ခြယ် - Chal Digital Marketing Agency

ခြယ် - Chal Digital Marketing Agency "Fueling Digital Success 🚀 | Creative Campaigns, Brand Building, Innovation 💡"

Philip Kotler ရဲ့ Marketing 6.0 The Future is Immersive စာအုပ်သစ်ထွက်လာပါပြီ
27/12/2023

Philip Kotler ရဲ့ Marketing 6.0 The Future is Immersive စာအုပ်သစ်ထွက်လာပါပြီ

အသစ်တိုးလာတဲ့ Facebook ရဲ့ My Day Feature တခု~~~~~~~~~~~~~~~~~~~~~~Facebook ကနေပြီးတော့ My Day Feature အသစ်လေးတခုကို မကြ...
13/09/2023

အသစ်တိုးလာတဲ့ Facebook ရဲ့ My Day Feature တခု
~~~~~~~~~~~~~~~~~~~~~~

Facebook ကနေပြီးတော့ My Day Feature အသစ်လေးတခုကို မကြာသေးမီမှာမိတ်ဆက်လာခဲ့ပါတယ်။

အဲ့ဒါကတော့ Close Friends Features ပဲဖြစ်ပါတယ်။ သူကဘာထူးခြားသွားလဲဆိုရင်တော့ သင်နဲ့ အရင်းနှီးဆုံးလဲဖြစ်နိုင်၊ Interaction လဲများတဲ့သူတွေကိုသီးသန့်ရွေးထုတ်ပြီး Suggested ပေးထားတာပဲဖြစ်ပါတယ်။

Special Audience Icon လေးနဲ့ သီးသန့်ပေါ်လာမှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ရတဲ့သူရှိသလို မရသေးတဲ့သူတွေလဲရှိပါတယ်။

အရင်ကလို Custom ရွေးရတဲ့ပုံစံမျိုးကိုပဲ Suggested List ထပ်တိုးထားတဲ့ပုံစံမျိုးလို့ပြောရမယ်ထင်ပါတယ်။

Crisis ကာလမှာ Cost Avoidance Technique တွေနဲ့ Value Engineering တွေသုံးပြီး Marketing နဲ့ Branding ဘယ်လိုလုပ်ကြမလဲ (၁)~~...
18/08/2023

Crisis ကာလမှာ Cost Avoidance Technique တွေနဲ့ Value Engineering တွေသုံးပြီး Marketing နဲ့ Branding ဘယ်လိုလုပ်ကြမလဲ (၁)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လက်ရှိအချိန်ကာလဟာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် ခက်ခဲစေတဲ့ကာလတခုဖြစ်ပါတယ်။ မရေရာမှုတွေမသေချာမှုတွေနဲ့ပြည့်နှက်လို့နေပြန်ပါတယ်။

ရောင်းအားတွေကကျဆင်းပြီး ရောင်းနေပါလျက်နဲ့ ရှုံးနေကြတဲ့လုပ်ငန်းများလဲရှိကြပါတယ်။ တခါတလေမှာ မရောင်းတာကမှ ပိုပြီးမြတ်တယ်ဆိုပြီးအတွေးများလဲတွေးနေကြတဲ့လုပ်ငန်းရှင်များလဲရှိနေကြပါတယ်။

ဒီလိုအချိန်မှာ Marketing နဲ့ Branding အတွက်အသုံးစရိတ်တွေကိုဘယ်လိုအကျိုးရှိပြီးထိရောက်အောင်သုံးကြမယ်ဆိုတာက အလွန်ကိုအရေးကြီးလာပါပြီ။

တတိယမြောက် အမေရိကန်သမ္မတဖြစ်ခဲ့တဲ့ သောမတ်ဂျက်ဖာဆင်ရဲ့ စကားလေးတခုကို ကြားဖြတ်ပြောပြချင်ပါတယ်။

သောမတ်ဂျက်ဖာဆင်ကဘာပြောခဲ့လဲဆိုရင်

"ပိုက်ဆံမကုန်အောင်အတွက် ကြေငြာတာတွေကို ရပ်ဖို့လုပ်တဲ့သူဟာ နာရီကိုရပ်ပြီး အချိန်မကုန်အောင်လုပ်နေတဲ့သူနဲ့တူတယ်" လို့ပြောခဲ့တာပဲဖြစ်ပါတယ်။

Marketing မလုပ်၊ Advertising မလုပ်တဲ့ လုပ်ငန်းတွေဟာ နှေးနေတဲ့နာရီတွေနဲ့အတူတူပါပဲ။ လုပ်ကိုလုပ်ရမယ့် Marketing အတွက် Budget ကတော့သုံးကိုသုံးရမှာပဲဖြစ်ပါတယ်။

ဒီလို Budget သုံးကြတဲ့အခါမှာ ထိရောက်ပြီး အလေအလွင့်မရှိစေဖို့ကအရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ဘယ်လိုနည်းလမ်းတွေသုံးရင် အကျိုးရှိထိရောက်နိုင်မယ်ဆိုတာကြည့်လိုက်ကြရအောင်။

Cost Avoidance Techniques

Cost Avoidance ဆိုတာဘာလဲဆိုတာအရင်ဆုံးရှင်းပြလိုပါတယ်။ Cost Avoidance ဆိုတာကတော့ နောင်တချိန်မှာ ဖြစ်လာနိုင်တဲ့ ကုန်ကျစရိတ်ကိုကြိုတင်ခန့်မှန်းပြီး တကယ်လို့များဈေးတက်လာခဲ့ရင် ဘယ်လိုမျိုးလုပ်ဆောင်မယ်ဆိုပြီး လက်ရှိအချိန်ကာလမှာ ပြင်ဆင်ထားတာကိုဆိုလိုပါတယ်။

ဘယ်စရိတ်တွေကတော့ ကုန်ကျမယ်။ ဘယ်စရိတ်တွေကိုတော့ ကြိုတင်တွက်ဆပြီးလျော့ချနိုင်မယ်ဆိုတာကို Cost Avoidance Techniques တွေနဲ့တွက်ဆနိုင်ပါလိမ့်မယ်။

Strategic Resource Allocation

ပထမဆုံးနည်းလမ်းကတော့ Strategic Resource Allocation ပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ပြောရရင်တော့ သင်ဟာကျောင်းသားတယောက်ဖြစ်တယ်ဆိုပါစို့။ မြန်မာ၊ ရူပ၊ ဓါတု၊ ဘောဂ စသည်ဖြင့်ဘာသာရပ်တွေကိုသင်ယူလေ့လာရတဲ့အခါမှာ Strategic Resource Allocation ကိုသုံးပြီး အချိန်ကိုအကျိုးရှိအောင်သုံးနိုင်မှာဖြစ်ပါတယ်။

အားလုံးကိုအချိုးချပြီး လေးဘာသာရှိရင် တဘာသာကို သင့်အချိန်ရဲ့ ၂၅% ပေးရမှာဖြစ်ပါတယ်။ မြန်မာစာနဲ့ ဘောဂက ကျက်စာဖြစ်လို့အချိန်သိပ်မလိုရင်တောင် တွက်ရချက်ရတဲ့ ရူပနဲ့ ဓါတုကိုတော့အချိန်ပိုပေးရမှာဖြစ်ပါတယ်။

Strategic Resource Allocation ကျသုံးသပ်ပြီး တွက်စာဖြစ်တဲ့ ရူပအတွက်သင့်အချိန်ရဲ့ ၄၀ % ပေးလိုက်မယ်။ ဓါတုဟာ ပုံဆွဲရတာတွေပါတဲ့အတွက်ကြောင့် အချိန်ကို ၂၅ % ပေးလိုက်မယ်။ မြန်မာစာက ကျက်စာဖြစ်တဲ့အတွက်ကြောင့် ၁၅ % ပေးလိုက်မယ်။ ကျန်တဲ့ဘောဂကတော့ ကျက်စာအပြင် ချရေးရတာတွေရှိတဲ့အတွက် သင့်အချိန်ရဲ့ ၂၀% ကိုပေးလိုက်ပါမယ်။ စုစုပေါင်း ၁၀၀ ရာနှုန်းမှာ ဒီလိုမျိုးအချိန်ကို အချိုးချခွဲပေးလိုက်မယ်ဆိုရင် အလုပ်လဲပိုပြီးမြောက်မှာဖြစ်သလို လူလဲသက်သာမှာဖြစ်ပါတယ်။

ဒီလိုပါပဲ။ Marketing အတွက် Budget တွေသုံးကြတဲ့အခါ၊ Branding အတွက်သုံးကြတဲ့အခါမှာလဲ လုပ်ကိုလုပ်မှဖြစ်မယ့်အရာတွေကို Budget ပိုခွဲဝေရမှာဖြစ်ပြီး သိပ်မလိုအပ်တဲ့အရာတွေအတွက် လျော့သုံးရမှာဖြစ်ပါတယ်။

ဥပမာ အခုလိုမိုးကုန်ခါနီးအချိန် Marketing လုပ်ဖို့ POSM တွေဝယ်ကြတဲ့အချိန်မှာ နောင်အချိန်သုံးဖို့လိုအပ်တဲ့ ပစ္စည်း သို့မဟုတ် တနှစ်ပတ်လုံးအသုံးဝင်နိုင်တဲ့ ပြက္ခဒိန်လိုမျိုးပစ္စည်းမှာယူခြင်းက ပိုပြီးတော့ အဆင်ပြေစေမှာဖြစ်ပါတယ်။

တက်လာတဲ့ ကုန်ဈေးနှုန်းကိုစောင့်ပြီးနောက်မှ မှာယူခြင်းထက် လက်ရှိအချိန်မှာတွက်ချက်ပြီး နောက်တချိန်အတွက်ကြိုတင်ပြင်ဆင်မှာယူခြင်းက ပိုပြီးအကျိုးရှိထိရောက်မှာဖြစ်ပါတယ်။

Precision Targeting

နောက်ထပ်နည်းလမ်းတခုကတော့ Precision Targeting ပဲဖြစ်ပါတယ်။

တိကျတဲ့ Target ရှိခြင်းဟာ သင့်လုပ်ငန်းအတွက်ကုန်ကျမယ့်စရိတ်တွေကိုလျော့ချနိုင်မှာဖြစ်ပါတယ်။ ဥပမာပြောရရင်တော့ သင်ဟာ Sneaker ဖိနပ်ရောင်းတဲ့ Online Shopping ဖွင့်ထားတဲ့သူတယောက်ဆိုပါစို့။

Social Media Campaign တခုလုပ်ပြီး တွေ့သမျှ Audience အကုန်ကိုလျှောက်ပြီး Target ပစ်နေမယ်ဆိုရင်ထိရောက်ဖို့ခက်ခဲပါလိမ့်မယ်။ Sneaker ဖိနပ်တွေကိုစိတ်ဝင်စားနိုင်တဲ့ အသက်အရွယ်အုပ်စုကိုရွေးချယ်ပြီး Target ထားပစ်ခြင်းကပိုထိရောက်မှာပါ။

ဒီတော့ပထမဆုံး Data Analysis လုပ်ဖို့လိုပါတယ်။ သင်ရောင်းတဲ့ဖိနပ်ဟာ ဘယ်အသက်အရွယ်ကပိုအားပေးကြလဲ၊ ဘယ်သူတွေပိုစိတ်ဝင်စားလဲ၊ ဒါတွေကိုလေ့လာပြီးနောက်မှာ သင့် Target Audience သည် အသက် ၁၆ နှစ်ကနေ ၂၅ နှစ်ကြားဖြစ်နေရင် ဒီအရွယ်အပိုင်းအခြားအတွက်ရည်ရွယ်ပြီး Campaign လုပ်ဖို့ Budget ထုတ်တာကပိုပြီးထိရောက်သလို ပိုပြီးလဲ အကျိုးရှိမှာဖြစ်ပါတယ်။

Facebook မှာကြုံရတတ်တဲ့ကိစ္စတခုကတော့ Like များများရအောင် Boost နေကြခြင်းထက် ကိုယ်ရောင်းချင်တဲ့ပစ်မှတ်၊ ကိုယ်ရောင်းချင်တဲ့သူဆီ တိုက်ရိုက်ကြေငြာတာက အကောင်းဆုံးပါပဲ။

Digital Agility

နောက်တခုကတော့ Digital Agility ပဲဖြစ်ပါတယ်။ အခုလိုကုန်ကျစရိတ်တွေကြီးမြင့်နေတဲ့အချိန်ကာလမှာ Digital Marketing Channels တွေဘက်စုံဖွင့်တာအကောင်းဆုံးပါပဲ။ Digital Marketing ဟာဆိုရင် Cost-Efficiency ဖြစ်ပါတယ်။

ဒီလိုမျိုးအပြိုင်အဆိုင်များပြီး ကျပ်တည်းတဲ့အခြေအနေမှာ မိမိရဲ့ Product အခြေအနေကို Data Analysis လုပ်ပြီး သင့်တော်တဲ့ Budget ချပြီး ကြေငြာတာကပိုပြီးထိရောက်မှာပါ။ ရမ်းသမ်းပစ်ခြင်းထက် တိုက်ရိုက်ထိမှန်အောင်ပစ်တာကပိုထိရောက်မှာပါ။

ဥပမာ သင်ဟာ အင်္ကျီ Brand တခုကိုအရောင်းမြှင့်တင်ဖို့ကြိုးစားနေတဲ့ Social Media Manager တယောက်ဆိုကြပါစို့။

Digital Agility မပါတဲ့အခြေအနေဆိုရင်တော့

သင့်အနေနဲ့ ဒီလို Campaign အတွက်ကြိုတင်ပြီး အချိန်ဇယားချပြင်ဆင်ရမှာဖြစ်ပါတယ်။ သင်ကြေငြာထားတဲ့ Post တွေထဲက အင်္ကျီတထည်ဟာ တခြား အင်္ကျီတွေရဲ့ Post တွေထက် Like, Shares, Comments တွေပိုများနေတယ်ဆိုပါစို့။ ဒါပေမယ့်သင့်ရဲ့ Campaign ဟာ Pre-Planned ဖြစ်နေတဲ့အတွက်ကြောင့် ခုနကလိုလူကြိုက်များနေတဲ့ Post အတွက်ဦးစားပေးကြေငြာဖို့ဆိုတာခက်ပါလိမ့်မယ်။

Digital Agility ပါတဲ့အခြေအနေဆိုရင်တော့

သင်အနေနဲ့ Budget ကိုအထက်ကလို Fixed မသတ်မှတ်ပဲ Real-TIme နဲ့ချိန်ညှိပြီး လူကြိုက်အများဆုံးအင်္ကျီ၊ Engagement အကောင်းဆုံး အင်္ကျီကိုရွေးချယ်ပြီး Boost တာကပိုထိရောက်ပါတယ်။ Budget လဲချွေတာပြီးသားဖြစ်ပါလိမ့်မယ်။

ကိုယ့်လုပ်ငန်းသို့ ကိုယ့် Product ဟာ Digital Marketing အရွေ့မှာဘယ်လောက်ပါတယ်ဆိုတာကို သတိထားပြီး Budget သုံးတာက အလေအလွင့်မဖြစ်စေပဲ ထိရောက်မှာဖြစ်ပါတယ်။

အခုတင်ပြသွားခဲ့တာကတော့ Crisis ကာလမှာ Cost Avoidance Technique တွေနဲ့ Value Engineering တွေသုံးပြီး Marketing နဲ့ Branding ဘယ်လိုလုပ်ကြမလဲ ရဲ့ အပိုင်း(၁) ဖြစ်ပါတယ်။

နောက်ထပ်အပိုင်း (၂) မှာတော့ Value Engineering နဲ့ပတ်သက်ပြီးဝေမျှပေးသွားမှာဖြစ်ပါတယ်။

🌟 𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐂𝐡𝐚𝐥 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠: 𝐖𝐡𝐞𝐫𝐞 𝐈𝐦𝐚𝐠𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐌𝐞𝐞𝐭𝐬 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧! 🚀Embark on an electrifying digital journey with...
17/08/2023

🌟 𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐂𝐡𝐚𝐥 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠: 𝐖𝐡𝐞𝐫𝐞 𝐈𝐦𝐚𝐠𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐌𝐞𝐞𝐭𝐬 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧! 🚀

Embark on an electrifying digital journey with us at Chal Digital Marketing, a dynamic extension of Chal Media & Advertising Co., Ltd. 🌐✨

🔥 At Chal Digital, we weave captivating narratives that resonate, combining:

📱 Strategic Social Media Marketing
✍️ Creative Content & Copywriting
🎨 Creative Graphic Design
🎥 TVC & Digital Video Production
📸 Photography

🌟 Our canvas is the digital realm, where every pixel, word, and frame comes alive to tell your unique story. 🎬💬🎨

Elevate your brand's presence with our magic touch. Let's blend innovation with imagination and transform your aspirations into digital masterpieces. 💼💡✨

Unveil the extraordinary possibilities with Chal Digital Marketing – the gateway to a captivating digital future. Welcome aboard! 🚀🌟

Address

No (148), 36th Street (Middle Block), Kyauktada Township
Yangon
11181

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959789113654

Website

Alerts

Be the first to know and let us send you an email when ခြယ် - Chal Digital Marketing Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ခြယ် - Chal Digital Marketing Agency:

Share