Mya Online Shop

Mya Online Shop Online Shop

Eid Mubarak to all my fris
18/06/2024

Eid Mubarak to all my fris

19/03/2024

24/02/2024

ကျီးပေါင်းရောဂါအကြောင်း

ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ???ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက်ကောင်းတယ်ဆိုပြီး လူသိများတဲ့ အဖိုး...
24/02/2024

ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ???
ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက်ကောင်းတယ်ဆိုပြီး လူသိများတဲ့ အဖိုးတန် သဘာဝအပင်လေးတစ်မျိုး ဖြစ်ပါတယ်။ အသားအရေကို အေးမြကောင်းမွန်စေပြီး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ရှားစောင်းလက်ပပ်ကို အလှကုန်ပစ္စည်းတွေမှာ အများအပြားထည့်သွင်း ထုတ်လုပ်ကြပါတယ်။ ဒါ့အပြင် ရောင်ရမ်းခြင်းတွေ၊ အနာတွေကို သက်သာစေနိုင်ပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် Aloe vera ကို ဆေးဝါးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ပြောပြပေးသွားပါမယ်။ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။
ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ ဆိုတော့

၁။ ဦးရေပြား ယားယံတာတွေကို သက်သာစေနိုင်ပါတယ်။

Aloe vera ရဲ့ anti-inflamatory လို့ခေါ်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အစွမ်းသတ္တိကြောင့် ဗောက်ထပြီး ဦးရေပြားယားတတ်တဲ့သူတွေ အတွက် ယားယံတာတွေကို သက်သာဖို့ ကူညီပေးနိုင်ပါတယ်။

၂။ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Aloe vera ဟာ ဆံသားကို သန့်စင်ပေးပြီး ဆံပင်မှာရှိနေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အခြား chemical ထုတ်ကုန်တွေနဲ့ မတူတာကတော့ aloe vera က ဆံသားကို မထိခိုက်စေဘဲ ညင်ညင်သာသာနဲ့ သန့်စင်ပေးနိုင်တဲ့အတွက် ဆံပင်ကို ပိုမိုကျန်းမာ၊ တောက်ပြောင်၊ နူးညံ့လာစေပါတယ်။

၃။ ဆံသားကို ပိုပြီး ကျန်းမာစေပါတယ်။

Aloe vera မှာ ဗီတာမင် A, C နဲ့ E ပါဝင်တာကြောင့် ဆံသားတစ်မျှင်ချင်းစီကို ကြံ့ခိုင်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် aloe vera ဟာ ဆံသားပျက်စီးတာကို လျော့နည်းစေပြီး ဆံပင်ရှည်မြန်အောင် ပံ့ပိုးပေးနိုင်တဲ့ သဘာဝပစ္စည်းလေးဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေ အတိအကျ မရှိသေးပေမယ့် aloe vera မှာ ပါဝင်တဲ့ ဗီတာမင် B12 နဲ့ folic acid က ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။

၄။ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

Aloe vera ဟာ အသားအရေအတွက် ရေဓာတ်ဖြည့်ပေးနိုင်ရုံတင် မကပါဘူး။ ဦးရေပြားနဲ့ ဆံသားအတွက်လည်း လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝနေစေဖို့ ကူညီပေးနိုင်ပါတယ်။

ဘယ်လို ဆံသားပိုင်ရှင်တွေအတွက် သင့်တော်လဲ။
ဘယ်လိုဆံသားပိုင်ရှင်မျိုးမဆို အသုံးပြုနိုင်ပေမယ့် hair care professional တွေကတော့ aloe vera ဟာ ဆံသား အဆီပြန်တတ်တဲ့သူတွေ၊ ဆံသားခြောက်ပြီး ပျက်စီးနေတဲ့သူတွေ၊ ဗောက်ထပြီး ဦးရေပြားယားတတ်တဲ့သူတွေအတွက် ပိုသင့်တော်တယ်လို့ အကြံပြုထားပါတယ်။

ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူး ၅ ချက်
ရှားစောင်းလက်ပပ်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ရှားစောင်းလက်ပပ်ကို နှစ်ပေါင်းများစွာတည်းက အသုံးပြုလာကြတာဖြစ်ပါတယ်။ ကဲ .... ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူး တွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဒီအပင်ရဲ့ အရွက်တွေမှာ ဗီတာမင်၊ သတ္တုဓါတ်၊ amino acids နဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ အရာတွေ ပါဝင်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အထင်ရှားဆုံး အကျိုးကျေးဇူး ငါးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူး ၅ ချက် ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူး တွေကတော့ ရှားစောင်းလက်ပပ်မှာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ဘက်တီးရီးယားတွေကို သေစေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ ရှားစောင်းလက်ပပ်မှာ အစွမ်းထက်တဲ့ ဓါတ်တိုးဆန့်ကျင့် ဂုဏ်သတ္တိရှိတဲ့ အရာများစွာ ပါဝင်ပါတယ်။

Aloe vera ကို ဆံပင်အတွက် ဘယ်လိုအသုံးပြုကြမလဲ။
ရှားစောင်းလက်ပပ်အပင်ကရတဲ့ တကယ့်အဆီအနှစ် gel ကို အသုံးပြုတာက အကောင်းဆုံးပါပဲ။ အပင်စိုက်ထားတယ်ဆိုရင် အပင်က လတ်လတ်ဆတ်ဆတ် ယူသုံးနိုင်သလို၊ ကြည်လင်တဲ့ သဘာဝအနှစ်စစ်စစ်ကို ဝယ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို ဦးရေပြားနဲ့ ဆံသားတွေကို ပွတ်ထားပြီး နာရီဝက်၊ တစ်နာရီလောက်ကြာတဲ့အခါ ခေါင်းလျှော်ရည်အပျော့လေးနဲ့ ဆေးကြောသန့်စင်ပေးပြီး အသုံးပြုနိုင်ပါတယ်။

Aloe vera ဟာ လူတိုင်းနီးပါးအတွက် ကောင်းမွန်တဲ့ သဘာဝပစ္စည်းလေးဖြစ်ပေမယ့် အချို့သူတွေမှာတော့ ဓာတ်မတည့်တာမျိုးရှိနိုင်တဲ့အတွက် အသုံးမပြုခင်မှာ လက်ကောက်ဝတ်နားက အရေပြားလေးမှာ အရင်စမ်းလိမ်းကြည့်သင့်ပါတယ်။ လိမ်းထားပြီး ၂နာရီလောက် စောင့်ကြည့်ပြီး တည့်မှ ဦးရေပြားအတွက် အသုံးပြုသင့်ပါတယ်။ စမ်းလိမ်းထားတဲ့အချိန်အတွင်းမှာ ယားလာတာ၊ နီရဲလာတာ၊ ပူစပ်လာတာမျိုးရှိမယ်ဆိုရင်တော့ ချက်ချင်းရေဆေးချပြီး ဆက်အသုံးမပြုဖို့ အကြံပေးချင်ပါတယ်။

ကျန်းမာတောက်ပတဲ့ ဆံသားလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mya Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share