sad birds still sing

sad birds still sing you use songs to show your feelings because you can’t communicate

လူတစ်ယောက်ရဲ့ ဘဝမှာ အမှားတစ်ခုနေရာထက် ပိုပြီး မရခဲ့တဲ့သူတွေအတွက် အနည်းဆုံးနဲ့ အတတ်နိုင်ဆုံး တောင်းဆိုမှု တစ်ခုပါပဲ၊ဘယ်တု...
06/11/2023

လူတစ်ယောက်ရဲ့ ဘဝမှာ အမှားတစ်ခုနေရာထက် ပိုပြီး မရခဲ့တဲ့သူတွေအတွက် အနည်းဆုံးနဲ့ အတတ်နိုင်ဆုံး တောင်းဆိုမှု တစ်ခုပါပဲ၊

ဘယ်တုန်းကမှ အမှားအယွင်းတစ်ခုမဖြစ်ချင်ခဲ့ပေမဲ့ ဖြစ်ခဲ့ရပြီဆိုရင် အနှစ်သက်ရဆုံးအမှားလေး​တော့ ဖြစ်ခွင့်ရှိမလား ပေါ့လေ။

very sad yet weirdly comforting ဖြစ်စေတဲ့ သီချင်းတစ်ပုဒ်ပါပဲ။
သီချင်းတွေက သီချင်းသက်သက်မဟုတ်တော့ဘဲ ခံစားချက်တွေနဲ့ တသားတည်း ဖြစ်လာတဲ့အခါ ရလာတဲ့ စိတ်သက်သာမှု တစ်ခုဖြစ်မယ်လို့ တွေးမိ၊
သက်မဲ့သီချင်းတစ်ပုဒ်ဆိုပေမဲ့ နားလည်မှုတစ်ခုကို ပေးစွမ်းနိုင်ပြီး လူတွေဆီက မရနိုင်တဲ့ စိတ်ပြေလျော့ရမှုမျိုး။

lovelytheband ရဲ့ your favorite one ပါ၊
သီချင်းက လူတိုင်းရဲ့ taste နဲ့တော့ ကိုက်မယ်မထင်ဘူး၊ အပေါ်မှာပြောခဲ့သလိုပဲ၊
ကိုယ်ချစ်ရသူက ကိုယ့်ကို ငါမှားခဲ့တာပါ လို့ ပြောလာတဲ့အခါ
ဘယ်နားမှာမှားခဲ့တာလဲ ကို ပြန်မမေးရဲ မေးခွင့်မရှိတော့တဲ့အချိန်ကျ ဒီသီချင်းကို ခံစားကြည့်ရင်း
ငါက သူ့အတွက်အမှားတစ်ခုပဲလား လို့
တမြေ့မြေ့ကြေကွဲကြည့်ပေါ့ကွာ :3

Listen here at Spotify : https://open.spotify.com/track/20UFW93hJbTGuywLYHjIjS?si=_ZWD3tL9SwWXgVJeo77suw

14/05/2023

မိုးနဲ့ရောတဲ့ မျက်ရည်တွေကို မိုးသိမှာလား
ဝေးခဲ့ကြလို့ တစ်နေ့နေ့မှာ မိုး ရှိမှာလား..

မိုးရာသီတိုင်း ဘယ်တော့မှ မရိုးရတဲ့ ရဲလေးရဲ့ မိုး ပါပဲကွယ်။ 🎶

Listen here : https://open.spotify.com/track/508sozmbXXKZJecUUgehxr?si=cEcrRaSVSxCr8INlTK_ELQ

သီချင်းတွေနားထောင်နိုင်ကြပါစေ၊ မိုးရေတွေနဲ့အတူ အေးချမ်းကြပါစေ 🫶

[DISCLAIMER : NO COPYRIGHT INFRINGEMENT INTENDED. All Rights Reserved to The Rightful Owners. For Entertainment Purposes Only.]

13/04/2023

ငယ်ငယ်ကတည်းက သင်္ကြန်ဆိုရင် မပါမဖြစ် အမြဲ နားထောင်နေရကျဖြစ်တဲ့ သင်္ကြန်မိုး ပါပဲ။ 💛

ဒီလိုအချိန်ရောက်တိုင်း အရင့်အရင်အရင် ဟိုးနှစ်တွေက ပျော်ခဲ့ရတဲ့ သင်္ကြန်အချိန်တွေကို လူတိုင်းနီးပါး ပြန်လည် သတိရ တမ်းမိကြမှာပဲ ထင်ပါတယ်၊ admin လည်း အပါအဝင်ပါပဲ။ 🥺

ဒီနှစ်ပိုင်းတွေထဲတော့ ပျော်စရာတွေရှားနေတဲ့ ကာလအပိုင်းအခြားတွေမို့ အိမ်မှာပဲ နေပြီး တစ်ကိုယ်စာ ပျော်ရွှင်မှုလေးတွေပဲ သိုသိုသိပ်သိပ် ရှာဖွေနိုင်ကြဖို့ တိုက်တွန်းဆုတောင်းပေးလိုက်ပါတယ်နော် ✨

သီချင်းတွေနားထောင်နိုင်ကြပါစေ၊ ပျော်စရာမကောင်းတဲ့ သင်္ကြန်ပေမဲ့ အနည်းနဲ့အများတော့ ပူလောင်မှုတွေ ငြိမ်းသတ်နိုင်ကြပါစေ 🫶

(စာကြွင်း - ရာသီဥတုလည်း အရမ်းပူတယ်နော်၊ admin တော့ မိုးရွာစေချင်လှပြီ၊ သင်္ကြန်မိုးကို များများ နားထောင်နေတယ်၊ မိုးများ ရွာလာမလားလို့ :3)

[DISCLAIMER : NO COPYRIGHT INFRINGEMENT INTENDED. All Rights Reserved to The Rightful Owners. For Entertainment Purposes Only.]

Here With Me D4VD ဘယ်သူမဆို ကိုယ်နဲ့အတူ အိုမင်းသွားချင်တဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် person လေးဆိုတာမျိုးတော့ လိုချင်ကြတာပဲလေ...
01/04/2023

Here With Me
D4VD

ဘယ်သူမဆို ကိုယ်နဲ့အတူ အိုမင်းသွားချင်တဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် person လေးဆိုတာမျိုးတော့ လိုချင်ကြတာပဲလေနော်

ဘယ်လောက်နောက်ကျနောက်ကျ စောင့်နေတဲ့သူရှိသေးရင် အဲ့ဒါကို နောက်ကျတယ် မခေါ်တော့ဘူး ဆိုတဲ့ သူဝေးရဲ့ ကဗျာလိုပဲ

ကိုယ့်ကို အမြဲဆီးကြိုနေမဲ့ ရင်ခွင်တစ်ခုကို လူတွေဟာ လိုအပ်ကြတာပါပဲ 🫂

“ဘယ်လောက်ပဲကြာကြာ ငါ ဂရုမစိုက်ပါဘူးကွယ်
မင်းနဲ့သာ အတူရှိရမယ်ဆိုရင်
ငါ့မျက်နှာပေါ်မှာ အမြဲ အပြုံးပန်းတစ်ပွင့်ကိုတွေ့နေရမှာပဲ
အဆင်ပြေသွားမှာမို့ မငိုနဲ့နော်
အခုလောလောဆယ် ငါသိတာဆိုလို့ မင်းက ငါ့နားမှာ ရှိနေတယ် ဆိုတာပါပဲ”

ဒီလို စကားချိုချိုလေးတွေ ချစ်ရတဲ့သူပြောတာကိုလည်း ကြားချင်ကြ၊
အနွေးဓာတ်တစ်ခုထဲ အတူပျော်ဝင်ချင်ကြ 🫠

တခြားသူတော့မသိ၊ admin တော့ ဒီသီချင်းနားထောင်ရင် တကယ်ကို sunset တစ်ခုကို ထိုင်ကြည့်ရင်း ဘေးမှာ ကိုယ်ချစ်ရတဲ့သူနဲ့ အတူရှိရတဲ့ ခပ်နွေးနွေး ခပ်ဆွေးဆွေး “အဆင်မပြေတာတွေ ရှိပေမဲ့ အဆင်ပြေသွားမှာပါ” ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်သမ်းတဲ့ ခံစားချက်မျိုးရတာပဲ 🫶

အခုလည်း မျှော်လင့်ချက်ရောင်ခြည်သမ်းနေတဲ့ ခံစားချက်လေး နည်းနည်းရနေလို့ နားထောင်ဖြစ်တဲ့ သီချင်းလေးကို recommend ပေးလိုက်ရပါတယ် ချစ်တို့ရေ

သီချင်းတွေ နားထောင်နိုင်ကြပါစေ၊ အတူရှိနိုင်ကြပါစေ၊ ချစ်နိုင်ကြပါစေကွယ် 💕

Listen here : https://open.spotify.com/track/78Sw5GDo6AlGwTwanjXbGh?si=WoRFRDhpQLyjeSJZXM2R_g&dd=1

I Wanna Love You But I Don’t Ben Platt ကိုယ့်အပေါ်ကောင်းပြီး ဘာမှ မယ်မယ်ရရ အပြစ်ရှာမရ၊ ပြီးပြည့်စုံနေသလို ခံစားရပေမဲ့ ဘယ...
29/03/2023

I Wanna Love You But I Don’t
Ben Platt

ကိုယ့်အပေါ်ကောင်းပြီး ဘာမှ မယ်မယ်ရရ အပြစ်ရှာမရ၊ ပြီးပြည့်စုံနေသလို ခံစားရပေမဲ့ ဘယ်လောက်ချစ်ဖို့ကြိုးစားကြိုးစား ဘယ်လိုမှ ချစ်လို့မရတဲ့ လူတွေ ရှိဖူးလား? 🤔

အကယ်၍ အဖြေက အင်း ဆိုရင်တော့ ဒီ သီချင်းကို ၁၀၁ ရာခိုင်နှုန်းလောက်ထိ relate လုပ်နိုင်မှာသေချာသလောက်ပါပဲ :3

ခေါင်းစဉ်ကိုက Self-Explanatory ဖြစ်နေတော့ အများကြီး ရှင်းပြဖို့တောင် မလိုတော့ပါဘူး၊ နားထောင်ကြည့်လိုက်ရင် သီချင်းစာသားတွေက တကယ့်ကို “it’s not you, it’s me” ဆိုတာကို သေချာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားတာကို ကြားရမှာပါ :3

ဒီသီချင်းကို နားထောင်တဲ့အခါတိုင်း သွားသွားသတိရမိတဲ့ သူငယ်ချင်းမလေးတော့ ရှိတယ်၊ ဘာရယ်မဟုတ်ပါဘူး သူ ဒီလို ခံစားရခဲ့ဖူးတာနေမယ် ဆိုပြီး တွေးမိတာပေါ့

ပြီးတော့ သီချင်းရဲ့ vibes နဲ့ အသွားအလာကြောင့် မြက်ခင်းစိမ်းကြီးပေါ် ပတ်ပြေးပြီး main character ကိုယ်က side character တစ်ယောက်ယောက်ကို ငြင်းနေတဲ့ musical movie scene တစ်ခု ရိုက်နေရသလို ခံစားရတာပဲ 😆

ကဲ၊ အဲ့တော့ လူတစ်ယောက်ကို လှလှပပ နူးနူးညံ့ညံ့လေး ငြင်းလိုက်ချင်ရင် စာအရှည်ကြီးတွေ ရိုက်မနေတော့ဘဲ ဒီသီချင်းလေးသာ ပို့ပေးလိုက်ပါလို့ပြောရင်း နားထောင်ကြည့်ဖို့ recommend လုပ်လိုက်ရပါတယ် 😁

အသည်းတွေတော့ မခွဲကြနဲ့ပေါ့ကွာ 😔

သီချင်းတွေနားထောင်နိုင်ကြပါစေ၊ ငြင်းရမဲ့လူတွေနဲ့ ကင်းဝေးကြပါစေပေါ့ကွယ် 💀🫶

Listen Here : https://open.spotify.com/track/7JQtczk2YMbVd9u176ltvl?si=lmP63eMWTyyCB2MdCM1yYQ&context=spotify%3Asearch

If You Ever Forget That You Love Me Isak Danielson ဘဝမှာ တစ်စုံတစ်ယောက်နဲ့ မတွေ့ရခင်အထိ အချစ်ဆိုတာ တကယ်ရှိပါ့မလား လို့ မ...
19/03/2023

If You Ever Forget That You Love Me
Isak Danielson

ဘဝမှာ တစ်စုံတစ်ယောက်နဲ့ မတွေ့ရခင်အထိ အချစ်ဆိုတာ တကယ်ရှိပါ့မလား လို့ မေးခွန်းထုတ်ခဲ့မိတာမျိုးတွေ လူတိုင်းမှာ ရှိတတ်ခဲ့ကြတာပါပဲ။

ဒါပေမဲ့ အဲ့လို “ဒီလူကတော့ ငါ့အတွက်ပါပဲ၊ သေချာတယ်” လို့ ခံစားရစေတဲ့ လူနဲ့ အတူရှိရတာတောင်
အချိန်တွေကြာလာတဲ့အခါ အချစ်က စတွေ့ကာစလို မနူးညံ့တော့၊ မလတ်ဆတ်တော့။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ငါချစ်ခဲ့တာ ဒီလူဟုတ်ရဲ့လား လို့ မေးခွန်းထုတ်မိတဲ့ အချိန်တွေရောက်လာရပြီး
သူ့ထက် ပိုကောင်းတဲ့ လူရှိလာဦးမှာလား၊
ငါနဲ့ပိုအဆင်ပြေတဲ့သူ ရှိလာဦးမှာပဲ၊ ဒီဆက်ဆံရေးကြီးကို ရပ်တန့်လိုက်ရတော့မလား ဆိုတဲ့
အတွေးတွေ ဝင်လာတတ်တာလည်း သဘာဝလို့ပဲ ဆိုရမယ် ထင်တယ်။

ဒီသီချင်းက relationships တွေမှာ ဖြစ်တတ်တဲ့ အဲ့ဒီ သဘောသဘာဝကို ချစ်စရာ ဝမ်းနည်းစရာ ကောင်းအောင် ဖော်ကြူးထားတဲ့ သီချင်းမျိုးလို့ ပြောရမယ်။

ဆက်ဆံရေးတစ်ခုကို တည်ဆောက်ကြတဲ့အခါမှာ မလွယ်ကူတာတွေ၊ အမြင်မတူတာတွေ၊ စိတ်ပျက်စရာတွေ ကြုံတွေ့ရတဲ့ အခါမျိုးမှာ ပင်ပန်းရတာ ကြိုးစားရတာတွေပဲ မြင်ပြီး တစ်ယောက်အပေါ်မှာ တစ်ယောက်ရှိတဲ့ ချစ်ခြင်းတရားကို မေ့လျော့လို့သွားတတ်ကြ၊ တစ်ယောက်မရှိလည်း တစ်ယောက်ရှေ့ဆက်နိုင်တယ်လို့ ထင်လာတတ်ကြ။

“ဒီလိုအချိန်မျိုးမှာ အကယ်၍များသာ မင်း ငါ့ကို ချစ်တယ်ဆိုတာကို မေ့သွားခဲ့ရင် ငါတို့အတူ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေကို ငါတို့ရဲ့ ထမင်းစားစားပွဲပေါ်မှာ ရေးပေးခဲ့ပါတယ်”

ဆိုတဲ့ စာသားလေးလိုပဲ
အဲ့လိုအချိန်တွေရောက်လာတဲ့အခါ
အချစ်ကို ထမင်းစားစားပွဲပေါ်မှာ၊ အိမ်သာထဲက မှန်ပေါ်က note လေးထဲမှာ၊ အတူရှိခဲ့ကြတဲ့ နေရက်တွေထဲမှာ ပြန်လည် ရှာတွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီ သီချင်းလေးကို recommendation လေး ပေးလိုက်ရပါတယ်။
ချစ်သူများသာ အဓွန့်ရှည်ပါစေကွယ်။

Listen here : https://open.spotify.com/track/7jrwY3Z674xbQbNp2tlvwz?si=_YM9HXfTQN--QrwZC_4weg

ပျော်ရွှင်ကြပါစေ၊ သီချင်းတွေနားထောင်နိုင်ကြပါစေ။ 🫶

အဓိကကတော့ ကိုယ်နားထောင်ဖြစ်တဲ့ သီချင်းတွေက ကိုယ့်ကို ဘယ်လို ခံစားချက်မျိုး ပေးကြောင်း ပြောပြရင်း song recommendation ပေး...
19/03/2023

အဓိကကတော့ ကိုယ်နားထောင်ဖြစ်တဲ့ သီချင်းတွေက ကိုယ့်ကို ဘယ်လို ခံစားချက်မျိုး ပေးကြောင်း ပြောပြရင်း song recommendation ပေးချင်တာပါပဲ။

ဒီအရိပ်မှာ လာပါ၊ နားပါ၊ မုန့်လုံးရေပေါ်တော့မရှိပေမဲ့ သီချင်းတွေနဲ့ အတူ ရှိနေပါမယ်။
ပင်ပန်းရသမျှတွေကို ခဏဖြစ်ဖြစ် သီချင်းတွေနဲ့ ဖြေဖျောက်နိုင်ဖို့ မျှော်လင့်ပါတယ်။
ပျော်ရွှင်ကြပါစေ၊ သီချင်းတွေနားထောင်နိုင်ကြပါစေ။ 🫶

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when sad birds still sing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share