Cele City

Cele City အနုပညာရှင်များသတင်း

08/09/2023

နောက်တစ်ပုဒ် လဲ ကြိုက်ပြန်ပြီ🤭

29/01/2023

အဘတွေမိုးမွှန်အောင်ခေါ်နေတဲ့ ချုပ်ထီး L ဆိုင်းဇီ..

25/01/2023

😢😢😢😢😢

10/01/2023

🟢 ဂိမ်းဆိုင်တစ်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်

ရှမ်းမြောက် မူဆယ်မြို့ရှိ ဂိမ်းဆိုင်တစ်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ထိခိုက်မှုမရှိဘဲ ဂိမ်းဆိုင်အဆောက်အဦး အနည်းငယ် ပျက်စီးခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
"ဗုံးနှစ်လုံး ပေါက်ကွဲတယ်။ လူ ထိခိုက်တာတော့ မရှိဘူး။ ဂိမ်းဆိုင်တော့ ပျက်စီးသွားတယ်။ မှန်ကွဲသွားတယ်။ ဆိုင်တွင်းသုံးပစ္စည်းတွေ ပျက်စီးသွားတယ်။ ပြီးတော့ မူဆယ်မှာက လက်နက်ကိုင်တွေများတယ်။ ဘယ်အဖွဲ့လဲဆိုတော့ မသိဘူး"
မနေ့ ဇန်နဝါရီ ၉ ရက် စွမ်းစော်ရပ်ကွက် (၁)လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုဟာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ဖောက်ခွဲတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
မူဆယ်မြို့မှာ မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်းနဲ့ ဂိမ်းဆိုင်တွေ ပေါများတာကြောင့် အခုလို မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
"လောင်းကစားဝိုင်းမှာ လက်နက်ကိုင်တွေက ဆက်ကြေးကောက်တာ၊ မိုက်ကြေးခွဲတာ၊ ရန်ပုံငွေကောက်တာတွေလည်းရှိတယ်။ အဲဒီဟာက လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ ပြဿနာလို့ ယူဆတယ်။ ခက်တာက တကယ်ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်တဲ့ ပြည်သူလူထုတွေက စိုးရိမ်နေကြရတယ်"
စစ်တပ် အာဏာသိမ်းပြီးနောက် မြို့တွင်းတရားဥပဒေစိုးမိုးမှု အားနည်းနေပြီး မူဆယ်မြို့မှာ လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ပေါ်တင် လုပ်ကိုင်လာကြပြီး ပိုင်ရှင်မဲ့အလောင်းတွေလည်း မကြာခဏ တွေ့ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်နဲ့ နိုဝင်ဘာလမှာ ဗုံးပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်(၁၀)ဦးအပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲ ၂ ဦးလည်း သေဆုံးသွားပါတယ်။
မူဆယ်မြို့မှာ စစ်ကောင်စီအပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တအာင်းတပ်မတော် (TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP)၊ ကချင်တပ်မတော် (KIA)၊ PDF နဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တို့ လှုပ်ရှားနေတဲ့ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

15/12/2022

ပြည်သူ က လက်မခံရင် တော်လှန်ရေးက ထွက်ပေးမယ် လို့ ဗိုလ်နဂါး ပြောပြီ

04/12/2022

ကြည့်ကြည့်လိုက်ပါ ဗဟုသုတပေါ့

ပင်လယ်စာ အတု တွေပါ သတိထားဖို့ ကြည့်လိုက်ပါ
online ကနေမှာ ဂျင်းအတောင့်လိုက်ထည့်ခံရတယ်
ကြည့်လိုက်ပါ

17/11/2022

နိတ်ဘန်နသ ပစ်စယော ဟောတု
ဖုန်းတန်ခိုးအာနုဘော်ကြီးမြတ်လှသော လက်အုပ်ချီဖွယ်
ဘတ်တန်တဇောတိက ၁ဆ ၂ဆ ၃ဆ

02/07/2022

တပ်မ(၄၄) တောထဲ ပြေး ကရင် လာ ဗုံးနဲ့ပစ် မပစ်ပါနဲ့ ဖထီးရယ် စွတပ်ကြီးလည်း ကုန်တော့မယ် ကချင် ဘက်က "အုန်းအုန်း" ကယား ဘက်က"ဝုန်းဝုန်း" စစ်ကိုင်းတိုင်းက "ကြုံးကြုံး" ဝုန်း လိုက်ကြစို့ သူငယ်ချင်း........❗ အောက်ကအီး........ဖွတ်😂😂 ©️ T4
crd

ငါ့ကိုထားခဲ့တော့ ငါ့ကိုကယ်ရင်မင်းတို့ပါထိခိုက်မှုတွေဖြစ်ကုန်လိမ့်မယ်ဆိုတဲ့ အသက် (၁၉) နှစ်အရွယ် CNDF မှ ကျဆုံးရဲဘော်တန်ပီ...
18/06/2022

ငါ့ကိုထားခဲ့တော့ ငါ့ကိုကယ်ရင်မင်းတို့ပါထိခိုက်မှုတွေဖြစ်ကုန်လိမ့်မယ်ဆိုတဲ့ အသက် (၁၉) နှစ်အရွယ် CNDF မှ ကျဆုံးရဲဘော်တန်ပီး
ဇွန် ၁၈၊ PDF Newsflash
VAKOK- CNDF တပ်ရင်းမှ ကျဆုံးသွားတဲ့ ရဲဘော်တန်ပီးရဲ့အကြောင်းကို ဂုဏ်ပြုလွမ်းဆွတ်ခြင်းများစွာနဲ့ ကိုယ်ရေးအကျဉ်းလေး ယနေ့မှာထုတ်ပြန်လိုက်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်အမည်မှာ တန်ပီးဖြစ်ပြီး အသက် (၁၉) နှစ်နဲ့ အလုပ်အကိုင်က တရုတ် - မြန်မာ ကုန်ပစ္စည်းပို့ပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပြည်သူထဲက ပြည်သူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ အမှန်တရားကိုချစ်မြတ်နိုးပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ တရုတ်ကနေ အမိမြန်မာပြည်ကို ပြန်လာကာ VAKOK- CNDF တပ်ဖွဲ့နဲ့ ဆုံတွေ့ခဲ့ပြီး ရဲဘော်အဖြစ်ခံယူကာ အမိမြေကို ကာကွယ်ဖို့ ရဲဘော်တန်ပီးဆိုပြီး တာဝန်စတင်ပြီးထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။
တာဝန်စတင်ထမ်းဆောင်တဲ့နေ့ကစ ကျဆုံးသွားတဲ့နေ့ထိ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီး အနေအေး တနေကုန်စကားတခွန်းတောင်မကြားရတဲ့ရဲဘော်၊ အရေးတော်ပုံအမြန်အောင်ဖို့ အသက်နဲ့ခန္ဓာကိုယ် ပုံအပ်ထားတဲ့ရဲဘော်တစ်ယောက်ဖြစ်ကြောင်း VAKOK CNDF ကဖော်ပြထားပါတယ်။
ကျဆုံးတဲ့နေ့မှာ တိုက်ပွဲကပြင်းထန်ပြီး ရဲဘော်တန်ပီးမှာ ကျည်ထိမှန်၍ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး " ငါ့ကိုထားခဲ့တော့ ငါမရတော့ဘူး ငါ့ကိုကယ်နေရင် မင်းတို့ပါ ထိခိုက်မှူတွေ ဖြစ်ကုန်လိုက်မယ်၊ လက်နက်ချင်း မမျှတော့ ငါတို့ရဲဘော်တွေ ပိုပြီးထိုခိုက်မှူများမယ် ငါ့ကိုထားခဲ့တော့ " လို့နောက်ဆုံးအချိန်ထိ မိမိရဲဘော်များအပေါ် စိုးရိမ်ပြီး ကိုယ်ကျိုးစွန့်ကာ အသက်ပေးကာကွယ်သွားခဲ့ပါတယ်။
" တိုက်ပွဲကလည်းပြင်းထန်နေပြီး ဒဏ်ရာရထားတဲ့ရဲဘော် တန်ပီး စကားကိုနားထောင်ပြီး ခံပျင်းမျက်ရည်ကိုသုတ် အံကြိတ် တောက်ခေါက်ပြီး တိုက်ပွဲဆက်ဝင်ရတယ်၊ မဝင်လို့ကလည်းမရဘူးလေ စစ်ခွေးရဲ့ထိုးစစ်ကို ပြန်မခုခံရင် ကျနော်တို့ရဲဘော်တွေအားလုံး ထိခိုက်ကြရမှာ " ဟု VAKOK CNDF ကဖော်ပြထားပါတယ်။
ညနေခင်း တိုက်ပွဲအနည်းငယ်ညိမ်သွားတဲ့အချိန်မှာတော့ ရဲဘော်တန်ပီးဟာ ကျန်တဲ့ရဲဘော်တွေကိုထားခဲ့ပြီး တော်လှန်ရေးအတွက် သွေးသစ္စာကို ရဲရဲဝံ့ဝံ့ပြု၍ ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။
တကယ်တိုက်ပွဲဖြစ်ရင် ရဲဘော်တွေဟာ အသက်နဲ့ခန္ဓာယ်ကိုယ်ကို စတေးထားပြီးသားမို့ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်ကလည်း မကူခိုင်းသလို ကျန်တဲ့ရဲဘော်တွေကလည်း အချင်းချင်း ပြန်မကူညီနိုင်တဲ့ဘဝတွေပါလို့ VAKOK CNDF ကဆိုပါတယ်။
ဆက်လက်ပြီး အရေးတော်ပုံအောင်ဖို့ တိုက်ပွဲတွေထပ်ဝင်နေဦးမှာဖြစ်ပြီး မိဘပြည်သူများမှလည်း တတ်နိုင်သမျှ ကူညီကြရန်နှင့် အသက်နဲ့ရင်းပြီး ကာကွယ်တိုက်ပွဲဝင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

CDMကျောင်းအုပ် အပါအဝင် ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်က ရဲဘော် (၅)ဦးကို  စစ်ကောင်စီတပ်ကအရှင်လတ်လတ်မီးရှို့ သတ်ဖြတ်တ်ရန်...
15/06/2022

CDMကျောင်းအုပ် အပါအဝင် ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်က ရဲဘော် (၅)ဦးကို စစ်ကောင်စီတပ်ကအရှင်လတ်လတ်မီးရှို့ သတ်ဖြတ်တ်
ရန်ကုန်၊ဇွန်(၁၄)
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ ပြောက်ကျားတပ်(N-YSO) တပ်စခန်းကို စစ်ကောင်စီအဖွဲ့ကလာရောက်စီးနင်းခဲ့ပြီးနောက် တပ်ဖွဲ့ဝင် (၅)ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ N-YSO ဆီကသိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ N-YSO အဖွဲ့ကိုတိုက်ခိုက်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို လက်ဦးမှုရယူပြီး ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၃)ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာခဲ့တဲ့အတွက် စစ်ကောင်စီအဖွဲ့ဟာ အင်အားတိုးပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် N-YSO အဖွဲ့တွေက ဆုတ်ခွာပေးလိုက်ရပြီးနောက် တပ်ဖွဲ့ဝင်(၅)ဦးကို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခံခဲ့ရသူတွေဟာ CDMကျောင်းအုပ် ဆရာကြီး ဦးဝင်းကျော်၊ အထက်တန်းသူနာပြုဆရာမလေး ဒေါ်ဇာလီနိုင် ၊ ထောက်ပို့ရဲဘော်မလေး မသဲအိအိဝင်း ၊ ကိုယ်ဝန် ၅လ ရှိနေတဲ့ CDMကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ နဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်ဝူခုန်းတို့ဖြစ်တယ်လို့ N-YSO အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီအဖွဲ့ရဲ့ လူမဆန်တဲ့လုပ်ရက်တွေအတွက် လက်စားချေပြန်လည်တိုက်ခိုက်သွားမှာဖြစ်ပြီး အဝေးတော့တဲ့ကာလတစ်ခုမှာ မြန်မာ့မြေပေါ်ကနေ အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ပျောက်ပျက်သွားအောင် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တဲ့လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Zawgyi
CDMကျောင်းအုပ် အပါအဝင် ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်က ရဲဘော် (၅)ဦးကို စစ်ကောင်စီတပ်ကအရှင်လတ်လတ်မီးရှို့ သတ်ဖြတ်
ရန်ကုန်၊ဇွန်(၁၄)
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ ပြောက်ကျားတပ်(N-YSO) တပ်စခန်းကို စစ်ကောင်စီအဖွဲ့ကလာရောက်စီးနင်းခဲ့ပြီးနောက် တပ်ဖွဲ့ဝင် (၅)ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ N-YSO ဆီကသိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ N-YSO အဖွဲ့ကိုတိုက်ခိုက်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို လက်ဦးမှုရယူပြီး ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၃)ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာခဲ့တဲ့အတွက် စစ်ကောင်စီအဖွဲ့ဟာ အင်အားတိုးပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် N-YSO အဖွဲ့တွေက ဆုတ်ခွာပေးလိုက်ရပြီးနောက် တပ်ဖွဲ့ဝင်(၅)ဦးကို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခံခဲ့ရသူတွေဟာ CDMကျောင်းအုပ် ဆရာကြီး ဦးဝင်းကျော်၊ အထက်တန်းသူနာပြုဆရာမလေး ဒေါ်ဇာလီနိုင် ၊ ထောက်ပို့ရဲဘော်မလေး မသဲအိအိဝင်း ၊ ကိုယ်ဝန် ၅လ ရှိနေတဲ့ CDMကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ နဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်ဝူခုန်းတို့ဖြစ်တယ်လို့ N-YSO အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီအဖွဲ့ရဲ့ လူမဆန်တဲ့လုပ်ရက်တွေအတွက် လက်စားချေပြန်လည်တိုက်ခိုက်သွားမှာဖြစ်ပြီး အဝေးတော့တဲ့ကာလတစ်ခုမှာ မြန်မာ့မြေပေါ်ကနေ အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ပျောက်ပျက်သွားအောင် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တဲ့လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဝေါ်လေ ရဲစခန်းကို KNDO ပူးပေါင်းတပ် ဝင်တိုက်၊ ရဲ ၂ ဦးသေဆုံးပြီး စခန်းမှူးနှင့် ရဲတပ်သား ၂ ဦး အရှင်ဖမ်းမိ၊ ၆၀ မမ လက်နက်ကြ...
13/06/2022

ဝေါ်လေ ရဲစခန်းကို KNDO ပူးပေါင်းတပ် ဝင်တိုက်၊ ရဲ ၂ ဦးသေဆုံးပြီး စခန်းမှူးနှင့် ရဲတပ်သား ၂ ဦး အရှင်ဖမ်းမိ၊ ၆၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ် အချို့ရရှိ
ရန်ကုန်၊ ဇွန် ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီလက် အောက်ခံ ရဲစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကာ စခန်းမှူးနှင့် ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိကြောင်း၊ ၆၀ မမ လက်နက်ကြီး ၁ လက်နှင့် လက်နက်ငယ် ၃ လက်ကို KNDO ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။
"မြဝတီမြို့နယ်ဝေါလေမြိုင်မြို့ရဲစခန်းတိုက်ပွဲက နံနက် ၄ နာရီ ၂၉ မိနစ်အချိန် တိုက်ပွဲစဖြစ်တယ်။ ရဲစခန်းကို သိမ်းနိုင်တယ်။ ရဲနှစ်ယောက်သေတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။ အဲဒီရဲစခန်းမှာ စစ်သားမရှိဘူး။ စစ်တပ်ကုန်းနဲ့ နီးတယ်။ အခုစစ်တပ်ကုန်းက အလုံးကြီး(လက်နက်ကြီး)နဲ့တော့ထုတယ်။ ရဲတွေ ထွက်ပြေးကြတယ်။ ဝေါလေမြို့ အဝင်မှာရှိတာ ရဲစခန်းက ။ ပူးပေါင်းတပ်တွေက စခန်းမှူးနဲ့ ရဲတပ်သား ၂ ဦးကို ဖမ်းတယ်" ဟု ဝေါ်လေဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ ရဲစခန်းသည် ဝေါ်လေမြို့ပြင်တွင် တည်ရှိပြီး ဝေါ်လေ စစ်ကောင်စီ ဗျူဟာကုန်းနှင့် မလှမ်းမကမ်းတွင် တည်ရှိသည်။
"စခန်းကို ဝင်တိုက်တယ်၊ ဗျူဟာကုန်းကလည်း လက်နက်ကြီးနဲ့ ထုတယ်၊ အခုတော့ ပြန်ဆုတ်လာပြီ၊ စခန်းမှာ မထိုင်ပါဘူး" ဟု KNDO သတင်းရင်းမြစ်က ပြောသည်။
ဝေါ်လေရဲစခန်းကို ဗိုလ်စလုံး ဦးဆောင်သည့် KNDO အထူးကွန်မန်ဒို တပ်ရင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရားဝင်သတင်းထုတ်ပြန်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ပိတ်မိ​နေ​​သောPDFနှစ်ဦးကိုကယ်ထုတ်ရန်ခုခံတိုက်ခိုက်​ပေးရင်း​ရွှေဘိုPDFဗိုလ်သံမဏီနှင့်ရဲ​ဘော်နှစ်ဦးကျဆုံးစစ်ကိုင်းတိုင်း...
11/06/2022

ပိတ်မိ​နေ​​သောPDFနှစ်ဦးကိုကယ်ထုတ်ရန်ခုခံတိုက်ခိုက်​ပေးရင်း​ရွှေဘိုPDFဗိုလ်သံမဏီနှင့်ရဲ​ဘော်နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းတိုက်ပွဲတစ်ခုတွင် ပိတ်မိနေသောရဲဘော်နှစ်ဦးအား ကယ်ထုတ်နိုင်ရန်ခံတိုက်ခဲ့သည့်​ရွှေဘိုPDF မှဗိုလ်သံမဏိနှင့်ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်းစစ်ကိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။
ယမန်နေ့(ဇွန်လ ၁၀ရက်နေ့)က ဝက်လက်မြို့နယ်၊ ချောင်းမီးတိုရွာအနီးတွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်
ရေးအဖွဲ့များ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင်ဗိုလ်သံမဏိနှင့်ရဲဘော်နှစ်ဦးတို့ကပိတ်မိနေ
သည့်ရဲဘော်နှစ်ဦးကို ကယ်ထုတ်နိုင်ရန် အင်အား၁၅၀ခန့်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ၃ ယောက်တ​ည်းခံတိုက်ပေးရင်းကျဆုံးခဲ့ခြင်းဖြစ်ကြောင်းမြောင်CDSOM အဖွဲ့ကကိုနွေဦးက ပြောသည်။
"ပိတ်မိနေတဲ့သူ့ရဲဘော်နှစ်ဦးကိုကယ်ထုတ်နိုင်ဖို့အင်အား
၁၅၀လောက်​ွေးတွေကို ၃ယောက်ထဲခံတိုက်ပေးရင်း နိုင်ငံ
တော်အတွက် ရဲရဲရင့်ရင့် သူရဲကောင်းပီသစွာနဲ့ ပေးဆပ်သွားခဲ့ပြီဆိုတဲ့သတင်း ရုတ်တရက် ကြားလိုက်ရချိန် ကျုပ်နှလုံးသားတွေ ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဗိုလ်သံမဏိရေ နားထဲမှာစကားသံတွေပဲ့တင်ထပ်နေတုန်းပဲဗျာ။"ဟု ကိုနွေဦးက ပြောသည်။
​နွေဦး​တော်လှန်​ရေးတွင် ​ဗိုလ်သံမဏီ အမည်မှာ အနည်း​ဆုံး နှစ်ဦးရှိသည်။ ယင်းမာပင် PDF ​ခေါင်း​ဆောင်မှာလည်း ဗိုလ်သံမဏီ ဖြစ်ပြီး ၊ယခုတိုက်ပွဲ ဖြစ်ပွား​သောအဖွဲ့မှာ​ရွှေဘို​ဒေသခံPDFဖြစ်ကာ ​ရွှေဘို PDF မှ ဗိုလ်သံမဏီကျဆုံးခဲ့ခြင်းဖြစ်သည်။
ထိုအပြင်ပြည်သူ့ရဲဘော်တစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး ဒေသခံပြည်သူနှစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပိတ်မိ​နေခဲ့​သော ရဲ​​ဘော်နှစ်ဦးမှာ အသက်​ဘေးမှလွတ်​​မြောက်ခဲ့သည်။
တိုက်ခိုက်ခံရပြီးနောက်ချောင်းမီးတိုရွာကိုအကြမ်းဖက်စစ်
တပ်က မီးရှို့ဖျက်ဆီးရာနေအိမ်၁၀၀ကျော်နှင့်ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့သည်။
ထို့အပြင် နွားအကောင် ၄၀ ကောင်ခန့်၊ ဆိတ် ၃၈ ကောင် မီးလောင်သေဆုံးပြီး အသက် ၈၀ ကျော် အဖွားအိုတစ်ဦး ပြင်းထန် မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Address

Yangon

Telephone

+959777885522

Website

Alerts

Be the first to know and let us send you an email when Cele City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share