Social Trust Job Platform

Social Trust Job Platform Social Trust provides recruitment solutions such as online career search services for more than 120 partners as of December 2018.

07/04/2020

Coronavirus Disease (COVID-19)

Advice for the public
Basic protective measures against the new coronavirus

18/03/2020

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနှင့် လုပ်ငန်းခွင်လုံခြုံရေး လမ်းညွှန်
ကိုရိုနာဗိုင်းရပ်စ် မိမိကိုကူးစက်မခံမရအောင် ဘယ်လိုလုပ်ဆောင်မလဲ? ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လုံခြုံအောင်နေဖို့ ဘယ်လိုအကြံပေးမလဲ?
ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဘာလဲ?
ကိုရိုနာဆိုတာကတော့ လူတစ်ဦးကနေ တစ်ဦးဆီအလွယ်တကူ နည်းအမျိုးမျိုးနဲ့ ကူးစက်ပြန့်ပွားနိုင်တဲ့ ရောဂါတစ်ခုပါ။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ ဗိုင်းရပ်စ်ရှိသူနှင့် တိုက်ရိုက်ထိတွေ့မိခြင်း (၂ မီတာ/ ၆ပေ အတွင်း)၊ အသက်ရှုလမ်းကြောင်းမှထွက်သော အမှုန်အစက်များ- နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားပြောခြင်း၊ ဗိုင်းရပ်စ်ရှိနေသော မျက်နှာပြင်ကို ကိုင်တွယ်ထိတွေ့မိခြင်း အစရှိသဖြင့်ကူးစက်ပြန့်ပွားနိုင်ပါတယ်။
ဒါပေမယ့် မစိုးရိမ်ပါနဲ့။ မကူးစက်အောင် ကြိုတင်ကာကွယ်လို့ရပါတယ်။ အခုပြောပြမယ့် အချက် (၇)ချက်ကို သေချာလိုက်နာဆောင်ရွယ်ပြီး သင်ကိုယ်တိုင်သာမက လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေကိုပါ ကာကွယ်ပါ။
အဆင့် (၁) - လက်ဆေးပါ။
လက်ဆေးရင် ဆပ်ပြာနဲ့အနည်းဆုံး စက္ကန့်(၂၀) ဆေးပါ။ ဆပ်ပြာမရှိလျှင် အရက်ပြန် ၆၀% ပါဝင်သော လက်သန့်ဆေးရည်နဲ့ ဆေးနိုင်ပါတယ်။
အဆင့် (၂) - မျက်နှာကို ထိကိုင်ခြင်း ရှောင်ကျဉ်ပါ။
လက်နဲ့ သင့်ရဲ့ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။ ဗိုင်းရပ်စ်က အထက်ပါ လမ်းကြောင်းတွေကနေ ဝင်ရောက်နိုင်လို့ပါ။
အဆင့် (၃) - ပိုးသတ်ပါ။
အလုပ်ခုံမျက်နှာပြင်များ (အလုပ်စားပွဲ၊ ထမင်းစားပွဲ စသည်) ကို စပရေးဖြန်းခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ပါ။
အဆင့် (၄) - တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ပါ။
မကြာခဏ ထိတွေ့နေရတဲ့ တံခါးလက်ကိုင်၊ မီးခလုတ်၊ ကွန်ပြူတာ စတဲ့အရာဝတ္ထုတွေကို ကိုင်ပြီးတိုင်း လက်ဆေးပါ။ လုပ်ဖော်ကိုင်ဖက်လည်းပါပါတယ်နော်!
အဆင့် (၅) - မိမိကိုယ်ကို ဂရုစိုက်ပါ။
ကိုယ်ခံအားကောင်းဖို့ ကောင်းစွာအိပ်စက်ပါ။ အာဟာရဖြစ်မယ့် အစားအစာတွေ စားသုံးပါ။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။ ကျန်းမာကြံ့ခိုင်နေမှသာ ဗိုင်းရပ်စ်ကို ခုခံနိုင်မှာမို့ပါ။
အဆင့် (၆)
နိုင်ငံခြားခရီးစဉ်မှ ပြန်လာတယ်ဆိုရင်တော့ မိမိကုမ္ပဏီမှ HR ဌာနနှင့် ဆွေးနွေပြီး အိမ်မှာနေသင့်သလား၊ ဆရာဝန်နဲ့ ဆွေးနွေးရမလား၊ သို့မဟုတ် ကြိုတင်ကာကွယ်မှုဆောင်ရွက်ချက် များ လုပ်ဆောင်ရမလားဆိုတာ တိုင်ပင်ညှိနှိုင်းပါ။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ဘယ်လိုသိနိုင်မလဲ?
ရောဂါလက္ခဏာတွေကတော့ တုပ်ကွေးပုံစံမျိုးကနေ သာမာန် အအေးမိပုံစံမျိုးအပြင် ကိုယ်အပူတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုမဝခြင်း၊ အသက်ရှုရခက်ခဲခြင်း စတဲ့လက္ခဏာတွေထိ တွေ့ရနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးကတော့....
အဆင့် (၇) - နေမကောင်း ဖျားနေနေတယ်ဆိုရင် အိမ်မှာ နားနေပါ။
အခြားသူတွေကို မကူးစက်စေဖို့ အိမ်မှာပဲ အနားယူနေထိုင်ပါ။
အထက်ပါရောဂါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ထိတ်လန့်မသွားပါနဲ့။ မိမိနှင့် နီးစပ်ရာ အရေးပေါ်ကျန်းမာ‌ရေးဌာနကို ဆက်သွယ်ပါ။
နိုးကြားသတိရှိခြင်းက ကာကွယ်ခြင်းရဲ့ သော့ချက်ပါ။ နောက်ဆုံးသတင်းချက်အလက်များနှင့် သိချင်သောမေးခွန်းများအတွက် ကုမ္ပဏီ HR ဌာနကို ဆက်သွယ်ပါ။

Ma Zar Zar (Recruitment Specialist)
www.workmal.comeမှာ အလုပ်ခေါ်စာများနှင့် သင့်လုပ်ငန်းအတွက် အရည်အချင်းပြည့်မီသော ဝန်ထမ်းများရှာဖွေရန် အခုပဲ [email protected] မှ တဆင့် ဆက်သွယ်လိုက်ပါ။

16/02/2020

👉ပထမဆုံး ဘယ်လို အလုပ်အကိုင်မျိုးနဲ့ ကိုယ်ဟာ သင့်တော်မလဲဆိုတာ သိနိုင်ဖို့ အရေးအကြီးဆုံးက မိမိကိုယ်ကို သိနားလည်ခြင်းနဲ့ မိမိအတွက်အရေးကြီးသောအရာတွေက ဘာဆိုတာကို သဘောပေါက်ဖို့ ဖြစ်ပါတယ်။ မိမိရဲ့ လိုအပ်ချက်တွေ၊ နှစ်သက်သဘောကျမှု၊တန်ဖိုးထားမှုတွေကို သိထားမှာသာလျှင် များပြားလှစွာသော အလုပ်အကိုင်တွေထဲကမှ ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ကို မှန်ကန်စွာ ရှာဖွေနိုင်ပါလိမ့်မယ်။ မိမိကိုယ်ကို သိနားလည်အောင် ဆန်းစစ်နိုင်ဖို့ အချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။
မိမိစိတ်၀င်စားသော အရာများ- ကိုယ်ဟာ ဘယ်လို ၀ါသနာမျိုးရှိသလဲ၊ ဘာတွေ လုပ်နေရတာကို နှစ်သက် မြတ်နိုးသလဲ၊ ဒါတွေကိုလုပ်လို့ စိတ်ကျေနပ်မှု ဘယ်လောက်ရသလဲဆိုတာကို သိနိုင်အောင် အားထုတ်ပါ။ မိမိစိတ်ပါ ၀င်စားတာမျိုးကိုလုပ်တဲ့အတွက် ငွေကြေးရချင် ရမယ်၊မရချင်လည်းနေမယ်။ ကျွန်တော့် အတွေ့အကြုံနဲ့ ယှဥ်ပြောရရင်တော့ မရတာများပါတယ်။ သို့သော် ကိစ္စမရှိဘူး။ အချိန်တွေ ကုန်မှန်း မသိ ကုန်ဆုံးနေပြီးတော့ ကိုယ်ရဲ့ စိတ်၊အာရုံ နှစ်မြုပ်နေရတဲ့ အရာမျိုးက ဘာလဲ သိနိုင်အောင် ကြိုးစားပါ။ လက်ရှိ‌ ‌‌‌ဝေ၀ါးနေဆဲဆိုရင် အချိန်ပေးပြီး ရှာဖွေပါ။ တခါတလေမှာ လူတွေ အများစုက မိမိဘာကို စိတ်ပါ၀င်စားသလဲဆိုတာကိုတောင် မသိကြတာ များပါတယ်။ တကယ်တော့ လူတိုင်း လူတိုင်းမှာ ကိုယ်စီ စိတ်၀င်စားတဲ့ အရာလေးတွေ ရှိတတ်ကြပါတယ်။ မတွေ့သေးရင် စိတ်ဓာတ်မကျပဲ စူးစူးစိုက်စိုက်ရှာဖွေနေသင့်တယ်။ ဘာလို့လည်းဆိုတော့ မိမိစိတ်ပါ၀င်စားတာလေးတွေနဲ့ အလုပ်နှစ်ခုဟာ ထပ်တူကျရင် လူတယောက်ဟာ ဘ၀မှာ အောင်မြင်ဖို့ လမ်းစကို ရောက်နေပါပြီ။

✅ကဲ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ ဘယ်လို အလုပ်အမျိုးအစားတွေနဲ့ ကိုက်ညီသလဲဆိုတာကိုတော့ အောက်ပါ Link မှတဆင့် Quiz လေးတွေ ဖြေပြီး ကြည့်လိုက်ပါဦးနော်။

👉https://www.workmal.com/blog/12-6-jobtrain-2

Online Course အနေနဲ့ www.myanmaronlineschool.com မှာလည်း တက်ရောက်နိုင်ပါတယ်။

Job Portal: www.workmal.com
Email: [email protected]
Phone: 09 426 999 229

15/02/2020

မိမိ ဘ၀အတွက် အလုပ်ကို ဘယ်လိုရွေးချယ်မလဲ-အပိုင်း(၁)

ကျွန်တော့်တို့ ဘ၀တွေမှာ အ‌ရေးကြီးတဲ့ အရာများစွာ ကိုယ်စီ ရှိကြပါလိမ့်မယ်။ တချို့က မိသားစုလို့ ပြောမယ်၊ တချို့က ချစ်ခြင်းမေတ္တာလို့ ‌ရွေးချယ်မယ်၊တချို့က ငွေကြွေးချမ်းသာြခင်းတို့၊ နာမည်ကျော်ကြား လူသိများမှုတို့ စသည့်ဖြင့် ပြောကြပါလိမ့်မယ်။ ဘယ်လိုပဲ ဆိုပါစေ၊ ကျွန်တော်တို့ လူသားတိုင်းဟာ အချိန်ကာလတခုကို ရောက်လာတဲ့ အခါ လူတိုင်းက ကိုယ်မိသားစုကို ထောက်ပံ့ဖို့၊ ကိုယ့်ချစ်သူကို တင့်တယ်စွာ ထားနိုင်ဖို့၊ ငွေကြေးမပူပန်ရတဲ့ ဘ၀မှာ နေရဖို့၊ နာမည်ကျော်ကြားဖို့ ဆိုတဲ့ ကိုယ်စီ ကိုယ်ငှရဲ့ ရည်ရွယ်ချက်တွေ ပြည့်မှီစေဖို့အတွက် အလုပ်တော့ လုပ်ကြရပါလိမ့်မယ်၊ဘာကြောင့်လဲဆိုတော့ အလုပ်တခုမှ မလုပ်ကိုင်ပဲ ရည်မှန်းချက်တွေဆီ ရောက်ဖို့ မဖြစ်နိုင်လို့ပါ။

ကျွန်တော် အခု‌ပြောချင်တာကတော့ အလုပ်တခုကို စတင်ပြီး လုပ်တော့မယ့် လူငယ်များအနေနဲ့ မှန်ကန်ကောင်းမွန်တဲ့ အလုပ်အကိုင်လမ်းကြောင်း(career path)တခုကို ရွေးချယ်နိုင်ဖို့ စဥ်းစားသင့်တဲ့ အချက်လေးတွေအ‌ကြောင်း ထုတ်နှုတ် ပြောြပချင်တာပါ။ ကိုယ် ဆုံးဖြတ် ရွေးချယ် လိုက်တဲ့ လမ်းကြောင်းဟာ မှန်၏၊မမှန်၏ဆိုတာမျိုးကို သိနိုင်ဖို့ က သိပ်အရေးကြီးပါတယ်။ အချိန်လွန်မှ နောင်တရတာမျိုး၊ မိမိ ၀ါသနာ၊ကျွမ်းကျင်ရာတွေနဲ့ မကိုက်ညီတဲ့ အလုပ်မျိုးထဲ နစ်၀င်သွားမှာမျိုး မဖြစ်ရအောင် သေချာ စဥ်းစားသင့်ပါတယ်။ မိမိဘ၀မှာ မိမိသည်သာ အရှင်သခင်၊မိမိ ဘ၀ သင်္ဘောမှာ မိမိသည်သာ မာလိန်မှူး၊ မိမိကံကြမ္မာရဲ့ လမ်းပြဟာ မိမိသာ ဖြစ်တာကြောင့် ကောင်းခြင်း၊ဆိုးခြင်းဆိုတာတွေဟာ မိမိရွေးချယ်မှုအပေါ်မှာသာ မူတည်နေပါတယ်။ ကျွန်တော်ကတော့ လူငယ်တွေအတွက် စဥ်းစားသင့်တဲ့ အချက်တွေကို တဆင့်စီ ‌ရေးသားတင်ပြပါမယ်၊မိမိရဲ့ ကိုယ်ပိုင် ဥာဏ်ပညာနဲ့သာ စဥ်းစားသုံးသပ်ပေးကြပါ။

www.workmal.com for Job Recruitment
www.myanmaronlineschool.com for e-Learning

04/02/2020

Online Training သင်ကြားပေးရန် CAD Instructor နှစ်ဦး အလိုရှိပါတယ်။

Job Description
We would like to meet people who want to teach AutoCAD, Revit and Engineering Excel via www.myanmaronlineschool.com.

အသေးစိတ်အချက်အလက်ကိုအောက်ပါလင့်မှ ကြည့်ပါ။

https://www.workmal.com/job-detail/e32a0ab0-470e-11ea-a7fd-3d77ec9f55d3

https://www.workmal.com/job-detail/e32a0ab0-470e-11ea-a7fd-3d77ec9f55d3 မှတဆင့်လည်း တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်

29/01/2020

Are you interested to join an awesome company?
We are looking for an assistant admin to join our awesome team.
We prefer a young lady who just startup her career. So you don't need to have any experience. We are going to teach you everything you need to do and support you along with our career development plan.

If you are interested, please send your C.V to [email protected] or update details at our job platform, www.workmal.com.

You can directly apply this job here: https://www.workmal.com/job-detail/48c20830-425c-11ea-ad69-27d80db13e6a #

"Assistant Admin" job offer will be valid until 15-02-2020.

24/01/2020

The New Solution Provider for Talent Hunting

We are now providing talent hunting tools and systems for H.R personnels and business owners.

www.workmal.com

Address

No. 21/23, 6th Floor(B), U Tun Lin Chan Street, Hledan, Kamayut Tsp.
Yangon
11041

Alerts

Be the first to know and let us send you an email when Social Trust Job Platform posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category