EYE Opener for Myanmar

EYE Opener for Myanmar OPENER FOR YOU

31/01/2023
ခုနောက်ပိုင်း ကျွန်တော် ပြုံးတာ ရယ်တာတွေအတော်ရှားပါးလာတယ် ပျော်ရွှင်မှုတွေ ဆိတ်သုဥ်းလာတယ်အဆင်မပြေမှုတွေ ဥပေက္ခာတရားတွေ က...
12/09/2022

ခုနောက်ပိုင်း ကျွန်တော် ပြုံးတာ ရယ်တာတွေ
အတော်ရှားပါးလာတယ်
ပျော်ရွှင်မှုတွေ ဆိတ်သုဥ်းလာတယ်

အဆင်မပြေမှုတွေ
ဥပေက္ခာတရားတွေ ကြုံတွေ့ရတာများလာတော့
ကျွန်တော် ပြုံးဖို့ ရယ်ဖို့ကို မေ့နေပြီ

ချစ်သူအစ သူငယ်ချင်းအဆုံး
လိုတဲ့အချိန်သာ ခေါ်သုံးကြတယ်
ကျန်တဲ့အချိန်တွေမှာ ကျွန်တော်ဟာ
အခြားကမ္ဘာက လူသားလို
အဖော်မရှိ အပျော်မရှိ
မြင်သမျှ အရာအားလုံးက ဗလာနတ္ထိ

အပျော်ဆိုတာ ကိုယ်တိုင်လုပ်ယူရမယ်ဆိုတဲ့ အသိ
ကျွန်တော့်ကိုယ်ကျွန်တော် မေ့တဲ့အထိပါပဲ

လောကကြီးက မတရားဘူးလို့
ခေါင်းစဥ်တပ်မိတဲ့အခါ
လူသားတွေဟာ အတ္တပိုဆန်တဲ့အကြောင်း၊
ချစ်ခြင်းမေတ္တာတရားဟာ အစစ်တွေရှားပြီး
အတုအယောင်တွေ ပေါလာတဲ့အကြောင်း ပြောပြဦးမယ်

မတည်မြဲတဲ့ ဒီလောကကြီးရယ်
မျက်နှာလိုက်တဲ့ ကံကြမ္မာရယ်
အတုယောင် ချစ်ခြင်းတွေရယ်
ခံစားချက်မပါတဲ့ မိတ်ဆွေတုတွေရယ်

တစ်ကြိမ်တစ်ခါလောက်တော့
ကျွန်တော် ဟားတိုက်ပြီး ရယ်ပြချင်သေးတယ်


မတ်လ၂၂ရက်တွင်  #မြန်မာနိုင်ငံလပွတ္တာမြို့ကိုဗဟိုပြုပြီးမုန်တိုင်းဖြတ်သန်းသွားမယ့်မြို့နယ်တွေကို  #မုန်တိုင်းဖြတ်သန်းမယ့်...
21/03/2022

မတ်လ၂၂ရက်တွင် #မြန်မာနိုင်ငံလပွတ္တာမြို့ကိုဗဟိုပြုပြီးမုန်တိုင်းဖြတ်သန်းသွားမယ့်မြို့နယ်တွေကို

#မုန်တိုင်းဖြတ်သန်းမယ့်အချိန်နာရီနှင့်ဖော်ပြပေးလိုက်ပါတယ်

#အနည်းငယ်ပြောင်းလဲမှုသာရှိနိုင်ပါတယ်

{စိတ်} ရင်မဆိုင်ရဲတဲ့စိတ်ကကိုယ့်ကိုရှုံးစေနိုင်တယ်။ မျှော်လင့်ချက်မရှိတဲ့စိတ်ကကိုယ့်ဘဝကိုနိမ့်ကျစေနိုင်တယ်။ မပြတ်သားတဲ့စ...
08/03/2022

{စိတ်}

ရင်မဆိုင်ရဲတဲ့စိတ်က
ကိုယ့်ကိုရှုံးစေနိုင်တယ်။

မျှော်လင့်ချက်မရှိတဲ့စိတ်က
ကိုယ့်ဘဝကိုနိမ့်ကျစေနိုင်တယ်။

မပြတ်သားတဲ့စိတ်က
ကိုယ့်ကိုတွေဝေစေနိုင်တယ်။

မ​ကြိုးစားတဲ့စိတ်က
ကိုယ့်ကိုညံ့ဖျင်းစေနိုင်တယ်။

ပျင်းရိတတ်တဲ့စိတ်က
ကိုယ့်ကိုဆင်းရဲစေနိုင်တယ်။

အပြောင်းအလဲမြန်တဲ့စိတ်က
တန်ဖိုးရှိတဲ့အရာတွေကိုဆုံးရှုံးရတတ်တယ်။

ဘဝမှာအကောင်းဆုံးတွေကိုလိုချင်ရင်
အခက်ခဲတွေကိုသည်းခံပြီးကျော်ဖြတ်ရဲတဲ့
စိတ်ရှိဖို့လိုအပ်တယ်။

လူလဲကျသွားတာထက်
စိတ်ဓာတ်လဲမကျသွားဖို့ကပိုအရေးကြီးပါတယ်။

ဒါကြောင့်
ဘဝကိုအကောင်းဆုံးဖြစ်စေချင်ရင်
အပြောင်းအလဲလုပ်မှဖြစ်မယ်။

အရာအားလုံးအတွက်ကိုယ့်စိတ်မှာ
ခွန်အားတွေရှိနေဖို့လိုတယ်။
စိတ်ကိုခွန်အားဖြစ်စေမယ့်စာတွေကိုဖတ်ပါ။

#စာအုပ်စာပေလူ့မိတ်ဆွေ

သိပ့်ကောင်းတယ် ဖတ်ကြည့်ပါ 📖အသုံးတည့်သူများအတွက် မျှဝေလိုက်ပါတယ်။ ၁။ လူတစ်ယောက်ကို အသိဖြစ်ဖို့ ရေစက်လိုပါတယ်။ လူတစ်ယောက်က...
31/10/2021

သိပ့်ကောင်းတယ် ဖတ်ကြည့်ပါ 📖
အသုံးတည့်သူများအတွက် မျှဝေလိုက်ပါတယ်။

၁။ လူတစ်ယောက်ကို အသိဖြစ်ဖို့ ရေစက်လိုပါတယ်။
လူတစ်ယောက်ကို နားလည်ဖို့ဆိုရင် စိတ်ရှည်ဖို့လိုပါတယ်။
လူတစ်ယောက် ကို အနိုင်ယူဖို့ဆိုရင် ဉာဏ်ပညာလိုတယ်။
အဲ..လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ပိုင်ပိုင်နိုင်နိုင် ရချင်ရင်တော့
စိတ်သဘောထားကြီးခြင်းနဲ့ ခွင့်လွတ်တတ်ခြင်းလိုပါလိမ့်မယ်။

၂။ ဘဝဆိုတာ ပင်ပန်းတယ်။ ယခု မပင်ပန်းရင် နှောင်ပိုပင်ပန်းမှာ၊
ဘဝဆိုတာ ဒုက္ခဖြစ်တယ်။ ယခုဒုက္ခမရောက်ရင် နှောင်ပိုဒုက္ခရောက်မှာ၊
ပင်ပန်းဖူးမှသာ အားလပ်ခြင်းကို ခံစားတတ်သလို
ဒုက္ခရောက်ဖူးပါမှ ပျော်ရွှင်ခြင်းရဲ့ အနှစ်သာကို သိရှိကြတယ်။

၃။ ယုံကြည်မှုကို ရချင်ရင် ရိုးသားဖို့ လိုပါလိမ့်မယ်။
ရိုးသားမှုကို ရချင်ရင် လက်တွေ့ကျဖို့ လိုပါလိမ့်မယ်။
လက်တွေ့ကျကျနေတတ်ချင်ရင်တော့..
မိမိကိုယ်မိမိ အစစ်အမှန်နဲ့ အသက်ရှင်ရပ်တည်တတ်ဖို့ လိုပါလိမ့်မယ်။

၄။ လူအများကို ချစ်တတ်တဲ့လူဟာ၊ လူအများရဲ့ ချစ်ခြင်းကို ခံရပါမယ်။
သူများကို လေးစားတတ်တဲ့သူဟာ၊ သူများရဲ့ လေးစားခြင်းကို ခံရပါမယ်။

၅။ သူငယ်ချင်းကောင်းဆိုတာ...
သင့်ရဲ့ အတိတ်ကို နားလည်တယ်။
သင့်ရဲ့ အနာဂတ်ကို ယုံကြည်တယ်။
သင့်ရဲ့ ပစ္စုပန်ကို နားလည်ခွင့်လွတ်ပေးတဲ့လူဖြစ်တယ်။

၆။ ဘဝရဲ့ အနှစ်သာရဆိုတာ သင့်နောက်ဆုံး ဘာကိုရလိုက်သလဲ အပေါ် မမှီတည်ပါဘူး၊ သင်ဘယ်အရာတွေအပေါ် ကြိုးစားအားထုတ်ခဲ့သလဲ အပေါ် လုံးဝ မှီတည်နေပါတယ်။

၇။ ဒီလိုနေချင်တယ်။

ငိုသင့်တဲ့အခါ တစ်ဝါးဝါး
ရယ်သင့်တဲ့အခါ တစ်ဟားဟား
ပြောသင့်တဲ့အခါ ပွင်းပွင်းကြီး
လုပ်သင့်တဲ့အခါ စိတ်နှစ်ကိုယ်နှစ်

၈။ သင်အောင်မြင်သွားပြီဆိုရင်၊ လေချွန်နေရင်တောင်မှ အမှန်တရားကို ချွန်ပြနေတာတဲ့၊ သင်ကျဆုံးနေတဲ့ အချိန်ကျရင်၊ သင်အမှန်တရားကို ပြောနေတာတောင်မှ သင်လေရွှီးနေတာတဲ့။

၉။ ပိုက်ဆံဆိုတာ အတွင်းခံ အဝတ်အစားနဲ့ဆင်တူတယ်။ ရှိနေဖို့လိုတယ်။ ပြနေစရာမလိုဘူး။

၁၀။ ကြောင်ဟာ ငါးကို ကြိုက်တယ်။ ရေထဲမဆင်းရဲဘူး၊
ငါးဟာ တီကောင်ကို ကြိုက်တယ်။ ကုန်းပေါ်တက်လို့ မရဘူး၊
လောကကြီးဟာ ဒီလိုပါပဲ၊ စွဲမက်စရာတွေ အများကြီးပေးထားတယ်။ လွယ်လွယ်နဲ့တော့ မရဘူး၊

၁၁။ လွယ်လွယ်ကူကူနဲ့ ကိုယ့်ရင်တွင်းက အနာကို သူများကို မလှပ်ပြပါနှဲ့၊
လူအကြောင်းသိဖို့ ခက်ခဲလွန်းလို့ပါ။ ဘယ်သူတွေက သင့်ကို ဆေးထည့်ပေးမယ်။ ဘယ်သူတွေက သင့်ကို ဆားနဲ့ ငရုပ်မှုန့် ဖြူးပေးမယ်ဆိုတာ ခန့်မှန်းရတာ ခက်ခဲလို့ပါ။

မူရင်းတင်သူ Credit
# My Knowledge House By Myo Htun

Sai Nay(ရှမ်းမြေ)ပရိဟိတလူငယ်များ
နှင့်ဘဝသုတရသစာပေများ Group ကို
Join ဖိုဖိတ်ခေါ်ပါတယ်.....
👇👇👇👇👇👇👇👇👇👇👇👇👇

https://www.facebook.com/groups/1264545310573296/?ref=share

ခွေးတစ်ကောင်ဟာမီးခဲကိုနင်းမိရင်ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲနောက်တစ်ကောင်ကထပ်နင်းမိလည်းဂိန်! ဂိန် ဂိန်အေ...
18/10/2021

ခွေးတစ်ကောင်ဟာ
မီးခဲကိုနင်းမိရင်
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ
နောက်တစ်ကောင်ကထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ
သူနင်းမိလို့ပူတဲ့ကိစ္စကို
တစ်ခြားခွေးတွေကို
မနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူး
သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး
ဘာဖြစ်လို့လဲဆိုတော့
သူတို့မွာ ဘာသာစကားမရွိလို့
ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ
ကမ္ဘာဦးအစခွေးတွေကနေ
ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ

တို့တစ်တွေလူတွေမှာတော့
အဲ့ဒီလိုမဟုတ်ဘူး
ဘာသာစကားရှိတယ်
မင်းတို့ငယ်ငယ်ကတည်းက
တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့်ကမ်းလာတာ
အမေဖြစ်သူက
အဲ့ဒါမကိုင်နဲ့ ပူပူ
အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့
မင်းကိုင်ပါဦးမလား
မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်
မင်း မီးကို အပူမှန်းသိသွားတယ်
ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်

အောက်ဆီဂျင်ကို
ခုချက်ခြင်း
မင်းဓာတ်ခွဲခန်းထဲမှာ
မင်းရှာဖွေထုတ်နိုင်တယ်
အဲ့ဒီအောက်ဆီဂျင်ကိုမင်းရှာတွေ့ခဲ့တာမဟုတ်ဘူး
ဒါပေမယ့်
ရှာတွေ့ခဲ့တဲ့ပညာရှင်က
လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ်
ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ
ပညာသင်တယ်
ပညာရှာတယ်ဆိုတာ ဒါပဲလေ

ဘာသာစကားရွိလို့
တစ်ပါးသူရဲ့အတွေအကြုံကို
လက်ဆင့်ကမ်းနိုင်တယ်
တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းကြတယ်
ဒါကြောင့်လည်း
လူ့လောကကြီးက
တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့

အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ
နှစ်မျိူးရှိတယ်
တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့
နောက်တစ်ခုက
သူ့ရဲ့အတွေ့အကြုံတွေကို
စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ

ဥပမာ
အောင်မြင်သူတွေရဲ့
အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်
သူတို့ရဲ့အတွေးအကြံ အတွေ့အကြုံတွေ
မင်းရလာမယ်
မင်းစိတ်ဓာတ်တွေမာကျောလာမယ်
အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ
ဖြစ်လာမယ်
အောင်မြင်သူတွေလည်း
အခက်အခဲတွေကြားက
ရုန်းထကြတာကိုး

ဒါမို့ စာဖတ်ခိုင်းတာ
စာဖတ်တဲ့နေရာမှာလည်း
နည်းနည်းဖတ်မိတောင် များများတွေးပါ
လိုက်နာပါ ကျင့်သုံးပါ
သူတစ်ပါးရဲ့အတွေ့အကြုံကို
ကိုယ့်ရဲ့အတွေးအကြံလေးနဲ့ပေါင်းစပ်ပါ
ကိုယ့်ကိုကိုယ်ခိုင်း
ကိုယ့်ကိုကိုယ်မခိုင်းရင် သူများခိုင်းတာခံရတတ်တယ်
စဉ်းစားတွေးတောပေးရတယ်
ဦးနှောက်ကိုခါးတောင်းကျိူက်ပါ
ဒါမှ ခေါင်းဆောင်ဖြစ်မှာ
လူခါးတောင်းကျိူက်ရင် ကူလီပဲဖြစ်မှာပေါ့

စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ
တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ
တစ်ပါးသူရဲ့အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့

စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်
အချူပ်ထောင်မှာ လူငါးယောက်လျော့မယ်
စာဖတ်တဲ့လူဟာ
အသိအဉာဏ်အားကောင်းလာတယ်
အနည်းဆုံး
မိဘတွေ ဆုံးမရတာသက်သာတယ်

မင်းကိုမင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ

မင်းတို့တစ်တွေ
ဗဟုသုတကိုရှာဖွေပါလေ့လာပါဆည်းပူးပါ
စာဖတ်ပါ
တစ်ပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ

ဘဝကို
ဦးနှောက်ကဦးဆောင်တာဖြစ်တဲ့အတွက်
ဦးနောက်ကိုဦးစားပေးတဲ့စာမျိူး
များများဖတ်စေချင်တယ်။ ။

ဆရာအောင်သင်း

Credit to original writer

ပြန်လည်မျှဝေပေးပါသည်

အမြဲတမ်းလည်း လူတိုင်းအပေါ် ကောင်းမနေနိုင်ဘူး။အမြဲတမ်းလည်း စိတ်ထားက မြင့်မြတ်မနေနိုင်ဘူး။အမြဲတမ်းလည်း လူတိုင်းအပေါ် သဘောထ...
18/10/2021

အမြဲတမ်းလည်း
လူတိုင်းအပေါ် ကောင်းမနေနိုင်ဘူး။
အမြဲတမ်းလည်း
စိတ်ထားက မြင့်မြတ်မနေနိုင်ဘူး။
အမြဲတမ်းလည်း
လူတိုင်းအပေါ် သဘောထားမကြီးပေးနိုင်ဘူး။

ကျနော့်မှာလည်း
မကောင်းတဲ့အချက်တွေ အများကြီးပဲ။

ဒါပေမယ့်
ဘယ်တော့မှ စိတ်ဓာတ် အောက်တန်းမကျဘူး။
သေချာတာတစ်ခုကတော့ . . .
ဘယ်သူ့နောက်ကျောမှာမှ ကျနော့်ဓားရာ မရှိဘူး။
ဆယ်လာရီ

သိပ်ကောင်းတယ်ဗျာ။ဖတ်ကြည့်ပါ။ မူရင်းစာရေးသူ ကိုကျော်မင်းထွန်းကိုအထူးကျေးဇူးတင်ပါတယ်။==========မြန်မာစာလုံးတွင် ပညာ ဟု တစ်...
05/09/2021

သိပ်ကောင်းတယ်ဗျာ။
ဖတ်ကြည့်ပါ။ မူရင်းစာရေး
သူ ကိုကျော်မင်းထွန်းကိုအထူးကျေးဇူးတင်ပါတယ်။
==========
မြန်မာစာလုံးတွင် ပညာ ဟု တစ်လုံးတည်း သုံးသော်လည်း
အင်္ဂလိပ် ဘာသာတွင်မူ Education နှင့် Wisdom
ဟူ၍ နှစ်မျိုးကွဲလေသည်

Education ဆိုတာက ကျောင်းကနေသော် လည်းကောင်း
မိဘ ဆီကနေသော် လည်ကောင်း သင်ယူတက်မြောက်
ဘွဲ့ရလာတာကို ဆိုလိုတာပါ

အဲ့တာကို ပညာတက် educated person လို့ခေါ်ပါတယ်

နောက်ပညာတစ်ခုက
အမှားအမှန်ကိုကောင်းကောင်း ဝေဖန် ပိုင်းခြားနိုင်တဲ့ပညာပါ
ဘယ်လို မနေ သင့်ဘူး ဘယ်လိုနေသင့်တယ်
ဘယ်လိုမပြောသင့်ဘူး ဘယ်လိုပြောသင့်တယ်
ဘယ်လိုမယူဆ သင့်ဘူး ဘယ်လို ယူဆသင့်တယ်
စသည့် အမှားအမှန်ဝေဖန်နိုင်တာ ကိုတော့
Wisdom ဆိုတဲ့ စာလုံးသုံးပါတယ်
Wise ဆိုတဲ့စာလုံးက လာတာပါ
................................
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော် စကိုင်းနက်မီဒီယာ
မှာ ဘာသာပြန်လုပ်တာ ၁ သိန်းရပါတယ်လခ

ကျွှန်တော့အတွက် ဖူလုံ ပါတယ်
ဒါပေမယ့် ကျွှန်တော် ဆက်တက်ချင်တဲ့ ဗြိတိ ကောင်စယ်က
၈ ပတ် ကို ၃ သိန်းသွင်းရမယ်

IELTS ဖြေရင်လည်း ၁၄၅ ဒေါ်လာ သွင်းရမယ်ဆိုတော့
ကျွှနိတော့ လက်ထဲမှာက ၁၀ သိန်းလောက်ပဲရှိတယ်
မလုံလောက်ပါဘူး

အဲ့ဒါနဲ့ စကိုင်းနက် ကနေ အလုပ်ထွကိ လိုက်ပြီး
မထသ ၆၂ လိုင်းက ၅ခ /၆၈၀၃ကို isuzu ကားကြီး
ကို တစ်လ ၆ သိန်းနဲ့ ကန်ထရိုက်ယူလိုက်ပါတယ်
...............................

နေ့လည်ဘက်မှာ ယဉ်မောင်းနဲ့စပယ်ယာက လိုင်းဆွဲခိုင်းပါ
တယ်
ကျွှန်တော်က တော့ သင်တန်းတွေ လိုက်တက်ပါတယ်

ညနေ ပြန်လာတော့ တောင်ဒဂုံက SGI ဆိုတဲ့အထည်ချူပ်
ဖယ်ရီ ယူ ထားပါတယ်

တောင်ဒဂုံ စက်မူ့ဇုန်ကနေ ရေလည် ကျောက်တန်းဘုရား
ရှေ့ထိပါ ကျွှန်တော် ကိုယ်တိုင်မောင်းပါတယ်
ကျောက်တန်းရေ လည် ဘုရားရှေ့မှာ ည အိပ်ပါတယ်
မနက်ကျရင် အလုပ်သမားတွေ ပြန်ကြိုပြီး စက်ရုံပို့ပေါ့်
တစ်နေ့ ၄ သောင်း ရပါတယ်
...................................................................

" Wisdom ရဲ့ အရေးကြီးပုံ''

ကျွှန်တော့တို့ကား ဂိတ်က တောင်ဒဂုံ မြို့စွန်မှာ ဂိတ်ဆုံးတယ်

ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ '' အငယ်လေး '' ဆိုတဲ့
လူငယ် တစ်ယောက်ရှိတယ်
အတန်းပညာ ၂ တန်းလောက်တက်ဖူးတယ်

ညနေ မှာ ပြန်ခါနီး သူက ပိုနေတဲ့ ရေ ခဲရေ ကို
လိုင်းဆွဲပြီး ပြန်လာတဲ့ကားသမားတွေ လိုက်လိုက်တိုက်တယ်

ညနေဘက် သူအလုပ်အားရင် ဂိတ်မှာ ပြင်နေတဲ့ကားတွေလိုက် ကူညီတယ်
စကားပြော အလွန်ညက်ပြီး
လူကြီးတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းသင်းတက်လို့
လူ ချစ်ခံရတယ်

ကျွှန်တော်က ကိုယ့်ကား ကို ကိုယ်တိုင်ပြင်တော့
သူက လာလာကူရင်းနဲ့ ရင်းနှီးလာတယ်

သူနေ့တိုင် လာလာပြင်ပေးတယ်
ကျွှန်တော်လည်း ကားပြင်ရင်းသင်ပေးတယ်

ပြီးရင် CNG gas သွားထည့်ရင် သူလိုက်လာတယ်
ကျွှန်တော် ကားမောင်း ဆက်သင်ပေးတယ် ကားကြီးတွေရဲ့
စီယာတိုင် ယူဆ ပုံ ကို သူကျွှမ်းကျင်လာတော့
ကားတစ်စီးပြီးတစ်စီး gas ထည့်ရင် သူကားရွှေ့့ပေးတယ်
ကျွှန်တော်က ကားပေါ်မီးဖွင့်ပြီး အင်္ဂလိပ် စာအုပ်ဖတ်နေတာ
ပေါ့

လိုရင်းပြော ရရင် သူ ကားကြီး မောင်းနိုင်သွားတယ်

နောက်တော့ ကျွှန်တော်ကို စပယ်ယာ လိုင်စင် လုပ်ပေးဖို့
ပူဆာ တယ်

ကျွှန်တော်က ကားလောက မှ ခဏ ပဲ နေမှာ ဒါကြောင့်မို့
ကူညီ နိုင်သလောက် ကူညီမယ် စိတ်ကူးထားတော့
ဘယ်သူကပဲ လိုင်စင်လုပ်ပေးပါ ကားမောင်းသင်ပေးပါ
လာပြောရင် ကွှန်တော်အဆငိပြေအောင်လုပ်ပေးတာချည်းပဲ

နောက်တော့ အငယ်လေး စပယ်ယာ လိုက်တယ် တခြားကား
မှာ ကားပိုင်ရှင်ရဲ့ ယုံကြည်မှူ့ ရသွားတော့
Owner casher ဖြစ်လာတယ် ငွေသိမ်းပေါ့

အဲ့ဒီ အချိန်မှာ ကျွှန်တော် IELTS စာမေးပွဲမှာ6.7
ရသွားတော့ ကားလောက ကနေ
ကျွှန်တော် ထွက်သွားတယ်

၃၅ လမ်းမှာ Global link နာမည်နဲ့ အင်္ဂလိပ်စကားပြော
သင်တန်းဖွင့်လိုက်ပါတယ်

ဒီနေ့ အချိန် ထိ
အဲကွန်းအောက်မှာ ဘာသာပြန်ရတဲ့ဘဝ
ကားသမားဘဝ နဲ့
အင်္ဂလိပ်စာဆရာ ဘဝ
ဘယ်ဟာ သဘောကျလဲမေးရင်
ကားသမားဘဝ ကို ကျွှန်တော်ပျော်တယ်
ယောင်္ကျားဆန်ဆန် ရုံးကန် ရတာကို
ကျွှန်တော်နှစ်သက်ပါတယ်...................................................................

၂၀၁၆မှာ YBS မပြောင်း ခင်လေးမှာ
ကျွှန်တော် မြို့တော်ခန်းမ ရှေ့မှာ
ဗီယက်နာမ် တစ်ယောက်ကို
မြို့တော်ခန်းမ အကြောင်းရှင်းပြနေတုန်း
လိုင်းကားတစ်စီး ကျွှန်တော့ ဘေးမှာ လာရပ် ပြီး
'' ကိုကျော် ကျွှန်တော့ မှတ်မိလား '' ကျွှန်တော် အငယ်လေး ပါ''
ဂိတ်ဘက်ရောက်ရင် ဝင် လာ ခဲ့ပါဦးဗျာ ကျေးဇူးဆပ် ချင်လို့
ကျွှန်တော် အခု ကားပိုင် ဖြစ်နေပြီဗျ''

ကျွှန်တော် ပြုံး မိ တယ်
တစ်ချိန်က ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ခလေး
အခု လိုင်းကားတစ်စီး ပိုင်သွားတယ်
သူ့မှာ education မရှိခဲ့ဘူး
ဒါပေမယ့် Wisdom တော့ရှိတယ်
ဘဝ မှာ ဘယ်လိုနေသင့်တယ် ဘယ်လိုမနေသင့်ဘူး
ဘယ်သူကို ချဉ်းကပ်သင့်တယ် ဘယ်သူ့ကိုရှောင်သင့်တယ်
ဘယ်လိုစကားမပြော သင့်ဘူး ဘယ်လို ပြောသင့်တယ်
အမှား အမှန်ကို ကောင်းကောင်း ခွဲနိုင်ခဲ့တယ်

သူက ဘဝ ကို Education မရှိပေမယ်
Wisdom နဲ့ ဘဝ ကို ဖြတ်သန်းသွားတယ်
...................................................................

" Education '' ရဲ့ အရေးပါ ပုံ

Education ကလည်း အရမ်းအရေးပါ ပါတယ်

တစ်ချို့ ရဟန်းပညာရှိ လူပညာရှိတွေက ကျောင်းပညာရေး
ကို '' သင်ညာ '' တွေ ဆို ပြီး wisdom လောက် အရေးမပါ
ဘူး လို့ ဆိုတာလည်း မကြာခဏ ဖတ်ရ ပါတယ်

ကျွှနိတော် ယဉ်ကျေးစွာ ငြင်းဆိုပါတယ်

Wisdom လိုပဲ Education ကလည်း အရေးကြီးပါတယ်

ဆရာတစ်ယောက်က ပညာဆိုတာ
'' ကျောင်းကသင်လာတာမဟုတ်ဘူး ဆယ်တန်း
အောင်ဖို့ထက် လူ လိုနားလည် ဖို့ လိုတယ် လို့
ဆိုတယ် ''

သူပြော ချင်တာက. လူ့ဘဝ နေတက် ဖို့ ကို အပြု
သဘောဆို ချင်တာ။

ဒါပေမယ့် အဲ့ဒီ စကားကို
ဆယ်တန်း တဖုတ်ဖုတ် ကျနေတဲ့ကောင်က
ယူ သုံးရော

" ဆယ်တန်းအောင် ဖို့ ထက် လူလိုသိဖို့ လိုတယ်တဲ့ ''

အမှန်က မိဘ ကျောင်းထားပါ လျှက်
ဆယ်တန်းတောင် အဖြစ်ရှိအောင်မဖြေ နိုင်တဲ့ ကောင်က
ယူသုံး လိုက်ပြီး သူ့ရဲ့ ဆယ်တန်းမအောင်တာကို
ကာဘာလုပ်သွားတယ်
..................................................................

ကျွှန်တော် ကားသမား ဘဝ မှာ
ယုဇန ဥယဉ်မြို့တော်က
ညီညီအောင် ဆိုတဲ့ စက်ဆရာသိပ်တော်တယ်
မျက်စိကို အဝတ်စည်းထားပြီး
ကားအင်ဂျင်က ဘယ်မူလီမဆို ဖြုတ်ယူလာခဲ့
သူလက်နဲ့ စမ်းကြည့်တာနဲ့တင်
ဘယ်နေရာက မူလီ ဆိုတာ အလွှတ်ပြောနိုင်အောင်
သူ့Subject ကို သူနိုင် နင်းတယ်
အပြောအဆိုလည်း ညက်တယ်

ကျွှန်တော် ရဲ့
မက်ကနီကယ် အင်ဂျင်နီယာ တက်နေတဲ့သူငယ်ချင်း
အမြဲတမ်း ကျောင်းပြေးပြီး ထန်းရည်သောက်တယ်

အချိန်တန်ဘွဲ့ရ လာတယ်
education certificate ရှိတယ်
စက်နဲ့ ပတ်သတ်တဲ့အင်ဂျင်နီယာပေမယ့်
ကားရဲ့ ပင်စတင် တောင် အပြင်မှာ မတွေ့ ဘူးဖူး

အဲ့တာ သူရယ် စက်ဆရာ ညီညီအောင်ရယ်
သဘောင်္တက်တော့
စက်ကို အရမ်းကျွှမ်းတဲ့ ညီညီ အောင်က
ဆီလောင်းအဆင့်နဲ့သင်္ဘော လိုက်ရတယ်
လခ ၇ သိန်း
စက်အကြောင်းတကယ်နားမလည်တဲ့
အင်ဂျင်နီယာကျောင်းဆင်းက
တတိယ အရာရှိ ဖြစ်သွားတယ်
လခ သိန်း၂၀
ဘာကွာသွားလဲ
Education ကွာသွားတာပဲ

ဒါကြောင့် Education ကလည်း
ဘဝ ရပ်တည်ရေးအတွကိ
သူ့နေရာနဲ့ သူ အသုံးဝင်ပါတယ်
သင်ညာ ပဲ ပြောပြော
ဘာပဲပြောပြော
ပြောချင်တာပြော အသုံးဝင်တယ်
...................................................................

တစ်ချို့ အရာ ရှိတွေ
သိပ်မောက်မာ ရိုင်းစိုင်းတယ်
လူကြီးကို လည်း ဆဲ ချင်ဆဲတယ်
Wisdomမရှိဘူးပေါ့
ဒါပေမယ့် Education က ရှိနေတော့
ဘဝ ရပ်တည်လို့ရနေတယ်

တစ်ချို့လည်း Education မရှိပေမယ့်
နေတက် ထိုင်တက် တော့
တဖြည်းဖြည်း အထက်ရောက်လာတယ်
အဲ့တာ ဘဝ ကို Wisdom နဲ့ရပ်တည်တာပေါ့

ဘဝ မှာ
Education
သို့မဟုတ်
Wisdomတစ္ခု
ကောင်းကောင်းရှိရင်
ဘဝ ရပ်တည်လို့ရတယ်

နှစ်ခု လုံး ရှိရင် Perfect ဖြစ်သွားပါတယ်

ဒါကြောင့်
ကိုယ့်မှာ လိုနေတာ
ကိုယ့် ကြိုးစားဖြည့်ပေါ့

အလားတူပဲ
Education ကသာ ကောင်းတယ်
Wisdom ကသာ မှန်တယ် လို့
ဇောင်းပေးပြီ မပြောအပ်ပါဘူး

ဘာလို့လဲ ဆိုတော့ နှစ်ခု စလုံး လိုအပ် လို့ပေါ့
...................................................................

ဗာဟု သစ္စဉ္စ သိပ္ပဉ္စ ဝိနယောစ သုသိက္ခိတော
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ

အကြားအမြင်ဗဟုသုတ များခြင်း
အပြစ်ကင်းသော

စက်မူ့လက်မူ့အတတ်ကို တတ်ခြင်း
ကိုယ်ကျင့်တရားကောင်းခြင်း
အပြောအဆို ချိုသာခြင်း
ယဥ်ကျေးခြင်း

ဤလေးပါးသည် တိုးတက်ကြီးပွားချမ်းသာကြောင်း
ကောင်းမြတ်သော မင်္ဂလာမည်ပေ၏

ကျော်မင်းထွန်း ( 24.3.2019)

Credit Ko Kyaw Min Tu

လေ့လာမှတ်သားစရာအိမ်၏ခေါင်းရင်းနေအိမ်သည်မိမိအိမ်ထက်မြင့်မည်………ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါက  ကိုယ်နေသောအိမ်သည်  အ...
18/08/2021

လေ့လာမှတ်သားစရာ

အိမ်၏ခေါင်းရင်းနေအိမ်သည်
မိမိအိမ်ထက်မြင့်မည်………
ခြေရင်းအိမ်သည်လည်း
မိမိအိမ်ထက်မြင့်ပါက
ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင်
အိမ်ပုခက် ဟုခေါ်သည်။
နေသောမိသားစုသည် စီးပွားတက်၏။

ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိမ့်မည်။
ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ……
ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက
အိမ်မြင့်မိုရ်ဟုခေါ်သည်။
လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍
ပြုစုလုပ်ကျွေးအား
သဒ္ဓါပြည့်က အထူးကောင်းမွန်၏။

ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည်။
ကိုယ့်အိမ်၏ ခြေရင်းက
ကိုယ့်အိမ်ထက်နိမ့်နေပါက
အိမ်တောင်တန်းဟုခေါ်သည်။
တစ်စိမ့်စိမ့်စီးပွားဖြစ်၏။

ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍
ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါက
စီးပွားအသည်းအသန်ရှာရတတ်သည်။
ရေဆန်အိမ်ဟုခေါ်သည်။
ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။

ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင်
မီးဖိုအကြီးကြီးဖြင့်
စီးပွားရှာသောအိမ်ရှိနေပါက
ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်း
သို့မဟုတ်
အိမ်အမိုးထပ်မြှင့်ခြင်းပြု အပ်၏။
မကျန်းမမာဖြစ်တတ်၏။
ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည်။
သတိထားအပွ၏။

ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှ ဆူညံစကား
ပြင်းသောအသံချဲ့စက်ဆောင်းဘောက်စ်အသံ
အဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါက
ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။
အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏။
မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။

အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်း
ငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင်
လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါက
မရှိပါ ဟူသောစကားကိုလိမ်ညာပြောတတ်ရ၍
သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍
အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထား
ပြောရတတ်၏။ ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့် အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏။

. မူရင်းရေးသားသူ

⚱ အပြစ်ထက် အကြောင်းအကျိုးကို☁ ဆီလျော်အောင်တွေးတဲ့သူက ☁ သဘောထားကြီးတဲ့သူ ဖြစ်တယ် ။⚱ အမုန်းထက် ခွင့်လွတ်ခြင်းကို☁ ကျင့်သုံ...
06/08/2021

⚱ အပြစ်ထက် အကြောင်းအကျိုးကို
☁ ဆီလျော်အောင်တွေးတဲ့သူက
☁ သဘောထားကြီးတဲ့သူ ဖြစ်တယ် ။

⚱ အမုန်းထက် ခွင့်လွတ်ခြင်းကို
☁ ကျင့်သုံးတဲ့သူက
☁ အအေးချမ်းဆုံးသူ ဖြစ်တယ် ။

⚱ အငြိုးထက် လွတ်ချခြင်းကိုသာ
☁ ပြုတတ်တဲ့သူက
☁ လွတ်လပ်‌ပေါ့ပါးဆုံးသူ ဖြစ်တယ် ။

⚱ အလိုဆန္ဒထက် ရောင်ရဲခြင်းဖြင့်
☁ နေထိုင်တတ်တဲ့သူက
☁ အချမ်းသာဆုံးသူ ဖြစ်တယ် ။

⚱ သံသယထက် နားလည်ပေးခြင်းကို
☁ အစားထိုးနိုင်တဲ့သူက
☁ အဆင်ပြေပြေ နေနိုင်သူဖြစ်တယ် ။

⚱ တစ်ဘ၀စာထက် သံသရာကို
☁ မျှော်တွေးဆင်ခြင်တတ်တဲ့သူက
☁ ပညာရှိတဲ့သူ ဖြစ်ပါတယ် ။

⚱ ကိုယ့်အတ္တထက် စာနာသနားခြင်း
☁ ရှိကြတဲ့သူတွေဟာ
☁ နှလုံးသားလှတဲ့သူတွေ ဖြစ်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ 🙏🙏🙏

#အောင်မြင်သူ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when EYE Opener for Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category