ABC Toys and Figures

ABC Toys and Figures Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ABC Toys and Figures, ครีเอเตอร์ดิจิทัล, Yangon.

Your Ultimate Destination for Action Figures, Anime Figures, Kamen Rider, Super Sentai, Ultraman, Metal Heroes, Toku Merchandise, Limited Editions, and Exclusive Collectibles!

06/06/2026

X-Men '97 Cyclops 4 inch ZD Toys Mini Action Figure

ပိုစတာထဲ‌တော့ ထူးထူးခြားခြား ပန်းပွင့်အဖြူပေါ်က ပင့်ကူဘဲတွေ့တယ်။ Tom Holland ရုပ်ရှင်တောက်လျှောက် ပင့်ကူကိုက်တာ တစ်ခါမှ ...
02/06/2026

ပိုစတာထဲ‌တော့ ထူးထူးခြားခြား ပန်းပွင့်အဖြူပေါ်က ပင့်ကူဘဲတွေ့တယ်။

Tom Holland ရုပ်ရှင်တောက်လျှောက် ပင့်ကူကိုက်တာ တစ်ခါမှ မပါဘူးသလို ပင့်ကူလည်း မပြဖူးသလိုဘဲ။

အပေါ်ထောင့်က scorpion နဲ့ punisher ပြထားတာ သိပ်မထူးဆန်းဘူး။ tarantula နဲ့ hulk က trailer ထဲပါပေမယ့် poster ထဲတော့ မမြင်မိဘူး။

Mutated ဖြစ်ပြီး လက်ကနေ organic spider web တွေ ထွက်လာရင်တော့ လှပြီ။

New poster for

02/06/2026

War Machine ZD Toys 2020 Old Version ကို အခုချိန် ဝယ်သင့်လား?

01/06/2026

Warmachine Action Figure ZD Toys Old Version

ဒီနှစ်ထဲ မွေးမြူ‌ရေး နှောင့်နှေး အားလျော့ဆင် နဲ့ ဝက်ဝံ အဖြူအမဲ 3 ကောင် ထပ်စုဖို့ power animal 8 ကောင် ရောင်းပြီး ငွေဖော်...
01/06/2026

ဒီနှစ်ထဲ မွေးမြူ‌ရေး နှောင့်နှေး အားလျော့

ဆင် နဲ့ ဝက်ဝံ အဖြူအမဲ 3 ကောင် ထပ်စုဖို့ power animal 8 ကောင် ရောင်းပြီး ငွေဖော်လိုက်တာ 11 ကောင်လုံး ပျောက်သွားလို့ လက်ရှိ‌‌ကောင်တွေ ဘာမှ ထပ်မရောင်းရဲတော့ပါ။

ဒီ Page က ပို့လိုက်တဲ့ ပစ္စည်းဆို စိတ်ရှည်ရှည်နဲ့ ဖွင့်ပါဝယ်သူတွေရဲ့ ပစ္စည်းတွေကို တန်ဖိုးထားသောအားဖြင့် ကျနော်တို့ဆီကနေ...
31/05/2026

ဒီ Page က ပို့လိုက်တဲ့ ပစ္စည်းဆို စိတ်ရှည်ရှည်နဲ့ ဖွင့်ပါ

ဝယ်သူတွေရဲ့ ပစ္စည်းတွေကို တန်ဖိုးထားသောအားဖြင့် ကျနော်တို့ဆီကနေ အခုလို ပါကင်ထုတ်ပိုးတဲ့ ပစ္စည်းတွေနဲ့ သေချာ ထုပ်ပိုးပြီးမှ Deli အပ်ပေးတာပါ။

ပစ္စည်းတွေကို ထုပ်ပိုးတဲ့နေရာမှာ လမ်းခရီးတစ်‌လျှောက်အထိအခိုက် အနည်းဆုံးဖြစ်အောင် ထုတ်ပိုးမှု ပစ္စည်းမျိုးစုံကို စမ်းသပ်ပြီးမှ အမြဲသုံးဖို့ Bubble Wrap ကို ဘဲ ရွေးချယ်ထားတာပါ။

Bubble Wrap ကို ရွေးရတဲ့အကြောင်းက ကျစ်ကျစ်လျစ်လျစ်ရှိပြီး ထူထူထဲထဲ အထပ်ထပ် ပတ်လို့ရသလို အပေါ်အလွှာ ပျက်စီးသွားရင်တောင် အောက်ခံ တခြား Bubble Wrap အလွှာတွေ ရှိနေသေးတဲ့အတွက် တော်ရုံဒဏ်ကို ခံနိုင်ရည်ရှိလို့ပါ။

ပို့ဆောင်ရမယ့် ခရီးတော်တော်ဝေးရင် Bubble Wrap အလွှာတွေနဲ့ ထုပ်ပိုးပြီးမှ ခေါက်ဆွဲဂျပ်ဖာ အသန့်တွေကို အနေတော် လှီးဖြတ်ပြီး အပေါ်အောက် သေချာ နောက်တစ်ထပ် ခံပေးထားပါတယ်။

နောက်ဆုံးမှာ‌တော့ ဆိုဒ်သင့်တော်မယ့် ဂျပ်ဖာကောင်းကောင်း နဲ့ ပါကင်ထုပ်ပြီးမှ သေချာကိုင်တွယ်ဖို့ သတိပေးစာတန်း ‌sticker တွေ ကပ်ပေးတာပါ။

လက်ဆောင်ပစ္စည်းလေးတွေ ပေါပေါများများ ရှိနေတဲ့အချိန်ဆို အလျဉ်းသင့်ရာကို အမြဲထည့်ပေးနေတာကလည်း ဝယ်သူတွေ အသိပါဘဲ။

မိုးရာသီရောက်ရင်တော့ အစဉ်အလာမပြတ် ရေစိုခံ အိတ်တွေနဲ့ ထပ်ပြီး ထုတ်ပိုးပေးတဲ့အပြင် Stretch Film အကြည်တွေနဲ့ သေချာ ထုပ်ပိုးပေးတာပါ။

အချိန်ယူပြီး သေချာ စေတနာထား ထုပ်ပိုးပေးတာ ဖြစ်ပေမယ့် လမ်းခရီးမှာ အခန့်မသင့်တဲ့အခါ ဖွင့်ဖောက်စစ်ဆေးတာမျိုး Deli ပို့ဆောင်သူတွေကြောင့် ထိခိုက်တာမျိူး ရှိရင်တော့ ခေတ်ကာလအရ နားလည်သည်းခံပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

Spider-Man fan ဆိုပြီး Spider-Noir ကို မကြည့်ပါနဲ့ဒီစာသားက Tobey ကနေ အခုနောက်ဆုံး Tom Holland အထိ web လွှဲ၊ ခုန်ပျံကျော်...
30/05/2026

Spider-Man fan ဆိုပြီး Spider-Noir ကို မကြည့်ပါနဲ့

ဒီစာသားက Tobey ကနေ အခုနောက်ဆုံး Tom Holland အထိ web လွှဲ၊ ခုန်ပျံကျော်လွှား၊ ခပ်သွက်သွက် fighting ခန်းတွေ၊ ဆေးရောင်စိုစို superhero ရုပ်ရှင်အရသာတွေနဲ့ အသားကျနေတဲ့ Friendly Neighbourhood Spider-Man ပုံစံကိုပဲ မျှော်လင့်နေသူများအတွက် ရည်ရွယ်ပါတယ်။

အခု Spider-Noir ထဲက The Spider က မြင်နေကျ Spidey တွေလို လူငယ်ဟီးရိုးမဟုတ်ပါဘူး။ အရာရာကို ခပ်ထေ့ထေ့နဲ့ လှောင်နိုင်တဲ့၊ အတွေ့အကြုံနဲ့ ဒဏ်ရာတွေကြားကနေ ရှင်သန်နေတဲ့ သက်လတ်ပိုင်း အလွတ်စုံထောက် Private Detective တစ်ယောက်ပါ။

1930s New York နောက်ခံနဲ့၊ အဲ့ခေတ်ရဲ့ စကားပြောပုံ၊ သွားလာလှုပ်ရှားပုံ၊ gangster underworld vibe တွေကြောင့် အခုခေတ် Spider-Man movie တွေလို မသွက်ပါဘူး။ Noir ဆိုတဲ့အတိုင်း Authentic Black & White version နဲ့ ကြည့်မှ အရသာ ပိုပြည့်တယ်လို့တောင် ခံစားရပါတယ်။ (True Hue Full Color နဲ့လည်း ကြည့်ပြီးပါပြီ။ B&W က ပိုပြီး လိုက်ဖက်ပါတယ်)

Villain တွေဆိုရင်လည်း မြင်ဖူးနေကျ Spider-Man villain တွေလို monster ပုံစံကြီးတွေ၊ suit အလန်းကြီးတွေ၊ CGI ကြမ်းကြမ်းတွေကို မျှော်လင့်လို့မရပါဘူး။ ဒီထဲက villain တွေက လူသားဆန်တယ်၊ gangster ဆန်တယ်၊ superpower ရထားပေမယ့် comic-book spectacle ထက် ရုပ်ရှင်ခေတ်ဦးက အပြင်အဆင် အရသာကို ပိုဦးစားပေးထားတယ်။

Retro vibe ကို မခံစားတတ်သူတွေ၊ မြန်မာပြည်က Super Sunday နေ့လည် ၁ နာရီတိုင်း အဖြူအမဲရုပ်ရှင်တွေကို ငုတ်တုတ်ထိုင်ပြီး မကြည့်ဖူးသူတွေတော့ ဒီ show ရဲ့ အရသာကို မထိမိနိုင်လောက်ဘူးလို့ မြင်ပါတယ်။

ကိုယ်တွေ အတွက်ကတော့ လုံးဝ ရွေးချယ်မှု မမှားခဲ့တဲ့ show တစ်ခုပါ။ The Spider / Ben Reilly အဖြစ် Nicolas Cage က လုံးဝ perfect ပါ။ သူ့ရဲ့အသံ၊ မျက်နှာအမူအရာ၊ ခပ်ထေ့ထေ့နဲ့ ပက်ခနဲ ပြန်ပြောတတ်တာ တွေက ဒီ Noir World ထဲမှာ တော်တော်လေး ခွဲမရအောင် Character ထဲ နစ်ဝင်သွားတယ်။ အကယ်၍ Next Season တွေ ဆက်သွားခဲ့မယ်ဆိုရင် Cage ရဲ့ လက်ရှိ အသက်အရွယ်နဲ့ ဒီ role ကို ဘယ်လောက်ထိ ဆက်လုပ်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပါဘဲ။

Show ထဲမှာ ပင့်ကူလူသားအစွမ်းရသွားတဲ့ Ben က သူရဲ့ မူလနာမည်ကို အခုထိ မပြောပြထားပါဘူး။ သူက လူသိမခံချင် ရှာတွေ့တာ မခံချင်လို့ Ben Reilly လို့ နာမည် ပြောင်းထားကြောင်း ဇာတ်လမ်းထဲ ထည့်ပြောထားတာ ဖြစ်တဲ့အတွက် သူ့မူရင်းနာမည်က Peter Parker ဘဲ ဖြစ်ဖို့များပါတယ်။ သို့သော်လည်း ရုပ်ရှင် မူပိုင်ခွင့် ဘာညာအရ နာမည်ကို ပေါ်တင် ထုတ်မသုံးတာ ဖြစ်ဖို့ များပါတယ်။

ဒါ့အပြင် ပြည်သူ့အချစ်တော် Hero ဘဝကို ပြည်ဖုံးကားချပြီး ခပ်ညံ့ညံ့ အလွတ်စုံထောက်ပုံစံနဲ့ အသက်မွေးနေတဲ့ Ben Reilly၊ သူ့လက်ထောက်ဆိုပေမယ့် လူရည်လည်ပြီး စုံထောက်ဉာဏ်အပြည့်ရှိတဲ့ Janet၊ သတင်းထောက် Robbie Robertson တို့ရဲ့ အချိတ်အဆက်မိမိ စကားရည်လုကြတာ၊ တစ်ယောက်နဲ့တစ်ယောက် ဟာသဉာဏ်ချင်းပြိုင်ကြတာတွေက ဒီ show ရဲ့ အသက်ပါ။

Spider Universe ထဲကမို့ တချိန်လုံး ကြိုးလွှဲလိုက်၊ ရန်သူနဲ့ချလိုက်၊ City Skyline တွေကြား ခုန်လိုက် လုပ်နေမယ် ထင်ရင်တော့ မကြည့်ပါနဲ့။ ဒီဇာတ်လမ်းက Spider-Man Action Show ထက် New York Gangster Detective Noir Drama ပိုဆန်ပါတယ်။

Spider-Man fan ဖြစ်တိုင်း ဒီ show ကို ကြိုက်ကြမယ်လို့ အာမ မခံနိုင်ပေမယ့် Noir, Gangster, Old Hollywood detective drama, slow-burn mystery တွေကို ကြိုက်တဲ့သူဆိုရင်တော့ Spider-Man universe ထဲက အရသာရှိတဲ့ taste တစ်ခုလို ခံစားရမယ်။

ရုပ်ရှင်အရသာကို အပြည့်အဝ ခံစားချင်တဲ့သူတွေအတွက်တော့ ဒီ show က တကယ့်ကို မလိုင်ချိုချို တစ်ပွဲ စားလိုက်ရသလို တစ်ပွဲကုန်တာနဲ့ မျက်နှာကြီးက ပြုံးပြီး ကျေနပ်စေရမယ့် အရသာမျိုးပါ။

Spider-Noir ကို ကြည့်ပြီး Collectible item အနေနဲ့ စုဆောင်းချင်သူတွေအတွက်လည်း သတင်းကောင်းလေးရှိပါတယ်။

Hasbro Marvel Legends Series ထဲက Spider-Man Noir figure ကို Amazon Exclusive အနေနဲ့ August 2026 ဝန်းကျင်မှာ ထွက်ပါမယ်။ ပုံလေးကို comment မှာ တင်ထားပေးထားပါတယ်။

Spider-Noir fan တွေအတွက်တော့ Collect သင့်တဲ့ Action Figure တစ်ခုမို့ စုဆောင်းချင်သူများ Chat box မှာ ဆက်သွယ်မှာယူနိုင်ပါတယ်။

29/05/2026

Spider Man မျက်နှာဖုံး ဘယ်လောက် အကြမ်းခံလဲ ဝင်ကြည့်လိုက်ပါ

စာအုပ် အသစ် Notebook Luffy Zoro Sanji ရဦးမယ် တစ်အုပ် 8000 ပါ
28/05/2026

စာအုပ် အသစ် Notebook Luffy Zoro Sanji ရဦးမယ် တစ်အုပ် 8000 ပါ

အားပေးဝယ်ယူသွားတဲ့ Collector အကိုတစ်ယောက် ပစ္စည်းဖွင့်ဖောက် ရိုက်ပြထားတဲ့ ပုံလေးပါ
28/05/2026

အားပေးဝယ်ယူသွားတဲ့ Collector အကိုတစ်ယောက် ပစ္စည်းဖွင့်ဖောက် ရိုက်ပြထားတဲ့ ပုံလေးပါ

Address

Yangon
57310

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+959253967800

Website

Alerts

Be the first to know and let us send you an email when ABC Toys and Figures posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share