 
                                                                                                    01/09/2023
                                            ရန်ကုန်မှာသွားသင့်တဲ့ Coffee ဆိုင်လေးအကြောင်း
မှုံကတော့ coffee ဆိုင်သွားရင်နေရာလှလှလေးဖြစ်ဖို့ကအရေးကြီးသလို ကော်ဖီကောင်းကောင်းလေးတစ်ခွက်သောက်ရဖို့ကလဲသိပ်အရေးကြီးပါတယ်
မှုံ Try ခဲ့တာကတော့ Hot Cappuccino ရယ် Lyfe Signature coffee ရယ်ပါ။
Hot Cappuccino ကိုတော့သိပ်မကြိုက်ပေမဲ့လဲ သူတို့ရဲ့ Signature coffee ကတော့တအားကောင်းပါတယ်။
Coffee ကို အဆိမ့်လေးနဲ့အချိုလေးရယ်ကိုမှ အခါးဓာတ်လေးရယ်က Blend ဖြစ်နေပြီး တော်တော်လေးသောက်ကောင်းခဲ့ပါတယ်။
Location ကတော့ parking လဲရှိတော့ကားရပ်ရတာလဲအဆင်ပြေပါတယ်။
နှစ်ထပ်ဖြစ်ပြီး နေရာလဲကျယ်တာမို့ လူမကျပ်တော့စိတ်မရှုပ်ရတာကို အရမ်းသဘောကျပါတယ်။
အောက်ထပ်က ပန်းဆိုင်လေးကိုတော့ သဘောအကျဆုံးပဲ
ပန်းစည်းအသေးလေးတွေက 5000 ကျပ်ကစဝယ်လို့ရပါတယ်။
မကြိုက်တာဆိုလို့အပေါ်ထပ် Aircon သိပ်မအေးတာပဲ
Service လဲသိပ်မဆိုးပေမဲ့ Waitress လေးတွေကိုတော့ trainပေးသင့်သေးတယ်မြင်ပါတယ်။
Taste and location အပိုင်းကိုတော့ သဘောကျခဲ့ရတဲ့ coffee ဆိုင်မို့ ထပ်သွားဖြစ်မဲ့အထဲတော့ပါပါတယ်♥️
Pants from BSCO Myanmar                                        
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  