Yangon News Network-YNN

Yangon News Network-YNN Yangon News Network is Freedom for journalist Network Base in Yangon

18/07/2023

ကြို့ပင်ကောက်မှာရေဆင်းဆော့ရာကနေကလေးငယ်နှစ်ဦးသေဆုံး

ဇူလိုင် ၊ ၁၈ ရက်

လားရှိုးမြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်တွင် ပေါက်ကွဲမှု ၁၂ ဦး ဒဏ်ရာရ၊နှစ်ဦးဒါဏ်ရာပြင်းထန်ဇူလိုင် ၊ ၁၅ရှမ်းပြည်နယ်(မြောက်ပိ...
15/07/2023

လားရှိုးမြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်တွင် ပေါက်ကွဲမှု ၁၂ ဦး ဒဏ်ရာရ၊နှစ်ဦးဒါဏ်ရာပြင်းထန်

ဇူလိုင် ၊ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်တွင် ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုအတွင်း (၁၂)ဦး ဒဏ်ရာရရှိသည့်အနက် (၂)ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဇွဲထက်ရွှေဆိုင်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၆)ဦးနှင့် အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာရသွားရတာပါ။

"ထိတဲ့သူအများစုကတော့ ဆိုင်ဝန်ထမ်းတွေချည့်ပဲ ကျား ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေက ဆေးရုံပို့ပေးနေကြတယ် ထိတာက ကျား ၆ ဦး မ ၆ ဦးပါ"လို့ ဒေသခံတဦး က ပြောပါတယ်။

အဲ့ဒီ့ ပေါက်ကွဲမှုကြောင့် မြို့မဈေးမှ ဆိုင်ခန်းအများစု ပိတ်လိုက်ကြသော်လည်း မြို့မဈေးကို ဆက်လက်ဖွင့်လှစ်ထားပေမယ့်အခုထိပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရသေးသလို ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာမျိုးလဲ အတည်မပြုနိုင်သေးပါဘူး။

မန္တလေးတွင် PDF အဖွဲ့ဝင်အချို့ အား ဆေးကုနေစဉ်ဖမ်းဆီးရမိတယ်လို့ဆိုဇူလိုင် ၁၅၊ ၂၀၂၃ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရ...
15/07/2023

မန္တလေးတွင် PDF အဖွဲ့ဝင်အချို့ အား ဆေးကုနေစဉ်ဖမ်းဆီးရမိတယ်လို့ဆို

ဇူလိုင် ၁၅၊ ၂၀၂၃

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၇×၇၈ ကြားရှိ မဟာဆေးခန်းတွင် နတ်ဆိုး PDF အဖွဲ့ဝင်များဟူ၍ ပြည်သူ ၂ ဦးအား စစ်ကောင်စီကဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စွပ်စွဲဖမ်းဆီးခံရသူ (၂) ဦးမှာ ငြိမ်းချမ်းအောင်(ခ)အားသစ်နှင့် ပပဝင်းတို့ဖြစ်ပြီး ၎င်းတို့သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက KNLA တပ်မဟာ (၂) တွင် သင်တန်းတက်ရောက်ခဲ့ကြောင်း၊ ထို့နောက် ငြိမ်းချမ်းအောင်မှ ခေါင်းဆောင်၍ အဖွဲ့ဝင် (၂၀) ပါသော နတ်ဆိုး PDF အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း၊ မန္တလေး ပုသိမ်ကြီးမြို့နယ်တွင် ဒလန်ရှင်းမှု၊ မိုင်းထောင်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

သတင်းဓာတ်ပုံ - Credit

ကြည့်မြင်တိုင်အထက၂မှာကျောင်းသားကျောင်းသူတွေနေ့စဥ်နဲ့အမျှခြောက်လှန်ခံနေရပြီးသရဲပူးမှုများလဲရှိနေဟုဆိုဇူလိုင် ၊ ၁၅ရန်ကုန်တ...
15/07/2023

ကြည့်မြင်တိုင်အထက၂မှာကျောင်းသားကျောင်းသူတွေနေ့စဥ်နဲ့အမျှခြောက်လှန်ခံနေရပြီးသရဲပူးမှုများလဲရှိနေဟုဆို

ဇူလိုင် ၊ ၁၅

ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ကြည့်မြင်တိုင်အထက ၂ မှာတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူအချို့ သရဲပူး ပြီး ဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။

အဲ့ဒီ့ဖြစ်စဥ်ဟာလွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီးတော့ ကျောင်းအုပ်ဆရာမကြီးက ဖုံးဖိထားတာဖြစ်ပေမယ့် သုံးရက်နီးပါးကြာအောင်နေ့စဥ်နဲ့အမျှဖြစ်ပွားလာတာကြောင့် ရပ်ကွက်က ပရဟိတအဖွဲ့တွေကိုပါခေါ်ယူအသိပေးပြီး ကလေးတွေကိုဆေးရုံဆေးခန်းပို့ဆောင်တာတွေလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။

"ဖြစ်နေတာကအခုမှမဟုတ်ဖူးရှေ့ရက်တွေထဲကဖြစ်နေတာ။ကျောင်းအုပ်ဆရာမကဖုံးထားတာဖြစ်နေတာသုံးရက်လောက်ရှိပြီ။နေရာပေးထားတဲ့ဆီကပစ္စည်းတွေကိုကလေးတွေသွားကိုင်ဆေယ့ရာကဖြစ်ကြတာ။မူးမေ့လဲတဲကလေးတွေကိုတော့အနောက်ပိုင်းဆေးရုံကိုသွားပို့ကြတယ်ကြားတယ်"လို့ ကြည့်မြင်တိုင်နယ်ခံတဦးကပြောပါတယ်။

အဲ့ဒီ့အထက ၂ ကျောင်းဟာလွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ် လောက်ကလဲ အလယ်တန်းကျောင်းဆောင်တခု ကနေ သွေးတွေယိုစီးကျတာတွေဖြစ်ခဲ့လို့ စစ်သားတွေဝင်ရောက်ပြီးသေနတ်နဲ့ပသ်ဖောက်ခြောက်လှန့်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်း၊ခရိုင် ၄ ခုရှိရုံး၊ရဲစခန်းနဲ့စစ်ဆေးရေးဂိတ်များတရက်ထဲမှာပဲ တိုက်ခိုက်ခံရပြီးထိခိုက်မှု့များရှိဇူလိုင် ၊ ၅ ရ...
05/07/2023

ရန်ကုန်တိုင်း၊ခရိုင် ၄ ခုရှိရုံး၊ရဲစခန်းနဲ့စစ်ဆေးရေးဂိတ်များတရက်ထဲမှာပဲ တိုက်ခိုက်ခံရပြီးထိခိုက်မှု့များရှိ

ဇူလိုင် ၊ ၅ ရက်

ရန်ကုန်တိုင်းဒေသကြီးအတွင်းခရိုင်လေးခုမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စစ်ဆေးရေးဂိတ်၊ရဲစခန်းနဲ့ရုံးတွေကိုမနေ့ကတရက်ထဲမှာပဲရန်ကုန်တော်လှန်ရေးအင်အားစုတွေကဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ့နေရာတွေဟာ ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တရားရုံး ၊ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း၊ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြိုနယ် ဗိုလ်ချုပ်ကျေးရွာနဲ့ အောင်ချမ်းသာအစပ်ကြား တပင်ရွှေထီးလမ်းမပေါ်ကစစ်ကောင်စီတပ်သားတွေထိုင်တဲ့စစ်ဆေးရေးဂိတ်တွေဖြစ်တယ်လို့ဆိုပါတယ်။

"ညတုန်းကတော့ငါးထိပ်နားမှာပွက်လောရိုက်နေတာပဲ။လူနာတင်ကားသံတွေလဲကြားတော့သူတို့ဖက်ကထိပုံရပါတယ်။အသံကလဲတော်တော်ကိုပျင်းတယ်။ဒီမနက်ကတော့အလုပ်သွားတဲ့အထိတံတားပေါ်မှာရောဘာရောအစစ်အဆေးတော့သိပ်မရှိဘူး။လမ်းတွေလဲရှင်းနေတယ်။ဖမ်းတာဆီးတာကတော့ထုံးစံအတိုင်းပြီးရင်မဆိုင်တဲ့လူငယ်တွေလျောက်ဖမ်းမှာပေါ့။သူတိူ့ဒါပဲလုပ်တတ်တာ။"လို့လှိုင်သာယာမြို့ခံတဦးကပြောပါတယ်။

အဲ့ဒီ့တိုက်ခိုက်မှုတွေအတွင်း လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းမစ်ရှင်နဲ့ သန်လျင်မြို့နယ် မစ်ရှင်တွေမှာ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း ထိခိုက်မှုတွေရှိခဲ့တယ်လို့ မစ်ရှင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပေမယ့် ဒီအခြေအနေကိုသီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

အဲ့ဒီ့တိုက်ခိုက်မှု့တွေကိုAnonymous Fighters Force -AFF က ဦးဆောင်ပြီး Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army - EGA ၊Rangoon Urban Force တို့က ပူးပေါင်း ဖေ
ာက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပြီးမစ်ရှင်ဆောင်ရွက်တဲ့ရဲဘော်တွေဘေးကင်းတယ်လို့လဲတိုက်ခိုက်မှု့အပြီးထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။

အခုရက်ပိုင်းအတွင်းစစ်ကောင်စီဖက်က ရန်ကုန်တိူင်းရွှေပြည်သာမြို့နယ်၊ကြည့်မြင်တိုင်မြို့နယ်တွေမှာလူငယ်ဆယ့်ခြောက်ဦးနီးပါးကို နိုင်ငံရေးနဲ့ပါတ်သတ်တဲ့ပိုစ့်တွေလုမှု့ကွန်ယက်စာမျက်နှာမှာမှိဝေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးခဲ့ပါသေးတယ်။


#ရန်ကုန်
#စကစ

ကန့်ဘလူရှိကျေးရွာနှစ်ရွာကပြည်သူပိုင်နေအိမ်များနဲ့စစ်ရှောင်တဲတွေဖျက်ဆီးခံရဇူလိုင် ၊ ၄ ရက်ကန့်ဘလူမြို့နယ် မကျီးကုန်းကျေးရွ...
04/07/2023

ကန့်ဘလူရှိကျေးရွာနှစ်ရွာကပြည်သူပိုင်နေအိမ်များနဲ့စစ်ရှောင်တဲတွေဖျက်ဆီးခံရ

ဇူလိုင် ၊ ၄ ရက်

ကန့်ဘလူမြို့နယ် မကျီးကုန်းကျေးရွာပြည်သူပိုင်နေအိမ်
များနှင့် ချောင်းခြားကျေးရွာအနီးရှိစစ်ရှောင်တဲတွေကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ဝင်ရောက် မီးရှို့ဖျက်စီးခဲ့ တယ်လို့ သိရပါတယ်။

ဇူလိုင်(၃)ရက်၊မနက် ၈နာရီဝန်းကျင်မှာပဲ ကန့်ဘလူမြို့ နယ် ၊ချပ်ကြီးရွာအထိုင်စခန်းမှထွက်ခွါလာသော အင် အား (၁၀၀) ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တွေဟာအဲ့ဒီ့နေ့ မွန်းလွဲ ၁ နာရီ ၄၅မိနစ်မှာပဲ မကျီးကုန်းကျေးရွာကိုရောက်ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူပိုင်နေအိမ် (၉) လုံးနှင့် စပါးတိုက် ၅ လုံးတို့ကိုမီးရှို့ဖျက်စီးခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။

တဆက်တည်းမှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်ဟာပင့်သာတိုက်နယ်၊ချောင်းခြားကျေးရွာအနီးကစစ်ရှောင်တဲ (၂၅)လုံးကိုမီးရှို့ဖျက်စီးခဲ့ပြီးတဲ့နောက် အဲ့ဒီ့စစ်ကြောင်းဟာဒီကနေ့ဇူလိုင် (၄)ရက်နေ့မနက်ခင်းအချိန်ထိချောင်းခြားကျေးရွာဘုန်းကြီးကျောင်းအတွင်းမှာ ရှိနေစဲဖြစ်တယ်လို့ သိရပြီးတော့ အနီးအနားနဲ့ အဲ့ဒီ့ကျေးရွာက ပြည်သူတွေ ဟာဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ-
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်


#ကန့်ဘလူ
#စစရှောင်

ရှေ့တန်းကို ကျမတို့ လိုက်ခဲ့မယ်ဆိုပြီး ရှေ့တန်းစစ်မျက်နှာ ပြင်အထိ လိုက်ပါတာဝင်ထမ်းဆောင်နေကြတဲ့ တောင်ညိုစစ်ကြောင်းကအမျိုး...
04/07/2023

ရှေ့တန်းကို ကျမတို့ လိုက်ခဲ့မယ်ဆိုပြီး ရှေ့တန်းစစ်မျက်နှာ ပြင်အထိ လိုက်ပါတာဝင်ထမ်းဆောင်နေကြတဲ့ တောင်ညိုစစ်ကြောင်းကအမျိုးသမီးရဲမေများ

ဇူလိုင် ၊ ၄ ရက်

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်း မှာရှိတဲ့ အမျိုး သမီး ရဲဘော်တွေ ဟာ ရှေ့တန်းစစ်မျက်နှာပြင်ထိ လိုက်ပါ၍ တာ၀န်ထမ်းဆောင်နေကြသလို အမျိုးသားများနဲ့အတူ တိုက်ပွဲဝင်တဲ့အတွေ့အကြုံလဲ ရှိ နေကြပြီလို့ ကစဲ့ထူးတောင်ညိုစစ်ကြောင်းက ဒီကနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆေးမှုတွေ ပြုလုပ် အချိန်မှာ အမျိုးသမီးစစ်မေတွလဲ ပါဝင်ခဲ့တာကိုလဲ စစ်ဒေသခွဲ အမှတ် ၃ကဓါတ်ပုံနဲ့ တကွ ထုတ် ပြန်ထား ပါတယ်။

“ရှေ့တန်းဘယ်သူလိုက်မလဲ ဆိုတာနဲ့ " ကျွန်မတို့ လိုက်မယ် "ဆိုတဲ့ ရဲဘော်အမျိုးသမီးများ
တောင်ညိုစစ်ကြောင်းရဲ့ အမျိုးသမီးရဲဘော် များဟာလည်း ရှေ့တန်းစစ်မျက်နှာပြင်ထိ လိုက်ပါ၍ တာ၀န်ထမ်းဆောင်နေကြသလို အမျိုးသားများနည်းတူ တိုက်ပွဲအတွေ့အကြုံတွေလည်း အတော်အသင့်ရရှိနေကြပြီးပဲဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ အာဏာရှင်စနစ်ကို တွန်းလှန် ချင်စိတ်ကလည်း အင်မတန်လေးစားဖို့ ကောင်းလှပါတယ်။
ရှေ့တန်းဘယ်သူလိုက်မလဲ ဆိုတာနဲ့ ကျွန်တော် တို့လိုက်မယ်ဆိုတဲ့ စကားသံများထဲမှ " ကျွန်မတို့ လိုက်မယ်"ဆိုတဲ့ အမျိုးသမီးများရဲ့ စကားသံများဟာလည်း တော်လှန်ရေးအတွက် ထိုအမျိုးသမီးများအပေါ် ဂုဏ်ယူဖွယ်ဖြစ်ခဲ့ပါတယ်။”လို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မကြာခင်မှာ မွန်ပြည်နယ်အတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ပွဲတွေ ဖော်ဆောင်တော့မှာ ဖြစ်တဲ့ အတွက်မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အမိန့်ကြေညာချက်တွေကို တိတိကျကျလိုက်နာဖို့ စ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်

Photo - တောင်ညိုစစ်ကြောင်း

#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ
#သတင်းနှင့်ပြန်ကြားရေးဌာန_စစ်ဒေသခွဲအမှတ်၃
#တောင်ညိုစစ်ကြောင်း

ရွှေပြည်သာအလကကျောင်းမှာစစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းချိတ်ဆွဲသူ လူငယ် ၂ ဦး ကိုအကြမ်းဖက်စစ်တပ်ဖမ်းဆီးထားဇူလိုင် ၊ ၄ ရက်ရန်...
04/07/2023

ရွှေပြည်သာအလကကျောင်းမှာစစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းချိတ်ဆွဲသူ လူငယ် ၂ ဦး ကိုအကြမ်းဖက်စစ်တပ်ဖမ်းဆီးထား

ဇူလိုင် ၊ ၄ ရက်

ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်၊အမှတ် (၁၁) ရပ်ကွက်ရှိ အလက (၉) ကျောင်းအနောက်ဘက်တံခါးမှာ ဆဲဗင်းဂျူလိုင် အထိန်းအမှတ် "ကျောင်းသားထု သွေးနှင့်ရေးသော ၇ – ၇ – ၁၉၆၂ မမေ့ကြနဲ့” စာတန်း ချိတ်ဆွဲသူ နှစ်ဦးဟာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာကိုခံလိုက်ရတယ်လို့သိရပါတယ်။

သူတို့ဟာ မနေ့ကမွန်းလွဲ ၂ နာရီလောက်ကပဲဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးခံလိုက်ရသူနှစ်ဦးဟာ အသက် ၁၈ နှစ်အရွယ်ရှိ မော်ဖြိုးသော် နဲ့ မဖြိုးအိန္ဒြေဦး တို့ဖြစ်ကြပြီးတော့ စာတမ်းလာရောက်ချိတ်ဆွဲခဲ့ရာမှာပါဝင်တဲ့ကျန် ၅ ဦးကိုတော့စစ်ကောင်စီတပ်တွေလက်ရဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

လက်ရှိမှာတော့ဖမ်းဆီးခံထားရတဲ့လူငယ်နှစ်ဦးကို
စစ်ကောင်စီတပ်က ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုတော့မသိရှိရသေးပါဘူး။


#ရွှေပြည်သာ
#ဆဲဗင်းဂျူလိုင်

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပုံကိုသေးနဲ့ပန်းပြီး ပန်းသပိတ်ကမ်ပန်းပြုလုပ်ဇူလိုင် ၊ ၃ ရက်ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ ကျရေ...
03/07/2023

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပုံကိုသေးနဲ့ပန်းပြီး ပန်းသပိတ်ကမ်ပန်းပြုလုပ်

ဇူလိုင် ၊ ၃ ရက်

ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မွေးနေ့မှာ ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force) က ပန်းသပိတ် ကမ်ပိန်းပြုလုပ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-YangonRevolution Force - YRF


#စစ်ကောင်စီဥက္ကဌ #မင်းအောင်လှိုင်မွေးနေ့ #ရန်ကုန်တော်လှန်ရေးအင်အားစုက #ပန်းသပိတ်ကမ်ပိန်း

ပခုက္ကူအင်ပင်စစ်ဆေးရေးဂိတ်အနီးစစ်ကောင်စီတပ်မမိုင်းဆွဲခံရပြီး ထခိုက်သေဆုံးသူများပြား၊တိုက်ခိုက်ခံရပြီးနောက်ကားအသွားအလာပိတ...
03/07/2023

ပခုက္ကူအင်ပင်စစ်ဆေးရေးဂိတ်အနီးစစ်ကောင်စီတပ်မမိုင်းဆွဲခံရပြီး ထခိုက်သေဆုံးသူများပြား၊တိုက်ခိုက်ခံရပြီးနောက်ကားအသွားအလာပိတ်ပင်ထား

ဇူလိုင် ၊ ၃

ပခုက္ကူ မြိုင် ကားလမ်းမပေါ်မှာရှိတဲ့ အင်ပင်စစ်ဆေးရေးဂိတ်ကို လာရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့ကညကမိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက် ဒါဏ်ရာရရှိသူများပြားခဲ့ သလို တိုက်ခိုက်ခံရပြီးနောက်ဒီကနေ့မနက်ပိုင်းမှာပဲ မှာပဲ စစ်ကောင်စီတပ်တွေ ဟာ ယဉ်အသွားအလာ ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

မနေ့က ည (၁၀)နာရီခွဲ ဝန်းကျင်မှာပဲ ပခုက္ကူ ကနေ ကားငါးစီးနဲ့ အင်ပင်စစ်ဆေးရေးဂိတ်ကိုလာတဲ့ စစ်ကောင်စီတပ်သားများနဲ့ ပျူစောထီးတွေကို အဝေးထိန်း (GPS) မိုင်းနဲ့ တိုက်
ခိုက်ခဲ့ပြီး ကုန်းကြောင်းလာတဲ့စစ်ကောင်စီတပ်တွေကိုနောက်ထပ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ Young Force(UG) ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂) ကထုတ်ပြန်ထားပါတယ်။

‘’ ထိခိုက်ဒဏ်ရာ ရသူရှိပေမဲ့ သေဆုံးမှုတော့ အတည်မပြုနိုင်သေးဘူးဗျ။ရန်သူ့နယ်မြေထဲမှာ ဆိုတော့ လုံခြုံရေးအရ အဆင်မပြေသေးပါဘူး’’လို အဲ့ဒီ့ဖောက်ခွဲတိုက်ခိုက်မှု့ဖြစ်စဉ်နဲ့ပါတ်သတ်ပြီး Young Force(UG) ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂) ကတာဝန်ရှိသူတဦးက YNN ကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ပခုက္ကူ-မြိုင် ကားလမ်းမကြီးအားအသုံးပြုမဲ့ မိဘပြည်သူတွေအနေနဲ့ စစ်ရေး အသိ၊
သတိ ရှိကြဖို့ လဲ တော်လှန်ရေးအင်အားစုတွေဖက်ကတိုက်တွန်းထားပါတယ်။


#ပုခုက္ကူ

Federal Wings ရဲ့ ၆ လတာ ဒရုန်းစစ်ဆင်ရေးတိုက်ခိုက်မှု့များ အတွင်း တပ်ဖွဲ့ ဝင်တဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဖက် က အယောက် ၅၀ ...
03/07/2023

Federal Wings ရဲ့ ၆ လတာ ဒရုန်းစစ်ဆင်ရေးတိုက်ခိုက်မှု့များ အတွင်း တပ်ဖွဲ့ ဝင်တဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဖက် က အယောက် ၅၀ သေဆုံး

ဇူလိုင် ၊ ၂၃

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Federal Wings တပ်ဖွဲ့ ရဲ့၂၀၂၃ ခုနှစ် ပထမ (၆) လတာအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၂၈၁) ကြိမ် တိုက်ပွဲဝင်နိုင်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ (၆၈၀) အသုံးပြုခဲ့သလို
အဲ့ဒီ့တိုက်ခိုက်မှုတွေအတွင်းမှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) နီးပါးထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိသူအမြောက်အများရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ့တိုက်ပွဲတွေထဲမှာပဲ Federal Wings တပ်ဖွဲ့ဝင် (၁) ဦး မြင့်မြတ်စွာကျဆုံးခဲ့ရသလို တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ဒဏ်ရာရတပ်ဖွဲ့ဝင် (၆) ဦးတွင် (၂) ဦးမှာ ဆေးကုသမှုများခံယူနေဆဲဖြစ်ပြီး ကျန်တပ်ဖွဲ့ဝင် (၄) ဦးမှာ သက်သာပျောက်ကင်းခဲ့ကြကာ သက်ဆိုင်ရာတော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြပြီလို့ သိရပါတယ်။

Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်း ကိုလဲ ၂၀၂၃ ခုနှစ် ပထမ (၆) လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပြီလို့ လဲ Federal Wings အဖွဲ့ ရဲပထုတ်ပြန်ချက်မှာဖော်ပြ ပါတယ်။

Federal Wings တပ်ဖွဲ့ အနေ နဲ့ ကရင်ဒေသတွင်သာမက စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများစတင်နိုင်ခဲ့သလိုပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်လိုသော တော်လှန်ရေးတပ်ဖွဲ့များအတွက် ဒရုန်းတပ်ဆင်ရေးနှင့် ဒရုန်းအင်အားဖြည့်တင်းရေးလိုအပ်ချက်များကို ပြည်သူလူထုအင်အားဖြင့် ကူညီဖြည့်ဆည်းသွားနိုင်ရန် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စစ်အုပ်စုကို ပြန်လည်ခုခံတော်လှန်နေတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး က တော်လှန်ရေးအတွက် အဖွဲ့အစည်းကိ...
01/07/2023

စစ်အုပ်စုကို ပြန်လည်ခုခံတော်လှန်နေတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး က တော်လှန်ရေးအတွက် အဖွဲ့အစည်းကိုပြည်သူ့လက်ကိုအပ်နှံတယ်လို့ ဆို

ဇူလိုင် ၊ ၁ ရက်

စစ်အုပ်စုကို ပြန်လည်ခုခံတော်လှန်နေတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး က တော်လှန်ရေးအတွက် တော်လှန်ရေးအကျိုးမြော်မြင်ချက်နဲ့ညီညွတ်ရေးရှေ့ရှုချက်နဲ့ လုပ်ဆောင်မှုတွေကို ဝေဖန်တည့်မတ်ပေးကြပါလို့ လေးလေးနက်နက်တောင်းဆိုရင်း ကျနော်တို့ အဖွဲ့ အစည်း(ကလလတ) ကို အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူများလက်ဝယ်သို့အပ်နှံ လိုက်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ရဲ့ ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ အခုလိုဖော်ပြ လိုက်တာပါ။

အဲ့ဒီ့ထုတ်ပြန်ချက်ထဲမှာ-
“အခုအချိန်မှာတော့ စစ်အုပ်စုရဲ့အဆွယ်အပွားတပ်တစ်ခုဖြစ်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ဘဝကနေ စစ်အုပ်စု ကို ပြန်လည်ခုခံတော်လှန်တဲ့ တပ်အဖြစ် အောင်မြင်စွာပြန်လည်ရုန်းထွက်နိုင်ခဲ့ကြပါပြီ။
ဒါဟာ ကျနော်တို့ အဖွဲ့အစည်း (ကလလတ) ရဲ့ သမိုင်းစာမျက်နှာသစ်ကို တော်လှန်သောတိုက်ပွဲနဲ့ ပြန်လည် ဖွင့်လှစ်လိုက်ခြင်းပဲဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ၁၉၇၈ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်မတိုင်မီအထိ သမိုင်းဂုဏ်သိက္ခာရှိသော (ကလလတ) အဖွဲ့အစည်းရဲ့ နဂို မူလရပ်တည်ချက်နဲ့လမ်းစဉ်ပေါ်လစီများပေါ်သို့ပြန်လည်တည့်မတ်ဦးတည်ကာ လျှောက်လှမ်းလိုက်တဲ့အရေးကြီးတဲ့ အလှည့် အပြောင်းတစ်ခုလည်းဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ယူဆပါတယ်။
ကျနော်တို့အဖွဲ့အစည်းရဲ့ အသက်ဝိဉာဉ် သဖွယ်ဖြစ်တဲ့ (ပြည်သူ့အကျိုးဆောင်ကြ) ဆောင်ပုဒ်ကို စွဲစွဲမြဲမြဲ ဦးထိပ် ပန်ဆင်ကာ အဖိအနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများရဲ့အကျိုးကိုအစဉ်သယ်ပိုးပါ့မယ်လို့ အလေးအနက် ထပ်မံ ကတိပြုပါတယ်။
အပစ်အခတ်ရပ်စဲထားစဉ်မှာ “ညောင်နှစ်ပင်ညီလာခံ” သို့ လေ့လာသူအဖြစ်နဲ့ တက်ရောက်ရတဲ့အခါမှာလည်း ကျနော်တို့(ကလလတ) အဖွဲ့အစည်းအနေနဲ့ တိုင်းပြည်နဲ့လူမျိုးပေါင်းစုံပြည်သူများအကျိုးရှေ့ရှုပြီး စဉ်းစားသင့်စဉ်းစားထိုက် တဲ့ အချက်အလက်တွေကို တင်ပြခဲ့သော်လည်း (နအဖ) စစ်အုပ်စုရဲ့ ခါးပိုက်ဆောင် အတု အယောင်ညီလာခံက ပယ်ချခြင်းခံ ခဲ့ရပါတယ်။
ဒါ့အပြင် ထိုစဉ်က ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) ဖွဲ့စည်းတဲ့ကိစ္စရပ်များ၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့တိုက်တွန်းတဲ့ ကြေညာချက်များကိုလည်း အချိန်အခါ အခြေအနေပေးမှု အပေါ်မူတည်ပြီး မိမိတို့ အဖွဲ့အစည်းရဲ့ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်တင်ပြခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်းမှာ မိမိတို့ (ကလလတ) အဖွဲ့အစည်းအနေနဲ့ ကရင်နီပြည် (ကယားပြည် နယ်)အတွင်းမှာ မိမိတို့အတိုင်းအတာနဲ့ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စများကိုလည်း ကူညီဖြေရှင်းပေးခဲ့တာကို ဒေသခံ ပြည်သူများအသိပဲဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်းမှာ ပြည်သူလူထုက မနှစ်သက်၊ မလိုလားတဲ့ အပြု အမူတချို့၊ ဖြစ်ရပ်တချို့ဖြစ်ပွားခဲ့တာတွေရှိတာကို ပွင့်လင်းစွာဝန်ခံပြီး ထိုသို့သောတိမ်းစောင်းမှားယွင်းမှုများအတွက် ပြည်သူ လူထုကို အလေးအနက် ဝန်ချတောင်းပန်ပါတယ်။
ကျနော်တို့(ကလလတ)အဖွဲ့အစည်းဟာ ၂၀၀၈အခြေခံဥပဒေကို တစ်ဖက်မှာပြတ်ပြတ်သားသားလက်မခံ ဆန့်ကျင် ပြီး အခြားတစ်ဖက်မှာလည်း တိုင်းပြည်နဲ့အဝန်းပြည်သူများကလိုလားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အတွက် ကျနော်တို့အဖွဲ့အစည်းအနေနဲ့တတ်နိုင်တဲ့နည်းလမ်းများနဲ့ဝန်းရံဖို့ မပျက်ကွက်ခဲ့ပါဘူး။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာတော့ အကြမ်းဖက် (စကစ) စစ်အုပ်စုဟာ သူတို့ရဲ့အာဏာလောဘကို ဟန် မဆောင်နိုင်တော့ပဲ ပြောင်ပြောင်းတင်းတင်းပဲ အာဏာသိမ်းပိုက်လိုက်ပါတော့တယ်၊ ဒီအခါမှာ တတိုင်းတပြည်လုံး အုံကြွ လာတဲ့ နွေဦးအရေးတော်ပုံကြီးနဲ့ နွေဦးလက်နက်ကိုင်တော်လှန်စစ်မှာ ကျနော်တို့အဖွဲ့အစည်း (ကလလတ)ဟာ နေရာမျိုးစုံ၊ အနေအထားမျိုးစုံကနေ(အတိအလင်းနဲ့သိုသိုသိပ်သိပ်) တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ပါဝင်ကူညီဆောင်ရွက်ခဲ့တာတွေကို သက်ဆိုင်ရာကာယကံရှင်များ၊ အဖွဲ့အစည်းများက သိထားပြီးသားမို့ ဒီနေရာမှာအကျယ်တဝင့်ထုတ်ဖော် မပြောလိုသေးပါ ဘူး။
ကျနော်တို့အဖွဲ့အစည်းအနေနဲ့ အဖွဲ့အစည်းရဲ့နိုင်ငံရေးအဆင့်နေရာကို အင်မတန်မှ တန်ဖိုးထားပါတယ်။ ဘယ်သူနဲ့ မဆို၊ ဘယ်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနဲ့မဆို နိုင်ငံရေးအရ လွတ်လွတ်လပ်လပ်၊ တန်းတူရည်တူဆက်သွယ်ဆက်ဆံသွားဖို့ အဆင်သင့်ရှိပါတယ်။ နိုင်ငံရေးပါတီအဖွဲ့အစည်းတိုင်းက ကိုယ်ပိုင်ရွေးချယ်ချမှတ်ထားကြတဲ့ ယုံကြည်ချက်၊ အယူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များကိုလည်း ကျနော်တို့ အဖွဲ့အစည်းက လေးစားတန်ဖိုးထားပါတယ်။ အလားတူပါပဲ ကျနော်တို့ အဖွဲ့ အစည်းက ကိုယ်ပိုင်ချမှတ်ထားတဲ့ ကျနော်တို့ အဖွဲ့အစည်းရဲ့ ယုံကြည်ချက်၊ အယူအဆနဲ့လမ်းစဉ်၊ လုပ်ငန်းစဉ်များကိုလည်း အခြားသောအဖွဲ့အစည်းများက လေးစားတန်ဖိုးထားတာကို လိုလားမျှော်လင့်ပါတယ်။ လူမျိုးကြီးငယ်ဝါဒ၊ အဖွဲ့အစည်းကြီး ငယ်ဝါဒ သဘောထားအပြုအမူနဲ့ လုပ်ဆောင်မှုများကို ကျနော်တို့ လုံးဝ မလိုလားပါ၊ လက်မခံပါ၊ ဆန့်ကျင်ပါတယ်။
သို့ပါ၍ ယနေ့တောင်ပေါ်မြေပြန့် တပြည်လုံးအနှံ့ဆင်နွှဲနေကြတဲ့ နွေဦးခုခံတော်လှန်စစ်မှာ ကျနော်တို့ (ကလလတ) အဖွဲ့အစည်းအနေနဲ့ကျရာအခန်းကနေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တရားဝင်ပါဝင်လာပါပြီ။
စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေတို့ကို အကုန်အစင် တိုက်ဖျက်ပစ်လိုသူတိုင်း၊ ပါတီအဖွဲ့အစည်းတိုင်းနဲ့လက်တွဲလုပ်ဆောင်လိုပါတယ်။ ယခင်တချိန်က ထောက်ထားရတဲ့ အကြောင်းအချက် တချို့အောက် မှာ တစိတ်တပိုင်း လျှို့ဝှက်ဖုံးကွယ်ပြီး ဆောင်ရွက်ခဲ့ရတဲ့ နွေဦးတော်လှန်ရေးနဲ့သက်ဆိုင်သော ဆက်သွယ်ဆက်စပ်မှုလုပ် ငန်းများကိုလည်း တရားဝင်အတိအလင်းဆောင်ရွက်ဖို့ အချိန်ကျရောက်လာပါပြီ။
အတိအကျပြောဆိုရမည်ဆိုပါလျှင် ကျနော်တို့(ကလလတ)အဖွဲ့အစည်းအနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်များကို ပူးတွဲ လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ၊ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်များ၊ တိုက်ဖော်တိုက်ဖက်များ၊ မိတ်ဆွေများက တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်း ကူညီပေးကြပါ။ တော်လှန်ရေးအကျိုးမြော်မြင်ချက်နဲ့ညီညွတ်ရေးရှေ့ရှုချက်နဲ့ ကျနော်တို့ အဖွဲ့အစည်း(ကလလတ)ရဲ့ လုပ်ဆောင်မှုများကို ဝေဖန်တည့်မတ်ပေးကြပါလို့ လေးလေးနက်နက်တောင်းဆိုရင်း ကျနော်တို့ အဖွဲ့ အစည်း(ကလလတ) ကို အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူများလက်ဝယ်သို့အပ်နှံပါတယ်။ “လို့ ပါဝင်ပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး က ပြးခဲ့တဲ့ လပိုင်းကပဲ မဲ့စယ်မြို့ မှာရှိတဲ့ စစ်ကောင်စီ စခန်းတွေ ကို ပြန်လည်ထိန်းချုပ်ခဲ့ သလို ပြန်လည်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေ ကို တော်လှန်ရေးအင်အားစုတွေ နဲ့ ပူးပေါင်း ပြီး ဆက်လက်တိုက်ခုက်နေတယ်လို့ သိရပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yangon News Network-YNN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share