01/09/2026
ပင်လောင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၇၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
===========
နေပြည်တော်၊ စက် ၀၁။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ အချိန်ခန့်ကပင်လောင်းမြို့နယ်၊ လိန်းလီကျေး
ရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင် မောင်းနှင်ပြီး ပိုင်သူကျော်(ခ)ပိုင်သူ လိုက်ပါလာသည့် NISSAN DIESEL DUMP အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၃၄ ဒသမ ၄ သိန်း(ဒေသကာလ
တန်ဖိုးငွေကျပ် ၁ ဒသမ ၇၂ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိသဖြင့် ဇော်ဇော်အောင်(၅၅)နှစ် နှင့် ပိုင်သူကျော်(ခ)ပိုင်သူ(၃၁)နှစ်တို့အား ဖိုကုန်းနယ်
မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း
လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ဖော်ကးပြထားသည်။