General Knowledge Mm

General Knowledge Mm ဗဟုသုတနှင့် သတင်းများတင်ဆက်ပေးတဲ့ page လေးဖြစ်ပါတယ်ခင်ဗျာ..❤️

01/12/2025
18/11/2025

မံမီရုပ်တွေအပြည့်ဖြစ်နေတဲ့စစ္စလီမံမီဘုရား

#ဗဟုသုတ

17/11/2025

အသီးကုန်ရင် အရည်လေးတွေပါ မော့သောက်နေတာလေဟာ...😭

#ဟာသ

ကမ္ဘာ့အကြီးဆုံးရေအောက်ရုပ်တုရှိနေတဲ့ Bahamas ကျွန်းစုBahamas ကမ်းခြေတွေဟာ အဖြူရောင်သဲသောင်ပြင်တွေနှင့် ကြည်လင်နေတဲ့ရေတွေ...
17/11/2025

ကမ္ဘာ့အကြီးဆုံးရေအောက်ရုပ်တုရှိနေတဲ့ Bahamas ကျွန်းစု
Bahamas ကမ်းခြေတွေဟာ အဖြူရောင်သဲသောင်ပြင်တွေနှင့် ကြည်လင်နေတဲ့ရေတွေကြောင့်နာမည်ကြီးပါတယ်။ Bahamas က ရေပြင်တွေဟာရေအောက်ကမ္ဘာကိုတိုက်ရိုက်ကြည့်နိုင်လောက်တဲ့ အထိ ကြည်လင်ပြီးတော့ ဒီနေရာဟာ အမေရိကတိုက်ကိုပထမဆုံး ရှာတွေ့ခဲ့တဲ့ ကိုလံဘတ်စ်ပထမဆုံးခြေချခဲ့တဲ့နေရာလည်းဖြစ်ပါ တယ်။

ရှားပါးရေနေသတ္တဝါတွေအပါအဝင် ကျွန်းစုတွေအများကြီးရှိတာ ကြောင့် ရေအောက်ကမ္ဘာစိတ်ဝင်စားသူတွေနှင့် အားလပ်ရက်ခရီး ထွက်တဲ့သူဌေးတွေရဲ့ခြေချရာနေရာဖြစ်ပါတယ်။ ဒီကျွန်းစုတွေအများ စုဟာ သူဌေးတွေကိုယ်ပိုင်ဝယ်ယူထားတဲ့ကျွန်းစုတွေဖြစ်ကြပြီးတော့ ကျွန်းတိုင်းမှာမတူညီတဲ့ထူးခြားမှုတွေလည်းရှိပါတယ်။

ဒါ့အပြင် Bahamas ဟာ ရေအာက်မှာရှိတဲ့ကမ္ဘာ့အကြီးဆုံးရုပ်တုကြီး ကြောင့်လည်းနာမည်ကြီးပါတယ်။ ဒီရုပ်တုကြီးဟာ တန်ခြောက်ဆယ် လေးပြီးတော့ ပေ၂၀ ကျော်ရှည်လျားတဲ့ရုပ်တုကြီးဖြစ်ပါတယ်။ ရုပ်တု ကိုတော့ ပန်းပုပညာရှင် Jason deCaires Taylor ကဖန်တီးထားပြီး တော့ Ocean Atlas လို့နာမည်ပေးထားပါတယ်။
Crd

#ဗဟုသုတ
#သတင်းစုံ

အရောင်ငါးရောင်ရှိနေတဲ့ ကိုလံဘီယာကမြစ်....သက်တံ့မြစ်လို့တင်စားခေါ်ဝေါ်ကြတဲ့ ကိုလံဘီယာကဒီမြစ်ဟာ ကမ္ဘာ ပေါ်မှာအတော်လေးထူးခြ...
13/11/2025

အရောင်ငါးရောင်ရှိနေတဲ့ ကိုလံဘီယာကမြစ်....

သက်တံ့မြစ်လို့တင်စားခေါ်ဝေါ်ကြတဲ့ ကိုလံဘီယာကဒီမြစ်ဟာ ကမ္ဘာ ပေါ်မှာအတော်လေးထူးခြားတဲ့နေရအဖြစ်အသိအမှတ်ပြုခံရတဲ့ နေရာဖြစ်ပါတယ်။ ဒီမြစ်ဟာတစ်ခြားသာမာန်မြစ်တွေလို ပြာလဲ့နေ တဲ့ရေတွေပဲရှိနေတာမဟုတ်ဘဲ အရောင်စုံလိုမျိုးပြောင်းလဲနေတာဖြစ် ပါတယ်။ မြစ်ဟာ အနီရောင် အဝါရောင် အစိမ်းရောင်နှင့် အပြာရောင် တွေရောစပ်နေတာဖြစ်ပါတယ်။
မြစ်အတွင်းက ရေထဲမှာပေါက်တတ်တဲ့အပင်တစ်မျိုးကြောင့် မြစ်ရေ ဟာနွေရာသီရောက်တိုင်းအနီရောင်အဖြစ်ကိုကူးပြောင်းသွားပါတယ်။ တစ်ဖက်မှာလည်း ရေအောက်ကအပင်တွေကြောင့်မြစ်ရဲ့တစ်ဖက် ခြမ်းဟာအဝါရောင်အဖြစ်ထပ်ပြီးတောက်ပနေတတ်ပါတယ်။ အစိမ်း ရောင်ရေညှိတွေကြောင့် အစိမ်းရောင်ရေပြင်ဖြစ်နေသလို ရေညှိရှင်း တဲ့နေရာမှာဆိုရင် အပြာရောင်နှင့်အဖြူရောင်လိုပါဖြစ်နေတာကြောင့် အရောင်ငါးမျိုးစုံတဲ့မြစ်ပြင်လိုမျိုးဖြစ်နေတာဖြစ်ပါတယ်။

ဒီမြစ်ဟာကိုလံဘီယာရဲ့ခရီးသွားဧည့်သည်တွေအဓိကစိတ်ဝင်စားကြ တဲ့နေရာဖြစ်ပြီးတော့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေ သဘောကျကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ မြစ်ရေဟာတစ် ချိန်လုံးအရောင်စုံနေတာမဟုတ်ဘဲ တစ်ချို့ရာသီနှင့်အချိန်တွေမှာ လည်း အခုလိုမျိုးထူးခြားတဲ့ငါးရောင်စပ်မြစ်ဖြစ်နေတာဖြစ်ပါတယ်။
Card


#သတင်းစုံ
#ဗဟုသုတ

Address

Yagon

Website

Alerts

Be the first to know and let us send you an email when General Knowledge Mm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share