14/10/2025
ဆိုတော့ အားလုံးလည်း LOL World Anthem 2025 ကိုကြည့်ပြီးသွားကြပြီလို့တော့ထင်ပါတယ်။မကြည့်ရသေးရင်တော့ Youtube မှာသွားကြည့်ပြီးမှ ဒီ post မှာ လာဆွေးနွေးလို့ရပါတယ်။
ကျွန်တောလည်း အခုမှ ကြည့်ပြီးပြီဆိုတော့ နည်းနည်းဝေဖန် လေကန်လိုက်ပါဦးမယ် ။
ဆိုတော့ LOL World Anthem ဆိုတဲ့ အတိုင်း World သီချင်းလို့ပဲ ပြောပါမယ်။ ဒီတခေါက် နာမည်က "Sacrifice" ဆိုတဲ့ အတိုင်း သီချင်းအနက်အဓိပ္ပာယ်ကတော့ရှယ်ပဲ ။ "မင်းနာမည်ကို သူတို့ မသိမချင်း မင်း တဘဝလုံးကို စတေးမှာလား " စတဲ့ motivation တွေ စာသားတွေကတော့ တကယ်ကို မိုက်ပါတယ်။
သီချင်းဆိုတဲ့သူကလည်း G.E.M ဆိုတော့ တကယ်ကို လိုက်ဖက်တယ်။ G.E.M ဆိုတာကတော့ Hong Kong အဆိုတော် 鄧紫棋 (Dèngzǐqí) ဖြစ်ပြီး Singer Career ကတော့ ဆယ်စုနှစ်နီးပါရှိပါပြီ။ သူ့ရဲ့ သီချင်းတွေတော်တော်များများတော့ နားထောင်ဖူးပေမယ့် ကျွန်တော် အကြိုက်ဆုံးကတော့ Namewee နဲ့ အတူ တွဲဆိုထားတဲ့ 漂向北方 (Stranger From North) သီချင်းပါပဲ။ တကယ်လည်း ကောင်းတယ်။
ဆိုတော့ MV အကြောင်းပြောရအောင် ။ Riot ရဲ့ ထုံးစံအတိုင်း Player တွေရဲ့ Animation နဲ့ တွဲဖက်ပြီး MV ကို ရှယ်ကြီးလုပ်ပြထားတာတော်တော်မိုက်ပါတယ်။ Faker,Caps,TheShy,Levi စတဲ့ သူတွေကို screentime တော်တော်ပေးပြီးလုပ်ထား ပြီးတော့ ဆရာကြီး Uzi,Guma,Ruler,Perkz စတဲ့ အပြင် player တွေအများကြီးကို ထည့်ထားပါတယ်။နောက်ဆုံး Final Scene ကိုလည်း World 2023 ရဲ့ Semi - Final Battle (T1 vs JDG Game 3 ) Faker vs Ruler ကို ရှယ်ကြီး ထည့်ထားပေးတာ လုံးဝကို မိုက်တယ်။နောက်ဆုံးအနေနဲ့ Legend ကြီး Shushei ကို အမှတ်တရ နဲ့ အဆုံးသတ်ပေးလိုက်တာ တကယ်ကို Touch Moment ပါပဲ။
ကောင်းတာကြီးပဲ ပြောပြီးသွားပြီဆိုတော့ မကောင်းတာလေးလည်းပြောပါမယ်။ World 2025 anthem ဟာ Anthem category ထဲထည့်ထားပေမယ့် Anthem Vibe ကိုတော့ မပေးတာအမှန်ပါပဲ။ GEM ရဲ့ အသံတွေ စာသားတွေကကောင်းပေမယ့် သီးချင်း Flow က Motivation hype ရမယ့် အစား Tempo တသားတည်းသွားနေတယ် သာမာန် Rock သီချင်းလိုပဲ ခံစားရတာအမှန်ပါပဲ။ သေချာတာတခုကတော့ 2022 Anthem Star Walkin ထပ်တော့ ခံစားလို့ရပါသေးတယ်။ နောက်တခုက MV ပိုင်းမှာ Player တွေအများကြီး ကို စုပြုံပြီး ထည့်ထားတာကြောင့် ဘယ်သူက ဘယ်သူဆို သိနိုင်ဖို့ ၃ ၄ ခါလောက်ပြန်ပြီး ကြည့်နေရတာပါပဲ။ ပြောရရင် MV ကို Frame by Frame ကြည့်ပြီး Easter Egg တွေကို ပြန်ရှာနေရတာပါပဲ။
ဒါတွေကလည်း ကျတော့် အမြင် ပဲ မို့ ညီကိုတို့လည်း 2025 World Anthem ကို ကြည့်ပြီး ဘာတွေ မြင်လိုက်လဲ? ကျွန်တော် ဘာတွေလွတ်သွားလည်းဆိုတာ လာရောက်ဆွေးနွေးလို့ ရပါတယ် ခင်ဗျာ။
League of Legends World 2025 Anthem - https://www.youtube.com/watch?v=pzt6SmvGpXk&list=RDpzt6SmvGpXk&start_radio=1