22/09/2026
English ပြိုင်ပွဲတွေထဲမှာ စာအုပ်တွေဖတ်၊ ရုပ်ရှင်တွေကြည့်ပြီး ပြင်ဆင်ဖြေဆိုရတာကို နှစ်သက်ကြတဲ့ ကျောင်းသူကျောင်းသားများအတွက် UK အခြေစိုက် Owlypia - The Intellectuals’ Challenge ပြိုင်ပွဲကြီးကို BLOSSOM မှာ စာရင်းပေးသွင်း ဖြေဆိုနိုင်တော့မှာဖြစ်ပါတယ်။
“Raising Thinkers, Not Just Test-Takers” ဆိုတဲ့ Owlypia ရဲ့ Motto နဲ့အညီ ယုံကြည်မှုအပြည့်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့ ကျောင်းသူကျောင်းသားများဖြစ်လာအောင် ပျိုးထောင်ပေးတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။
အသက် ၉ နှစ် မှ ၁၈ နှစ် အတွင်း ကျောင်းသူကျောင်းသားများ ဝင်ရောက်ဖြေဆိုနိုင်ပြီး အသက်အလိုက် Category များ ထပ်မံခွဲခြားထားပါတယ်။ Owlins (အသက် ၉ နှစ် မှ ၁၁ နှစ်) , Owlets (အသက် ၁၂ နှစ် မှ ၁၄ နှစ်) နဲ့ Owlys (အသက် ၁၅ နှစ် မှ ၁၈ နှစ်) ဖြစ်ပါတယ်။
ယခုနှစ် ၂၀၂၆-၂၀၂၇ ပြိုင်ပွဲ ရာသီအတွက် “Problem Solving” Theme နဲ့ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး Science & Technology, Literature & Culture, Social Studies, Art & Design, Economics & Business စသော ဘာသာရပ်များ အနက်မှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ဖြေဆိုကြရမှာပါ။ မည်သည့် ဘာသာရပ်ကို ရွေးချယ်သည်ဖြစ်စေ ပြဌာန်းထားတဲ့ စာအုပ် တစ်အုပ် နဲ့ ရုပ်ရှင်ကား တစ်ကား တို့ အပြင် ထင်ပေါ်ကျော်ကြားသော လူပုဂ္ဂိုလ်တစ်ဦးအကြောင်း၊ ဆောင်းပါးတစ်ပုဒ် နှင့် ဗဟုသုတရရှိဖွယ်ရာ ဗီဒီယို များကိုပါ ထည့်သွင်းလေ့လာကြရမှာပါ။
Online Round, Local Round နဲ့ Global Round များ အဆင့်ဆင့်ကျင်းပမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ Online Round မှာ စတင် ယှဉ်ပြိင်နိုင်ပါတယ်။ အခြားပြိုင်ပွဲများနဲ့ မတူတဲ့ ထူးခြားချက်အဖြစ် Online Round မှာ ပါဝင်ဖို့ Register လုပ်ပြီးတဲ့ ကျောင်းသူကျောင်းသားများဟာ Owlypia ရဲ့ Learning Management System - LMS ကို အသုံးပြုပြီး လေ့လာနိုင်ကြမှာ ဖြစ်လို့ ပိုမို အကျိုးရှိစေမှာပါ။ Online Round များမှာ Multiple Choice Questions များ ဖြေဆိုကြရမှာဖြစ်ပါတယ်။ ၁၂.၁၂.၂၀၂၆ မှာ ကျင်းပမယ့် Online Round အတွက် ပြင်ဆင်မှုများ မကြာခင် စတင်တော့မှာဖြစ်ပြီး Online Round အတွက်သာမက Local Round နဲ့ Global Round မှာ ပါဝင်လာမယ့် Individual & Team Challenge များဖြစ်တဲ့ Debate, Impromptu Challenge, Knowledge Challenge, Team Spirit Challenge တို့ အတွက်ပါ ထည့်သွင်းလေ့ကျင့်ပေးမှာဖြစ်ပါတယ်။
Global Round ပြိုင်ပွဲများကို ၂၀၂၇ ခုနှစ်အတွင်း London(UK), Cambridge (UK), Austin (USA) နဲ့ Abu Dhabi (UAE) တို့မှာ ကျင်းပသွားမှာဖြစ်တာကြောင့် Online Round ပြိုင်ပွဲများမှ စတင် ပြင်ဆင်ထားနိုင်ပါပြီ။
ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ ကျောင်းသူကျောင်းသားများအတွက် Owlypia LMS ကို စတင်အသုံးပြုနိုင်ဖို့အတွက် Registration ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကျောင်းသူကျောင်းသားများအတွက် လွယ်ကူပြီး စိတ်ဝင်စားစရာကောင်းတဲ့ LMS Interface ဖြစ်တဲ့အပြင် Lesson Practice များအတွက် Leader Board နဲ့ Word Search, Sudoku စတဲ့ Game များ ပါဝင်တဲ့အတွက် ပျော်ရွှင်စွာ သင်ယူကြရမှာဖြစ်ပါတယ်။ Registration ပြုလုပ်ပြီးတဲ့ ကျောင်းသူကျောင်းသားများအားလုံး October လထဲမှာ စတင်မယ့် Preparation Class ကို Class Fees သီးသန့်ထပ်မံပေးသွင်းဖို့ မလိုဘဲ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
၅.၁၂.၂၀၂၆ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ပါတယ်။ Preparation Class တက်ရောက်နိုင်ဖို့အတွက်တော့ အမြန်ဆုံး Registration လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Registration ပြုလုပ်ရန်အတွက် Comment မှာ ဖော်ပြထားတဲ့ Google Form ကို ဖြည့်စွက်နိုင်ပါတယ်။