Âłâñ JâčK

Âłâñ JâčK 📱Phone King📱

24/10/2024

Mandalay land

နမားဇ်မဖတ်ဘဲ ပြည့်ပြည့်စုံစုံနဲ့အေးဆေးနေရတိုင်း ကိုယ့်ကိုယ်ကို သိပ်ကံကောင်းတယ်မထင်နဲ့.. အလ္လာဟ် စိတ်ဆိုးရင် ရိုဇီကို မရု...
14/02/2024

နမားဇ်မဖတ်ဘဲ
ပြည့်ပြည့်စုံစုံနဲ့အေးဆေးနေရတိုင်း
ကိုယ့်ကိုယ်ကို သိပ်ကံကောင်းတယ်မထင်နဲ့..

အလ္လာဟ် စိတ်ဆိုးရင် ရိုဇီကို မရုတ်သိမ်းဖူး
စဂ်ျဒါဟ်ကိုရုတ်သိမ်းတာ..

အာဇာန်သံကြားပြီး နမားဇ်မဖတ်နိုင်တာကို
အလ္လာဟ်ရှင်အရေးမယူသေးဖူးဆိုပြီးငြိမ်မနေနဲ့ အာဇာန်သံကြားပြီး နမားဇ်မဖတ်နိုင်သေးတာကိုက အလ္လာဟ်ရှင်အရေးယူထားတာ 🤲💜✨
Ya. Allah..✨🤲🤲🙏🙏🤞🙌🙌💔💔💘💘❤️‍🔥😭😭😭

12/12/2023

📖စာဖတ်ပါ
------------
🍀စာဖတ်များတဲ့ လူတစ်ယောက်ရဲ့
ရုပ်သွင်ဟာတည်ငြိမ်ရင့်ကျက်လာတတ်ပြီး ဘယ်လောက်ပဲအံ့ဩစရာနဲ့တွေ့တွေ့ မအံ့ဩတတ်ကြတော့ဘူး။

🍀အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီးတကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

🍀 ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီးကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

🍀 ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီးချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

🍀 စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

🍀စာဖတ်တဲ့လူတိုင်း
မအောင်မြင်နိုင်ပေမယ့်
ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

🍀 စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာ
ကြတယ်။

🍀ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြန်ပြီး အမှတ်ရစေပါတယ်။
ဥပမာ..ကျန်းမာရေးစာပေတွေ
ဖတ်ထားသူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်လာ
တဲ့အခါဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

🍀 စကားပြောကောင်းလာလိမ့်မယ်။စကားဆိုတာ ပြောသင့်တဲ့အချိန်၊
မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။
လူတွေက ကိုယ့်ကို အထင်ကြီးစေလိုတာကြောင့် နေရာတကာမှာဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊ ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေကသင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာအထင်ကြီးစရာကောင်းနေပါလိမ့်မယ်။
သင့်ပါးစပ်ကထွက်လာတဲ့ စကား
လုံးတိုင်းဟာတစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

🍀 ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေး
နိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်
လောက်ပဲ ဖတ်ပြီးကိုယ့်ကို
ကိုယ် စာဖတ်တဲ့သူလို့ဂုဏ်ယူ
နေမယ်ဆိုရင်တော့ ရင့်ကျက်
တည်ငြိမ်တဲ့ လူတစ်ယောက်
မဖြစ်နိုင်သေးပါဘူး။

လက်လှမ်းမှီသမျှစာပေတွေ
ကို ဖတ်ပါများလာမှ သင်ဟာ
ရဲရင့်တည်ကြည်တဲ့
လူတစ်ယောက်ဖြစ်လာမှာပါ။

ဒါ့ကြောင့်များများဖတ်ပါ။
ဖတ်နိုင်သလောက်ဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံ
ကြည်နိုင်လောက်တဲ့ အတွေ့
အကြုံတွေပေးပါလိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေ
လေးစားရတဲ့လူတစ်ယောက်
အဖြစ်သို့ ပြောင်းလဲလာစေပါ
လိမ့်မယ်။

****************

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေ
ဖတ်သင့်လဲ ..?
—————————

၁။ အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိ

အဲ့လိုဖတ်ပေးခြင့်ကြောင့်
အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

***********************

၂။ ပညာရပ်ဆိုင်ရာစာပေများ

အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊လူမှုဆက်ဆံရေး၊ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ ဖတ်မကုန်အောင် တစ်ပုံ တစ်ပင်ရှိပါတယ်။စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

*****************

၃။ စိတ်အားတက်ကြွစေမယ့် စာပေ

သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်
စေတဲ့ တက်ကျမ်းခေါ် စာပေတွေ
ဟာ မမြင်ချင်အဆုံးပေါများလှတယ်။တက်ကျမ်းတွေကို ဖတ်ပါများလာရင် သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

***********************

၄။ ရသစာပေ

ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။ ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလိုတိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာလိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာလူတွေကို ဆုံးမတဲ့
စာပေအမျိုးအစားပါ။

***************

၅။ ဟာသစာပေ

ပျော်ရွှင်မှုကိုပေးတတ်ပြီး
သင့်ကိုဟာသဥာဏ်ရွှင်အောင်
ပြုလုပ်ပေးတတ်ပါတယ်။

**************************

၆။ ဘာသာရေးစာပေ

စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။ လိုချင်တပ်မက်မှုစတဲ့တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

*************************
by Original Uploader.

04/12/2023

🖤

❣️
02/12/2023

❣️

🤗မြို့ပြမဆန်တဲ့ သဘာဝရဲ့ အရသာကိုခံစားရင်း ဘဝရဲ့ အနှစ်သာရတစ်ခုကိုရှာဖွေကြည့်ချင်လား?

😍ဒါဆိုရင် တောင်တန်းတွေနဲ့စိမ်းမြမြအပင်တွေကြားကအရမ်းလှတဲ့ ကလောview point လေးဆီသွားရောက်အပန်းဖြေကြည့်ဖို့ပြောချင်ပါတယ်။

🌅နေဝင်ဆည်းဆာအလှ ကိုတစ်ဝကြီး ခံစားနိုင်တဲ့ ကလောView Point သည် ကလောမြို့ရဲ့သာယာလှပသောနေရာတစ်ခုလည်းဖြစ်ပါတယ်။

☘️ကလောView Point မှကြည့်ရင် ကလောတစ်မြို့လုံး ရဲ့ရှုခင်းအလှတွေ ကိုမြင်တွေ့နိုင်သလိုရှမ်းကုန်းပြင်မြင့်များ၊စပါးခင်းများနှင့်ထင်းရှူးတောင်တန်းများ၏အလှကိုကြည့်ရှုခံစားနိုင်ပါတယ်။ရှုခင်းအလှအပများကိုနှစ်သက်သူများအတွက် ဓာတ်ပုံရိုက်လို့ကောင်းသောနေရာတစ်ခုပဲဖြစ်ပါတယ်။ Trekking ဝါသနာပါတဲ့သူတွေအနေနဲ့ ကလောမြို့မှပေါ့ပါးစွာ Trekking လုပ်ရင်းView Point ကိုတက်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။

🌨ဆောင်းအလှခြယ်တဲ့အမှတ်တရကောင်းလေးတွေဖန်တီးကြည့်နိုင်ဖို့ ကလောview pointက သင့်ကိုစောင့်လို့ကြိုနေပါတယ်နော်😘။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #ကလော #ကလောviewpoint

30/11/2023

အမေ ဒီဟင်းမကြိုက်ဘူးလို့ ငြင်းပိုင်ခွင့်မရှိတဲ့ ဘဝတွေ 💔

28/11/2023

📱Phone King📱

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Âłâñ JâčK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category