Pakokku People's Media

Pakokku People's Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pakokku People's Media, Media, Yangon.

Pakokku People's Media (PMM) will broadcast the activities of local resistance armed forces from Pakokku and other news which reflect the sprint of Spring Revolution.

29/09/2025

မြိုင်မြို့နယ်တွင် စခ/ပခများ အလစ်ဝင်တိုက်ခံရပြီး သေဆုံးမှုရှိ

မြိုင်ပကဖထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၈ ရက်နေ့ နေ့ခင်း ၂ နာရီခန့်တွင် မြိုင်မြို့နယ်၊ တွင်းမပျူ စောထီးရွာအတွင်း အများပြည်သူပိုင် ပစ္စည်းများကို လှည့်လည်ခိုးယူနေသည့် စခ/ပခများကို တပ်ဖွဲ့များမှ အလစ်ဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။

ထိုတိုက်ခိုက်မှုအတွင်း စခ/ပခ အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပြီး MA-1 သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းရရှိနိုင်ခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုတွင် မြိုင်ပကဖ၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၂)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု (PLC)၊ ကမ္မတပ်ပေါင်းစုနှင့် 8+ တပ်ပေါင်းစုတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းပို့ပေးနေသော မိဘပြည်သူများခင်ဗျာ.....ပခုက္ကူလူထုမီဒီယာ အနေနဲ့ နေ့စဉ် သတင်းအချက်အလက်များကို အချိန်မီ ပေးပို့ပေးနေသော...
25/09/2025

သတင်းပို့ပေးနေသော မိဘပြည်သူများခင်ဗျာ.....

ပခုက္ကူလူထုမီဒီယာ အနေနဲ့ နေ့စဉ် သတင်းအချက်အလက်များကို အချိန်မီ ပေးပို့ပေးနေသောမိဘပြည်သူများအား အထူးကျေးဇူးတင်ရှိပါသည်။

သတင်းတစ်ပုဒ်မှန်ကန်ဖို့၊ အချိန်မီဖော်ပြနိုင်ဖို့မှာ သတင်းပို့ပေးသူများရဲ့ အားထုတ်မှု အရေးကြီးပါသည်။

မိဘပြည်သူများ ပို့ပေးတဲ့ သတင်းအချက်အလက်တွေကြောင့် ပခုက္ကူလူထုမီဒီယာအနေနဲ့ လူထုအတွက် တိကျမှန်ကန်ပြီး အချိန်မီသတင်းများကို မျှဝေဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။

မိဘပြည်သူများရဲ့ ပံ့ပိုးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ယူစွာ တန်ဖိုးထားမိပါတယ်။

နောင်တွင်လည်း ပခုက္ကူလူထုမီဒီယာအနေနဲ့ သတင်းလုပ်ငန်းစဉ်များကို ဆက်လက်တိုးတက်အောင် မိဘပြည်သူများနှင့်အတူ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကျေးဇူးအထူးတင်ရှိပါသည်။
— ပခုက္ကူလူထုမီဒီယာ

မြိုင်မြို့နယ် သရက်ကန်ပျူရွာအား တော်လှန်ရေးအဖွဲ့များ ပူး‌ပေါင်းတိုက်ခိုက်ပြီး ပျူစောထီးသေဆုံးမှုရှိမြိုင်မြို့နယ်၊ သရက်က...
24/09/2025

မြိုင်မြို့နယ် သရက်ကန်ပျူရွာအား တော်လှန်ရေးအဖွဲ့များ ပူး‌ပေါင်းတိုက်ခိုက်ပြီး ပျူစောထီးသေဆုံးမှုရှိ

မြိုင်မြို့နယ်၊ သရက်ကန်ပျူ‌စောထီးရွာအား စက်တင်ဘာ ၂၄ ရက် နံနက် (၆) နာရီခန့်တွင် တော်လှန်ရေးအဖွဲ့များမှ စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။

တိုက်ပွဲတွင် သရက်ကန်ပျူရွာရှိ လက်နက်ကိုင်ပျူစောထီး မျိုးနိုင်အေးသည် ကျည်ထိမှန်၍ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု အဖွဲ့များထံမှ သိရသည်။

တိုက်ပွဲအတွင်း ပျူစောထီးဘက်မှ (၄၀) မမ များနှင့် လက်နယ်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ထိတွေ့မှု (၁၀) မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များဘက်တွင် ထိခိုက်အနာတစုံတရာ မရှိခဲ့ကြောင်းလည်း ထပ်မံသိရသည်။

အင်အားခန့်မှန်းချက်အရ ထိုရွာတွင် ပျူနှင့် စခ စစ်အင်အား (၁၂၀) ခန့်ကျန်ရှိပြီး အရပ်သား (၁၅၀) ခန့် နေထိုင်ကြသည်။ ပျူ‌စောထီးများမှ အရပ်သားပြည်သူများကို အနိုင်ကျင့်ခြင်း၊ မတရားစေခိုင်းခြင်းများ ပြုလုပ်နေသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေကြောင်း တလရဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့တွင် ဆောင်ရွက်ခဲ့သည့် တိုက်ခိုက်မှုတွင် TYK ပြောက်ကြားတပ်ဖွဲ့၊ Myaing Underground Defence Force-MUGDF၊ မြိုင်-ပကဖ (၁) တပ်ခွဲ(၁)၊ မြိုင်-ပကဖ တပ်ရင်း (၁) တပ်ခွဲ (၄) (စကြာ်)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု (PLC)၊ Union Brothers (UB)၊ Kamma Underground PDF ကမ္မတပ်‌ပေါင်းစု၊ ဒေါင်းညီနောင်တပ်ဖွဲ့၊ ဒေါင်းမာန်တပ်ဖွဲ့နှင့် နွေဦးညီနောင် တပ်ဖွဲ့တို့ စည်းလုံးစွာ ပါဝင်ဆောင်ရွက်ခဲ့သည်ဟုလည်း သတင်းရရှိသည်။

Pakokku People's Media

ပခုက္ကူမြို့ပေါ် စက်ရုံအတွင်း တိုက်ခိုက်မှု၊ စစ်ကော်မရှင်ဘက်မှ ရဲ(၄)ဦး သေဆုံးပခုက္ကူမြို့ ရထားဘူတာအနီးရှိ ကွန်ကရစ်ဇလီဗာတ...
24/09/2025

ပခုက္ကူမြို့ပေါ် စက်ရုံအတွင်း တိုက်ခိုက်မှု၊ စစ်ကော်မရှင်ဘက်မှ ရဲ(၄)ဦး သေဆုံး

ပခုက္ကူမြို့ ရထားဘူတာအနီးရှိ ကွန်ကရစ်ဇလီဗာတုံး စက်ရုံအတွင်း စက်တင်ဘာလ (၂၂) ရက် မနက်(၁)နာရီ (၄၀)မိနစ် ဝန်းကျင်တွင် စစ်ကော်မရှင်အဖွဲ့ဝင်များကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း (၁) ရဲဘော် (၇) ဦးမှ တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ဘက်မှ ရဲ (၄) ဦး သေဆုံးခဲ့ပြီး G3 သေနတ်(၁)လက်၊ 7.62mm ကာဘိုင်(၁)လက်၊ AK (၁)လက် နှင့် ကျည်( ၅၀)တောင့်ခန့် ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

အဖွဲ့က ထပ်မံကြေညာချက်အရ ရဲဘော်ဒီးဦးဆောင်သော အဖွဲ့ဝင်များ ထိခိုက်မှုလုံးဝမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Pakokku Special Task Force က “ပခုက္ကူမြို့နယ်အတွင်း စစ်ကော်မရှင် ဦးဆောင် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အနေဖြင့် ဤမစ်ရှင်ကို ဆောင်ရွက်ခဲ့ခြင်း” ဟု ထုတ်ပြန်ခဲ့ပြီး မိဘပြည်သူများအားလည်း အဆိုပါ ရွေးကောက်ပွဲ၌ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ပါရန် အထူးမေတ္တာရပ်ခံထားပါဝာယ်ခင်ဗျာ.....

Pakokku People's Media

ပခုက္ကူလူထုမီဒီယာ“အများပြည်သူသို့ အသိပေးကြေညာချက်”နေ့စွဲ _ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက် လေးစားရပါသော သတင်းဖတ်သူ မိဘပြ...
18/09/2025

ပခုက္ကူလူထုမီဒီယာ
“အများပြည်သူသို့ အသိပေးကြေညာချက်”

နေ့စွဲ _ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်

လေးစားရပါသော သတင်းဖတ်သူ မိဘပြည်သူများခင်ဗျာ.....

မိမိတို့ 𝗣𝗮𝗸𝗼𝗸𝗸𝘂 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗴𝗲 သည် မကြာသေးမှီက နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် သတင်းအကြောင်းအရာများကို အချိန်မှီ မတင်ပေးနိုင်ခဲ့ကြောင်း အသိပေးအပ်ပါသည်။ ထို့ကြောင့် ပုံမှန်အတိုင်း သတင်းများမရရှိခဲ့သည့်အတွက် အများပြည်သူအဆင်မပြေမှုများရှိခဲ့ပါက နားလည်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။

ယခုအခါ မိမိတို့ 𝗣𝗮𝗸𝗼𝗸𝗸𝘂 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗴𝗲 အား နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးဖြစ်သဖြင့် ယခုအချိန်မှစ၍ တရားဝင်သတင်းများ၊ အသိပေးကြေညာချက်များနှင့် အခြားအသုံးဝင်သည့် အချက်အလက်များကို အဆက်မပြတ် တင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ထို့အပြင် ယခုပြန်လည်စတင်ရာတွင် သတင်းတင်ဆက်ပုံစံများကိုလည်း 𝗨𝗽𝗱𝗮𝘁𝗲 ပြုလုပ်ထားပြီး ပိုမိုကောင်းမွန်စွာ တင်ဆက်နိုင်ရန် ကြိုးပမ်းနေပါသည်။

“လူထုအတွက် သတင်း၊ သတင်းအတွက် တာဝန်”

လေးစားစွာဖြင့်
Pakokku People's Media
𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗽𝗮𝗸𝗼𝗸𝗸𝘂𝗽𝗲𝗼𝗽𝗹𝗲𝗺𝗲𝗱𝗶𝗮
𝗽𝗮𝗸𝗼𝗸𝗸𝘂.𝗽𝗲𝗼𝗽𝗹𝗲.𝗺𝗲𝗱𝗶𝗮.𝗽𝗽𝗺@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

ကမ္မမြို့ နန်းထိုက်တော်ဝင် စတိုးဆိုင်ကို စစ်တပ်က ဝင်ရောက် ဖောက်ထွင်းပြီး ရိက္ခာယူဆောင်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်မှု စစ...
27/07/2025

ကမ္မမြို့ နန်းထိုက်တော်ဝင် စတိုးဆိုင်ကို စစ်တပ်က ဝင်ရောက် ဖောက်ထွင်းပြီး ရိက္ခာယူဆောင်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိ

ကမ္မမြို့ နန်းထိုက်တော်ဝင် စတိုးဆိုင်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ဖောက်ထွင်းပြီး ရိက္ခာယူဆောင်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိခဲ့ကြောင်း RED GIANT အဖွဲ့က ဒေါင်းနီကပြောဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် နန်းထိုက်တော်ဝင်စတိုးဆိုင်ကို ဖောက်ထွင်းပြီး ရိက္ခာသယ်ယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲပြီး ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ပြီး တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက နန်းထိုက်တော်ဝင် စတိုးဆိုင်ကို နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီ တပ်သားများ ခိုးယူထားသော ဆိုင်ကယ် ၂ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို သိမ်းဆည်းရမိသော ဆိုင်ကယ် ၂ စီးကို REDGIANT အဖွဲ့မှ ပိုင်ရှင်ထံ ပြန်လည် ပေးအပ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။

"စစ်ခွေးတွေက နန်းထိုက်တော်ဝင်စတိုးဆိုင်မှာ ရိက္ခာတွေသယ်နေတာပါ။ အဲ့တာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ရှင်းလင်းရေလုပ်တော့ စစ်ခွေးတွေရဲ့ ဆိုင်ကယ် ၂ စီးကို သိမ်းဆည်းရမိခဲ့ပါတယ်။ ကျွန်တော်တို့ သိမ်းဆည်းရမိတဲ့ ဆိုင်ကယ် ၂ စီးကို ဆိုင်ကယ်ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၃ ကောင်သေဆုံးတယ်။ ၅ ကောင် ထိခိုက် ဒဏ်ရာရရှိတယ်" ဟု RED GIANT အဖွဲ့က ဒေါင်းနီကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို RED GIANT၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGF လူငယ်ပျောက်ကျားတပ်ဖွဲ့၊ PI PDF၊ အလင်းတန်းပျောက်ကျားတပ်ဖွဲ့ (မြိုင်) ၊ TWF၊ THURAIN TR၊ HUNTER PAKOKKU တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

Credit to Original Uploader

ပွင့်ဖြူမြို့နယ် ရေပုတ်ကလေးကျေးရွာအနောက်ဘက်ရှိ ချောင်းဖြူပေါင်းမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတ...
05/07/2025

ပွင့်ဖြူမြို့နယ် ရေပုတ်ကလေးကျေးရွာအနောက်ဘက်ရှိ ချောင်းဖြူပေါင်းမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်၊ စစ်သား(၂)ဦးသေဆုံး

ဇူလိုင် ၅ ၂၀၂၅၊ ပခုက္ကူလူထုမီဒီယာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ ရေပုတ်ကလေးကျေးရွာ၏အနောက်ဘက် ချောင်းဖြူပေါင်းတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ခန့်မှန်းအင်အား(၈၀)ဝန်းကျင်ဖြင့် ဇူလိုင်လ (၄)ရက်နေ့ နေ့လည်(၁၂)နာရီ (၅)မိနစ်အချိန်တွင် ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ကြိုတင်စောင့်ဆိုင်းပြီး လက်ဦးမှုရယူကာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

ကနဦးသိရှိချက်များအရ တိုက်ပွဲဖြစ်ပွားချိန် (၃၅)မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား(၂)ဦးသေဆုံးပြီး (၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ လက်နက်အနည်းငယ်သာပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်၊ ပေါက်၊ ပခုက္ကူ ပကဖနှင့် Pakokku People's Defense Force နှင့် 7 Stars ဗိုလ်စနေအဖွဲ့တို့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့်
မိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာ‌နေရာသို့ ‌‌‌‌‌‌‌‌‌‌‌‌ကြိုတင်ရှောင်ရှားနေကြပါရန်နှင့် လေကြောင်းအန္တရာယ်များမှလည်း အထူးဂရုစိုက်ကြပါရန် မြိုင်ပကဖမှ ကြိုတင်အသိပေးတင်ပြထားပါသည်။

သတင်း - ကိုပိန်၊ စာတည်း - ဇာနည်
Pakokku People's Media

ဓာတ်ပုံ - ပုံဟောင်း (ဇွန်လ ၂၆ရက်နေ့ မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့အတွင်း အထိုင်ချတပ်စွဲနေသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့သော Pakokku People's Defense Force မှ ရဲဘော်များ)

ပခုက္ကူခရိုင်အတွင်း မြို့နယ်ပကဖများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားတစ်ရပ်ထုတ်ပြန်ခြင်း ။
29/04/2025

ပခုက္ကူခရိုင်အတွင်း မြို့နယ်ပကဖများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားတစ်ရပ်ထုတ်ပြန်ခြင်း ။

🔴 ပခုက္ကူ 🔴ပခုက္ကူနယ်တစ်နေရာတွင် မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် (4:09PM,  4:12PM & 4:15PM) (4:19 PM & 4:21PM)ခန့် အ...
23/04/2025

🔴 ပခုက္ကူ 🔴

ပခုက္ကူနယ်တစ်နေရာတွင် မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် (4:09PM, 4:12PM & 4:15PM) (4:19 PM & 4:21PM)ခန့် အချိန်တို့တွင် လေကြောင်းတိုက်ခိုက်ကြောင်း သိရပါသည်။

Apr 23, 5:23 PM
📫သတင်းပို့ရန်

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စာအမှတ် ၃၃၂/ ၂၀၂၅ ။
20/04/2025

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စာအမှတ် ၃၃၂/ ၂၀၂၅ ။

မြိုင်-ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းအပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲပြုလုပ်ဧပြီလ၊ ၆ ရက်၊ ၂၀၂၅ ခုနှစ်မြိုင်-ပကဖသည် ပကဖစ...
06/04/2025

မြိုင်-ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းအပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲပြုလုပ်

ဧပြီလ၊ ၆ ရက်၊ ၂၀၂၅ ခုနှစ်

မြိုင်-ပကဖသည် ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းအပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ဒေသတွင်းတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တာဝန်ခံ ၊ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ၊ ကမ္မတပ်ပေါင်းစုတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများ ၊ မဟာမိတ်တပ်မှူးများ ၊ ပကဖစုဖွဲ့မှုတပ် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြိုင်ပကဖတာဝန်ခံ ကိုလက်ယာမှ အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ထို့နောက် တာဝန်ရှိသူအသီးသီးကလည်း သင်တန်းဆင်းရဲဘော်များကို အားပေးစကားများ ပြောကြားခြင်း ၊ ထူးချွန် သင်တန်းသားများကို ဆုချီးမြှင့်ခြင်းများပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

NCO အပတ်စဉ်(၁/၂၀၂၄)ကို ပခုက္ကူခရိုင်တွင်းရှိရဲဘော်များ ၊ ပကဖစုဖွဲ့မှုတပ်မှ တပ်မှူးငယ်များ ၊ ဂန့်ဂေါခရိုင်မှ ရဲဘော်များ တက်ရောက်ခဲ့ကာ သင်တန်းကာလ အချိန်တခု ကြာမြင့်ခဲ့ပြီး သစ္စာစောင့်သိမှု ၊ စည်းကမ်းကောင်းမွန်မှု ၊ အမိန့်နာခံတတ်မှု စသည့်ဘာသာရပ်များအပါဝင် သင်တန်းကို စနစ်တကျအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ မြိုင်-ပကဖ၏ သတင်းထုတ်ပြန်ရေးချန်နယ်မှ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - မြိုင်-ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းအပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲပုံရိပ်များ

Pakokku People's Media

ပြောမှသိထိမှနာသာမှနေသေမှခင်ဤလေးအင် လူတွင်မကျင့်အပ်။မိုးကုတ် ဆရာတော်ဘုရားကြီးPhoto Credit to Original Uploader
01/04/2025

ပြောမှသိ
ထိမှနာ
သာမှနေ
သေမှခင်
ဤလေးအင် လူတွင်မကျင့်အပ်။

မိုးကုတ် ဆရာတော်ဘုရားကြီး

Photo Credit to Original Uploader

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Pakokku People's Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category