖြစ်ကြပါစေခင်ဗျား . . ။

(ဆုတင် မှတ်စုကြမ်း )

21/05/2024

အခွင့်အရေး...

21/05/2024

ငွေကြေးဖောင်ပွမှု Inflation ဆိုတာ ဘာလဲ ????

ငွေကြေးဖောင်ပွခြင်း inflationဟာ တခြား တိုင်းပြည်စီးပွားရေးအတက်အကျနဲ့ အလုပ်လက်မဲ့နှုန်း တွေနဲ့ ဆက်နွယ်နေပုံတွေ၊ inflationတိုးရင် ဘာတွေဖြစ်မလဲ inflationလျော့ရင် ဘာတွေဖြစ်မလဲဆိုတာတွေကို သိသလောက် knowledge အနေနဲ့မျှဝေပေးပါမယ်။

Inflation rate ငွေကြေးဖောင်ပွခြင်းနှုန်းဟာ ဒေါ်လာစျေး ရွှေစျေးတက်မှုနဲ့တိုက်ရိုက်အချိုးမကျပါဘူး ဥပမာဒေါ်လာစျေး 30%တက်သွားလို့ inflation rate 30%ရှိတယ်လို့ပြောလို့မရပါဘူး ဒါပေမယ့် ဒေါ်လာစျေးတက်ခြင်းဟာ inflationတက်မှုကိုတော့ ဖြစ်ပေါ်စေပါတယ်။

ဒါဖြင့် inflation ငွေကြေးဖောင်ပွမှာကို ဘယ်လိုတိုင်းလဲ ဘယ်ဟာတွေအပေါ်မှုတည်ပြီး ဖြစ်တာလဲလို့ မေးစရာဖြစ်လာပါပြီ?

Inflation rateဟာ Consumer Price Index CPI အပေါ်မှုတည်ပါတယ် အိမ်တစ်အိမ်ရဲ့စျေးသွားရင် ခြင်းတောင်း တစ်တောင်းစာ ဆန် ဆီ ဆား ကြက်သွန် အသားအရွက် နဲ့ လောက်စာဆီ တို့ရဲ့ average တက်တဲ့% အပေါ်မှုတည်ပြီ ဖြစ်ပေါ်ပါတယ် ဥပမာ တက်တဲ့ %က ဆန်က 10% ၊ ဆီက5% ၊ ဆားက 3% ၊ ကြက်သွန်က 4%၊ အသားက 9% ၊ အရွက်က 5% ၊လောင်စာဆီက 7% တက်တယ်ဆိုရင် CPI တွက်တဲ့အခါ

CPI = (10+5+3+4+9+5+7)/ 7
= 43 / 7
= 6.14 %

CPI က 6.14%ရှိပြီ inflation rateက 6.14%ရှိတယ်လို့ပြောလို့ရပါတယ်။
ဒါဆိုရင် inflation rateက ဘယ်လောက်ရှိသင့်လဲဆိုတာမေးဖို့ဖြစ်လာပါပြီ inflation rateဟာ Developed country တိုးတက်ပြီး နိုင်ငံတွေမှာဆိုရင် 1%ကနေ 4% လောက်ရှိကြပြီး developing country ဖွင့်ဖြိုးစဲနိုင်ငံတွေမှာဆိုရင် 5%ကနေ 9%လောက်ရှိကြပြီး 50%အထက်ဆိုရင်တော့ hyperinflationဖြစ်တယ်လို့ပြောကြပါတယ်။

ဒါဆို နိုင်ငံတစ်နိုင်ငံမှာ inflationကိုလျော့ချလိုက်ရင်ကောမေးလာရင် inflation rateကို လျော့ချရင် တိုင်းပြည်စီးပွားရေးတိုးတက်မှုနှုန်းကျသွားပြီး unemployment rate အလုပ်လက်မဲ့နှုန်းတွေ များလာမှာဖြစ်ပါတယ် ဒါဆို inflation rateကို ဒီအတိုင်းများပစေ ဆိုရင်တော့ ငွေကြေးတွေဖောင်ပွမှုတွေများပြီး ရတာနဲ့ ငွေကြေးဖောင်ပွမှုကြောင့် ပြန်ပေးရတာ တူတူဖြစ်ပြီး အလုပ်မရှိတဲ့သူတွေ ခက်ခဲမှုတွေဖြစ်ကာ လူတွေငွေမကိုင်ချင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ရှေ့မှာ ငွေကြေးဖောင်းပွမှု inflationဟာ ဘယ်အပေါ်မှုတည်ပြီး တွက်ကြလဲဆိုတာကို သိပြီးရင် ဒီတခါ ငွေကြေးဖောင်းပွမှု inflationက ဘယ်လိုတက်လာလဲ ဘာကြောင့် inflation rateကတက်လာတာလဲဆိုတာကို ပြောပြပါမယ်။

Inflationကို ဖြစ်ပေါ်စေတာဟာ အခြေခံအားဖြင့် ပုံစံ၂ခုရှိပါတယ်။ဒါတွေကတော့

(1)Demand Pull ဆိုတဲ့ စားသုံးဝယ်ယူသူတွေက marketထဲများများဝယ်ယူစားသုံးတာတွေများလာတဲ့ အခြေအနေဖြစ်ပါတယ် တနည်းပြောရရင် လူတွေက ငွေကို များများသုံးတဲ့အခြေအနေဖြစ်ပါတယ် စီးပွားရေးကောင်းပြီး လူတွေစားနိုင်သုံးနိုင်တဲ့အခြေအနေမှာ demand ဝယ်လိုအားက supplyရောင်းလိုအားထက်များလာပြီး inflationတက်လာပါတယ်။နောက်တစ်ခုက

(2)Cost Push အခြေအနေမှာတော့ ကုန်ပစ္စည်းတွေထုပ်လုပ်တဲ့ ကုန်ကျစရိတ်တွေတက်လာတာကြောင့် စျေးတွေတက်ပြီး inflationတက်လာတာဖြစ်ပါတယ် ကုန်ကျစရိတ်တွေမှာဘာတွေပါလဲဆိုတော့ ဝန်းထမ်းတွေရဲ့ အခြေခံလာစာတွေတက်လာလို့ဖြစ်စေ ၊ လောင်စာဆီစျေးနှုန်းနဲ့ သယ်ယူပို့ဆောင်စရိတ်တွေတက်လာလို့ဖြစ်စေ၊ ကုန်ကြမ်းတွေရှားပါးပြီး စျေးတက်လာလို့ဖြစ်စေ ထုပ်လုပ်မှုcostတက်လာကာ ပစ္စည်းတစ်ခုချင်း per unit costတက်လာပြီး inflation ငွေကြေဖောင်းပွမှုကို ဖြစ်စေတာဖြစ်ပါတယ်။

ဒါဖြင့် ငွေကြေးဖောင်းပွမှုကို နိုင်ငံတိုင်းမှာ ဘယ်လိုတွေလျော့ချကြလဲဆိုတာ မေးစရာဖြစ်လာပါပြီ?

Inflationငွေကြေးဖောင်းပွမှုကို လျော့ချမယ်ဆိုရင် သိရမှာက နိုင်ငံတိုင်းမှာ ဗဟိုဘဏ် central Bank နဲ့အစိုးရရှိပါတယ် ခုနကပြောခဲ့တဲ့အတိုင်း demand pull အရ လူတွေငွေတွေသုံးတာများခြင့် ကြောင့် inflationတက်တာလို့ပြောခဲ့ပါတယ် လူတွေလက်ထဲငွေဘာကြောင့်ရောက်လဲနဲ့ ဘာကြောင့် ငွေတွေသုံးတာလဲဆိုတာကို သိဖို့လိုပြီး ဒီလိုသုံးတာကို လျော့ချခြင်းဖြင့် inflation rateကိုလျော့ချလို့ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ အစိုးရကဘာတွေလုပ်လေ့ရှိလဲဆိုတာကိုပြောပြပါမယ်။

ဗဟိုဘဏ်က ဘာတွေလုပ်လဲဆိုတော့
(1)အတိုးနှုန်း interest rateကို တိုးလိုက်ပါတယ် ဒီလိုအတိုးနှုန်းကို တိုးမြှင့်လိုက်ခြင်းကြောင့် private စီးပွားရေးလုပ်ငန်းတွေက သူတို့စီးပွားရေးတို့ချဲ့ဖို့ ဘဏ်တွေကနေ ငွေချေးတဲ့အခါ အတိုးနှုန်းမြင့်တာကြောင့် သိပ်မချေးကြတော့ပဲ လုပ်ငန်းချဲ့ထွင်တာတွေကို လျော့ချပါတယ် ဒါကြောင့် စီးပွားရေးလုပ်ငန်းက ဝန်ထမ်းအသစ်တွေ ထပ်မခန့်တော့ပဲ လူတွေလက်ထဲ ပိုက်ဆံရောက်တာနည်းသွားပါတယ်။နောက် တခြားနိုင်ငံတွေမှာ အကြွေးဝယ်ကဒ် တွေဟာ ချေးပေးတဲ့အတိုးများလာတာကြောင့် လူတွေက မလိုအပ်ပဲ ဝယ်မသုံးတော့ပါဘူး ပိုက်ဆံသုံးတာနည်းသွားပါပြီး ဘဏ်မှာအတိုးပိုရတာကြောင့် ဘဏ်မှာပိုက်ဆံပိုပြီး အပ်နှံကြကာ ငွေကြေးသုံးစွဲမှုနည်းသွားကြပါတယ်ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေဟာ အရောင်းကျကာ ဝယ်လိုအားတွေနည်းလာကြပြီး ရောင်းလိုအားများလာကြပါတယ်။နောက်တစ်ခုက

(2)Money supplyကို ဗဟိုဘဏ်ကလျော့ချပါတယ် ဘယ်လိုလျော့ချလဲဆိုတော့ ငွေသစ်ရိုက်ထုပ်တာတွေမလုပ်ဘူးနောက် open market ထဲမှာ Government bond ငွေတိုက်စာချုပ်တွေကို private ပုဂ္ဂလိက ဘဏ်တွေကို ထုပ်ရောင်းပြီး ဘဏ်တွေရဲ့ ငွေတွေကို ဗဟိုဘဏ်ကို ရောက်စေကာ money supply နည်းသွားအောင်ပြုလုပ်ပါတယ် နောက် ဗဟိုဘဏ်ကနေ ဘဏ်တွေရဲ့ bank reserve အနည်းဆုံးထားရမယ် cash ငွေ%ကို တိုးလိုက်ပါတယ် ဒါကြောင့် ပုဂ္ဂလိက ဘဏ်တွေက ငွေတွေနည်းသွားပြီး လုပ်ငန်းတွေဖြစ်စေ ထုပ်ချေးတာနည်းသွားပြီး money supply နည်းသွားအောင်ပြုလုပ်ကြပါတယ်။
ဒီလိုတွေလုပ်တဲ့ policyတွေကို central bank monetary policy လို့ခေါ်ပါတယ်။

အစိုးရက ဘာတွေလုပ်လဲဆိုတော့

(1)Gevernment spending ဆိုတဲ့ အစိုးရအသုံးစရိတ်တွေကို လျော့ချပါတယ် အစိုးရကသူရဲ့ ဝန်ကြီးဌာနတွေရဲ့အသုံးစရိတ်တွေကို လျော့ချပါတယ် projectတွေကို လျော့လုပ်ပါတယ် ဒီလိုလုပ်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းတွေဟာ အစိုးရစီက projectတွေ သိပ်မရတော့ပဲ အလုပ်တွေနည်းကာ ဝန်ထမ်းခန့်တာတွေလည်း နည်းလာကာ လူတွေလက်ထဲငွေတွေရောက်ရှိမှုနည်းပါလာပါတော့တယ်။နောက်

(2) Tax အခွန်တိုးကောက်ပါတော့တယ် လုပ်ငန်းတွေအတွက်ကော လူတွေဝင်ငွေခွန်ပါ တိုးကောက်ခြင်းကြောင့် လူတွေ အခွန်ပိုပေးရကာ ငွေသုံးစွဲတာ လျော့နည်းလာပါတော့တယ် လုပ်ငန်းတွေလည်း အခွန်ကြောင့် အမြတ်နည်းလာပါတယ်။
ဒီလိုအစိုးရလုပ်တာကို government fiscal policyလို့ခေါ်ပါတယ်။

အထက်ကပြောတဲ့အခြေအနေကို လုပ်လိုက်ရင် inflation ငွေကြေးဖောင်းပွမှုလျော့ကျသွားမည့်အပြင် မကောင်းတာက နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုပါ လျော့ကျသွားပြီး unemployement အလုပ်လက်မဲ့နှုန်းတွေ များလာမှာဖြစ်ပါတယ်။
တကယ်လို့ စီးပွားရေးတိုးတက်ချင်ပြီး အလုပ်လက်မဲ့နှုန်းတွေလျော့ချချင်ရင် ခုနကအထက်ကပြောခဲ့တာတွေအတိုင်းပြောင်းပြန်လုပ်ရမှာဖြစ်ပါတယ် ဒါဆိုရင် လူတွေရဲ့ demandပြန်များလာပြီး စီးပွားရေးတက်လာမှာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

30/06/2023

#သေဘာက်လို့
ပိုက်ဆံရှာချင်ရင် ပိုက်ဆံများများရှိတဲ့နေရာမှာ ရှာရတယ်။

တိုးတက်ချင်ရင် အခွင့်အလမ်းတွေများတဲ့နေရာကို တိုးရဲရပါတယ်။

မျောက်တစ်ကောင်ကို ငှက်ပျောသီးတစ်လုံးနဲ့ ရွှေချောင်းတစ်ချောင်းပေးမယ်။ မျောက်က ငှက်ပျောသီးကို ရွေးချယ်မှာပါ။ ရွှေချောင်းနဲ့ ငှက်ပျောသီးအများကြီးကို လဲလှယ်နိုင်မှန်း မျောက် မသိဘူးလေ။

အလားတူပါပဲ...

လူတစ်ယောက်ကို ရွှေချောင်းတစ်ချောင်းနဲ့ ဉာဏ်ပညာတစ်ခုပေးမယ်။ လူတော်တော်များများက ရွှေချောင်းကို ရွေးချယ်ကြမှာပါ။ ဉာဏ်ပညာကနေ ရွှေချောင်းအများကြီးပြန်ရှာနိုင်တယ်ဆိုတာ မယုံကြည်ကြဘူးလေ။

အချိန်တော်တော်များများမှာ ရွှေးချယ်မှုဟာ ကြိုးစားမှုထက် အရေးကြီးတတ်ပါတယ်။

ငါဘာကောင်လဲဆိုတာ အရေးမကြီးဘူး။
ငါဘာလုပ်နေလဲဆိုတာတော့ အလွန်အရေးကြီးပါတယ်။

ငါလုပ်နေတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်
လုပ်မယ်ဆိုတဲ့စိတ်က အရေးတကာ့ အရေးအကြီးဆုံးပါ။

ဘ၀ဆိုတာ ပင်ပန်းမှုတွေ၊ ဝေဖန်မှုတွေ ၕကန်မလွဲ သင်ကြုံရမှာ။
အခုမပင်ပန်းချင်ဘူးဆိုရင် နောင်မှာ ပိုပြီးပင်ပန်းပါလိမ့်မယ်။
ဘ၀ဆိုတာ ဒုက္ခအများကြီးနဲ့ ကြုံရစမြဲပါ။ သင် ဒီတစ်နေ့ ဒုက္ခမခံနိုင်ဘူးဆိုရင် နောင်မှာ ပိုပြီး ဒုက္ခတွေ့ရလိမ့်မယ်။

ပျော်ရွင်ခြင်းဆိုတာကတော့ ပင်ပန်းပြီးမှ
အနားယူရတဲ့ အရသာမျိုး။
ခါးသက်ပြီးမှ ချိုမြိန်ခြင်းရဲ့ အရသာမျိုးဖြစ်ပါတယ်။

ဒါကြောင့် အသက်ငယ်ရွယ်စဉ်မှာ အပြင်လောကကို ၀င်တိုးစမ်းပါ။
သတၱိရွိရွိ အျပင္ေလာကကို ၀င်တိုးလိုက်စမ်းပါ။ ၿမိဳ့ႀကီးျပႀကီးကို ၀င်တိုးရဲစမ်းပါ။ မိုးတွေလေတွေရဲ့ ဆေးကြောမှုကို ခံယူပြစ်လိုက်။ ကံဆိုးမိုးမှောင်လို့ တချိန်တုန်းက ထင်မြင်ခဲ့တာတွေကို စိန်ခေါ်မှုလို့ ပြောင်းလဲပြီး တွေးမြင်လိုက်ပါ။

ယခုအောင်မြင်ချမ်းသာနေတဲ့ လူတော်တော်များများက
ပိုက်ဆံအရင်ရှိလို့မဟုတ်ဘူး။ သတ္တိအရင်ရှိလို့
အောင်မြင်လာခဲ့ကြတာပါ။

"ပိုက်ဆံရှာချင်ရင် ပိုက်ဆံများများရှိတဲ့နေရာမှာ ရှာရတယ်။
တိုးတက်ချင်ရင် အခွင့်အလမ်းတွေများတဲ့နေရာကို တိုးရဲရပါတယ်။"

ဒီလောကကြီးမှာ သင်ကိုယ်တိုင်ကလွဲရင် သင့်ကို
တကယ် ကူညီမယ့်သူမရှိပါဘူး။

ကြက်ဥဆိုတာ ပြင်ပကနေရိုက်ခွဲရင် ဟင်းဖြစ်သွားတယ်။
အတွင်းကနေခွဲထွက်ခဲ့ရင်တော့ ဘ၀သစ်ဖြစ်လာတယ်။
လူဆိုတာလည်း ဒီအတိုင်းပဲ...။

သုတေသနတွေအရ မျှော်မှန်းထားတဲ့အခက်အခဲဆိုတာ ၅% ပဲမှန်ကန်လေ့ရှိတယ်။ သင်ကြုံရမယ့် အခက်အခဲ အတားအဆီးတွေဟာ မျှော်လင့်ထားတဲ့အရာတွေမဟုတ်ဘူး။

ပြီးရင် အဲ့ဒီအခက်အခဲ တားဆီးမှုတွေ ဆုံးရှုံးမှုတွေဟာလည်း
ကံနဲ့မသက်ဆိုင်ဘူး။ ဒီအခက်ခဲနဲ့ တားဆီးရှုံးနိမ့်မှုတွေက တစ်ချိန်ချိန်မှာ သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဘ၀အတွေ့အကြုံကို ရရှိစေမှာပါ။

စိတ်ရှင်းရင်း ဘ၀ရှင်းပါတယ်။
စိတ်လွတ်လပ်ရင် ဘ၀လွတ်လပ်တယ်။
ဘာပဲလုပ်လုပ် နည်းလမ်းများများရှာပါ။
ဆင်ခြေများများရှောင်ပါ...




လူဆိုတာ.......အာနာတတ်တဲ့သူကို အတယ်လို့ထင်ကြတယ်။လိမ်ပြောနေသူရဲ့စကားကို ပိုပြီးယုံကြည်တတ်ကြတယ်။စေတနာထားရင်စော်ကားချင်ကြတယ်...
22/06/2023

လူဆိုတာ.......

အာနာတတ်တဲ့သူကို အတယ်လို့ထင်ကြတယ်။

လိမ်ပြောနေသူရဲ့စကားကို ပိုပြီးယုံကြည်တတ်ကြတယ်။

စေတနာထားရင်စော်ကားချင်ကြတယ်။

ငွေရှိတဲ့သူကိုမှ ပိုပြီးခင်တွယ်တတ်ကြတယ်။

ရိုးသားတဲ့သူကိုပြီးနင်းချင်ကြတယ်။

တန်ဖိုးထားတတ်တဲ့သူကို အလေးမထားချင်ကြဘူး။

မေတ္တာပြတဲ့သူကို အဖတ်မလုပ်နေသ၍

သင်မတိုးတက်နိုင်ပါ။




"လူတစ်ယောက်ရဲ့ အဆင့်အတန်း"လူတွေဟာ ကိုယ်နဲ့ တန်းတူတဲ့သူတွေ၊ ကိုယ့်ထက် မြင့်သူတွေနဲ့ ဆက်ဆံတဲ့အခါ အဆင့်အတန်းရှိသယောင်၊ ယဉ်ေ...
06/06/2023

"လူတစ်ယောက်ရဲ့ အဆင့်အတန်း"

လူတွေဟာ ကိုယ်နဲ့ တန်းတူတဲ့သူတွေ၊ ကိုယ့်ထက် မြင့်သူတွေနဲ့ ဆက်ဆံတဲ့အခါ အဆင့်အတန်းရှိသယောင်၊ ယဉ်ကျေးသယောင်နဲ့ မသိသာပေမဲ့ သူ့ထက် နိမ့်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ လူတစ်ယောက်ရဲ့ အတွင်းစိတ်က ပေါ်လာတတ်ပါတယ်။

လောကမှာ ပါဝါတွေက အမျိုးမျိုးရှိနိုင်တယ်​။
• ရာထူး၊
• အာဏာ၊
• ငွေကြေး၊
• ခွန်အား၊
• လုပ်ပိုင်ခွင့်၊
• ပညာ၊
• အသက်အရွယ် စသဖြင့် တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေ မတူကြဘူး။ တူအောင်လည်း ဘယ်လိုမှ လိုက်ညှိလို့မရဘူး။

ဒီလို တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေ မတူကြတဲ့အခါ လူတွေဟာ ကိုယ့်မှာရှိတဲ့ ပါဝါကို အလွဲသုံးလာကြတယ်။ ကိုယ်မို့လို့ အသာစီးလေး မရလိုက်နဲ့၊ စိတ်တိုင်းကျ အနိုင်ယူကြတယ်။

ကိုယ့်ထက်နိမ့်သူကို အနိုင်ကျင့်ထားတဲ့သူဟာ သူ့ကိုယ်သူ လေးစားမှုပျောက်ဆုံးသွားတယ်။ အဲဒီအတွက် သူ့ထက် မြင့်တဲ့သူရှေ့မှာဆိုရင် ဒူးထောက်ဖို့လည်း ၀န်မလေးတော့ဘူး။ ဒီလိုနဲ့ အထက်ဖားအောက်ဖိ သံသရာလည်လာတယ်။

“လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက် နိမ့်ပါးတဲ့သူတွေကို သူဘယ်လိုဆက်ဆံသလဲ ဆိုတာကို ကြည့်ရတယ်” တဲ့။

လူတစ်ယောက် အဆင့်အတန်း မြင့်မမြင့်ကို သူဘာဝတ်ထားတယ်၊ သူ ဘယ်လောက်ချမ်းသာတယ်၊ သူ ဘာဘွဲ့တွေ ရထားတယ်၊ သူကိုင်တဲ့ဖုန်းက ဘာလဲ ဆိုတာတွေက မပြောပြနိုင်ဘူး။

သူ့ထက် နိမ့်ပါးတဲ့ လူတွေအပေါ် သူဘယ်လိုဆက်ဆံသလဲ ဆိုတာကပဲ ဖော်ပြပေးနိုင်တယ်။

ကျွန်တော်တို့ရဲ့ ဘ၀မှာ ကိုယ့်ထက် မြင့်တဲ့သူတွေကို မဖားဖူးပါဘူးဆိုတောင် မပြုံးချင်ဘဲ ပြုံးပြရတာတွေ၊ မကောင်းတတ်လို့ အလိုက်အထိုက် ဆက်ဆံနေရတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ကိစ္စမရှိပါဘူး။

ဒါပေမဲ့ ကိုယ့်ထက် နိမ့်ပါးတဲ့သူတွေအပေါ်မှာတော့ တစ်ဖက်သတ် အနိုင်မယူမိဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ အဲဒါဟာ ကျွန်တော်တို့ အဆင့်အတန်း ဘယ်လောက်မြင့်သလဲ ဆိုတာကို ပြသနေမဲ့ အချက်တစ်ချက် ဖြစ်လို့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ



06/06/2023

#အစဆိုတာ အမြဲခက်ခဲလေ့ရှိတယ်

စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။

ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။ ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့်အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာကောင်းသလို ကြောင်တောင်တောင်လည်း နိုင်ပါတယ်။

လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။

ဒါ့ကြောင့်

အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။

ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့သတ္တိတွေက ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလဲ လုပ်ရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့ လိုပါတယ်။

တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။

“ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ”


နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။

အနည်းဆုံးတော့ အတွေ့အကြုံရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့ မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။

ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။



မသိခြင်းတွေထဲက အဆိုးဆုံးက ကို့ကိုယ်ကိုယ် မသိချင်းပါပဲ။ရည်ရွယ်ချက်မဲ့ အသက်ရှင်နေထိုင်သွားဖို့ ဘဝက အဲ့ဒီလောက် တန်ဖိုးမဲ့ မ...
04/06/2023

မသိခြင်းတွေထဲက အဆိုးဆုံးက
ကို့ကိုယ်ကိုယ် မသိချင်းပါပဲ။

ရည်ရွယ်ချက်မဲ့ အသက်ရှင်နေထိုင်သွားဖို့ ဘဝက အဲ့ဒီလောက် တန်ဖိုးမဲ့ မနေပါဘူး။

တန်ဖိုးဆိုတာ တန်ဖိုးထားတတ်တဲ့သူတွေအတွက်ပဲ တန်ဖိုးရှိကြတာပါ။

တန်ဖိုးမသိသူအတွက် တန်ဖိုးမရှိဖြစ်တတ်သလို၊

တန်ဖိုးမထားသူအတွက်လည်း တန်ဖိုးရှိပေမယ့် တန်ဖိုးမဲ့နေဦးမှာပါပဲ။

ကို့ကိုယ်ကိုမသိတဲ့ကိုယ် မဖြစ်ပါစေနဲ့

လူသားတစ်ယောက်အနေနဲ့
ကိုယ် ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ် ဆိုတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်မှမရှိရင်
အနာဂတ်မဲ့ပြီး ပျက်စီးတတ်ပါတယ်။

မိမိဆန္ဒက မိမိအနာဂတ်ဘဝဖြစ် ဖြစ်ပါစေ

ဒီနေ့ ကိုယ့် နေ့ဖြစ်ပါစေ



▪️လူအများစုမှာ ကြုံလေ့ရှိကြတဲ့ ပြဿနာတစ်ခုက အားနာတတ်လွန်းခြင်းပဲ ဖြစ်ပါတယ်။ အားနာတတ်တဲ့စိတ်ဟာ ကိုယ့်ကြောင့် သူတပါး စိတ်အေ...
31/05/2023

▪️လူအများစုမှာ ကြုံလေ့ရှိကြတဲ့ ပြဿနာတစ်ခုက အားနာတတ်လွန်းခြင်းပဲ ဖြစ်ပါတယ်။ အားနာတတ်တဲ့စိတ်ဟာ ကိုယ့်ကြောင့် သူတပါး စိတ်အနှောင့်အယှက်ဖြစ်သွားမှာ၊ ကိုယ့်အပေါ် အခင်အမင်ပျက်ပြီး ငြိုငြင်သွားမှာကို စိုးရိမ်တာဖြစ်ပါတယ်။

သူငယ်ချင်းအပေါင်းအသင်း၊ မိသားစုဆွေမျိုးသားချင်း
ရောင်းသူနဲ့ ဝယ်သူတွေအကြားမှာ အားနာမှုတွေက အမြဲတမ်းဆိုသလို ကြုံတွေ့နေရမှာပါပဲ။ အားနာတတ်တာဟာ သဘောကောင်းခြင်းရဲ့ပြယုဂ်လို့ ထင်တတ်ကြတာဟာ လွဲမှားတဲ့အယူအဆပါ။

လေ့လာမှုတွေအရ လူတွေက အားနည်းတဲ့သူဆို
ပိုပြီးအနိုင်ယူကြသလို.. ၊ အားနာတတ်တဲ့သူကိုလည်း ပိုပြီး ရောင့်တက်ချင်ကြပါတယ်။ အားနာတတ်တဲ့သူတွေကိုဆို အားမနာတမ်း အခွင့်အရေးယူတတ်ကြတာက များပါတယ်။

📌 အချင်းချင်း ခင်မင်ရင်းနှီးမှုအရ အားနာပြီး ကူညီပေးတယ်ဆိုပေမယ့် ကိုယ့်အတွက် မနိုင်ဝန်ထမ်းရသလို ဖြစ်နေမယ်ဆိုရင် ဒါဟာ လုံးဝမကောင်းပါဘူး။ ကိုယ်မကူညီနိုင်တဲ့ကိစ္စမျိုးအတွက် ငြင်းဆန်ရမှာကို အားမနာသင့်ပါဘူး။ ဘယ်သူ့အပေါ်ကိုမဆို အမြဲအားနာနေတာက ကိုယ့်အတွက် ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။ အားနာလွန်းတဲ့အခါ ကိုယ့်မှာ ထိခိုက်နစ်နာမှုတွေ ရှိလာမှာ မလွဲပါဘူး။

√ အားနာတတ်တဲ့သူတွေ စီးပွားရေးလုပ်တဲ့အခါမှာလည်း အခက်အခဲတွေ ပိုပြီးကြုံရတတ်ပါတယ်။ စီးပွားရေးထဲကို အားနာတာတွေ၊ သနားတာတွေ၊ လူမှုရေးတွေ ဆွဲသွင်းလိုက်တဲ့အခါ ပြဿနာတွေ ရှင်းမရနိုင်လောက်အောင် ရှုပ်ထွေးလာရပါတယ်။

ဒီလိုပြောလို့ အားလုံးကို ပစ်ပစ်ခါခါ လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အထိုက်အလျှောက် အားနာမှု ရှိတာက ရှိလို့ရပါတယ်။ ဒါပေမယ့် အလုပ်နဲ့ ရောထွေးမပစ်လိုက်ပါနဲ့ ။ သပ်သပ်စီ အကန့်ခွဲထားလိုက်ပါ။ အုတ်ရောရော ကျောက်ရောရောနဲ့ အားနာတတ်လွန်းရင် နောက်ဆုံးတော့ ကိုယ်ပဲ ဒုက္ခရောက်ရပါလိမ့်မယ်။

• ကိုယ့်အတွက်ကိုယ်တောင် မငဲ့တတ်ကြဘဲ အားနာနာနဲ့ လုပ်ပေးလိုက်ရတာတွေက ကိုယ့်ရဲ့အချိန်‌တွေ ငွေတွေ အကျိုးစီးပွား‌တွေ အများကြီးထိခိုက်စေပါတယ်။ အားနာခြင်းရဲ့ နောက်ကွယ်မှာ မလိုလားအပ်တဲ့ စိတ်ရှုပ်စရာတွေ ပါလာတတ်လို့ အားနာတတ်တာက ဘယ်နေရာမှ မကောင်းပါဘူး။

✅ ကိုယ်မလုပ်နိုင်ရင် မလုပ်နိုင်ကြောင်း၊ မကူညီနိုင်ရင် မကူညီနိုင်သေးကြောင်း အားမနာတမ်း ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူတွေကို လူတွေက တကိုယ်ကောင်းဆန် အတ္တကြီးတယ်လို့ ထင်တတ်ကြပါတယ်။ အဲဒါဟာ တကယ်တော့ ကိုယ်ပိုင်နယ်နိမိတ် စည်းမျဉ်းတစ်ခု သတ်မှတ်လိုက်တဲ့သဘောပါပဲ။ စည်းမျဉ်းကို ကျော်ချင်လို့ အခင်အမင်ပျက်ကုန်ကြ၊ မုန်းတီးသွားကြတဲ့သူတွေအတွက်ကတော့ လွမ်းလောက်စရာ မရှိပါဘူး။ အားနာစိတ်ကြောင့် ဖြစ်လာရမယ့် ကိုယ့်ရဲ့ထိခိုက်ဆုံးရှုံးတွေထက်စာရင်..၊ ဘာမှ မဆုံးရှုံးသေးခင်မှာ အမုန်းခံလိုက်ရတာက တော်ပါသေးတယ်လို့ ပြောရမှာပါပဲ။

📌 အဲဒါကြောင့် ကိုယ့်ရဲ့ကောင်းကျိုးအတွက်
ဘာတစ်ခုမှမရှိတဲ့ အားနာခြင်းတွေကို ဘေးချိတ်ပြီး..၊ ပြောသင့်တဲ့ကိစ္စကို ပြောရမယ့်အချိန်မှာ ပြောရဲဖို့လိုသလို..၊ ငြင်းသင့်တဲ့ကိစ္စကိုလည်း ငြင်းရမယ့်အချိန်မှာ ငြင်းရဲဖို့ လိုအပ်ကြောင်း ပြောလိုက်ပါရစေ.. ။

#ဉာဏ


ကျမညံ့တယ်ထင်ရင်ကျမရှေ့ကဦးဆောင်ပါကောင်းမွန်စွာနောက်ကလိုက်ပါမည်...ကျမတော်တယ်ထင်ရင်ကျမဖောက်တဲ့လမ်းကအလိုက်သင့်သာလျှောက်ပါ......
30/05/2023

ကျမညံ့တယ်ထင်ရင်
ကျမရှေ့ကဦးဆောင်ပါ
ကောင်းမွန်စွာနောက်ကလိုက်ပါမည်...

ကျမတော်တယ်ထင်ရင်
ကျမဖောက်တဲ့လမ်းက
အလိုက်သင့်သာလျှောက်ပါ...
လက်တွဲခေါ်ပါမည်...

ကျမနဲ့တန်းတူရည်တူထင်ရင်
ဘေးကအတူလက်တွဲကူပါ
ပြိုင်တူတွန်းရင်အရွေ့မြန်လို့ပါ...

ကျမ မကောင်းဘူးထင်ရင်
ကင်းအောင်နေပါ...

မကင်းနိုင်ရင်ကောင်းအောင်နေ ပါ...

လူတစ်ယောက်ထက်မြတ်တာ
တော်တာကိုမြင်ရင်
သူ့လိုငါတို့ဘယ်လိုကြိုးစားကြမလဲအတုယူပါ
သူ့နေရာကိုငါတို့ဘယ်လိုဖျက်စီးမလဲလို့
မစ္ဆရိယစိတ်ထား မရှိပါစေနဲ. ...

အထက်တန်းစားစိတ်ဆိုတာ
လက်ချိုးရေလို့ရတဲ့အတွက်
ညွန်မရှိတဲ့ရေအိုင်ထဲကကြာနဲ့တူပါတယ်...

အောက်တန်းစားစိတ်ကတော့
ကျောက်ခဲသလဲတမျှ
ရေတွက်လို့မရတဲ့အတွက်
စွန့်ပြစ်ရေမြောင်းထဲက
ညွန်ပုပ်နဲ့တူပါတယ်...

ဘဝကတိုတိုလေးပါ
သံသရာကိုရှည်စေသော
မနာလိုမစ္ဆရိယစိတ်ယုတ်မာတို့ကို
အတတ်နိုင်ဆုံးဖယ်ရှားကြပါစို့...

သိမ့်သိမ့်နိုင်
ရွှေကောင်းကြွယ်လက်ဖက်ရည်နှင့်စားဖွယ်စုံစီးပွားရေးလုပ်ငန်းစု(ဘုရင့်နောင်)



Address

Yangon Township
Yangon
11062

Website

Alerts

Be the first to know and let us send you an email when Better You By MTO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share